#World_Science
Published 18 May 2026

■ အချို့သော အစေ့မျိုးတွေဟာ မိုးရွာသံကြောင့် အသက်ဝင်လာတယ်လို့ MIT အင်ဂျင်နီယာတွေ တွေ့ရှိထားပါတယ်။

■ စပါးစေ့များဖြင့် စမ်းသပ်ရာမှာ မိုးပေါက်ကျသံဟာ အစေ့တွေ ငြိမ်သက်နေတဲ့ အခြေအနေမှ လှုပ်နိုးစေပြီး မိုးသံမထိတွေ့တဲ့ အစေ့တွေနဲ့ နှိုင်းယှဉ်ပါက ပိုမိုမြန်ဆန်စွာ အပင်ပေါက်လာရန် လှုံ့ဆော်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

■ စပါးစေ့တွေနဲ့ မျိုးစေ့တွေဟာ အသံတွေကို အာရုံခံနိုင်တယ်ဆိုတဲ့ ပထမဆုံးအထောက်အထား တွေ့ရှိတာဖြစ်ပြီး အပင်မျိုးစိတ်အများစုဟာ မိုးသံကို တုံ့ပြန်နိုင်မယ်လို့ ယူဆနေပါတယ်။

■ ကမ္ဘာမြေဆွဲအားကို သိရှိနိုင်တဲ့ အစေ့အတွင်းထဲက အင်္ဂါနုပ် စတက်တိုလစ်တွေဟာ တုန်ခါမှုတွေကြောင့် လှုပ်ခါသွားပြီး အစေ့များ အပင်ပေါက်ရန် အချက်ပြပေးပါတယ်။

■ မိုးရွာခြင်းကြောင့် ဖြစ်ပေါ်တဲ့ အသံလှိုင်းတွေဟာ လေတိုက်ခြင်းလိုမျိုး သဘာဝဖြစ်စဉ်များ တုပဖြစ်ပေါ်စေပြီး အစေ့များ အကောင်းဆုံး ကြီးထွားမှုအခြေအနေ ဖြစ်စေဖို့ ကူညီပေးပါတယ်။

■ မိုးရွာသံထိတွေ့တဲ့ အစေ့တွေဟာ မိုးရွာသံမထိတွေ့တဲ့ အစေ့တွေထက် အပင်ပေါက်နှုန်း ၃၀-၄၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ကြောင်း စမ်းသပ်မှုတွေ တွေ့ရှိထားပါတယ်။

■ မိုးရွာခြင်းမှ ဖြစ်ပေါ်တဲ့ တုန်ခါမှုတွေဟာ စတက်တိုလစ်များ ရွေ့လျားစေဖို့အထိ လုံလောက်စွာ အားကောင်းပြီး အစေ့ကြီးထွားရှင်သန်မှုကို အထောက်အကူပြုတယ်လို့ သုတေသီတွေ သုံးသပ်ထားပါတယ်။

■ ဒီလေ့လာချက်ကနေ အပင်တွေဟာ အကောင်းဆုံး စိုက်ပျိုးနိုင်မယ့် အလားအလာတွေအတွက် အသံကိုအသုံးပြုကြောင်း ညွှန်ပြနေပြီး အပင်များက သဘာဝတုန်ခါမှုများကို ဘယ်လိုအာရုံခံလဲဆိုတာ သုတေသနလမ်းစတွေ ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

Source: MIT News