#World_News
Published 06 May 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်ဖွယ် မြင်တွေ့ရတာကြောင့် ဗုဒ္ဓဟူးနေ့မှာ ဒုတိယမြောက်နေ့အဖြစ် ရေနံဈေးနှုန်း ကျဆင်းလာပါတယ်။
■ Brent ရေနံစိမ်းတွေ ပြီးခဲ့တဲ့တစ်ခေါက်က ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ရာကနေ ဇူလိုင်လအတွက် ၁.၃၈ ရာခိုင်နှုန်း၊ တစ်စည်ကို ၁.၅၂ ဒေါ်လာ ကျဆင်းလာနိုင်ပါတယ်။
■ အမေရိကန် West Texas Intermediate ရေနံစိမ်းကတော့ ယခင်နေ့က ၃.၉ ရာခိုင်နှုန်း ကျဆင်းရာကနေ ဇွန်လအတွက် ၁.၄၇ ရာခိုင်နှုန်း ကျဆင်းလာနိုင်ပါတယ်။
■ အင်္ဂါနေ့မှာ ထရမ့်က ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ ပို့ဆောင်ကူညီရေးလုပ်ငန်း ယာယီရပ်ဆိုင်းမယ်လို့ ဆိုပြီး အီရန်နဲ့ သဘောတူညီချက်တစ်ရပ်ဆီသို့ ဦးတည်နေပါတယ်။
■ ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်းအထိ အီရန်ဘက်ကတော့ ဘာအသံမှ မကြားရသေးပါဘူး။
■ အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းတွေကို ဆက်လက်ပိတ်ဆို့ထားဖွယ် ရှိပါတယ်။
■ ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့ ၅ ပုံ ၁ ပုံခန့်ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားဟာ အမေရိကန်-အစ္စရေးလ်နဲ့ အီရန်စစ်ပွဲဖြစ်ကတည်းက ဖြတ်တောက်ခံထားရပါတယ်။
■ ဒါကြောင့် ကမ္ဘာ့ရေနံဈေးကွက် မြင့်တက်လာခဲ့ကာ Brent ရေနံဆိုရင် ၂၀၂၂ မတ်လနောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
■ ရေလက်ကြားမှာ ပိတ်မိနေတဲ့ ရေနံတင်သင်္ဘောတွေကို ပို့ဆောင်ဖို့ ကြိုးပမ်းမှုတွေအကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို သတင်းထောက်တွေကို ပြောကြားပြီးနောက် နာရီပိုင်းအကြာမှာပဲ ထရမ့်ကြေညာလိုက်တာ ဖြစ်ပါတယ်။
■ အမေရိကန်မှာ ရေနံစိမ်းပမာဏ တတိယမြောက်သီတင်းပတ်အထိ ကျဆင်းနေပြီး လောင်စာဆီသိုလှောင်မှုတွေလည်း ကျဆင်းနေပါတယ်။
Source: Reuters