#World_News
Published 23 May 2026
■ အမေရိကန် နိုင်ငံသားဖြစ်ခွင့်နဲ့ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများဌာန (USCIS) က သောကြာနေ့ ပြောကြားချက်အရ အမေရိကန်ပြည်ထောင်စုအတွင်း နေထိုင်ခွင့် အဆင့်အတန်းကို ပြောင်းလဲပြီး ဂရင်းကတ် (အမြဲတမ်း နေထိုင်ခွင့်) ရယူရန် ကြိုးပမ်းနေတဲ့ နိုင်ငံခြားသားများဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တဆင့် အမေရိကန် ပြင်ပကနေသာ လျှောက်ထားရတော့မှာဖြစ်ပြီး ယင်းလုပ်ဆောင်ချက်အပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။
■ USCIS က ဒီလုပ်ရပ်ကို မူဝါဒမှတ်တမ်းလွှာတစ်ခုကနေ ကြေညာခဲ့ပြီး ထူးခြားတဲ့ သက်သာခွင့် ပေးသင့်မပေးသင့် ဆုံးဖြတ်ရာမှာ သက်ဆိုင်ရာ အချက်အလက်များနဲ့ အကြောင်းခြင်းရာများ တစ်မှုချင်းစီအလိုက် စဉ်းစားသုံးသပ်ရန် အရာရှိများကို ညွှန်ကြားထားပါတယ်။
■ အမေရိကန်မှာ ယာယီရောက်နေပြီး ဂရင်းကတ်လိုချင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ အိမ်ပြန်ပြီး လျှောက်ထားရမှာဖြစ်ကြောင်းတိုင်းပြည်လုံခြုံရေးဌာနက ပြောပါတယ်။
■ ဒီမူဝါဒဟာ လူဝင်မှုကြီးကြပ်ရေးစနစ်တွေမှာ တရားဥပဒေဟာကွက်များကို အခွင့်ကောင်းယူမယ့်အစား ဥပဒေရည်ရွယ်ချက်အတိုင်း လုပ်ဆောင်နိုင်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
■ HIAS အကူအညီပေးရေးအဖွဲ့က ပြောကြားရာမှာ USCIS က လူကုန်ကူးခံရသူများနဲ့ အလွဲသုံးစားပြုခံရပြီး ပစ်ပယ်ထားခြင်းခံရတဲ့ ကလေးငယ်များကို အမြဲတမ်းနေထိုင်ခွင့်ကတ် လျှောက်ထားမှုများ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နိုင်ရန်အတွက် မူလနိုင်ငံသို့ ပြန်ကြဖို့ တိုက်တွန်းနေပါတယ်။
■ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ မူဝါဒအပြောင်းအလဲဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်မှုကို တင်းကျပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဆက်တိုက်အရေးယူဆောင်ရွက်မှုများထဲမှ တစ်ခုဖြစ်ပါတယ်။
Source: Reuters