#World_News
Published 18 May 2026

■ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုတွေ ကြန့်ကြာနေတာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အချိန်ဟာ လူကိုစောင့်မနေဘူးလို့ အီရန်ကို သတိပေးလိုက်ပါတယ်။

■ "မြန်မြန်လုပ်ရင်လုပ်၊ မဟုတ်ရင် သူတို့အတွက် ဘာမှကျန်မှာ မဟုတ်ဘူး" လို့ Truth Social မီဒီယာမှာ ဖော်ပြထားပါတယ်။

■ စစ်ပွဲအဆုံးသတ်ရေး အီရန်ရဲ့ နောက်ဆုံးအဆိုပြုချက်တွေကို အမေရိကန်အနေနဲ့ ထိထိရောက်ရောက် ခိုင်ခိုင်မာမာ တုံ့ပြန်နိုင်ခြင်း မရှိထားဘူးလို့ အီရန်မီဒီယာကလည်း ဖော်ပြနေပါတယ်။

■ ထရမ့်ရဲ့ သတိပေးစကားအရ အီရန်သာ စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် လက်မခံပါက မျိုးနွယ်တစ်ခုလုံး အဆုံးသတ်ရလိမ့်မယ်လို့ ခြိမ်းခြောက်တဲ့သဘော ဖြစ်နေပါတယ်။

■ ထရမ့်က အီရန်ရဲ့ အလိုဆန္ဒတွေဟာ လုံးဝလက်သင့်ခံစရာ မရှိဘူးလို့ ငြင်းဆန်ထားကာ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒါတွေဟာ ရက်ရောပေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

■ အီရန်ရဲ့ တောင်းဆိုတဲ့အထဲမှာ စစ်မျက်နှာပြင်အားလုံး ချက်ချင်းအဆုံးသတ်ရေး၊ အီရန်ဆိပ်ကမ်းများကို အမေရိကန်ရေတပ် ပိတ်ဆို့ထားမှု ရပ်တန့်ရေး၊ အီရန်ကို နောက်ထပ်မတိုက်ခိုက်ရန် အာမခံချက်များ ပါဝင်ပါတယ်။

■ ဒါ့အပြင် စစ်ပွဲထိခိုက်ပျက်စီးမှုများအတွက် လျော်ကြေးနဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်အချုပ်အခြာအာဏာပိုင်အဖြစ် သတ်မှတ်ဖို့လည်း ပါဝင်ပါတယ်။

■ အမေရိကန်ရဲ့ တောင်းဆိုချက် ၅ မျိုးထဲမှာတော့ အီရန်အနေနဲ့ နျူကလီးယား ထုတ်လုပ်ရေးနေရာတစ်ခုတည်း ထားရှိဖို့နဲ့ ယူရေနီယံတွေကို အမေရိကန်ဆီ တင်ပို့ဖို့ ပါဝင်ပါတယ်။

■ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို နှစ် ၂၀ ဆိုင်းငံ့ထားဖို့ကို ထရမ့်လက်ခံသွားဖွယ်ရှိနေပါတယ်။

Source: BBC