#World_Health
Published 06 May 2026

■ တစ်ခါမှ လက်မထပ်ဖူးတဲ့လူတွေဟာ ကင်ဆာဖြစ်နိုင်ခြေ သိသိသာသာ ပိုများတယ်လို့ မိုင်ယာမီတက္ကသိုလ် သုတေသနမှာ ဖော်ပြထားပါတယ်။

■ အမေရိကန်ပြည်နယ် ၁၂ ခုမှ လူပေါင်း ၄ သန်းကျော်ကို လေ့လာခဲ့တာဖြစ်ပြီး အဓိကကင်ဆာရောဂါ အားလုံးနီးပါး ဖြစ်နိုင်ခြေ များနေပါတယ်။

■ အိမ်ထောင်မပြုဖူးတဲ့ အမျိုးသားတွေက အိမ်ထောင်ပြုဖူးတဲ့ အမျိုးသားတွေထက် ကင်ဆာဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းလောက် ပိုများပြီး အမျိုးသမီးတွေမှာ ၈၅ ရာခိုင်နှုန်း ပိုများလို့နေပါတယ်။

■ သုတေသနရလဒ်များအရ အိမ်ထောင်ရှိမရှိလိုမျိုး လူမှုရေးအကြောင်းအရင်းတွေက ကင်ဆာဖြစ်နိုင်ခြေ အနေအထားတွေ ဖြစ်နေနိုင်တယ်လို့ မိုင်ယာမီမေလာဆေးတက္ကသိုလ်မှ သုတေသနပရော်ဖက်ဆာ ပေါ်လိုပင်ဟေရိုက ပြောပါတယ်။

■ လက်မထပ်ဖူးတဲ့ အမျိုးသားတွေက အိမ်ထောင်သည်အမျိုးသားတွေထက် စအိုကင်ဆာဖြစ်နိုင်ခြေ ၅ ဆခန့် ပိုများပါတယ်။

■ အိမ်ထောင်မပြုဖူးတဲ့ အမျိုးသမီးတွေက အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ယှဉ်ရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ၃ ဆနီးပါး ပိုများပါတယ်။

■ အမျိုးသမီးတွေ အိမ်ထောင်ရှိတဲ့အပြင် ကလေးတွေပါ ရှိတယ်ဆိုရင် သားဥအိမ်နဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ ပိုနည်းသွားပါတယ်။

■ ဒါဟာ အိမ်ထောင်မပြုသူတွေအနေနဲ့ ကင်ဆာဖြစ်နိုင်ခြေ အကြောင်းအရင်းတွေကို ပိုမိုသတိထားသင့်ပြီး ဆေးစစ်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အစဉ်မပြတ် ပြုလုပ်သင့်ပါတယ်။

■ ဆေးလိပ်၊ အရက်အသောက်နည်းပြီး ကိုယ့်ကိုယ်ကို စောင့်ရှောက်တတ်သူတွေဟာ အိမ်ထောင်ကျနိုင်ခြေ ပိုများတာကလည်း ယခုတွေ့ရှိချက်တွေကို သက်ရောက်နေနိုင်ပါတယ်။

Source: AOL.