#World_Health
Published 22 June 2025
▪️ သွေးပေါင်ချိန်များတဲ့ သွေးတိုးရောဂါဆိုတာက ကမ္ဘာပေါ်က လူသန်းပေါင်းများစွာမှာ အသံတိတ်ဒုက္ခပေးနေပြီး နှလုံးရောဂါ၊ လေဖြတ်၊ ကျောက်ကပ်ရောဂါတို့ ဖြစ်လာစေပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းအပြင် နှလုံးကျန်းမာစေမယ့် အစားအစာတွေကလည်း သွေးပေါင်ချိန်ကို ထိန်းသိမ်းလျှော့ချပေးနိုင်မှာပါ။
ဒါကြောင့် သွေးပေါင်ချိန်ကို လျှော့ချနိုင်စေမယ့် အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
(၁) အစိမ်းရောင်အရွက်များ
▪️ ဟင်းနုနွယ်၊ ကိုက်လံ၊ အာရူဂူလာအရွက်တို့ဟာ ပိုတက်ဆီယံကြွယ်ဝပြီး ပိုလျှံနေတဲ့ ဆိုဒီယံတွေကို ကျောက်ကပ်ကနေ စွန့်ပစ်ကာ သွေးပေါင်ချိန် လျော့ကျစေပါတယ်။
(၂) သကြားမုန်လာ
▪️ သကြားမုန်လာက နိုက်ထရိတ်ကြွယ်ဝကာ နိုက်ထရစ်အောက်ဆိုဒ်အဖြစ်သို့ ပြောင်းလဲပေးပြီး သွေးကြောတွေ ကျယ်စေပါတယ်။
(၃) အုတ်ဂျုံ
▪️ သူ့မှာ အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ ဘီတာဂလူကန်ပါဝင်ပြီး သွေးကြောလုပ်ဆောင်ချက် ကောင်းမွန်စေကာ ကိုလက်စ်ထရောလ် လျှော့ချနိုင်ပါတယ်။
(၄) ငှက်ပျောသီး
▪️ ပိုတက်ဆီယံကြွယ်ဝပြီး ဆားရဲ့ဆိုးကျိုးကို ချိန်ညှိပေးကာ နှလုံးခုန်နှုန်းထိန်းညှိစေနိုင်ပြီး သွေးပေါင်ချိန်ပမာဏ ကောင်းမွန်စေပါတယ်။
(၅) အဆီပါသောငါး
▪️ ဆော်လ်မွန်၊ ငါးကွပ်ရှပ်တို့လိုငါးတွေက အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ပါဝင်ကာ ရောင်ရမ်းခြင်းနဲ့ ထရိုင်ဂလစ်ဆရိုက် လျှော့ချနိုင်ပြီး နှလုံးကို အလုံးစုံတိုးတက်စေပါတယ်။
#Source: DoctorNDTV
#World_Science
Published 22 June 2025
▪️ အမျိုးသမီး ၅ သောင်းနီးပါးရဲ့ စားသောက်ပုံစံကို နှစ်ပေါင်း ၃၀ ကြာအောင် ဆန်းစစ်ခဲ့ပြီးနောက်မှာတော့ မနက်ခင်း ကော်ဖီတစ်ခွက်သောက်တာဟာ စွမ်းအင်ပိုပေးနိုင်ပြီး အသက်ကြီးလာတာနဲ့အမျှ ထက်မြက်သန်မာစေကာ စိတ်ကျန်းမာရေး ကောင်းမွန်စေနိုင်တယ်လို့ သုတေသီများ ဆုံးဖြတ်ခဲ့ကြပါတယ်။
▪️ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာတို့လို ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေနဲ့ ပတ်သက်ပြီး အကဲဖြတ်ကြတာ ဖြစ်ပါတယ်။
▪️ အသက် ၇၀ အထိ အဓိကရောဂါကြီးတွေ မဖြစ်ဘဲ ရုပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်ခြင်း၊ စိတ်ကျန်းမာရေး ကောင်းမွန်ခြင်း၊ မှတ်ဉာဏ်ပြဿနာမရှိခြင်းတို့က ကျန်းမာရေးနဲ့ညီညွတ်စွာ အိုမင်းလာတယ်လို့ သတ်မှတ်နိုင်ပါတယ်။
▪️ ကျန်းမာစွာ အိုမင်းလာသူတွေဟာ တစ်နေ့ကို ကဖင်းဓာတ် ၃၁၅ မီလီဂရမ်မျှ သောက်သုံးကြပြီး ဒါဟာ ကော်ဖီခွက်အသေး ၃ ခွက်နဲ့ ညီမျှပါတယ်။
▪️ စားသောက်မှုပုံစံ၊ လှုပ်ရှားနေထိုင်မှုပုံစံ၊ ဆေးလိပ်စတဲ့အချက်တွေ ထည့်တွက်ရင်တောင် ဒီလိုမျိုးဆက်စပ်နေတာ တွေ့ရပါတယ်။
▪️ ကဖင်းဓာတ်ဆိုတာထက် ကော်ဖီမှာပါတဲ့ ဇီဝသတ္တိကြွဒြပ်ပေါင်းများ ပေါင်းစပ်ခြင်းက အဓိကပတ်သက်နေမယ်လို့ ယူဆကြပါတယ်။
▪️ ပါဝင်စမ်းသပ်ခံသူတွေက လူဖြူလူမျိုး၊ ပညာတတ်၊ အမျိုးသမီး၊ ကျန်းမာရေးအသိရှိသူ အများစုဖြစ်ပြီးတော့ ဒီထက်ကျယ်ပြန့်တဲ့လူတွေမှာ အတည်ပြုဖို့ လိုအပ်ပါသေးတယ်။
▪️ ကော်ဖီကို သင့်တင့်ရုံသောက်သုံးပြီး ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်စွာစားခြင်း၊ ဆေးလိပ်ရှောင်ခြင်းတို့ပါ ပေါင်းစပ်ပြုလုပ်မယ်ဆိုရင် အကျိုးကျေးဇူးများပေးနိုင်မှာပါ။
▪️ သင့်တင့်ရုံပမာဏဆိုတာက တစ်နေ့ကို ကော်ဖီ ၂ ခွက်မှ ၄ ခွက်အထိ ရှိနိုင်ပါတယ်။
#Source: People
ဂျပန်မှ အမေရိကန်သို့ ကုန်ပစ္စည်းများတင်ပို့မှုက မေလမှာ ၁၁.၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
#World_Business
Published 21 June 2025
#အမေရိကန်ကုန်သွယ်ခွန်ပေါ်လစီ #ဂျပန်မှကုန်ပစ္စည်းများတင်ပို့မှုကျဆင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 June 2025
၁။ ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိပြီး အရန်ဆီများလည်း နှစ်ပတ်စာခန့်ရှိနေ
၂။ ခပေါင်းချောင်းရေမြင့်တက်၍ ဒေသခံ ၇၀၀ ခန့်ရွေ့ပြောင်းနေရ
၃။ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားများကို ရန်ကုန်နှင့်နေပြည်တော်တွင် ပြုလုပ်
၄။ အမေရိကန်ကုန်သွယ်ခွန်ပေါ်လစီများကြောင့် ဂျပန်မှတင်ပို့ကုန်များနှစ်လဆက်တိုက်ကျဆင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 21 June 2025
▪️ Voide of America (VOA)ရဲ့ မိခင်ကုမ္ပဏီ ရဲ့ ဝန်ထမ်း ၆၃၉ ဦးကျော်ကို အလုပ်ထုတ်ပယ်ကြောင်း အသိပေးစာထုတ်ပြန်ခဲ့တယ်လို့ သောကြာနေ့က ပြောပါတယ်။
▪️ မတ်လနောက်ပိုင်း ဝန်ထမ်းလျှော့ချလာတာ ၈၅ ရာခိုင်နှုန်းရှိပြီဖြစ်တဲ့ သတင်းရုပ်သံလွှင့်ဌာန အဆုံးသတ်ဖို့ ဖြစ်လာပါတယ်။
▪️ အစိုးရဝန်ထမ်းတွေကို အနည်းဆုံးသာထားရှိချင်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့လမ်းစဉ် အစိတ်အပိုင်းအဖြစ် အလုပ်နေရာပေါင်း ၁,၄၀၀ ကို လျှော့ချလိုက်တာဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာမီဒီယာ အမေရိကန်အေဂျင်စီ(USAGM) အကြီးတန်းအကြံပေးပုဂ္ဂိုလ် ကယ်ရီလိတ်က ပြောသွားပါတယ်။
▪️ ဝန်ထမ်းဖောင်းပွနေပြီး တာဝန်ယူမှုမရှိတဲ့ သတင်းဌာနကို ဖြိုခွဲဖို့ကြိုးစားနေရာမှာ USAGM နဲ့ VOA တို့မှ ဝန်ထမ်း ၆၃၉ ဦးထံ အလုပ်ထုတ်ပယ်ကြောင်း အသိပေးစာများ ပေးပို့ခဲ့တယ်လို့ လိတ်က ဖော်ပြထားပါတယ်။
▪️ ဒီအေဂျင်စီဟာ ဘက်လိုက်ပြီး အသုံးမဝင်ဘူးလို့ ပြောထားပါတယ်။
အခုဆိုရင် USAGM ဟာ ဝန်ထမ်းအင်အား ၈၁ ယောက် အနည်းဆုံးအနေအထားဖြင့် လည်ပတ်နေပြီး USAGM ၊ VOA ၊ ကျူးဘားရုပ်သံလွှင့်ရုံးတို့မှာ ဝန်ထမ်း ၂၅၀ ခန့် ကျန်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
▪️ VOA ဟာ ၁၉၄၂ ခုနှစ်က နာဇီဝါဒဖြန့်ခြင်းကို တန်ပြန်ရန်အတွက် တည်ထောင်ခဲ့တာဖြစ်ပြီး ဘာသာစကား ၅၀ နီးပါးဖြင့် လုပ်ကိုင်နေကာ တစ်ပတ်ကို လူပေါင်းသန်း ၃၆၀ ဆီ ရောက်ရှိစေပါတယ်။
▪️ VOA နဲ့ အခြားမီဒီယာလက်ခွဲတွေဟာ ကွန်ဆာဗေးတစ်တွေအပေါ် ဘက်လိုက်ဖော်ပြမှုတွေ ရှိတယ်ဆိုပြီး ရီပတ်ဘလစ်ကန်အချို့ စွပ်စွဲထားပါတယ်။
▪️ USAGM ရဲ့ RFA မှာလည်း ဌာနအသီးသီးမှာ အလုပ်နားခွင့်များပေးထားတယ်လို့ သိရပါတယ်။
▪️ USAGM ဝန်ထမ်းလျှော့ချခြင်းနဲ့ ပတ်သက်ပြီး တရားရုံးအမှုတွဲများ ရှိနေပါတယ်။
#Source: Reuters
#World_Science
Published 21 June 2025
▪️ ၂၀၂၃ ခုနှစ်က ၉ ရက်ဆက်တိုက် ငလျင်လှုပ်ခတ်နေခဲ့တဲ့ ဖြစ်စဉ်ကို သိပ္ပံပညာရှင်များ ပထမဆုံး စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
▪️ အကြောင်းအရင်းက အရှေ့ဂရင်းလန်းဖော့ဂျ်တဝိုက်မှာ ရိုက်ခတ်ခဲ့တဲ့ ဆူနာမီကြီး ၂ ခုကြောင့် ဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။
▪️ ဧရာမလှိုင်းကြီးတွေက မီတာ ၂၀၀ လောက်မြင့်မားပြီး ၂၀၂၃ စက်တင်ဘာလမှာ ၉ ရက်ဆက်တိုက် လှုပ်ရှားနေခဲ့ပါတယ်။
▪️ အစကတော့ သိပ္ပံပညာရှင်တွေအတွက် အထူးအဆန်းဖြစ်နေခဲ့ပေမယ့် မြေပြင်နဲ့ ဂြိုဟ်တုပုံရိပ်များအရ ဖော့ဂျ်မှာ မြေပြိုတာတွေကြောင့် ဖြစ်နေပါတယ်။
▪️ ရာသီဥတုဖောက်ပြန်မှုက ဒီလိုမျိုး အစွန်းရောက်ဖြစ်စဉ်တွေ ဖြစ်လာရတယ်လို့ ဦးဆောင်သုတေသနပြုစုသူ သောမတ်စ်မိုနာဟန်က ပြောပါတယ်။
▪️ ဆူနာမီလှိုင်းတွေရဲ့ လှုပ်ရှားမှုကို တိုင်းတာရာမှာ ရေဒါတုန်နှုန်းတွေဖြင့် သမုဒ္ဒရာမျက်နှာပြင်မှ လှိုင်းအမြင့်ကို တိုင်းတာပါတယ်။
▪️ ယခုလေ့လာချက်တွေက မျိုးဆက်သစ်ဂြိုဟ်တု အချက်အလက်တွေက ယခင်က မသိခဲ့တဲ့ဖြစ်စဉ်တွေကို ဖြေရှင်းစေနိုင်မယ့်ဥပမာမျိုးဖြစ်တယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ပရော်ဖက်ဆာ သောမတ်စ်အက်ကော့ခ်က ပြောသွားပါတယ်။
▪️ ဆူနာမီ၊ မုန်တိုင်း၊ လှိုင်းလုံးကြီးတွေလိုမျိုး သမုဒ္ဒရာဖြစ်စဉ်များအကြောင်း နောက်ထပ်အရာများ သိရှိနိုင်စေမှာဖြစ်ပေမယ့် ဆန်းသစ်နည်းပညာတွေ အသုံးပြုဖို့တော့ လိုအပ်ကြောင်း ပြောသွားပါတယ်။
#Source: LiveScience
#World_Health
Published 21 June 2025
▪️ နှလုံးအားနည်းရောဂါဖြစ်နိုင်ခြေ ခန့်မှန်းတဲ့နေရာမှာ ခါးနဲ့အရပ်အချိုးအစားက ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI)ထက်ပိုပြီး တိကျနိုင်တယ်လို့ သုတေသနအသစ်မှာ ဖော်ပြခဲ့ပါတယ်။
▪️ ဆွီဒင်ရှိ လန်းတက္ကသိုလ်နဲ့ မယ်လ်မိုတက္ကသိုလ်ဆေးရုံတို့မှ သုတေသီတွေက ၁၂ နှစ်ခွဲကာလအတွင်း လူပေါင်း ၁,၇၉၂ ဦးကို စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
▪️ ခါးနဲ့အရပ်အချိုးအစားမြင့်မားသူတွေက နှလုံးအားနည်းရောဂါဖြစ်နိုင်ခြေ ပိုများတာ တွေ့ခဲ့ကြပါတယ်။
▪️ BMI ဆိုတာက အဝလွန်ခြင်းပမာဏကို တိုင်းတာတာဖြစ်ပေမယ့် ခန္ဓာကိုယ်မှာ အဆီဘယ်လောက်ပျံ့နှံ့နေလဲဆိုတာ မသိနိုင်ပါဘူး။
▪️ ဒါ့အပြင် ကျား/မ၊ လူမျိုးတို့နဲ့လည်း သက်ဆိုင်နေပါတယ်။
▪️ ခါးနဲ့တင်ပါးအချိုးအစားကတော့ အတွင်းအင်္ဂါနားတဝိုက်မှ အန္တရာယ်ရှိနိုင်တဲ့အဆီများကို တိုင်းတာတာဖြစ်တယ်လို့ ဒေါက်တာ အမ်ရာဂျူဂျစ်က ပြောပါတယ်။
▪️ စောင့်ကြည့်ခဲ့တဲ့ကာလအတွင်း နှလုံးအားနည်းရောဂါဖြစ်ပွားသူ ၁၃၂ ဦးရှိခဲ့ပါတယ်။
▪️ ပုံမှန်စံနှုန်းကနေ ခါးနဲ့တင်ပါးအချိုးအစား မြင့်တက်လာတာနဲ့အမျှ နှလုံးအားနည်းနိုင်ခြေ ၃၄ ရာခိုင်နှုန်း ပိုများလာတာ တွေ့ရပါတယ်။
▪️ ဒီအချိုးအစားအများဆုံးသူတွေဟာဆိုရင် သာမန်လူတွေထက် နှလုံးအားနည်းဖြစ်နိုင်ခြေ ၃ ဆနီးပါးပိုများတာ တွေ့ရပါတယ်။
▪️ ခါးနဲ့အရပ်အချိုးအစား အတိုင်းအတာဖြင့် ဆီးချို၊ သွေးတိုးလိုမျိုး ကျန်းမာရေးပြဿနာတွေကိုလည်း ခန့်မှန်းနိုင်ဖို့ နောက်ထပ်လုပ်ဆောင်သွားမယ်လို့ ဒေါက်တာ ဂျွန်မိုဗင်က ပြောပါတယ်။
▪️ ဒီလိုဆိုရင် ဆရာဝန်တွေအနေနဲ့ နှလုံးအားနည်းဖြစ်နိုင်ခြေရှိသူတွေကို ရှာဖွေကုသစေနိုင်မှာ ဖြစ်ပါတယ်။
#Source: India Today
Page 81 of 1056