#World_Health
Published 25 April 2026

■ အာဟာရဓာတ်တွေ ပြည့်ဝနေတဲ့ သစ်ကြားသီးဟာ နှလုံးကျန်းမာရေးနဲ့ ကင်ဆာတိုက်ဖျက်အာနိသင်တွေ မြှင့်တင်ပေးနိုင်တဲ့အပြင် ကျန်းမာနုပျိုစွာ အိုမင်းလာခြင်းကိုလည်း ထောက်ကူပေးနိုင်တယ်လို့ သုတေသန တွေ့ရှိထားပါတယ်။

■ ALA အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ကြွယ်ဝတဲ့အပြင် အမျှင်ဓာတ်၊ အသီးအရွက်ပရိုတိန်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အဓိကမိုက်ခရိုအာဟာရဓာတ်များလည်း ပါဝင်ပါတယ်။

■ ဒီလိုအာဟာရဓာတ်တွေကြောင့်ပဲ သစ်ကြားသီးမှာ အိုမင်းဆန့်ကျင်ရင်းမြစ်တွေ ရှိနေတာဖြစ်ပါတယ်။

■ သစ်ကြားသီးစားသုံးခြင်းဖြင့် နှလုံးသွေးကြောရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ ဆီးချိုအပါအဝင် အချို့သောရောဂါများ ဖြစ်နိုင်ခြေ လျော့ကျစေတဲ့အပြင် အသက်အရွယ်ကြောင့် ဦးနှောက်အသိဉာဏ် ကျဆင်းလာခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

■ သစ်ကြားသီးက နှလုံးနဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကူညီပေးကာ ရောင်ရမ်းမှု လျှော့ချပေးပြီး ကျန်းမာရေးနဲ့ သက်ရှည်ကျန်းမာခြင်းကို မြှင့်တင်ပေးပါတယ်။

■ လေ့လာချက်အရ တစ်ပတ်ကို သစ်ကြားသီး နှစ်ကြိမ်ခန့်စားပေးတဲ့ အမျိုးသမီးတွေဟာ ကျန်းမာစွာ အိုမင်းနိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုများတာကို တွေ့ရပါတယ်။

■ ကျန်းမာစွာ အိုမင်းခြင်းဆိုတာက စိတ်ကျန်းမာရေး၊ နာတာရှည်ရောဂါကြီးများ၊ မှတ်ဉာဏ်ပြဿနာများ၊ ရုပ်ပိုင်းချို့ယွင်းခြင်းများ မရှိဘဲ အသက်ကြီးလာတာကို ဆိုလိုပါတယ်။

■ သစ်ကြားသီးကို နေ့စဉ် ၁၀ ဂရမ် စားပေးခြင်းဖြင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ နည်းစေပြီး မကောင်းတဲ့ LDL ကိုလက်စထရောတွေ လျော့ကျစေကာ နှလုံးကျန်းမာရေး တိုးတက်စေနိုင်ပါတယ်။

■ စားသင့်တဲ့ ပမာဏကတော့ တစ်ပတ်ကို ဆားမပါတဲ့ သစ်ကြားသီး ၄-၆ ကြိမ်ခန့် အသင့်အတင့် စားပေးဖို့ အကြံပြုထားပါတယ်။

Source: AOL