#World_News
Published 30 October 2025
■ ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA)က ကျူးဘားအပေါ် စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုများ အဆုံးသတ်ပေးရန် အမေရိကန်ကို တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။
■ ဒီဆုံးဖြတ်ချက်မူကြမ်းဟာ ထောက်ခံမဲ ၁၆၅ မဲ၊ ဆန့်ကျင်မဲ ၇ မဲနဲ့ မဲမပေးသူ ၁၂ နိုင်ငံရှိခဲ့ပါတယ်။
■ ဒီထဲမှာမှ အာဂျင်တီးနား၊ ဟန်ဂေရီ၊ အစ္စရေးလ်၊ မြောက်မက်ဆီဒိုးနီးယား၊ ပါရာဂွေး၊ ယူကရိန်းနဲ့ အမေရိကန်တို့က ဆန့်ကျင်မဲပေးခဲ့ကြပါတယ်။
■ UNGA ထုတ်ပြန်လိုက်တဲ့ ဥပဒေကြမ်းဟာ ကုန်သွယ်ရေးနဲ့ ရေကြောင်းခရီးသွားလာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အတည်ပြုထားတဲ့ ကုလသမဂ္ဂ မဟာမိတ်စာချုပ်နဲ့ နိုင်ငံတကာ ဥပဒေများအရ ယင်းတို့ရဲ့ တာဝန်များကို လိုက်နာဆောင်ရွက်သောအားဖြင့် စာသားကျမ်းမှာ ဖော်ပြထားတဲ့ ဥပဒေအစီအမံများ ထုတ်ပြန်ခြင်း၊ အသုံးချခြင်းတို့မှ ရှောင်ကြဉ်ရန် ကုလအထွေထွေညီလာခံက အဖွဲ့ဝင်နိုင်ငံများအားလုံးကို ထပ်မံပြီးတောင်းဆိုထားပါတယ်။
■ ဒါ့အပြင် အဆိုပါဥပဒေများနဲ့ အစီအမံများကို ဆက်လက်အကောင်အထည်ဖော်နေတဲ့ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဥပဒေစနစ်နဲ့အညီ လိုအပ်တဲ့အဆင့်များကို အမြန်ဆုံးဖျက်သိမ်းပယ်ဖျက်ရန်လည်း တိုက်တွန်းထားပါတယ်။
■ ၁၉၉၂ ကစပြီး UNGA ဟာ ၁၉၆၂ နောက်ပိုင်း ကျူးဘားအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို အဆုံးသတ်ဖို့အတွက် နှစ်စဉ်ဖြေရှင်းဆုံးဖြတ်ချက်ကို အင်အားအလုံးအရင်းဖြင့် အတည်ပြုကျင့်သုံးခဲ့ပါတယ်။
Source: Xinhua
#World_Health
Published 30 October 2025
▪️ ညဘက်အိပ်စက်တဲ့အခါ ကောင်းစွာအိပ်ပျော်နိုင်စေမယ့် အလွယ်ဆုံးနည်းလမ်းတစ်ခုက ခြေထောက်ကို စောင်အပြင်ဘက် ထုတ်ထားရုံပဲ ဖြစ်ပါတယ်။
▪️ ဆိုရှယ်မီဒီယာနာမည်ကြီးအချို့ဆိုရင် ဆောင်းတွင်းကာလမှာတောင် ခြေထောက်ကို စောင်အပြင်ဘက်ထုတ်ပြီး အိပ်ပျော်အောင်လုပ်ကြတယ်လို့ ဖော်ပြထားကြပါတယ်။
▪️ တကယ်တမ်းမှာလည်း ခြေချောင်းလေးတွေကို မသိလိုက်မသိဘာသာ အပြင်ဘက်သို့ ထုတ်ထားတတ်ကြပြီး ဒါဟာ ချက်ချင်းအိပ်ပျော်သွားစေနိုင်ပါတယ်။
▪️ ခြေထောက်တစ်ဖက်ကို စောင်အပြင်ဘက် ထုတ်ထားခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ချိန်ညှိပေးနိုင်တယ်လို့ စိတ်ပိုင်းဆိုင်ရာနဲ့ အိပ်စက်ရေးပညာရှင် လီယာကေလာက ပြောပါတယ်။
▪️ ဒီနည်းလမ်းဟာ အေးလွန်းခြင်းနဲ့ ပူလွန်းခြင်းကြားကို ထိန်းညှိစေပြီး တစ်ညလုံးအိပ်ပျော်စေနိုင်မယ့် အဓိကအချက် ဖြစ်ပါတယ်။
▪️ ခြေထောက်မှာ အထူးသွေးကြောတွေ ပိုမိုပါရှိပြီး ခန္ဓာကိုယ်ထဲမှာ အပူကို ထိရောက်စွာ ချိန်ညှိပေးနိုင်တာဖြစ်ကြောင်း ကေလာက ရှင်းပြပါတယ်။
▪️ အချို့က ကိုယ်တိုင်မသိလိုက်ဘဲ ခြေထောက်ကို စောင်အပြင်ဘက်ထုတ်တဲ့အခါ ပိုပြီးသက်တောင့်သက်သာရှိသလို ခံစားကြရပါတယ်။
▪️ ဒီနည်းလမ်းဟာ အပူကို လျင်မြန်စွာထုတ်လွှတ်ပေးပြီး ဦးနှောက်ကို နားချိန်တန်ပြီလို့ အချက်ပြပါတယ်။
▪️ သိပ္ပံနည်းအရ ခန္ဓာကိုယ်က အိပ်ပျော်ဖို့ဆိုရင် အပူချိန် ၁ - ၂ ဒီဂရီလောက် လျော့ကျဖို့လိုပါတယ်။
▪️ ဒီနည်းလမ်းဟာ စတင်အိပ်ပျော်စေရုံမက နှစ်ခြိုက်စွာအိပ်ပျော်နေစေဖို့လည်း အကူအညီဖြစ်စေတယ်လို့ ပြောသွားပါတယ်။
Source: Bustle
#World_Health
Published 30 October 2025
■ အသက်အရွယ် မအိုသေးခင်မှာပဲ ဆံပင်ဖြူထွက်လာတတ်ကြပါတယ်။
■ ဆံပင်တွေက ဆက်လက်ရှည်ထွက်နေဆဲ ဖြစ်ပေမယ့် ဆံကေသာမွေးညင်းပေါက်ထဲက ဆဲလ်တွေကြောင့် ဆံပင်အရောင်ဖျော့လာတာ ဖြစ်ပါတယ်။
■ မွေးညင်းပေါက်တွေထဲက ရောင်ခြယ်ဆဲလ်တွေကြောင့် ဆံပင်အရောင် စတင်ဖြစ်ပေါ်ပါတယ်။
■ Melanocyte stem cells လို့ခေါ်တဲ့ ဆဲလ်တွေက မရွေ့တော့တဲ့အခါ အရောင်မဖြစ်ပေါ်တော့ဘဲ ဆံပင်ကတော့ ဆက်လက်ရှည်နေပါတယ်။
■ ဒါကြောင့် မရွေ့တော့တဲ့ဆဲလ်တွေကို နောက်တစ်ခါရွေ့လျားအောင် ပြုလုပ်ခြင်းဖြင့် ဆံပင်ဖြူကာကွယ်ခြင်းနဲ့ ဖြူပြီးသားကိုတောင် အရောင်ပြန်ဖြစ်စေနိုင်မယ့် နည်းလမ်းတစ်ခုကို NYU Langone Health မှ ဦးဆောင်သုတေသီ ကျိစွန်းက ပြောပါတယ်။
■ လေ့လာမှုပြုလုပ်ရာမှာ ကြွက်တွေထဲက RNA ဖြစ်စဉ်နဲ့ တိုက်ရိုက်ပုံရိပ်တွေ အသုံးပြုပြီး ဆဲလ်ရွေ့လျားပုံတွေနဲ့ အမျှင်အရောင်အပေါ် သက်ရောက်ပုံများကို စောင့်ကြည့်ခဲ့ကြပါတယ်။
■ ထိုအခါမှာ အသက်အရွယ်တစ်ခုတည်းထက်စာရင် အချိန်ကိုက်ဖြစ်ခြင်းနဲ့ ဆဲလ်ရွေ့လျားမှုတို့ကပါ အမွှေးအရောင်ဆုံးရှုံးခြင်းရဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်နေပါတယ်။
■ သိပ္ပံပညာရှင်တွေက ပင်မဆဲလ်ရွေ့လျားမှု ပြန်လည်ရှင်သန်စေပြီး မွေးညင်းပေါက်များ ပြန်လည်အလုပ်လုပ်စေမယ့် နည်းလမ်းတွေကို ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။
■ လက်ရှိမှာတော့ ကုသနည်းတွေ မရသေးပေမယ့် ယခုသုတေသနအရဆိုရင် အနာဂတ်မှာ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေအတွက် လမ်းစဖြစ်လာနိုင်ပါတယ်။
Source: Earth.
တောင်အာဖရိကမှ နှစ်ရာချီသက်တမ်းရှိတဲ့ ရထားလမ်းကြောင်းစနစ်ကို တရုတ်ကုမ္ပဏီတစ်ခုရဲ့ AI နည်းပညာများဖြင့် အသွင်ပြောင်းလဲပေးလိုက်ပြီဖြစ်ပါတယ်။
#World_Development
Published 29 October 2025
#AI #တရုတ်ကုမ္ပဏီ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 29 October 2025
■ ၁၉၁၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့စွဲပါ ခဲတံဖြင့်ရေးသားထားသော စာတစ်စောင်ကို အနောက်ဩစတြေးလျတောင်ပိုင်း၊ Wharton ကမ်းခြေတွင် ပုလင်းတစ်လုံးထဲ၌ တွေ့ရှိခဲ့သည်။
■ အဆိုပါစာကို တပ်သား မဲလ်ကွန် အလက်ဇန္ဒား နဗီးလ် ကရေးသားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါစာအားတွေ့ရှိသူကို တောင်ဩစတြေးလျပြည်နယ်၊ Wilkawatt ရှိ သူ၏မိခင်ထံပေးပို့ပေးရန် တောင်းဆိုထားသည်။
■ တပ်သား မဲလ်ကွန်သည် ၁၉၁၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ အသက် ၂၈ နှစ်အရွယ်တွင် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့သည်။
■ Esperance အနီးရှိ Wharton ကမ်းခြေတွင် အမှိုက်ကောက်နေသည့် မိသားစုတစ်စုက ထိုပုလင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
■ "ပင်လယ်ထဲတစ်နေရာ" တွင်ရေးသားခဲ့သည့် ထိုစာ၌ HMAS Ballarat သင်္ဘောပေါ်တွင် အစားအသောက်ကောင်းမွန်ကြောင်း၊ သို့သော် အစားအစာတစ်နပ်စာကိုမူ "ပင်လယ်ထဲတွင် မြှုပ်နှံခဲ့ရကြောင်း" ဖော်ပြထားသည်။
■ သူက နောက်ပြောင်သောလေသံဖြင့် ရေးသားထားသည်မှာ-
"သင်္ဘောကတော့ လှုပ်ရမ်းနေတာပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အရမ်းပျော်နေပါတယ်။ အမေရဲ့ ချစ်ရတဲ့သား၊ မဲလ်ကွန်။"
■ Esperance ဒေသခံ ဒက်ဘရာ ဘရောင်း က သူမ၏သမီး ဖယ်လီစီတီ သည် ပုံမှန်ကမ်းခြေသန့်ရှင်းရေးလုပ်နေစဉ် ထိုပုလင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
■ ဆောင်းရာသီမုန်တိုင်းများကြောင့် မြေတိုက်စားမှုဖြစ်ပြီး ပုလင်းပေါ်လာခြင်းဖြစ်နိုင်သည်ဟု သူတို့ကယူဆထားသည်။
■ ရက်အနည်းငယ် ခြောက်သွေ့အောင်ထားပြီးနောက်၊သူတို့သည် ခွဲစိတ်ခန်းသုံးကတ်ကြေးကို အသုံးပြု၍ ကြေမွလွယ်သော စက္ကူစကို ဂရုတစိုက် ထုတ်ယူခဲ့ကြသည်။
■ ထို့နောက် ဩစတြေးလျ စစ်သတိရအောက်မေ့ဖွယ် (Australian War Memorial) ဝက်ဘ်ဆိုက်တွင် စစ်သား၏ သမိုင်းကြောင်းကို ခြေရာခံခဲ့ပြီး သူ၏ မျိုးဆက်များကို အွန်လိုင်းမှတစ်ဆင့်ရှာဖွေတွေ့ရှိခဲ့သည်။
■ ပုလင်းထဲတွင် တပ်သား ဝီလျံ ကာ့ခ်ဟာလီ ထံမှ နောက်ထပ်စာတစ်စောင်ကိုလည်း တွေ့ရှိခဲ့သည်။
■ ထိုစာသည်လည်း ၁၉၁၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက် နေ့စွဲဖြင့်ပင်ဖြစ်ပြီး "ပင်လယ်အော်ထဲ တစ်နေရာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။
■ တပ်သား ဟာလီ သည်စစ်အတွင်းမှ အသက်ရှင်ကျန်ရစ်ခဲ့ပြီး နောက်ပိုင်းတွင် သားသမီးများ ထွန်းကားခဲ့သည်။
■ ယခုအခါ သူ၏ မြေးမများနှင့် အဆက်အသွယ်ရရှိပြီဖြစ်သည်။
■ "ကျွန်မတို့ ပုလင်းကိုရော၊ တွေ့ရှိသူဆီ လိပ်မူထားတဲ့ မဲလ်ကွန်ရဲ့ အပေါ်က စာကိုပါ သိမ်းထားခွင့် ရခဲ့တယ်" ဟု မစ္စဘရောင်း ကပြောသည်။
"ဒါဟာ တကယ်ကို အံ့သြစရာပါပဲ။"
■ ၂၀၁၈ ခုနှစ်တွင် Esperance အနီး၌ ၁၈၈၆ ခုနှစ်က ရေးသားခဲ့သော အခြား ပုလင်းထဲမှ စာဟောင်းတစ်စောင်ကို တွေ့ရှိခဲ့ဖူးပြီး၊ ယင်းသည် ယခုအချိန်အထိ သိရှိသမျှတွင် ရှေးအကျဆုံးတွေ့ရှိမှုဟု ယူဆရသည်။
Source ABC.
#World_News
Published 29 October 2025
■ အင်္ဂါနေ့က ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုမြို့မှာ အသေအပျောက်အများဆုံး ရဲတပ်ဖွဲ့စစ်ဆင်ရေးကြီး ဆောင်ရွက်ခဲ့ရာ အနည်းဆုံး ၆၄ ဦး သေဆုံးခဲ့ပါတယ်။
■ COP30 လို့ခေါ်တဲ့ ကုလသမဂ္ဂ ရာသီဥတုထိပ်သီးအစည်းအဝေးဆိုင်ရာပွဲများ မပြုလုပ်ခင် ရက်ပိုင်းအလိုမှာ အဓိကဂိုဏ်းကြီးတစ်ခုကို ပစ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။
■ ရီယိုမှာ ၂၀၁၆ အိုလံပစ်၊ ၂၀၂၄ G20 အစည်းအဝေး၊ ဇူလိုင်လကပြုလုပ်တဲ့ BRICS အစည်းအဝေးတို့ ပြုလုပ်ခါနီးတွေမှာလည်း ရဲတွေက ဒုစရိုက်ဂိုဏ်းအဖွဲ့တွေကို စစ်ဆင်ရေးများ ပြုလုပ်လေ့ရှိပါတယ်။
■ လာမယ့်သီတင်းပတ်အတွင်း ရီယိုမှာ C40 မြို့တော်ဝန်ကမ္ဘာ့ထိပ်သီးအစည်းအဝေး ပြုလုပ်မှာဖြစ်ကာ ရာသီဥတုဖောက်ပြန်ခြင်း တိုက်ဖျက်ဖို့အကြောင်းနဲ့ မင်းသားဝီလျံရဲ့ Earthshot ဆုတို့ ပါဝင်လာမှာဖြစ်ပါတယ်။
■ ရီယိုအုပ်ချုပ်ရေးမှူး ကလော်ဒီယိုကက်စထရိုက အသေအပျောက်စာရင်းကို အတည်ပြုခဲ့ပြီး ရဲအရာရှိ ၄ ဦးပါဝင်ခဲ့ကာ ယခင်စစ်ဆင်ရေးထက် နှစ်ဆနီးပါးကျော် ပိုများနေပါတယ်။
■ အင်္ဂါနေ့အစောပိုင်းမှာ မီးခိုးငွေ့တွေထွက်လာခဲ့ပြီး ဂိုဏ်းတွေက ကားတွေကိုမီးရှို့ကာ သံချပ်ကာယာဉ်များ နှောင့်နှေးအောင်ပြုလုပ်ခဲ့ပါတယ်။
■ ဗီဒီယိုတွေထဲမှာ တရားခံတွေက ရဲတွေကို လက်ပစ်ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းတွေ အသုံးပြုခဲ့ပါတယ်။
■ အပြင်းအထန် တိုက်ခိုက်ကြပြီးနောက်မှာ အထူးစစ်ဆင်ရေးအဖွဲ့မှ ရဲတွေက လူဒါဇင်ခန့်ကို ဝိုင်းရံခဲ့ကြတာကို ရိုက်တာသတင်းထောက်တစ်ဦး မြင်တွေ့ခဲ့ရပါတယ်။
■ ဒီဖြစ်ရပ်တွေကြောင့် စာသင်ကျောင်းတွေ၊ ဆေးကုသမှုလုပ်ငန်းတွေ နှောင့်နှေးခဲ့ပြီး ကားလမ်းတွေပိတ်ဆို့ခဲ့ပါတယ်။
■ ဒီစစ်ဆင်ရေးက ဂိုဏ်းတွေရဲ့ မူးယစ်ဆေးတွေနဲ့ ငွေဖြူပြောင်းလဲရေးတို့ကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ၈၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ကက်စထရိုက အတည်ပြုခဲ့ပါတယ်။
■ အရပ်ဖက်အဖွဲ့အချို့ကတော့ ဒီစစ်ဆင်ရေးဟာ လုံးဝအောင်မြင်မှုမရဘဲ မူးယစ်ဆေးကွင်းဆက်တွေကို တကယ်တမ်း ဖျက်ဆီးနိုင်ခြင်းမရှိခဲ့ဘူးလို့ ဝေဖန်ကြပါတယ်။
Source: Reuters
#World_Health
Published 29 October 2025
■ တရုတ်ခွဲစိတ်ဆရာဝန်တွေက မျိုးဗီဇပြုပြင်ထားတဲ့ဝက်ရဲ့အသည်းကို လူသားတစ်ဦးထံ အောင်မြင်စွာ အစားထိုးခွဲစိတ်နိုင်ခဲ့ပြီး အင်္ဂါအစားထိုးကဏ္ဍမှာ အောင်မြင်မှုကြီးတစ်ခု ဖြစ်လာပါတယ်။
■ ၂၀၂၄ မေလ ၁၇ ရက်နေ့က အသက် ၇၁ နှစ်အရွယ်လူနာကို အန်ဟွေ့ဆေးတက္ကသိုလ်ဆေးရုံမှာ ခွဲစိတ်ခဲ့ပြီးနောက် ၁၇၁ ရက်ကြာအောင် အသက်ရှင်သန်နိုင်ခဲ့ပါတယ်။
■ ဝက်အသည်းက လူနာရဲ့ကိုယ်ပိုင်အသည်းကို ထောက်ပံ့တဲ့သဘောဖြင့် အစားထိုးခဲ့တာ ဖြစ်ပါတယ်။
■ လူနာက အသည်းညာဘက်ခြမ်းမှာ အကျိတ်ဖြစ်နေပြီး ပုံမှန်လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။
■ ခွဲစိတ်ပြီးနောက် ပထမဆုံး ၃၁ ရက်အတွင်း ဝက်အသည်းက ထိရောက်စွာ လည်ပတ်နိုင်ခဲ့ပြီး သည်းခြေရည်နဲ့ သွေးခဲပစ္စည်းများ ထုတ်လုပ်နိုင်ခဲ့ကာ အင်္ဂါလက်မခံတာမျိုး မရှိခဲ့ပါဘူး။
■ ဒါပေမဲ့ ၃၈ ရက်မြောက်နေ့မှာ အစားထိုးထားတဲ့အသည်းရဲ့ သွေးကြောငယ်လေးတွေထဲမှာ သွေးခဲများ ဖြစ်ပေါ်လာပြီး ဖယ်ရှားရဖို့ ဖြစ်လာပါတယ်။
■ ဒီနောက် အစာအိမ်အူတို့ကနေ သွေးပြန်ယိုလာပြီး ၁၇၁ ရက်မြောက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
■ ဒါပေမဲ့လည်း မျိုးဗီဇပြုပြင်ထားတဲ့ဝက်ရဲ့ အသည်းက အချိန်ကာလတစ်ခုအထိ လူသားခန္ဓာကိုယ်ထဲမှာ လုပ်ဆောင်နိုင်တဲ့ သက်သေဖြစ်တယ်လို့ ဆရာဝန်တွေ ဂုဏ်ယူနေကြပါတယ်။
■ အဆိုပါဝက်ကို ယူနန်စိုက်ပျိုးရေးတက္ကသိုလ်မှ သုတေသီတွေက မျိုးဗီဇပြုပြင်ခြင်းဖြစ်စဉ် ၁၀ ခုဖြင့် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
■ အသည်းအစားထိုးကုသလိုတဲ့ လူနာများအတွက် ဒီအောင်မြင်မှုက မျှော်လင့်ချက် ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူများ ဆိုထားပါတယ်။
■ ကိုယ်ခံအားတုံ့ပြန်မှုနဲ့ သွေးခဲခြင်းတို့က ပြဿနာဖြစ်နေပေမယ့် ကမ္ဘာတဝှမ်း လူသားအင်္ဂါရှားပါးနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ မှတ်ကျောက်တစ်ခု ဖြစ်လာပါတယ်။
Source: India Today
Page 95 of 1152