#World_Science
Published 31 May 2026
■ ပန်ကရိယကင်ဆာ ရှိနေကြောင်း ဆရာဝန်တွေ တွေ့ရှိတဲ့အခါ ကုသဖို့ နောက်ကျနေပြီဖြစ်ပါတယ်။
■ လေ့လာချက်အသစ်မှာတော့ ကင်ဆာအကျိတ်တွေ မပေါ်ခင်မှာ AI နည်းပညာဖြင့် ရောဂါလက္ခဏာတွေ တွေ့ရှိနိုင်ဖွယ် ရှိတယ်လို့ ယူဆထားပါတယ်။
■ မင်းန်ဆိုတာရှိ Mayo Clinic မှထုတ်လုပ်တဲ့ AI စနစ်တစ်ခုဟာ လူနာတွေ ပန်ကရိယကင်ဆာ ရှာမတွေ့ခင် ၃ နှစ်လောက်အလိုမှာ ပုံမှန်မဟုတ်တာတွေကို ရှာတွေ့ခဲ့ပါတယ်။
■ ပန်ကရိယကင်ဆာဟာ ရောဂါလက္ခဏာ မပြသလို စောစီးစွာတွေ့ရှိစေမယ့် ရောဂါစစ်ဆေးနည်းလမ်းလည်း မရှိတာကြောင့် နောက်ကျသွားမှ သိရှိတတ်ကြပါတယ်။
■ ကင်ဆာကို ခုခံအားစနစ်မတွေ့နိုင်အောင် ကာကွယ်ထားပြီး ရှာဖွေရန်ခက်ခဲစေတဲ့ ပန်ကရိယထဲမှ အကျိတ်ဆဲလ်များကို AI စနစ်က ရှာဖွေဖော်ထုတ်မှာ ဖြစ်ပါတယ်။
■ မိသားစုမျိုးရိုးလိုက်သူတွေ ဆီးချိုရှိသူတွေလိုမျိုး ကင်ဆာဖြစ်နိုင်ခြေ မြင့်မားသူတွေအတွက် အကျိုးရှိစေမှာဖြစ်ပြီး ရောဂါလက္ခဏာတွေ မပေါ်ခင် စမ်းသပ်စစ်ဆေးခြင်းဖြင့် တွေ့နိုင်မှာ ဖြစ်ပါတယ်။
■ ပန်ကရိယကင်ဆာသုတေသနကဏ္ဍ တိုးတက်လာတဲ့အထဲမှာ mRNA ကာကွယ်ဆေးများ၊ daraxonrasib တို့လို စမ်းသပ်ဆေးဝါးများ၊ အဆင့်မြင့် သွေးစစ်ဆေးချက်များ ပါဝင်ပါတယ်။
■ AI က ရောဂါရှာဖွေရေးနည်းလမ်းတွေထဲမှာ အရေးပါလာကြောင်း မြင်တွေ့လာရပြီး ဆေးဘက်ဆိုင်ရာ အခြေအနေအရပ်ရပ်မှာ လူသားဆရာဝန်တွေနဲ့ ယှဉ်ပြိုင်လာနိုင်တာ တွေ့ရပါတယ်။
■ Mayo Clinic မှ AI စနစ်ဟာ အပြင်မှာ လက်တွေ့မရနိုင်ခင် စမ်းသပ်မှုပြီးမြောက်ဖို့ အချိန် ၃-၅ နှစ်ခန့် ကြာမြင့်နိုင်ပါတယ်။
Source: NBC News.
မေ၃၀၊၂၀၂၆(နယူးဒေလီ)-
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရင်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ရာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာသို့ ရှေးဦးစွာ ရောက်ရှိခဲ့သည်။ အဆိုပါခရီးစဉ်တွင် သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်မြတ်ကြီးထံသို့ သွားရောက် ဖူးမြော်ကြည်ညိုခဲ့ပြီး ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မုစလိန္ဒအိုင်ရှိ ငါးများအား အစာကျွေးခြင်း၊ သုဇာတာစေတီတော်သို့ သွားရောက်ဖူးမြော်ခြင်းနှင့် ဗုဒ္ဓဂယာ ရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်း များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဂါယာလေဆိပ်မှ နယူး ဒေလီမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် နယူးဒေလီမြို့ရှိ Palam လေတပ်စခန်းသို့ ရောက်ရှိ ခဲ့ကြသည်။ ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန Minister of State for External Affairs Shri Kirti Vardhan Singh၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် တာဝန်ရှိ သူများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ခမ်းနားစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်. ဂျိုင်ရှန်ကာ (Dr. S. Jaishankar) က မေလ ၃၀ ရက်နေ့ ညနေ ပိုင်းတွင် သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ "ကာလရှည်ကြာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာနက်ရှိုင်းစေရေးအပေါ် သမ္မတဦးမင်းအောင်လှိုင်၏ အပြုသဘော ဆောင်သော သဘောထားကို ကျေးဇူးတင်ရှိပါကြောင်း" အိန္ဒိယပြည်ပရေးရာဝန်ကြီးက ၎င်း၏ လူမှုကွန်ရက် ‘X’ (ယခင် Twitter) တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းရေး၊ တိုးတက်ရေးနှင့် ကြီးပွားချမ်းသာရေးတို့အတွက် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် သမ္မတဦးမင်းအောင်လှိုင်တို့၏ တွေ့ဆုံမှုကို မျှော်လင့်စောင့်စားလျက်ရှိကြောင်းလည်း ဒေါက်တာ ဂျိုင်ရှန်ကာက ဆက်လက်ရေးသားခဲ့သည်။ ယခုခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်တို့အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်တိုရဲ့ ဒုတိယမြောက်ပြည်တွင်းဖြစ် အပျော်စီးသင်္ဘောကြီး Adora Flora City ဟာ ၁၂ ရက်ကြာ ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှု အောင်မြင်စွာပြုလုပ်ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ရှန်ဟိုင်းဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ကပ်ခဲ့ပြီး ဒါဟာအပျော်စီးသင်္ဘော အမြောက်အများထုတ်လုပ်မယ့် တရုတ်ကြိုးပမ်းအားထုတ်မှုတွေမှာ နောက်ထပ်မှတ်ကျောက်တစ်ခု ဖြစ်လာပါတယ်။
#Asia_Business
Published 30 May 2026
#တရုတ်ပြည် #အပျော်စီးသင်္ဘောကြီး
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 30 May 2026
■ လူ့အသက်ကြီးလာတဲ့အခါ အသုံးမဝင်တော့ဘူးလို့ ယူဆခဲ့ကြတဲ့ သိုင်းမတ်စ်ဂလင်းဟာ ယခုအခါ ဇီဝဆေးဘက်ဆိုင်ရာ သိပ္ပံပညာရပ်မှာ အရေးပါလာနိုင်ပြီး သိုင်းမတ်စ်ဂလင်း ဆုတ်ယုတ်လာခြင်းက ခုခံအားစနစ် အိုမင်းရင့်ရော်ခြင်း၊ ကင်ဆာဖြစ်ပွားနိုင်ခြေတို့နဲ့ ဆက်စပ်နေတယ်လို့ သုတေသန တွေ့ရှိထားပါတယ်။
■ အခုဆိုရင် ဒီလိုဆက်စပ်မှုတွေကနေ လူသားတွေမှာ အစောပိုင်းစမ်းသပ်မှုအဆင့်အထိ ဝင်ရောက်နေပြီ ဖြစ်ပါတယ်။
■ ကိုယ်ခံအားစနစ် အိုမင်းလာခြင်းကို ပြန်လည်နုပျိုစေဖို့ သိုင်းမတ်စ်ဂလင်း ပြန်လည်ဆန်းသစ်မှုဆိုင်ရာ အစောပိုင်း လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
■ သိုင်းမတ်စ်ဂလင်း ဆုတ်ယုတ်ခြင်းက ကိုယ်ခံအားစနစ် အားနည်းခြင်းနဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေမြင့်မားခြင်းတို့နဲ့ ဆက်စပ်နေကြောင်း သုတေသနများ ဖော်ပြနေပါတယ်။
■ AI နည်းပညာဖြင့် ကိုယ်ခံအားအိုမင်းခြင်းဆိုင်ရာ အမှတ်အသားများ ရှာဖွေဖော်ထုတ်ရန်နဲ့ သိုင်းမတ်စ်ဂလင်းရဲ့ ကျန်းမာရေးအခြေအနေကို ကြိုတင်ခန့်မှန်းရန် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
■ စမ်းသပ်ဆဲ လေ့လာချက်တွေထဲမှာ ပင်မဆဲလ်မှ ဆင်းသက်လာတဲ့ သိုင်းမတ်စ်ဆဲလ်များနဲ့ အော်ဂန်နွိုက် အခြေပြုစနစ်များ ပါဝင်ပါတယ်။
■ သိုင်းမတ်စ်ဂလင်းရဲ့ ကျန်းမာရေးက ကင်ဆာကုထုံးအောင်မြင်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ကင်ဆာရောဂါဗေဒကို အကျိတ်နဲ့ ကိုယ်ခံအားစနစ် တည်ဆောက်ပုံ နှစ်ခုစလုံး ပါဝင်ပတ်သက်နေတဲ့ ကဏ္ဍအဖြစ် အမြင်သစ်ဖြစ်လာစေပါတယ်။
■ ဒီစမ်းသပ်မှုက လူသားတွေမှာ ရေရှည်ခံနိုင်ရည်ရှိမှု၊ ဘေးကင်းစိတ်ချရမှု၊ ကုသနည်းထိရောက်မှုတို့နဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိလာဦးမှာပါ။
■ သိုင်းမတ်စ်ဂလင်း ပြန်လည်နုပျိုစေခြင်းဟာ ရှောင်လွှဲမရ အိုမင်းလာစေတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကနေ ဝင်ရောက်ပြုပြင်နိုင်တဲ့ ဖြစ်စဉ်အဖြစ် ပြောင်းလဲလာစေမှာ ဖြစ်ပါတယ်။
Source: The Eastern Herald.
#World_Health
Published 30 May 2026
■ အသက် ၆၀ ဝန်းကျင်လောက်ကစပြီး အာဟာရဓာတ် လိုအပ်ချက်တွေ ပြောင်းလဲလာကြပါတယ်။
■ အသက် ၆၀ နောက်ပိုင်းမှာ ဇီဝကမ္မဖြစ်စဉ် နှေးလာပြီး ကြွက်သားဆုံးရှုံးလာပါတယ်။
■ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ၊ ပရိုတိန်းတွေဖြင့် ကြွက်သားနဲ့ ခွန်အားဆုံးရှုံးမှုတွေ ထိန်းသိမ်းနိုင်ပါတယ်။
■ အာဟာရဓာတ် စုပ်ယူမှုလျော့နည်းလာတာကြောင့် အချို့သော အာဟာရဓာတ်တွေကို ဦးစားပေးဖို့ လိုအပ်လာပါတယ်။
■ (၁) ကယ်စီယံ
အသက်ကြီးလာတာနဲ့အမျှ ကယ်စီယံပိုစားဖို့ လိုလာပြီး အရိုးသန်မာမှုကို ကူညီပေးကာ အရိုးပွနိုင်ခြေ လျော့နည်းစေပါတယ်။
ကိုက်လံ၊ ပန်းဂေါ်ဖီစိမ်းတို့လို အစိမ်းရောင်အရွက်များ၊ နို့ထွက်ပစ္စည်းများ၊ လိမ္မော်ရည်၊ အပင်ထွက်နို့တို့လို ကယ်စီယံပါဝင်တဲ့ အစားအစာတွေမှာ ကယ်စီယံကြွယ်ဝစွာ ပါဝင်ပါတယ်။
■ (၂) ဗိုက်တာမင်-ဒီ
အရိုးသန်မာမှုကို ထောက်ပံ့ပေးကာ အဆီပါသောငါး၊ ကြက်ဥအနှစ်တို့မှာ ပါဝင်သလို နေရောင်ခြည်ထိတွေ့ခြင်းကလည်း ဗိုက်တာမင်-ဒီ ရရှိစေပါတယ်။
■ (၃) ဗိုက်တာမင်-ဘီ၁၂
အသက်ကြီးလာတဲ့အခါ အစာအိမ်အက်ဆစ် ထုတ်လုပ်မှု နည်းသွားတာကြောင့် ဗိုက်တာမင်-ဘီ၁၂ စုပ်ယူနိုင်ဖို့ ခက်လာပါတယ်။
ဒါကြောင့် အသား၊ ဥ၊ နို့ထွက်ပစ္စည်း၊ ငါးတို့ စားသုံးခြင်းဖြင့် ဘီ၁၂ ရရှိစေမှာ ဖြစ်ပါတယ်။
■ (၄) ပရိုတိန်း
အသက်ကြီးလာရင် ပရိုတိန်း ပိုလိုအပ်လာတာကြောင့် စားတဲ့အခါတိုင်းမှာ ပရိုတိန်းလုံလောက်အောင် စားသုံးသင့်ပြီး ကြက်သား၊ ငါး၊ ဥ၊ ဒိန်ချဉ်၊ တိုဖူးတို့မှာ ပရိုတိန်းကြွယ်ဝစွာ ပါဝင်ပါတယ်။
■ (၅) အမျှင်ဓာတ်
အစာခြေစနစ် ကောင်းမွန်နေစေဖို့ အမျှင်ဓာတ် ပိုစားရမှာဖြစ်ပြီး အပင်အခြေပြု စားစရာတွေဖြစ်တဲ့ ပဲ၊ ဟင်းရွက်၊ အသီးအနှံ၊ အခွံမာသီး၊ အစေ့အဆန်တို့မှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။
Source: Very Well Health
နည်းပညာပိုင်း တိုးတက်မှုများ၊ ပို့ကုန်တိုးမြှင့်လာမှုများနဲ့ အသုံးပြုမှုကဏ္ဍများ ပိုမိုကျယ်ပြန့်လာမှုတို့ကြောင့် တရုတ်နိုင်ငံရဲ့ 3D ပရင့်ထုတ်ကဏ္ဍ လျင်မြန်စွာဖွံဖြိုးတိုးတက်တဲ့ အဆင့်သစ်တစ်ခုသို့ ကူးပြောင်းနေပြီဖြစ်ပါတယ်။
#Asia_Industry
Published 29 May 2026
#တရုတ်3Dပရင့်
#YMG #Yangon_Times #Yangon_Media_Group
မေ ၂၉၊နယူးဒေလီ(WION) - အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် (Ajit Doval) သည် သောကြာနေ့က မော်စကိုမြို့၌ ကျင်းပသည့် ပထမဆုံးအကြိမ် နိုင်ငံတကာ လုံခြုံရေးဖိုရမ်၏ ပြင်ပ သီးသန့်တွေ့ဆုံမှုအဖြစ်တွင် မြန်မာအစိုးရ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ဦးတင်အောင်စန်းနှင့် ဆွေးနွေး ပွဲများ ပြုလုပ်ခဲ့သည်။
လုံခြုံရေးဆိုင်ရာ အကြီးအကဲနှစ်ဦးသည် လုံခြုံရေး၊ ကာကွယ်ရေး၊ ဆက်သွယ်မှုနှင့် အခြား နှစ်နိုင်ငံ အကျိုးတူကဏ္ဍများတစ်လျှောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး မကြာ သေးမီက ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးအခြေအနေဆိုင်ရာ စိန်ခေါ်မှုများနှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း ပိုမို ကျယ်ပြန့်သော ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲများ ရှိနေသော်လည်း အိမ်နီးချင်းနှစ်နိုင်ငံအနေဖြင့် ဆက်ဆံရေးပိုမိုခိုင်မာစေရန် ကြိုးပမ်းနေချိန်တွင် ယခုတွေ့ဆုံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ကို နှစ်နိုင်ငံစလုံးက အလေးထားကြောင်း မီးမောင်းထိုးပြလျက် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး အကြံပေး ဦးတင်အောင်စန်းသည် (၅) ကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးအကြံပေးများ အစည်းအဝေး အတွက် ဇူလိုင်လတွင် အိန္ဒိယနိုင်ငံသို့ လာရောက်ရန် အစီအစဉ်ရှိသည်။
ယခု မော်စကိုတွေ့ဆုံမှုသည် မေလ (၃၀) ရက်မှ ဇွန်လ (၃) ရက်နေ့အထိ ပြုလုပ်မည့် မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်၏ အဆင့်မြင့် အိန္ဒိယနိုင်ငံခရီးစဉ်အတွက် လမ်းခင်းပေးလိုက်ခြင်းဖြစ်သည်။
Page 77 of 1243