#World_Health
Published 23 May 2026

■ ရေကူးပြီးတဲ့အခါ ချက်ချင်းအပေါ့သွားချင်ရတဲ့ အကြောင်းအရင်းကို ShardaCare-Healthcity မှ ဆီးလမ်းကြောင်းဆရာဝန် တာရန်ဆင်းက ရှင်းပြပါတယ်။

■ ရေဖိအားက ခြေထောက်နဲ့ လက်တွေမှ သွေးတွေကို ရင်ဘတ်နဲ့ ခန္ဓာကိုယ်အလယ်ပိုင်းသို့ တွန်းပို့ပေးပါတယ်။

■ ထိုအခါနှလုံးက ဒီအပြောင်းအလဲကို သိရှိပြီး အရည်တွေများနေပြီလို့ ကျောက်ကပ်ထံအသိပေးကာ ဆီးတွေထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။

■ ဦးနှောက်က ခန္ဓာကိုယ်ထဲမှာ အရည်ပိုလျှံပြီဆိုတာနဲ့ ရှင်းထုတ်ဖို့ ကျောက်ကပ်ကို အသိပေးတာကြောင့် ရေထဲဆင်းပြီး ခဏအကြာမှာပဲ ဒီလိုခံစားရတာ ဖြစ်ပါတယ်။

■ ရေကအေးတဲ့အခါမှာ အရေပြားအနီးက သွေးကြောတွေကို ကျဉ်းစေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ သွေးတွေတွန်းပို့ပေးကာ ဆီးထုတ်လုပ်မှုဖြစ်စဉ် ပိုအားကောင်းစေပါတယ်။

■ ဆားငန်ရေကတော့ အရေပြားကို အနည်းငယ် ရေဓာတ်ခန်းစေကာ ခန္ဓာကိုယ်ကို ရှုပ်ထွေးသွားစေပါတယ်။

■ ဆီးအိမ်ပြဿနာရှိသူတွေ၊ ရေမကူးခင် ရေအများကြီးသောက်သူတွေ၊ ဆီးအိမ်အားနည်းတဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုခံစားရနိုင်ပါတယ်။

■ သွေးပေါင်ချိန်ဆေး သုံးစွဲသူတွေ၊ ရေကူးအားကစားသမားတွေဟာလည်း ရေထဲကြာကြာနေရင် အပေါ့သွားချင်ပါတယ်။

■ ဒီလိုလက္ခဏာတွေကို သတိထားစောင့်ကြည့်ပြီးတော့ ကျန်းမာရေးပြဿနာတွေ ရှောင်ရှားနိုင်ဖို့ အကူအညီဖြစ်စေမှာပါ။

Source: Indian Express