#World_Health
Published 04 May 2026
■ ကောင်းစွာ မအိပ်စက်ရတာဟာ နေ့စဉ်စားစရာတွေထဲ လိုအပ်ချက် ရှိနေလို့ဖြစ်ပါတယ်။
■ အဆိုပါ မရှိမဖြစ် အာဟာရဓာတ်က အစာခြေခြင်းကို ကူညီပေးသလို ကင်ဆာဆန့်ကျင်အာနိသင်များလည်း ရှိပြီး ဆီးချိုတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။
■ ညဘက် ကောင်းစွာ အိပ်စက်နိုင်ဖို့ အမျှင်ဓာတ် လုံလောက်စွာ စားပေးဖို့လိုပြီး ဒါက အိပ်ချိန် ၇-၉ နာရီ ရရှိစေပါမယ်။
■ အမျှင်ဓာတ်ပါတဲ့ စားစရာအမျိုးမျိုး စားပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စေတဲ့အပြင် ခေါင်းချတာနဲ့ အလျင်အမြန် အိပ်ပျော်စေနိုင်ပါတယ်။
■ သုတေသီတွေက လူပေါင်း ၃,၅၀၀ ကျော်ကို ၂ ရက်ဆက်တိုက် ဆန်းစစ်ခဲ့ကာ သူတို့ရဲ့ ရင်ဘတ်၊ လက်ကောက်ဝတ်၊ လက်ချောင်းတို့မှာ အာရုံခံကိရိယာများ တပ်ဆင်ပြီး ဟောက်ခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းတို့ကို စောင့်ကြည့်ခဲ့ပါတယ်။
■ တစ်နေ့ကို အမျှင် ၂၁ ဂရမ်ကျော် စားသုံးသူတွေဟာ သာမန်အောက် စားသူတွေထက် အိပ်စက်မှုအပိုင်း ပိုမိုသာလွန်ခဲ့ပါတယ်။
■ အမျှင်ဓာတ်ကို သာမန်ထက်ပိုအောင် စားသူတွေဟာ နှစ်ခြိုက်စွာအိပ်စက်ချိန် ၃.၄ ရာခိုင်နှုန်း ပိုများခဲ့ပါတယ်။
■ အမျှင်ဓာတ်က အိပ်စက်မှုကို ဘာလို့သက်ရောက်လဲဆိုတာ သုတေသီတွေ သေချာမသိကြဘဲ ဖြစ်နိုင်တာကတော့ အူလမ်းကြောင်းပိုးမွှားတွေက အဆက်တိုဖက်တီးအက်ဆစ်များအဖြစ် အချဉ်ဖောက်သွားပြီး ရောင်ရမ်းမှုလျှော့ချပေးကာ နှစ်ခြိုက်စွာအိပ်ပျော်အောင် လှုံ့ဆော်ပေးတာ ဖြစ်နိုင်ပါတယ်။
■ အမျှင်များများစားတဲ့အခါ နှလုံးခုန်နှုန်း အတန်ငယ် နှေးသွားစေသဖြင့် ကောင်းစွာအိပ်စက်စေတာလည်း ဖြစ်နိုင်ပါတယ်။
Source: New York Post.