#World_Health
Published 03 May 2026
■ နေ့စဉ် အိပ်စက်မှု၊ စားသောက်မှု၊ လေ့ကျင့်ခန်းပုံစံတို့မှာ အနည်းငယ်တိုးတက်မှု ပြုလုပ်ရင်တောင် နှလုံးပြဿနာဖြစ်နိုင်ခြေတွေ လျှော့ချနိုင်တယ်လို့ ဆစ်ဒနီတက္ကသိုလ်က သုတေသန ဖော်ပြထားပါတယ်။
■ ပျမ်းမျှအသက် ၆၃ နှစ်ရှိတဲ့ လူပေါင်း ၅၃,၂၄၂ ဦးကို လေ့လာခဲ့ရာမှာ ၁၁ မိနစ်ခန့် ပိုအိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ၄ မိနစ်ခွဲခန့် ပိုလုပ်ခြင်း၊ အသီးအရွက် အနည်းငယ် ပိုစားခြင်းတို့က နှလုံးသွေးကြော ပြဿနာတွေ ၁၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်လိမ့်မယ်လို့ တွေ့ရှိထားပါတယ်။
■ ဒီကဏ္ဍတွေမှာ ပြောင်းလဲမှုတွေ ပေါင်းစပ်လိုက်ခြင်းဖြင့် နှလုံးသွေးကြောကျန်းမာရေးမှာ သက်ရောက်မှုများပြားစေတယ်လို့ အာဟာရသိပ္ပံပညာရှင် နီကိုလတ်စ်ကိုမယ်က ပြောပါတယ်။
■ အနည်းငယ်စီ ပြောင်းလဲခြင်းက တစ်ခုတည်းကို ကြီးကြီးမားမား ပြောင်းလဲတာထက်စာရင် ပိုပြီးသိသာထိရောက်စေမယ်လို့ ဆိုပါတယ်။
■ တစ်ညကို ၈-၉ နာရီအိပ်စက်ခြင်း၊ တစ်နေ့ကို အနည်းဆုံး ၄၂ မိနစ်ခန့် လှုပ်ရှားမှုပြုလုပ်ခြင်း၊ ကျန်းမာရေးညီညွတ်စွာ စားသုံးခြင်းတို့ဖြင့် နှလုံးသွေးကြောပြဿနာတွေ ၅၇ ရာခိုင်နှုန်း လျှော့ချပေးနိုင်မယ်လို့လည်း ယူဆရပါတယ်။
■ အစားအသောက်တွေအနေနဲ့ အသီးအနှံ၊ ဟင်းရွက်၊ ငါး၊ ဂျုံပြောင်းဆန်တို့ စားသုံးပေးပြီး အဆင့်ဆင့်ထုပ်ပိုးစားစရာများ လျှော့ချစားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။
■ နှလုံးသွေးကြောရောဂါဆိုတာက ကမ္ဘာပေါ်မှာ အသေအများဆုံး အကြောင်းအရင်းတွေထဲက ပါဝင်ပြီး နေ့စဉ်နေထိုင်စားသောက်မှုပုံစံတွေမှာ အနည်းငယ်မျှ ပြောင်းလဲရုံဖြင့် နှလုံးသွေးကြော အကျိုးကျေးဇူးများသာမက အနာဂတ်အတွက် ပြောင်းလဲမှုတွေမှာပါ အခွင့်အရေးရှိလာမယ်လို့ ပြောထားပါတယ်။
Source: NDTV