ယီမင်ဆိပ်ကမ်းမြို့ကို အစ္စရေးလ်တို့ လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် လောင်စာဆီပြတ်တောက်မည်ကိုစိုးရိမ်ကာ စက်သုံးဆီဆိုင်များတွင် ကားအများအပြားတန်းစီစောင့်ဆိုင်းနေကြ
ယီမင်နိုင်ငံ ဟိုဒဲဒါဆိပ်ကမ်းနေရာကို အစ္စရေးလ်တို့က စနေနေ့မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယီမင်နိုင်ငံသား အများအပြားဟာ လောင်စာဆီပြတ်တောက်မှာ စိုးရိမ်နေကြပြီး စက်သုံးဆီအရောင်းဆိုင်တွေမှာ ကားတွေတန်းစီစောင့်ဆိုင်းနေကြပါတယ်။
#World_News
Published 23 July 2024
#လေကြောင်းမှတိုက်ခိုက် #လောင်စာဆီပြတ်တောက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 July 2024
၁။ ပုဂံရှေးဟောင်းဘုရားများ မြစ်ရေကြောင့် မစိုးရိမ်ရပေမည့်လည်း မိုးသည်းထန်မှုကြောင့် ထိခိုက်ပျက်စီးနိုင်ဟုဆို
၂။ ဓာတ်မြေဩဇာတင်သွင်း၊ ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် မှတ်ပုံတင်ပေါင်း တစ်သောင်း ကျော် ခွင့်ပြုပေးထား
၃။ တစ်ပတ်တာကာလအတွင်း ရွှေဈေးကျပ်ခုနှစ်သောင်းကျော်ကျဆင်း
၄။ ယီမင်ဆိပ်ကမ်းမြို့ကို အစ္စရေးလ်တို့ လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် လောင်စာဆီပြတ်တောက်မည်ကိုစိုးရိမ်ကာ စက်သုံးဆီဆိုင်များတွင် ကားအများအပြားတန်းစီစောင့်ဆိုင်းနေကြ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၃ ဇူလိုင် ၂၀၂၄
ရုရှားနိုင်ငံရဲ့ ငွေချေစနစ် ဖြစ်တဲ့ Mir ကို မြန်မာနိုင်ငံမှာ အကန့်အသတ်နှင့်စတင်အသုံးပြုနေပြီလို့ မြန်မာနိုင်ငံအခြေစိုက်ရုရှား သံရုံးရဲ့ပြောကြားချက်ကိုကိုးကားပြီး TASS သတင်းဌာနကရေးသားပါတယ်။
မြန်မာနိုင်ငံမှာ အချို့သောစားသောက်ဆိုင်တွေနှင့် ဈေးဝယ်စင်တာတွေမှာရုရှားငွေချေကတ် Mir ကို အကန့်အသတ်နှင့် စတင် အသုံးပြုနေတာဖြစ်တယ်လို့ ရုရှားသံရုံးကပြောပါတယ်။
“ယခုလောလောဆယ်မှာ Mir card စနစ်ကို မြန်မာနိုင်ငံမှာရှိတဲ့ အချို့စားသောက်ဆိုင်တွေနှင့် ဈေးဝယ်စင်တာတွေမှာ ကန့်သတ်သုံးစွဲမှုတွေစတင်နေပါပြီ။ မကြာခင်မှာ ထပ်မံတိုးချဲ့အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီလိုသုံးတဲ့ အတွက် ကမ္ဘာလှည့်ခရီးသွားတွေအတွက် အကျိုးရှိပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာရှိနေကြတဲ့ ရုရှားနိုင်ငံသားတွေအတွက်လည်း နေရထိုင်ရ ပိုအဆင်ပြေပါလိမ့်မယ်” လို့ သံရုံးကပြောကြားပါတယ်။
မြန်မာနိုင်ငံဟာ ရုရှားရဲ့ Mir card ကိုသုံးစွဲတဲ့ ၁၃နိုင်ငံမြောက်ဖြစ်ပါတယ်။ အခြားသော နိုင်ငံ(၆)နိုင်ငံကလည်း အသုံးပြုနိုင်ဖို့ ဆွေးနွေးမှုတွေလုပ်ဆောင်ရေး အဆင်သင့်ဖြစ်နေကြကြောင်းသတင်းမှာဖော်ပြထားပါတယ်။
Source TASS
#World_News
Published 23 July 2024
▪️ စည်းရုံးရေးပွဲတစ်ခုမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်းကိုယ်စားလှယ် ဒေါ်နယ်ထရမ့် ဒဏ်ရာရစေလောက်တဲ့အထိ လုပ်ကြံခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ လုံခြုံရေးယိုယွင်းမှုတွေရှိခဲ့တဲ့အပြင် ထိုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အတိအကျ မရှင်းလင်းပြတဲ့အတွက် ရာထူးမှနုတ်ထွက်ပေးရန် နှစ်ဖက်ပါတီစလုံးမှ တောင်းဆိုနေကြတာတွေကို အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးဌာနရဲ့ ညွှန်ကြားရေးမှူး ကင်ဘာလီချီတယ်လ်က ပြန်လည်တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
▪️ ကိစ္စအများစုမှာ ခါးခါးသီးသီး သဘောထားကွဲပြားနေကြတဲ့ အမေရိကန် အောက်လွှတ်တော်ကြီးကြပ်ရေး ကော်မတီရီပတ်ဘလစ်ကန်ဥက္ကဌ ဂျိမ်းစ်ကော်မာနဲ့ ဒီမိုကရက်ထိပ်သီးပုဂ္ဂိုလ် ဂျေမီရက်စ်ကင်တို့ဟာ ယခုချီတယ်လ်ကိစ္စမှာတော့ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြပါတယ်။
▪️ ယနေ့မှာတော့ လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပျက်ရတယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကာ လက်ရှိညွှန်ကြားရေးမှူးအနေနဲ့ ဦးဆောင်နိုင်မယ်လို့ မယုံကြည်နိုင်ကြောင်း ကော်မာက ချီတယ်လ်ကို ပြောခဲ့ပါတယ်။
▪️ ချီတယ်လ်ဟာ တိုင်းပြည်သမိုင်း အလွန်အရေးကြီးနေတဲ့ အချိန်ကျမှ လွှတ်တော်ရဲ့ ယုံကြည်မှုကို မရတော့ဘဲ ဒီကိစ္စကို မြန်မြန်လေး ဖြေရှင်းဖို့လိုတယ်လို့ ရက်စ်ကင်ကလည်း ပြောပါတယ်။
▪️ ချီတယ်လ်ကလည်း ယခုဇူလိုင် ၁၃ ရက်နေ့ အဖြစ်အပျက်ဟာ လုံခြုံရေးအခြေအနေ အဆိုးရွားဆုံးတွေထဲက တစ်ခုဖြစ်ခဲ့တာကို ဝန်ခံခဲ့ပေမယ့် ယခုအချိန်မှာ လျှို့ဝှက်ထောက်လှမ်းရေးဌာနကို ဦးဆောင်ဖို့ သူမသာအသင့်လျော်ဆုံးဖြစ်ကြောင်း ပြန်လည်ချေပလိုက်ကာ ရာထူးမှနုတ်ထွက်ဖို့ကို အကြိမ်ကြိမ် ခုခံခဲ့ပါတယ်။
▪️ ထိုနေ့စည်းရုံးရေးပွဲမှာ ဒေါ်နယ်ထရမ့်မိန့်ခွန်း ပြောကြားနေစဉ် တစ်စုံတစ်ယောက်က လုပ်ကြံဖို့ကြိုးစားခဲ့ရာ ထရမ့်ရဲနားရွက်တစ်ဖက် ဒဏ်ရာရခဲ့ပြီး စည်းရုံးရေးပွဲလာရောက်သူတစ်ဦး သေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
▪️ အသက် ၂၀ အရွယ် သေနတ်ပစ်တရားခံ သောမတ်ခရွတ်စ်ကို ရဲတပ်ဖွဲ့က အသေပစ်ခတ်ခဲ့ပြီး ယခုလိုလုပ်ကြံရခြင်း ရည်ရွယ်ချက်ကို သေချာမသိရသေးပါဘူး။
▪️ ထရမ့်ကို လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က လုံခြုံရေး အပြည့်အဝ မပေးခဲ့ဘူးလို့ ရီပတ်ဘလစ်ကန်ဘက်က ဆိုလိုက်ကာ ချီတယ်လ်ကတော့ ထိုဖြစ်စဉ်မဖြစ်ခင် သမ္မတဟောင်းအတွက် လုံခြုံရေးတိုးမြှင့်ပေးခဲ့တယ်လို့ ပြောပါတယ်။
▪️ ဒါ့အပြင် ထရမ့်စည်းရုံးရေးပွဲအတွက် လိုအပ်တဲ့လုံခြုံရေးကိုလည်း ဖြည့်တင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
▪️ အတွင်းရေးစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် ရက် ၆၀ လောက်ကြာမှ အချက်အလက် အတိအကျ သိရမယ်လို့ ချီတယ်လ်က ပြောခဲ့တဲ့အပေါ် နှစ်ဖက်ပါတီမှ လွှတ်တော်အမတ်တွေက ငြင်းဆန်လိုက်ပြီး ခြိမ်းခြောက်မှုတွေ မြင့်မားနေတဲ့အချိန်မှာ ရက် ၆၀ နေမှ အစီရင်ခံမယ်ဆိုတာဟာ လက်သင့်ခံစရာမရှိဘူးလို့ ဒီမိုကရက်တစ် ကိုယ်စားလှယ် အဲလက်ဇန်ဒရီယာအိုကေစီယိုကော်တက်ဇ်က ပြောသွားပါတယ်။
#Source: Reuters
#World_Science
Published 23 July 2024
▪️ ယခုထက်ထိ တွေ့ရှိဖူးသမျှ ဂြိုဟ်ပေါင်း ၅၆၀၀ ခန့်ထဲမှာ အရှည်လျားဆုံး ပတ်လမ်းကြောင်းရှိတဲ့ ဂြိုဟ်အသစ်တစ်ခုကို သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ ထိုဂြိုဟ်ဟာ ပတ်လမ်းကြောင်းမှားနေတဲ့ ပုံစံဖြစ်နေပြီး ထူးဆန်းတဲ့ပုံပေါ်နေပြီး ဂြိုဟ်ဖွဲ့စည်းပုံတွေကြား ပျောက်ဆုံးနေတဲ့ ဆက်စပ်မှုကို ရှာဖွေနိုင်ဖို့ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။
▪️ TIC 241249530 b လို့ အမည်ပေးထားတဲ့ ဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်ကနေ အလင်းနှစ် ၁၁၀၀ နီးပါးကွာဝေးတဲ့ ကြယ်တစ်ခုကို လည်ပတ်နေပါတယ်။
▪️ ထိုဂြိုဟ်ဟာ ဗဟိုချက်ချင်း အလွန်ကွဲပြားတဲ့ပုံပေါ်ပြီး ကြယ်နဲ့အလွန်နီးကပ်စွာ လှည့်ပတ်နေပါတယ်။
▪️ နေစကြဝဠာရှိ အခြားဂြိုဟ်တွေက နေကို တူညီတဲ့ဦးတည်ချက်အတိုင်း လှည့်ပတ်နေပေမယ့် ထိုဂြိုဟ်ကတော့ ဆန့်ကျင်ဘက်အတိုင်း ကြယ်ကို လည်ပတ်နေပါတယ်။
▪️ ဒီလိုမျိုး ဗဟိုချက်ချင်းမတူတဲ့ ဂြိုဟ်ဟာ ပူလောင်တဲ့ ဂျူပီတာဖြစ်လာနေတယ်လို့လည်း ယူဆနေကြပါတယ်။
▪️ သူ့ရဲ့လည်ပတ်ပုံကွဲပြားမှုတွေကြောင့် နှစ်ပေါင်းဘီလီယံခန့် ကြာတဲ့အခါ အပူချိန် ကယ်လ်ဗင်ထောင်ချီပူတဲ့ ဂြိုဟ်ဖြစ်လာနိုင်တယ်လို့ MIT ကာဗလီတက္ကသိုလ်မှ ရူပဗေဒ လက်ထောက်ပရော်ဖက်ဆာ ဆာရာမေးလ်ဟော်လန်က ပြောပါတယ်။
▪️ ဂြိုဟ်ရဲ့ပတ်လမ်းကြောင်း ပြောင်းလဲမှုများက အလွန်ကြီးမားလွန်းကြောင်း ဆိုပါတယ်။
▪️ ဂြိုဟ်ပတ်လမ်းကြောင်း ပြောင်းလဲပုံတွေကို ပုံစံတုပြုလုပ်ခြင်းများနဲ့ စောင့်ကြည့်မှုများအရ ပူလောင်တဲ့ဂျူပီတာတွေဟာ ဗဟိုချက်ချင်းကွဲပြားမှု မြင့်မားတာကြောင့် ဖြစ်ပေါ်တယ်လို့ သုတေသနအဖွဲ့က ယူဆနေကြပါတယ်။
#Source: WION
#World_Health
Published 23 July 2024
▪️ အိပ်ချိန်ပုံစံမမှန်ဘဲ အပြောင်းအလဲများတဲ့သူတွေမှာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်း ပိုများတယ်လို့ ဘရစ်ဂမ်နဲ့ အမျိုးသမီးဆေးရုံမှ လေ့လာတွေ့ရှိထားပါတယ်။
▪️ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ခြေ လျှော့ချရာမှာ အိပ်စက်မှုပုံစံကို အတည်တကျ ထိန်းသိမ်းထားရှိဖို့က ဘယ်လောက်အရေးကြီးလဲ ဆိုတာကို လေ့လာလိုတာဖြစ်ကြောင်း သုတေသနပြုစုသူ ဆီနာကီယန်နာဆီက ပြောပါတယ်။
▪️ ဆီးချိုရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုနဲ့ မသန်မစွမ်းဖြစ်မှုဖြစ်စေတဲ့ ထိပ်ဆုံးအကြောင်းအရင်း ၁၀ ခုမှာ ပါဝင်ပြီး ၂၀၅၀ အရောက်မှာ ကမ္ဘာပေါ်ရှိ ဆီးချိုဖြစ်ပွားသူအရေအတွက် နှစ်ဆကျော်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
▪️ ဒီအတွက် ဗြိတိန်ပြည်ထောင်စုမှ လူပေါင်း ၈၄၀၀၀ ကျော်ကို စက်ပစ္စည်းများတပ်ဆင်ပြီး ၇ ညတာ စောင့်ကြည့်ခဲ့ပါတယ်။
▪️ စမ်းသပ်ပါဝင်သူတွေက ပျမ်းမျှ ၆၂ နှစ်ရှိကြပြီး ဆီးချိုရောဂါ မရှိသူတွေဖြစ်ပါတယ်။
▪️ ဆေးမှတ်တမ်းများကိုကြည့်ပြီး ဆီးချိုရောဂါဖြစ်လာခြင်း ရှိမရှိ ၇ နှစ်ခွဲ စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ ညဘက်အိပ်ချိန် တစ်ညနဲ့တစ်ည ၁ နာရီကျော်လောက် အပြောင်းအလဲရှိသူတွေဟာ ဆီးချိုဖြစ်နိုင်ခြေ ၃၄ ရာခိုင်နှုန်းပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ ကြာမြင့်စွာ အိပ်တတ်သူတွေနဲ့ မျိုးဗီဇအရ ရောဂါဖြစ်နိုင်ခြေ နည်းတဲ့သူတွေမှာ အိပ်ချိန်မမှန်ခြင်းနဲ့ ဆီးချိုရောဂါ ဆက်စပ်မှုက ပိုပြီးသိသာနေပါတယ်။
▪️ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ဖို့အတွက် အိပ်စက်မှုက အရေးကြီးပြီး သွေးတွင်းသကြားဓာတ် မြင့်မားတာဟာ ဆီးချိုလက္ခဏာတစ်ခု ဖြစ်ပါတယ်။
▪️ တစ်နေ့ကို အိပ်ချိန် ၆ နာရီအောက်သာရှိသူတွေဟာ ရောဂါဖြစ်နိုင်ခြေ သိသိသာသာ ပိုများနေပါတယ်။
▪️ စမ်းသပ်ချက်ကတော့ လူတိုင်းအတွက် ကိုယ်စားမပြုနိုင်တာကိုတော့ သိရှိထားဖို့ သုတေသီများဆိုလိုက်ကာ နောက်ထပ်အချက်အလက် ကွဲပြားသူတွေနဲ့လည်း စမ်းသပ်သွားဖို့ စီစဉ်နေကြပါတယ်။
#Source: New York Post
၂၂ ဇူလိုင် ၂၀၂၄
ဒုသမ္မတ ကာမလာ ဟာရစ်ကို သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပြီဆိုရင်တော့ ဒီမိုကရက်တစ်ပါတီဟာ သမိုင်းတင်မယ့် အလောင်းအစားကြီးတစ်ခုကို ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။ ဒုသမ္မတ ကာမလာဟာရစ် သမ္မတလောင်းဖြစ်လာပြီဆိုရင် လူမည်း အမျိုးသမီးတစ်ဦးဟာ လူမျိုးရေးနှင့်လိင်ခွဲခြားမှုတွေ၊ပြီးတော့ သူမကိုယ်တိုင်ရဲ့ ခြေလှမ်းအမှားတွေကို ကျော်လွှားပြီး ရီပတ် ဘလီကင် ဒေါ်နယ်ထရမ့်ကို နိုင်မလားဆိုတဲ့အပေါ် သူတို့က လောင်းကြတော့မှာပါ။
Page 84 of 822