#World_Health
Published 11 November 2025
■ အဆစ်ရောင်ရောဂါဆိုတာက အသက်ကြီးသူတွေမှာသာ ဖြစ်တယ်လို့ ယူဆခဲ့ကြပေမယ့် အခုဆိုရင် လူငယ်တွေမှာလည်း အဆစ်နာခြင်း၊ တောင့်တင်းခြင်း၊ ဖောရောင်ခြင်းတို့ အဖြစ်များလာပါတယ်။
■ ဒါဟာ အထိုင်များခြင်း၊ ဖုန်း ကွန်ပျူတာအကြည့်များခြင်း၊ လှုပ်ရှားမှုနည်းပါးခြင်းတို့က အများကြီးသက်ဆိုင်နေတယ်လို့ မက်စ်စူပါအထူးကုဆေးရုံမှ အရိုးအကြောနှင့်အဆစ်အမြစ်ဌာနမှ ဒေါက်တာ အခီလက်ရှ်ယာဒက်ဗ်က ပြောပါတယ်။
■ အထိုင်များခြင်း၊ ကိုယ်နေဟန်ထား မှားယွင်းခြင်းနဲ့ အဆစ်ကျန်းမာရေးတို့ကြား ဆက်စပ်မှုများကို သိရှိနားလည်ခြင်းက နောက်အချိန်တွေမှာ အဆစ်အမြစ်တွေ ကာကွယ်စေနိုင်မှာ ဖြစ်ပါတယ်။
■ ထိုင်တာကြာမြင့်တဲ့အခါ ကြွက်သားလှုပ်ရှားမှုကျဆင်းပြီး သွေးလည်ပတ်မှု နှေးသွားကာ မရှိမဖြစ်အာဟာရဓာတ်တွေက အဆစ်တွေဆီ ကောင်းစွာမရောက်ရှိတော့ပါဘူး။
■ ကြာလာတဲ့အခါ ကြွက်သားအားနည်းလာကာ အဆစ်တွေ ချောမွေ့စေတဲ့ အရည်ထုတ်လုပ်မှု လျော့နည်းလာပါတယ်။
■ ခါး၊ လည်ပင်း၊ တင်ပါး၊ ဒူးတို့က ခန္ဓာကိုယ်အလေးချိန်ကို တောင့်ခံထားပြီး ကိုယ်နေဟန်ထား ထိန်းသိမ်းပေးတာကြောင့် ထိုနေရာတွေက အထိနာဆုံးဖြစ်ပါတယ်။
■ အထိုင်များတဲ့အခါ ကိုယ်အလေးချိန်လည်း တဖြည်းဖြည်း တက်လာစေပြီး ဒူးနဲ့ တင်ပါးတို့ကို ဖိအားများလာစေပါတယ်။
■ ငယ်ရွယ်သူတွေမှာ လှုပ်ရှားမှုနည်းခြင်းနဲ့ ကိုယ်အလေးချိန် များခြင်းတို့က စောစောစီးစီး အဆစ်ရောင်လာစေတာ ဖြစ်ပါတယ်။
■ ကိုယ်နေဟန်ထား မှားယွင်းခြင်းကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အဆစ်ယိုယွင်းလာစေပါတယ်။
■ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကြာကြာထိုင်ပြီးနောက် မတ်တပ်ရပ် အကြောဆန့်ပေးခြင်း၊ ကျောရိုးဖြောင့်မတ်အောင် ပြင်ဆင်ထားရှိခြင်း၊ ရေဓာတ်ပြည့်အောင်နေပြီး အာဟာရဓာတ်မျှတစွာ စားသုံးခြင်းတို့ဖြင့် အဆစ်ကျန်းမာရေးကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: NDTV
#World_Science
Published 11 November 2025
■ အာရုံကြောသိပ္ပံပညာရှင်များအဖွဲ့က အိပ်နေစဉ်နဲ့ အိပ်မက်မက်နေစဉ် ဦးနှောက်လှုပ်ရှားမှု အချက်အလက်များပါဝင်ပြီး လွတ်လပ်စွာ ကြည့်ရှုသုံးစွဲနိုင်မယ့် ကမ္ဘာအကြီးဆုံးဒေတာဘေ့စ်ကြီးကို ထုတ်ဖော်လိုက်ပါတယ်။
■ DREAM လို့ခေါ်တဲ့ စမ်းသပ်စီမံကိန်းထဲမှာ သီးခြားလေ့လာချက် ၂၀ ကို ပါဝင်စမ်းသပ်သူ ၅၀၀ ကျော်ရဲ့ နိုးထမှုအကြိမ်ပေါင်း ၂,၆၀၀ ကျော် ပါဝင်ကာ ဘယ်အချိန်မှာ ဘာကြောင့် ဘယ်လိုမျိုး အိပ်မက်မက်လဲဆိုတာကို လေ့လာခွင့်ရခဲ့ပါတယ်။
■ ၁၃ နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်း ၃၇ ခုမှ သုတေသီ ၅၃ ဦးတို့ ပူးပေါင်းကာ ဩစတြေးလျ မိုနက်ရှ်တက္ကသိုလ်၊ Bial Foundation တို့က EEG နဲ့ MEG အချက်အလက်များဖြင့် အိပ်မက်သတ်မှတ်ချက်များ အသုံးပြုခဲ့ကြပါတယ်။
ကျန်းမာသူတစ်ဦးရဲ့ ဘဝသက်တမ်းမှာ အိပ်ချိန်က ၃ ပုံ ၁ ပုံလောက်နီးပါး အချိန်ယူထားပြီး ထိုအိပ်ချိန်အများစုက အိပ်မက်မက်နေကြပါတယ်။
■ ယခုအခါ အိပ်မက်တွေက အိပ်စက်မှုအဆင့် ပိုပြီးနက်နဲတည်ငြိမ်တဲ့အချိန်မှာ အိပ်မက်တွေ ဖြစ်ပေါ်တယ်လို့ တွေ့ရှိထားကာ ဦးနှောက်လျှပ်စီးပုံစံတွေကတော့ လုံးဝငြိမ်သက်နေတာထက်စာရင် နိုးကြားတဲ့ပုံစံနဲ့ ဆင်တူနေပါတယ်။
■ အိပ်စက်မှုမနိုးခင်မှာ ဦးနှောက်လှုပ်ရှားပုံတွေကို AI မော်ဒယ်များအသုံးပြုဆန်းစစ်ခြင်းဖြင့် ထိုအချိန်မှာ အိပ်မက်မက်နေတာလားဆိုတာကို တိကျစွာ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
■ ဒီလေ့လာချက်ကြီးက အိပ်စက်မှုတွေ အိပ်မက်တွေကို ဘယ်လိုလေ့လာရမလဲဆိုတာ စံသတ်မှတ်နိုင်ရုံမက အာရုံကြောလှုပ်ရှားမှု၊ အသိစိတ်နဲ့ လူသားစိတ်ထဲက ထင်ရှားတဲ့အတွေ့အကြုံတွေကြား ပတ်သက်မှုအကြောင်း မေးခွန်းသစ်တွေ ထွက်လာနိုင်ပါတယ်။
■ မိုနက်ရှ်တက္ကသိုလ်ရဲ့ Bridges ပလက်ဖောင်းမှာ လွတ်လပ်စွာ ကြည့်ရှုအသုံးပြုနိုင်ကာ အနာဂတ် အိပ်စက်မှုသိပ္ပံပညာအတွက် အခြေခံအုတ်မြစ် ပြုလုပ်ပေးထားပါတယ်။
Source: India Today
အမေရိကန်မှာ အစိုးရယန္တရားများ ရပ်တန့်သွားခြင်းကြောင့် စီးပွားရေးနဲ့ လူမှုရေးသက်ရောက်မှုများ ကျရောက်လာမှာကို ပြည်သူတွေ တစ်နေ့တခြား စိုးရိမ်ပူပန်လာကြပါတယ်။
#World_News
Published 10 November 2025
#အမေရိကန် #အစိုးရယန္တရား
#YMG #Yangon_Times #Yangon_Media_Group
၁၀ နိုဝင်ဘာ၊၂၀၂၅-
◾️BBC ၏ ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေဗီTim Davie နှင့် သတင်းဌာန အကြီးအကဲ ဒီဘိုရာတာနက်စ် Deborah Turness တို့သည် နိုင်ငံရေးဘက်လိုက်မှုဆိုင်ရာ စွပ်စွဲချက်များ၊ အထူးသဖြင့် ၂၀၂၁ ခုနှစ် အမေရိကန် ကက်ပီတယ်လ (Capitol) အဓိကရုဏ်းကို ဒေါ်နယ်ထရမ့်က အားပေးတိုက်တွန်းပုံ ပေါက်အောင် တည်းဖြတ်ထားသည့် Panorama မှတ်တမ်းရုပ်ရှင်ကြောင့် နုတ်ထွက်ခဲ့ကြရသည်။
◾️ပေါက်ကြားခဲ့သော အတွင်းပိုင်း အစီရင်ခံစာတစ်ခုတွင် အစ္စရေး-ဟားမတ်စ် စစ်ပွဲ၊ လိင်ပြောင်း လဲသူများဆိုင်ရာ အငြင်းပွားမှုများနှင့် ထရမ့်၏ မိန့်ခွန်းတည်းဖြတ်မှု အပါအဝင် ကိစ္စရပ်များစွာအပေါ် BBC ၏ သတင်းတင်ဆက်ပုံများကို ဝေဖန်ထားသည်။ BBC Arabic ဌာနသည် အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်မှုကို ပြသခဲ့ပြီး ဝန်ထမ်းအချို့က လိင်ပြောင်းလဲသူ တက်ကြွ လှုပ်ရှားသူများကို ထိခိုက်သည် ဟု သူတို့ယူဆသည့် သတင်းတင်ဆက်မှုများကို ဖုံးကွယ်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။
◾️ “အမှားအယွင်းများ ရှိခဲ့ကြောင်း" Davie က ဝန်ခံခဲ့သော်လည်း ယုံကြည်စိတ်ချရသော သတင်း ပညာရပ်အတွက် BBC ၏ ကမ္ဘာလုံးဆိုင်ရာ ဂုဏ်သတင်းကိုမူ သူကခုခံ ကာကွယ်ပြောဆိုခဲ့သည်။ Turnessကမူ ဌာနတွင်း ဘက်လိုက်မှု ရှိသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ သူတို့၏ နုတ်ထွက်မှုသည် BBC ဘုတ်အဖွဲ့ကို အံ့အားသင့်စေခဲ့သည်ဟု ဆိုကြပြီး၊ ၂၀၂၇ ခုနှစ်တွင် ယင်း၏ လုပ်ငန်းလိုင်စင် သက်တမ်းတိုးရန်အတွက် နိုင်ငံရေးဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။
တုံ့ပြန်မှုများ
◾️ ထရန့်က သူတို့နှစ်ဦးကို "အလွန်မရိုးသားသူများ" ဟု ခေါ်ဝေါ်ခဲ့ပြီး BBC ကို ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်သည်ဟု စွပ်စွဲလိုက်သည်။
◾️ ယူကေ (UK) ယဉ်ကျေးမှုဝန်ကြီးက မတည်ငြိမ်သော နှစ်များအတွင်း အသံလွှင့်ဌာနကို ဦးဆောင် လမ်းပြခဲ့မှုအတွက် Davie ကို ချီးကျူးခဲ့သည်။
◾️ ဗြိတိန်၏ သဘောထားကွဲပြားသော မီဒီယာဝန်းကျင် အလယ်တွင် ဘက်မလိုက်မှုကို ထိန်းသိမ်းရန် BBC ၏ ဆက်လက်ရုန်းကန်နေရမှုကို ဤအငြင်းပွားဖွယ်ရာက မီးမောင်းထိုးပြနေကြောင်း လေ့လာသူ များက ပြောကြားသည်။
ကိုးကား-ရိုက်တာသတင်းများ
#World_News
Published 10 November 2025
■ အစိုးရအရာရှိဟန်ဆောင်ကာ အမျိုးသမီးတစ်ဦးကို ပစ်မှတ်ထားလိမ်လည်တဲ့အမှုမှာ ပါဝင်ပတ်သက်တဲ့ မလေးရှားအမျိုးသား ၂ ဦးကို စင်္ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
■ တရားဥပဒေဝန်ကြီးဌာန (MinLaw)နဲ့ စင်္ကာပူဘဏ္ဍာရေးအာဏာပိုင် (MAS)တို့မှ အစိုးရအုပ်ချုပ်ရေးအရာရှိများအဖြစ် ဟန်ဆောင်လိမ်လည်သူများ ရှိတယ်လို့ တိုင်ကြားမှုရှိခဲ့ကြောင်း ရဲတွေက နိုဝင်ဘာ ၉ ရက်နေ့က ပြောပါတယ်။
■ လိမ်လည်ခံရသူက ဘဏ်တစ်ခုမှာ အလုပ်လုပ်နေတယ်လို့ ပြောလာတဲ့လူဆီကနေ ဖုန်းလက်ခံရရှိခဲ့ပါတယ်။
■ သူမနာမည်နဲ့ ခရက်ဒစ်ကတ် လျှောက်ထားတယ်လို့ အသိပေးခဲ့ရာမှာ သူမက ငြင်းပယ်ခဲ့ပါတယ်။
■ ဒီနောက် MinLaw နဲ့ MAS မှ တာဝန်ရှိသူများအဖြစ် ဟန်ဆောင်လိမ်လည်သူများထံ ဖုန်းလွှဲပေးခဲ့ပါတယ်။
■ ငွေဖြူငွေမည်းကိစ္စတစ်ခုမှာ ငြိစွန်းနေတယ်လို့ ပြောခဲ့ကြပါတယ်။
■ သူတို့ရဲ့ ဝန်ထမ်းအထောက်အထား အတုတွေ၊ ထောက်ခံစာအတုတွေကို Whatsapp ကနေ ပေးပို့ခဲ့ပြီးနောက် သူမရဲ့ ဘဏ်အအကောင့်တစ်ခုကနေ ခရက်ဒစ်ကတ်ထဲသို့ စင်္ကာပူဒေါ်လာတစ်သန်း လွှဲပေးရန် ပြောပါတယ်။
■ ထိုခရက်ဒစ်ကတ်နဲ့ပဲ Mustafa Centre ထံမှ စင်္ကာပူဒေါ်လာ ၄၁၂,၀၀၀ တန်ဖိုးရှိတဲ့ ရွှေတွေကို ဝယ်ယူဖို့ ပြောခဲ့ပါတယ်။
■ အမျိုးသမီးက တစ်ခုခုလွဲမှားနေတာကို သတိထားမိပြီး ရဲကိုတိုင်ကြားခဲ့ပါတယ်။
■ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အသက် ၃၈ နှစ်အရွယ် အမည်မသိ ဖုန်းခေါ်ဆိုသူကို စနေနေ့ စင်္ကာပူသို့ ပြန်ဝင်လာတဲ့အချိန်မှာ ဖမ်းဆီးလိုက်ပါတယ်။
■ စင်္ကာပူမှာ အလားတူအမှုတွေထဲ ပါဝင်ပတ်သက်ထားတဲ့ အသက် ၂၂ နှစ်အရွယ် လူတစ်ဦးကိုလည်း ထိုနေ့မှာပဲ ဖမ်းဆီးခဲ့ပါတယ်။
■ နှစ်ယောက်စလုံးဟာ နိုင်ငံခြားလိမ်လည်မှုအဖွဲ့မှာ ပါဝင်တယ်လို့ ယူဆရပြီး လူတွေဆီကနေ ငွေကြေးနဲ့ တန်ဖိုးကြီးပစ္စည်းတွေ လ်မ်လည်ရယူဖို့ အခြားသူတွေဆီကနေ တာဝန်ပေးအပ်ခံရကြောင်း ယူဆရတယ်လို့ ရဲတွေက ပြောပါတယ်။
■ မလေးရှားကနေ စင်္ကာပူသို့ လာရောက်ပြီး လိမ်လည်တာတွေ များလာတယ်လို့ သိရပါတယ်။
■ ပြည်သူတွေအနေနဲ့ ငွေကြေးတွေ တန်ဖိုးကြီးပိုင်ဆိုင်မှုများကို မသိတဲ့သူတွေထံ လွှဲပြောင်းခြင်းမပြုကြဖို့ ရဲတွေက တိုက်တွန်းထားပါတယ်။
Source: CNA
#World_Health
Published 09 November 2025
■ ကြက်ဥက ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပြီး ပရိုတိန်းနဲ့ မရှိမဖြစ် အမိုင်နိုအက်ဆစ် ၉ မျိုးစလုံး အချိုးကျပါဝင်ပါတယ်။
■ ကြက်ဥမကြိုက်တဲ့ သက်သက်လွတ်စားသုံးသူတွေအတွက် လိုအပ်တဲ့ပရိုတိန်းရနိုင်မယ့် အခြားသောအစားအစာတွေ အများကြီးလည်း ရှိပါတယ်။
■ (၁) နို့ဒိန်ခဲ - နို့ဒိန်ခဲ ၁၈ - ၂၀ ဂရမ်မှာ ပရိုတိန်း ၁၀၀ ဂရမ်ပါဝင်ပါတယ်။
■ (၂) ဂရိဒိန်ချဉ် - ဒိန်ချဉ် ၁၀ -၁၂ ဂရမ်မှာ ပရိုတိန်း ၁၀၀ ဂရမ်ခန့်ပါဝင်ပြီး အူလမ်းကြောင်းလည်း ကောင်းမွန်စေပါတယ်။
■ (၃) နို့ - နို့ ၁၀၀ မီလီလီတာမှာ ပရိုတိန်း ၃.၅ ဂရမ်ခန့်ပါဝင်ကာ ကယ်စီယံနဲ့ ဗိုက်တာမင်-ဒီလည်း ပါဝင်ပါတယ်။
■ (၄) ပဲနီလေး - ၁၀၀ ဂရမ်ချက်ပြုတ်တဲ့အခါ ပရိုတိန်း ၉ ဂရမ်ခန့် ရရှိနိုင်ပါတယ်။
■ (၅) ကုလားပဲနဲ့ ပဲကြီး - အမျှင်ဓာတ်ကြွယ်ဝသလို ၁၀၀ ဂရမ်ချက်ပြုတ်လျှင် ပရိုတိန်း ၈ - ၉ ဂရမ်ခန့် ပါဝင်ပါတယ်။
■ (၆) ပဲပိစပ်ထုတ်ကုန်များ - ပရိုတိန်းအကြွယ်ဝဆုံးဖြစ်ပြီး ၁၀၀ ဂရမ်လျှင် ပရိုတိန်း ၁၅ - ၂၀ ဂရမ်ခန့် ပေးစွမ်းနိုင်ပါတယ်။
■ (၇) ကွီနိုအာ - အမိုင်နိုအက်ဆစ် ၉ မျိုးစလုံးပါဝင်ပြီး ၁၀၀ ဂရမ်ချက်ပြုတ်ရင် ပရိုတိန်း ၄ ဂရမ်ပါဝင်ပါတယ်။
■ (၈) အခွံမာသီးနဲ့ အစေ့အဆန်များ - ဗာဒံစေ့၊ မြေပဲ၊ ချီယာ၊ လျှော်စေ့၊ ဖရုံစေ့တို့ တစ်ခါစားရင် ပရိုတိန်း ၅ - ၇ ဂရမ်ခန့် ရရှိပါတယ်။
■ (၉) ပဲနို့၊ ဗာဒံနို့ - တစ်ခွက်မှာ ပရိုတိန်း ၆ - ၈ ဂရမ်ခန့်ပါဝင်ပြီး ကွေကာအုပ်ထဲ ထည့်သောက်လို့ရပါတယ်။
■ (၁၀) ဂျုံကစီ - ၁၀၀ ဂရမ်မှာ ပရိုတိန်း ၂၅ ဂရမ်ပါဝင်ပါတယ်။
■ ဒါတွေကို စားသုံးပေးပါက မျှတတဲ့စားသောက်ပုံစံရရှိပြီး ကြက်ဥမလိုအပ်ဘဲ အာဟာရဓာတ်ရနေမှာ ဖြစ်ပါတယ်။
Source: India Today.
#World_Science
Published 07 November 2025
■ ကျွန်ုပ်တို့ နေစကြဝဠာထဲက အကြီးဆုံးဂြိုဟ်ဖြစ်တဲ့ ဂျူပီတာဟာ ကမ္ဘာဂြိုဟ်မရှိခင်တည်းက ကူညီပေးခဲ့ဖွယ်ရှိပါတယ်။
■ ရိုက်စ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ သုတေသနအရ ဂျူပီတာကြီးထွားလာခြင်းက အတွင်းစကြဝဠာထဲဆီသို့ ဓာတ်ငွေ့များ အမှုန်များစီးဆင်းမှုကို ပိတ်ဆို့လိုက်ပါတယ်။
■ ဒီပစ္စည်းတွေဟာ နေလုံးထဲသို့ အဆွဲမခံရတော့ဘဲ ကမ္ဘာ၊ ဗီးနပ်စ်၊ မားစ်ဂြိုဟ်တို့ ဖြစ်ပေါ်လာစေပါတယ်။
■ ဂျူပီတာရဲ့ ဆွဲအားက အတွင်းဂြိုဟ်တွေကို တည်ငြိမ်စေရုံမက စက်ကွင်းတွေ ဟာကွက်တွေ ဖြစ်ပေါ်စေပြီး စကြဝဠာတည်ဆောက်ပုံကိုလည်း ပုံဖော်စေပါတယ်။
■ အတွင်းပိုင်းစကြဝဠာစနစ်တစ်ခုလုံးရဲ့ ပုံဖော်ထုဆစ်သူကြီးဖြစ်ကာ ဂျူပီတာကြောင့်မဟုတ်ရင် ကမ္ဘာကြီး ဖြစ်လာမှာမဟုတ်ဘူးလို့ ရိုက်စ်တက္ကသိုလ်မှ လက်ထောက်ပရော်ဖက်ဆာ အန်ဒရီအီဇီဒိုရိုက ပြောပါတယ်။
■ ကွန်ပျူတာသရုပ်ဖော်ချက်ဖြင့် လေ့လာရာမှာ ဂျူပီတာရဲ့ ပြင်းထန်တဲ့ဆွဲအားက လှိုင်းတွေဖြစ်စေပြီး ဓာတ်ငွေ့နဲ့ အခြားပစ္စည်းတွေကို နှောင့်ယှက်စေကာ စကြဝဠာထဲမှာ ကြပ်ညပ်သွားစေပါတယ်။
■ စကြဝဠာကို အတွင်းပိုင်းနဲ့ အပြင်ပိုင်း ကွဲပြားသွားစေကာ အရာဝတ္ထုတွေ လွတ်လပ်စွာ လွင့်မနေစေတော့ပါဘူး။
■ စကြဝဠာထဲမှာ ပထမဆုံး အစိုင်အခဲတွေ ဖြစ်ပေါ်ပြီးနောက် နှစ်သန်းပေါင်းကြာတော့မှ အချို့ဥက္ကာခဲတွေ ဖြစ်ပေါ်ရတဲ့အကြောင်းကိုလည်း သိပ္ပံပညာရှင်တွေ နားလည်လာနိုင်စေမှာ ဖြစ်ပါတယ်။
■ ဂျူပီတာက အခြားသောအရာတွေ ဖြစ်ပေါ်လာဖို့အတွက် အခြေအနေတွေ ဖန်တီးခဲ့တာကို တွေ့ခဲ့ကြတယ်လို့ ပြောသွားပါတယ်။
Source: Indian Express
Page 90 of 1152