#World_News
Published 25 April 2026
■ အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်ရန် အဆိုပြုချက်များအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရက်ချီဟာ သောကြာနေ့မှာ ပါကစ္စတန်မြို့တော် အစ္စလာမာဘက်သို့ ရောက်ရှိလာပါတယ်။
■ ၈ ပတ်ကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲကြီး အဆုံးသတ်ရေး မျှော်လင့်ချက်အချို့ မြင်လာရပြီ ဖြစ်ပါတယ်။
■ အီရန်က အမေရိကန် လိုချင်တဲ့အချက်တွေကို ဖြည့်ဆည်းပေးမယ့် ကမ်းလှမ်းချက် ပြင်ဆင်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောပါတယ်။
■ ဒါပေမဲ့ အီရန်အရာရှိတွေကတော့ အမေရိကန်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားဖို့ မရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖော်ပြထားပါတယ်။
■ အမေရိကန် တိုက်ခိုက်မှုတွေနဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်ပိတ်ဆို့အပြီးမှာ အီရန် ရေနံတင်ပို့မှုတွေ ပိတ်ဆို့သွားသလို အမေရိကန်လောင်စာဆီ ဈေးနှုန်းတွေလည်း အမြင့်ဆုံးရောက်ရှိသွားပါတယ်။
■ အိမ်ဖြူတော်စာနယ်ဇင်းဝန်ကြီး ကယ်ရိုလင်းလီဗစ်က အမေရိကန်အထူးသံတမန်တွေဖြစ်တဲ့ စတိဗ်ဝစ်ကော့ဗ်နဲ့ ဂျရတ်ကုရှ်နာတို့ ပါကစ္စတန်သို့ ထွက်ခွာမယ်လို့ ပြောထားပါတယ်။
■ ဆွေးနွေးမှုတွေ ပြုလုပ်ရန်အတွက် အမေရိကန်ပို့ဆောင်ရေးနဲ့ လုံခြုံရေးအဖွဲ့ အစ္စလာမာဘက်သို့ ရောက်ရှိနေပြီးဖြစ်တယ်လို့ ပါကစ္စတန်သတင်းရင်းမြစ်တွေ ပြောနေပါတယ်။
■ ကာတာနိုင်ငံကတော့ ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်ရဲ့ အားထုတ်မှုတွေကို ထောက်ပံ့ကူညီနေပါတယ်။
■ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရခြင်းကြောင်း သင်္ဘောအသွားအလာ အနည်းဆုံးဖြစ်နေပြီး ရေနံဈေးတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။
Source: Reuters