#World_Health
Published 07 May 2026

■ စနစ်တကျကောင်းစွာ အိပ်စက်ခြင်းရဲ့ အရေးကြီးပုံနဲ့ ညစဉ်အလေ့အကျင့်လေးတွေက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်လဲဆိုတဲ့အကြောင်း နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာ ပရာဗင်ကာလ်ကာနီက ဆွေးနွေးခဲ့ပါတယ်။

■ စနစ်တကျ အိပ်စက်ခြင်းဆိုတာဟာ အဝတ်ပါးပါးဝတ်၊ အခန်းအေးမြမြ၊ သက်တောင့်သက်သာ အိပ်ရာတို့ဖြင့် မအိပ်ခင် တစ်နာရီမှာ ဖုန်း၊ ကွန်ပျူတာတို့ အသုံးမပြုတာဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက် ၇ နာရီခန့် အိပ်စက်ရခြင်းကို ဆိုလိုပါတယ်။

■ နေ့စဉ်အလေ့အကျင့်ကောင်းတွေဖြင့် အလွယ်တကူ အိပ်စက်စေပြီး ကောင်းစွာအိပ်စက်မှု ရရှိစေတာဖြစ်တယ်လို့ ဝေါ့ခ်ဟာ့ဒ်ဆေးရုံမှ နှလုံးအထူးကု ဒေါက်တာ ပရင်ဆန်ဂိုကလည်း ပြောပါတယ်။

■ နှစ်ခြိုက်စွာ ပုံမှန်အိပ်စက်ရပါက ညပိုင်းမှာ သွေးပေါင်ချိန် သဘာဝအတိုင်းကျစေပြီး နှလုံးကလည်း နေ့ဘက်ဖိစီးမှုတွေကနေ ပြန်လည်သက်သာဖို့ အချိန်ရစေကြောင်း၊ ကောင်းစွာ မအိပ်စက်ရပါက ပြန်လည်သက်သာတဲ့ဖြစ်စဉ် နှောင့်ယှက်စေပြီး နှလုံးသွေးကြောစနစ်အပေါ် ဖိအားဖြစ်လာစေကြောင်း ရှင်းပြပါတယ်။

■ သဘာဝအတိုင်း အိပ်စက်စေဖို့အတွက် ချောင်ချိတဲ့အဝတ်အစား၊ အေးမြတဲ့အခန်းတို့ လိုအပ်ပြီး ဖုန်း၊ ကွန်ပျူတာကြည့်ချိန် ကန့်သတ်သင့်ပါတယ်။

■ ဆန့်ကျင်ဘက်အနေနဲ့ ရေရှည်အိပ်ရေးပျက်လာပါက ဖိစီးမှုဖြစ်လာပြီး နှလုံးခုန်နှုန်း သွေးပေါင်ချိန်တို့ မြင့်တက်လာစေနိုင်ကာ သွေးတိုး၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးသွေးကြောပြဿနာများ ဖြစ်လာနိုင်ပါတယ်။

■ အိပ်ချိန်ဘယ်လောက်ပဲအိပ်အိပ် မနက်နိုးလာတဲ့အချိန် လန်းဆန်းနေပြီး တစ်နေ့တာလုံး နိုးကြွနေမှသာ လုံလောက်စွာ အိပ်စက်ရတယ်လို့ ဆိုနိုင်ပါတယ်။

Source: Indian Express