#World_Lifestyle
Published 10 December 2024
▪️ ရေမွှေးတွေထဲက ပါဝင်ပစ္စည်းတစ်မျိုးက ကျန်းမာရေးပြဿနာ အမျိုးမျိုး ဖြစ်စေနိုင်ပြီး အင်ဆူလင်ယဉ်ပါးခြင်းကနေ မျိုးပွားပြဿနာဖြစ်စေတဲ့အထိ နှလုံးသွေးကြော ရောဂါများ ဖြစ်စေနိုင်တယ်လို့ ဆရာဝန်များ သတိပေးလိုက်ပါတယ်။
▪️ ရေမွှေးအပါအဝင် အလှကုန်ပစ္စည်းတွေမှာပါတဲ့ သယ်လိတ်ကို လက်သည်းနီဆေး၊ ဆံပင်ဖျန်းဆေး၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာ၊ လက်သန့်စင်ဆေး၊ ချိုင်းလီဆီတို့မှာ တွေ့ရပါတယ်။
▪️ သယ်လိတ်ဓာတ်က နှလုံးရောဂါ၊ အဝလွန်ခြင်း၊ အင်ဆူလင်ယဉ်ပါးခြင်း၊ ဆီးချိုတို့အပြင် ဓာတ်မတည့်ခြင်းနဲ့ ရင်ကြပ်တို့ပါ ဖြစ်စေနိုင်တယ်လို့ ၂၀၂၀ လေ့လာချက်မှာ တွေ့ရှိထားပါတယ်။
▪️ ဒါ့အပြင် အစောပိုင်းသုတေသနအရ သယ်လိတ်ဟာ အမျိုးသားရော အမျိုးသမီးမှာပါ မျိုးပွားအင်္ဂါများကို ထိခိုက်စေပြီး ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးဖွားချိန်တွေမှာ ပြဿနာဖြစ်စေနိုင်တယ်လို့ ပညာရှင်များ ယူဆထားပါတယ်။
▪️ သယ်လိတ်က ဟော်မုန်းတွေနဲ့ ဆဲလ်လုပ်ဆောင်ချက်တွေကို နှောင့်ယှက်စေတာကြောင့် ဖြစ်ပါတယ်။
▪️ မိန်းကလေးများ ဆယ်ကျော်သက်အရွယ်မှာ ဓမ္မတာစပေါ်ချိန် စောစေနိုင်တယ်လို့လည်း ၂၀၁၈ ခုနှစ်မှာ လေ့လာတွေ့ရှိခဲ့ပါတယ်။
▪️ အမျိုးသားတွေမှာ သယ်လိတ်ပုံမှန် ထိတွေ့သူတွေက သုတ်ပိုးဒီအင်န်အေ ထိခိုက်စေတယ်လို့လည်း တွေ့ရှိထားပါတယ်။
▪️ ဒါပေမဲ့ အလှကုန်ပစ္စည်းတွေမှာ ပါဝင်တဲ့ သယ်လိတ်ပမာဏက အန္တရာယ် ဖြစ်လောက်တဲ့အထိ မများပြားပါဘူး။
▪️ သင်းပျံ့တဲ့ အလှကုန်ပစ္စည်းတွေ လျှော့ချအသုံးပြုရုံဖြင့် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
#Source: New York Post
#World_Health
Published 10 December 2024
▪️ အစားအများကြီး စားပြီးနောက် ဗိုက်အရွယ်အစား ကြီးမားလာတာကို ကြုံကြဖူးမှာပါ။
▪️ ပုံမှန်အားဖြင့် အစာအိမ်ဟာ သံဗူးအရွယ်အစားခန့်သာ ရှိပြီး ရေသန့်ဗူး ၂ လီတာအရွယ်အစားအထိ ချဲ့ထွင်နိုင်ပါတယ်။
▪️ ဒါဟာ ၄ ဆကျော်အထိ တိုးချဲ့နိုင်တာ ဖြစ်တယ်လို့ မိုင်ယိုဆေးရုံမှ တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ အာသာဘီဒါက ပြောပါတယ်။
▪️ အစာအိမ်မှ ပျော့ပြောင်းတဲ့ကြွက်သားတွေက သားရေကွင်းလို ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိပြီး အချိန်အတော်ကြာ ချဲ့ပြီးတာတောင်မှ ပြန်ကျုံ့နိုင်ပါတယ်။
▪️ ဒါဟာ စားပွဲသောက်ပွဲတွေမှာ အများအပြား စားသောက်တဲ့အခါ အစာအိမ်က ချဲ့ပေးနိုင်ပါတယ်။
▪️ ဒါ့အပြင် ဗိုက်ပြည့်တင်းအောင် စားသောက်ပြီးနောက် လဲလျောင်းခြင်းကို သတိပေးလိုက်ကာ အက်ဆစ်လျှံတက်ခြင်း ဖြစ်စေနိုင်တယ်လို့ အကြံပြုထားပါတယ်။
▪️ ထိုအစား လမ်းလျှောက်ပေးခြင်းက အစာကြေဖို့ အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။
▪️ အများအပြား စားသောက်ပြီးနောက် ရေများများသောက်ဖို့ အခြားပညာရှင်တွေက အကြံပြုထားပါတယ်။
▪️ စားပွဲသောက်ပွဲမှာ စားရမယ်ဆိုရင် ကြားထဲမှာ နားနားပြီး စားသောက်ဖို့ကိုလည်း အကြံပြုသွားပါတယ်။
#Source: New York Post
ရာစုနှစ်သက်တမ်းရှိတရုတ်ပြည်မှသစ်သားပေါင်းကူးတံတား၏ ရှေးဟောင်းအင်ဂျင်နီယာပညာကို ယူနက်စ်ကိုဒြပ်မဲ့အမွေအနှစ်စာရင်းထဲထည့်သွင်း
တရုတ်ပြည် ဖူကျန်ပြည်နယ် နင်ဒီမြို့မှ ဆောက်လုပ်ရေးလက်သမားဆရာတွေဟာ ရိုးရာလက်မှုပညာများ အသုံးပြုပြီး ရာစုနှစ်သက်တမ်းရှိတဲ့ တရုတ်သစ်သား ပေါင်းကူးတံတားကို ထိန်းသိမ်းနေကြပါတယ်။
#World_Culture
Published 09 December 2024
#ယူနက်စ်ကိုဒြပ်မဲ့အမွေအနှစ် #သစ်သားပေါင်းကူးတံတား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 09 December 2024
၁။ နှစ်ပေါင်း ၁၀၀ နှင့်အထက်ရှိ အဆောက်အအုံပေါင်း ၄၀ ကို ရှေးဟောင်းအဆောက်အအုံများအဖြစ်သတ်မှတ်
၂။ မိုးပြောင်းရာသီချိန်၌ ပြည်ပဝယ်လိုအားများ၍ ဈေးကောင်းရနေ
၃။ ၁၁လအတွင်း အမြန်လမ်းမကြီးတွင် ယာဥ်မတော်တဆမှု (၂၀၀)နီး ပါးခန့်ဖြစ်ပွားပြီး (၈၇)ဦးေ-သဆုံးပြီး ၃၀၀ကျော်ဒဏ်ရာရ
၄။ ရာစုနှစ်သက်တမ်းရှိ တရုတ်ပြည်မှသစ်သားပေါင်းကူးတံတား၏ရှေးဟောင်းအင်ဂျင်နီယာပညာကို ယူနက်စ်ကိုဒြပ်မဲ့အမွေအနှစ်စာရင်းထဲထည့်သွင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၉ ဒီဇင်ဘာ ၂၀၂၄
◾️ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်နှင့် သူ့မိသားစုကို ရုရှားနိုင်ငံက နိုင်ငံရေး ခိုလှုံခွင့်ပေး လိုက်တယ်လို့ ရုရှား နိုင်ငံပိုင်မီဒီယာ TASS က ကရင်မလင်သတင်းအရင်းအမြစ်ကို ကိုးကားပြီး သတင်း ဖော်ပြခဲ့ပါတယ်။
◾️ဆီးရီးယားမှထွက်ပြေးလာတဲ့ အာဆတ်နှင့်သူ့မိသားစုတို့ဟာ ရုရှားနိုင်ငံမော်စကိုမြို့တော်သို့ ရောက်ရှိ လာပြီးနောက် လူသားချင်းစာနာထောက်ထားမှုအဖြစ်စဉ်းစားပြီး သူတို့ကို နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်တာ ဖြစ်ကြောင်း သတင်းကဆိုပါတယ်။
◾️ရုရှားအနေနှင့် ဆီရီးယားအကျပ်အတည်းမှာ နိုင်ငံရေးအရဖြေရှင်းရန်လိုလားတယ်လို့ အမြဲပြောခဲ့ပါ တယ်။ ကုလသမဂ္ဂရဲ့ စေ့စပ်ဆွေးနွေးပွဲပြန်လည်စတင်ဖို့ အမိအရတိုက်တွန်းကြောင်း TASS သတင်းမှာ ဖော်ပြထားပါတယ်။
◾️ “ရုရှားအရာရှိတွေဟာ ဆီးရီးယားအတိုက်အခံလက်နက်ကိုင်ကိုယ်စားလှယ်တွေနှင့်ထိတွေ့ ပြောဆို နေပါတယ်။ သူတို့က သူတို့ရဲ့ခေါင်းဆောင်တွေဟာ ဆီးရီးယားက ရုရှားစစ်အခြေစိုက်စခန်းနှင့် သံရုံး အတွက် လုံခြုံရေးအာမခံတယ်လို့ ပြောပါတယ်” လို့ သတင်းအရင်းအမြစ်တစ်ခုကိုကိုးကားပြီး TASS ကရေးသား ပါတယ်။
◾️အာဆတ်ဟာ ရာထူးကဆင်းလိုက်ပြီးဖြစ်ပြီး နိုင်ငံမှထွက်ခွာခဲ့ကာ အာဏာကိုငြိမ်းချမ်းစွာ လွှဲပြောင်း ပေးဖို့ သူ့လူတွေကို ညွှန်ကြားခဲ့တယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
◾️“ ဆီးရီးယားရဲ့ အခြေအနေအပေါ် ကျွန်တော်တို့ အထူးစိုးရိမ်စွာစောင့်ကြည့်နေပါတယ်။ အာဆတ်နှင့် လက်နက်ကိုင်ပဋိပက္ခထဲပါဝင်ကြသူတွေအကြား စေ့စပ်ညှိနှိုင်းမှုတွေလုပ်ခဲ့ပြီးနောက် အာဆတ်ဟာ သမ္မတရာထူးစွန့်လွှတ်ပြီး နိုင်ငံမှထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြီးတော့ အာဏာကိုငြိမ်းချမ်းစွာလွှဲပေးဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်”လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
◾️ရုရှားနိုင်ငံဟာ ဆီးရီးယားအတိုက်ခံအုပ်စုတွေအားလုံးနှင့် ဆက်သွယ်နေပါတယ်။ ဆီးရီးယားလူ့အဖွဲ့ အစည်းမှလူမျိုးနွယ်တွေအားလုံးရဲ့ ထင်မြင်ချက်တွေကို လေးစားဖို့တိုက်တွန်းခဲ့ပါတယ်။ ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၂၅၄ ကို အခြေခံပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တစ်ခုစတင်ဖို့လည်းတောင်းဆိုခဲ့ပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက် ပြောဆိုပါတယ်။
Source: ANI
#World_News
Published 09 December 2024
▪️ အမေရိကန် ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့်က ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကို ယူကရိန်းစစ်ပွဲ ချက်ချင်း အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် တိုက်တွန်းလိုက်ကာ သမ္မတရာထူး တာဝန်ယူရန် ၁ လခွဲခန့်လိုသေးပေမယ့် စစ်ပွဲအဆုံးသတ်ရေးအတွက် တက်ကြွစွာ လှုပ်ရှားအားထုတ်နေတာကို တွေ့ရပါတယ်။
▪️ ဇယ်လန်စကီနဲ့ ယူကရိန်းအနေနဲ့ သဘောတူညီမှုရယူပြီး အဆုံးသတ်သင့်တယ်လို့ ထရမ့်က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
▪️ ထရမ့်နဲ့ အင်တာဗျူးရာမှာ ယူကရိန်းကို စစ်ရေးအကူအညီ လျှော့ချရေးနဲ့ နေတိုး(NATO)အဖွဲ့ထံမှ အမေရိကန် ထွက်ခွာရေးအတွက် ဆွေးနွေးသွားမယ်လို့လည်း ပြောသွားပါတယ်။
▪️ ယူကရိန်းသတိထားရမယ့် အန္တရာယ် ၂ ခုက နေတိုးမဟာမိတ်တွေနဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အဖွဲ့အစည်းတွေထဲက နိုင်ငံတွေဖြစ်ပါတယ်။
▪️ သဘောတူညီချက်ကို အဟန့်အတားဖြစ်စေမယ့် အရာတွေ မပြုလုပ်လိုတာကြောင့် ပူတင်နဲ့ ပြောဆိုစရာမရှိဘူးလို့ ပြောပါတယ်။
▪️ ယူကရိန်းက အပေးအယူ ပြုလုပ်ချင်နေကာ ပူတင်အနေနဲ့ ဆုံးဖြတ်ချက် ချရမယ့်အချိန် ရောက်နေပြီး တရုတ်ကလည်း ကူညီနိုင်သလို တစ်ကမ္ဘာလုံးကလည်း စောင့်မျှော်နေကြတယ်လို့ ဆိုပါတယ်။
▪️ ယူကရိန်းလိုအပ်တဲ့ ငြိမ်းချမ်းရေးက ထိရောက်မှုရှိပြီး နှစ်အနည်းငယ်နဲ့ မပျက်စီးနိုင်တဲ့ ငြိမ်းချမ်းရေးဖြစ်တယ်လို့ ပြောပါတယ်။
▪️ လက်ရှိဘိုင်ဒင်အစိုးရနဲ့ ယူကရိန်းထောက်ခံသူတွေက အလျင်စလို အပစ်အခတ်ရပ်စဲရေးကို မပြုလုပ်ချင်ပါဘူး။
▪️ ဒါဟာ ရုရှားအနေနဲ့ စစ်အင်အား ပြန်လည်ဖြည့်တင်းချိန် ရသွားမယ်လို့ ယူဆနေကြပါတယ်။
▪️ ထရမ့်က ဒုတိယအကြိမ် သမ္မတဖြစ်လာတဲ့အခါ နေတိုးအဖွဲ့အစည်းထဲမှာ အမေရိကန်ဆက်လက် ပါဝင်ရေး မသေချာတဲ့အကြောင်း ပြောသွားပါတယ်။
#Source: AP News
#World_Health
Published 09 December 2024
▪️ လမ်းလျှောက်ခြင်းဖြင့် နှလုံးကျန်းမာရေး၊ အိပ်စက်ခြင်း၊ စိတ်အခြေအနေတို့ တိုးတက်စေတာ သိရှိထားသလို ယခုသုတေသနမှာတော့ နေ့စဉ် တစ်နာရီ ၃ မိုင်နှုန်းဖြင့် မိနစ် ၁၆၀ လမ်းလျှောက်ပါက သက်တမ်း ၁၀ နှစ်ကျော် အသက်ရှည်စေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ အမေရိကန်မှ အသက် ၄၀ နဲ့အထက်လူတွေကို လေ့လာခဲ့ကြပြီး အနည်းဆုံး ၄ ရက်ကြာအောင် စောင့်ကြည့်ရေးကိရိယာ တပ်ဆင်ခိုင်းခဲ့ပါတယ်။
ဒီနောက် လှုပ်ရှားမှုအတိုင်းအတာနဲ့ အသက်ဘယ်လောက် ရှည်လဲဆိုတာကို ခန့်မှန်းတွက်ချက်ခဲ့ကြပါတယ်။
▪️ ရုပ်ပိုင်းဆိုင်ရာ ပိုပြီးလှုပ်ရှားသူတွေက ပျမ်းမျှနေထိုင်သက်တမ်း အရှည်ဆုံးဖြစ်နေတာကို နှိုင်းယှဉ်တွေ့ခဲ့ကြပါတယ်။
▪️ နေ့စဉ် တစ်နာရီ ၃ မိုင်နှုန်းဖြင့် မိနစ် ၁၆၀ လမ်းလျှောက်ပါက ပျမ်းမျှသက်တမ်းဟာ ၇၈.၆ နှစ်ကနေ ၈၄ နှစ်အထိ မြင့်တက်လာပါတယ်။
▪️ လှုပ်ရှားမှုအနည်းဆုံးသော ၂၅ ရာခိုင်နှုန်းကတော့ ပျမ်းမျှသက်တမ်း ၆ နှစ်ခန့် တိုတောင်းခဲ့ပေမယ့် နေ့စဉ် ၁၁၁ မိနစ်ပိုပြီး လှုပ်ရှားပေးပါက အသက် ၁၁ နှစ်နီးပါး အသက်ပိုရှည်လာတာကို တွေ့ခဲ့ကြပါတယ်။
▪️ လှုပ်ရှားမှုအနည်းဆုံးသူတွေဟာ တစ်နေ့ကို ၁ နာရီမျှ လမ်းပိုလျှောက်ပေါးပါက အသက်ရှည်လာနိုင်တယ်လို့ နှလုံးကာကွယ်ရေးဆရာဝန် အက်ဒီဒါပိုအီလူယိုမာဒီက ပြောသွားပါတယ်။
▪️ လမ်းလျှောက်ခြင်းက အလွယ်ကူဆုံး လှုပ်ရှားမှုဖြစ်ပြီး အကျိုးကျေးဇူးအများဆုံးလည်း ဖြစ်ပါတယ်။
▪️ နှလုံးသွေးကြော ကျန်းမာရေးတိုးတက်စေခြင်း၊ သွေးပေါင်ချိန်ကျစေခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းတို့ ပေးစွမ်းနိုင်ပြီး နာတာရှည်ရောဂါများ ဖြစ်ခြင်းမှ လျှော့ချပေးပါတယ်။
▪️ ဒါကြောင့် အချိန်အများကြီးပေးပြီး မလျှောက်နိုင်ရင်တောင် နည်းနည်းချင်းစီ အချိန်ပေးလမ်းလျှောက်ခြင်းဖြင့် အသက်ရှည်ကျန်းမာခြင်းရဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
#Source: Prevention.
Page 96 of 929