#World_Health
Published 10 December 2025
■ လူသားတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခပေးနေတဲ့ အဆင့်ဆင့်ထုတ်လုပ်စားစရာတွေအကြောင်း ကမ္ဘာလုံးဆိုင်ရာ တင်ပြချက်ကြီးတစ်ခုမှာ ယခုသီတင်းပတ်အတွင်း ဖော်ပြထားပါတယ်။
■ အမေရိကန်၊ ယူကေ၊ ဩစတြေးလျမှ လူတွေအတွက်တော့ ဒီစားစရာတွေဆီကနေ နေ့စဉ်ရရှိတဲ့ ကယ်လိုရီတဝက်ကျော်လောက် ရှိနေပါတယ်။
■ ဒါပေမဲ့ ဘယ်လိုအစားအစာတွေက အဆင့်ဆင့်ထုတ်လုပ်စားစရာထဲ ပါဝင်လဲဆိုတာ ပြောဖို့သိပ်မလွယ်ပါဘူး။
■ ဆာပေါ်လိုတက္ကသိုလ်မှ သုတေသီတွေက ၂၀၀၉ ခုနှစ်မှာ Nova food အစားအစာခွဲခြမ်းခြင်းစနစ်ဖြင့် ၄ အုပ်စုပိုင်းခြားခဲ့ပါတယ်။
■ အုပ်စု(၁) - သစ်သီးများ၊ ဟင်းရွက်များ၊ နို့၊ အုတ်ဂျုံ၊ ထမင်း
■ အုပ်စု(၂) - ဆား၊ သကြား၊ ဟင်းရွက်ဆီတို့လို အခြေခံအဆင့်ဆင့်ထုတ်လုပ်ပစ္စည်းများ
■ အုပ်စု(၃) - အုပ်စု(၁)နဲ့ အုပ်စု(၂)မှ ပစ္စည်းများထည့်သွင်းကာ အဆင့်ဆင့်ထုတ်လုပ်တဲ့ စည်သွပ်ဗူးများ၊ ပေါင်မုန့်၊ ချိစ်
■ အုပ်စု(၄) - စားစရာများမှ ထုတ်ယူထားပြီး ဓာတုပစ္စည်း၊ အနံ့အရသာများ ထည့်သွင်းထားတဲ့ အဆင့်ဆင့်ထုတ်လုပ် ရောင်းကုန်ပစ္စည်းများ။
■ ဘယ်အုပ်စုပဲဖြစ်ဖြစ် အာဟာရမမျှတစွာ စားသုံးတဲ့အခါ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။
■ အုပ်စု(၄)ထဲက စားစရာတွေဟာ တကယ့်စားစရာတွေမဟုတ်ဘဲ စက်မှုထုတ်ကုန်ပစ္စည်းများဖြင့် ပြုလုပ်ထားတာကြောင့် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေများစေပါတယ်။
■ ဒီလိုစားစရာမျိုးကို ရှာဖွေဖို့ခက်ခဲနေသူများအတွက် အာလူးကြော်ထုပ်၊ အသားတု၊ ပါစတာ၊ ဆား သကြားပါဝင်သောအရာများဟာ အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ် စားစရာများဖြစ်ပါတယ်။
Source: The Guardian
#World_Health
Published 10 December 2025
■ လက်ကိုင်ဖုန်း၊ တီဗီ၊ ဗီဒီယိုဂိမ်းတွေကို အချိန်ကြာမြင့်စွာ အသုံးပြုတဲ့ ကလေးတွေမှာ အရွယ်ရောက်လာတဲ့အခါ အာရုံစူးစိုက်မှုပြဿနာများ ဖြစ်နိုင်ခြေများစေနိုင်တယ်လို့ လေ့လာချက်ကြီးတစ်ခုမှာ တွေ့ရှိထားပါတယ်။
■ အဆိုပါစက်ပစ္စည်းများ ကြည့်ရှုချိန်ကြာရှည်ခြင်းနဲ့ ဂနာမငြိမ် အာရုံစူးစိုက်မှုအားနည်းခြင်း(ADHD) လက္ခဏာများ ပိုမိုဆိုးရွားတာနဲ့ ဆက်စပ်နေကြောင်း ဖော်ပြလာပါတယ်။
■ ဂျပန်သုတေသီများကလည်း စက်ပစ္စည်းကြည့်ရှုချိန်များခြင်းနဲ့ ဦးနှောက်မူမမှန်ခြင်းအကြောင်း တွေ့ရှိထားပါတယ်။
■ လေ့လာချက်တွေထဲမှာ အသက် ၉-၁၀ နှစ်အရွယ်တွေမှာ ကြည့်ရှုချိန်များခြင်းက နောက် ၂ နှစ်အကြာမှာ ADHD လက္ခဏာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။
■ ဦးနှောက်အပြင်ဘက်အလွှာဖြစ်တဲ့ စဉ်းစားတွေးခေါ်မှုနဲ့ အာရုံစူးစိုက်မှုတို့ သက်ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းငယ်က ADHD လက္ခဏာဆိုးရွားခြင်းနဲ့ ဆက်စပ်နေပါတယ်။
■ ဒါ့အပြင် ဘာသာစကားသင်ယူခြင်း၊ စွဲလမ်းခြင်း၊ ချင့်ချိန်ဆုံးဖြတ်ခြင်းတို့နဲ့ ဆက်စပ်တဲ့ အစိတ်အပိုင်းမှာလည်း သေးငယ်သွားပါတယ်။
■ အရေးကြီးဦးနှောက်အသိဉာဏ် လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးတဲ့ အခြားအစိတ်အပိုင်း ၃ ခုမှာလည်း သေးငယ်သွားတာ တွေ့ရပါတယ်။
■ ဒီဂျစ်တယ်ပစ္စည်းတွေ အကြည့်များခြင်းကြောင့် အိပ်ရေးပျက်ခြင်း၊ လှုပ်ရှားမှုနည်းပါးခြင်း၊ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးရွားမှုများသက်ရောက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
■ ဒီလေ့လာချက်က ABCD စီမံကိန်းအချက်အလက်တွေကို အသုံးပြုကာ ကလေးပေါင်း ၁၂,၀၀၀ ရဲ့ ကြည့်ရှုချိန်နဲ့ ADHD လက္ခဏာများကို ဦးစားပေးလေ့လာခဲ့တာ ဖြစ်ပါတယ်။
■ ဒီဂျစ်တယ်ပစ္စည်းကြည့်ရှုချိန်၊ ဦးနှောက်ဖွဲ့စည်းပုံနဲ့ အာရုံစူးစိုက်မှုပြဿနာတို့ကြား ဆက်စပ်မှုတွေအကြောင်း နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန် လိုအပ်နေပါပြီ။
Source: USRTK
လာမယ့် ၃ လအတွင်း အားနည်းလာနီညာရာသီဥတုက ကမ္ဘာ့မိုးလေဝသနဲ့ ရာသီဥတုပုံစံများကို သက်ရောက်နိုင်ခြေ ၅၅ ရာခိုင်နှုန်းရှိတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (WMO)က ကြာသပတေးနေ့မှာ နောက်ဆုံးဖော်ပြထားပါတယ်။
#World_Science
Published 09 December 2025
#လာနီညာရာသီဥတု #ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 09 December 2025
၁။ ရန်ကုန်သို့ ငါးခြောက်မျိုးစုံပိုမိုတင်ပို့
၂။ မကွေးတိုင်းဒေသကြီးအတွင်း ဆိုလာရေတင်စီမံကိန်း ဆောင်ရွက်မည်
၃။ နိုင်ငံခြားနှင့်ပြည်တွင်းရင်းနှီးမြှုပ်နှံမှု(၁၄)ခုခွင့်ပြု
၄။ ကမ္ဘာ့ရာသီဥတုကိုသက်ရောက်နိုင်မည့် အားနည်းလာနီညာရာသီဥတုဖြစ်စဉ်ဖြစ်ပေါ်ရန်(၅၅)ရာခိုင်နှုန်းသေချာ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Asia_News
Published 09 December 2025
■ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အငြင်းပွားဖွယ်နယ်စပ်တလျှောက် နောက်ထပ်တိုက်ခိုက်မှုများ ဖြစ်ပွားလာကာ အင်္ဂါနေ့မှာ ထိုင်းက ကမ္ဘောဒီးယားတပ်တွေကို နှင်ထုတ်ဖို့ လုပ်ဆောင်နေကြောင်း ပြောလာပါတယ်။
■ တိုက်ခိုက်မှုတွေ ဖြစ်ရတဲ့အတွက် အပြန်အလှန် အပြစ်တင်နေကြကာ ဇူလိုင်လက ပဋိပက္ခဖြစ်ခဲ့ခြင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ ဝင်ရောက်ဖျန်ဖြေခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကတော့ မခိုင်မမာဖြစ်ခဲ့ရပါတယ်။
■ ပြီးခဲ့တဲ့ညက အရပ်သား ၂ ဦး သေဆုံးခဲ့ရာ စုစုပေါင်း ၆ ဦးရှိလာတယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပြီး ထိုင်းတပ်သားတစ်ဦး တိုက်ခိုက်စဉ် ကျဆုံးထားပါတယ်။
■ ထိုင်းနယ်မြေအတွင်းမှာ ကမ္ဘောဒီးယားတပ်တွေကို တွေ့ရှိထားပြီး နှင်ထုတ်သွားရန် စစ်ဆင်ရေးများ ပြုလုပ်နေတယ်လို့ ထိုင်းရေတပ်က အင်္ဂါနေ့နံနက်မှာ ထုတ်ပြန်လိုက်ပါတယ်။
■ ထိုင်းအနေနဲ့ ယင်းတို့ရဲ့ အချုပ်အခြာနယ်မြေကို ပြန်လည်ရယူမယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့် စစ်အင်အားအသုံးပြုပြီး အရပ်သားရွာတွေကို မတိုက်ခိုက်ရဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောပါတယ်။
■ ကမ္ဘောဒီးယားတပ်တွေက စနိုက်ပါတွေ လက်နက်ကြီးတွေ ချထားပြီး နေရာအခိုင်အမာ ယူထားတာကို တွေ့ရပြီး ထိုင်းရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်ခြိမ်းခြောက်လာတယ်လို့ ထိုင်းရေတပ်က ပြောပါတယ်။
■ ထိုင်းက ကမ္ဘောဒီးယား နယ်စပ်ပြည်နယ်များမှ အရပ်သား ၄၃၈,၀၀၀ ခန့်ကို ဘေးကင်းရာ ရွှေ့ပြောင်းထားခိုင်းပါတယ်။
■ ပြီးခဲ့တဲ့မေလက တိုက်ပွဲတစ်ခုအတွင်း ကမ္ဘောဒီးယားစစ်သားတစ်ဦး အသတ်ခံရပြီးနောက်ပိုင်း နှစ်နိုင်ငံ တင်းမာမှုမြင့်တက်လာခဲ့ပါတယ်။
Source: Reuters
#World_Science
Published 09 December 2025
■ လေဖြတ်ခြင်းဆိုတာက အသက်အရွယ်မရွေး ဖြစ်နိုင်ကာ နေ့စဉ် အရေးပေါ်သို့ ရောက်လာတတ်ကြပါတယ်။
■ လေဖြတ်ခြင်းဖြစ်စဉ်အများစုမှာ ဦးနှောက်ကိုသွေးပို့တဲ့ သွေးကြောထဲ သွေးခဲပိတ်ဆို့တာဖြစ်ပြီး ဦးနှောက်ဆဲလ်တွေ လျင်မြန်စွာ ဆုံးရှုံးသွားပါတယ်။
■ အသက်အရွယ်အစောပိုင်းမှာ လေဖြတ်တဲ့လူတွေ များပြားလာတယ်လို့ မယ်ရီလန်းဆေးတက္ကသိုလ်မှ အာရုံကြောပရော်ဖက်ဆာ စတီဗင်ဂျေကစ်နာက ပြောပါတယ်။
■ ဒီလိုခံစားရတဲ့သူတွေဟာ အသက်အန္တရာယ် ဆုံးရှုံးသည်အထိ ဖြစ်နိုင်ခြေများသလို အသက်ရှင်သူတွေကလည်း ကိုယ်လက်အင်္ဂါလှုပ်ရှားမှု ဆုံးရှုံးတာမျိုး ခံစားရနိုင်ပါတယ်။
■ သူတို့အဖွဲ့က အသက်အရွယ်စောစောမှာ လေဖြတ်ခြင်းခံစားရသူ ၁၆၇၃၀ ဦးနဲ့ လေဖြတ်ခြင်း မခံစားရသူပေါင်း ၆ သိန်းနီးပါးကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။
■ မျိုးဗီဇအချက်အလက်များနဲ့ DNA ငယ်လေးတွေကို အသုံးပြုလေ့လာရာမှာ အချက်အလက်အမျိုးမျိုးကြောင့် လေဖြတ်နိုင်ခြေ များစေပါတယ်။
■ သွေးအမျိုးအစားတွေကို ဆုံးဖြတ်ပေးတဲ့ ABO မျိုးဗီဇပုံစံအချို့က သွေးခဲနိုင်ခြေမြင့်မားကာ ဦးနှောက်ဆီသို့ ရောက်ရှိနိုင်ပါတယ်။
■ သွေးခဲခြင်းနဲ့ ဆက်စပ်တဲ့ ပရိုတိန်းတွေ များတဲ့အခါ သွေးခဲနိုင်ခြေပိုများစေပါတယ်။
■ မျိုးဗီဇအချက်အလက်များအရ သွေးအမျိုးအစား-အေ တွေမှာ အစောပိုင်းလေဖြတ်ခြင်း ဖြစ်နိုင်ခြေပိုများပြီး အို-သွေးတွေက ဖြစ်နိုင်ခြေပိုနည်းနေပါတယ်။
■ အေ-သွေးတွေက ဘာကြောင့် သွေးခဲနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေ ပိုများရလဲဆိုတာကို သုတေသီတွေလည်း သေချာမသိကြသေးပါဘူး။
■ ဒီလေ့လာချက်တွေက အစောပိုင်းလေဖြတ်နိုင်ခြေများတဲ့အထဲမှာ မျိုးဗီဇပါဝင်ပတ်သက်နေပုံကို ဖော်ပြနေပြီး နားလည်သိရှိကာကွယ်ဖို့အတွက် ကွဲပြားခြားနားတဲ့ လူမျိုးတွေမှာ သုတေသနတွေထပ်လုပ်ဖို့ လိုအပ်နေပါတယ်။
Source: Earth
#World_Science
Published 09 December 2025
■ အိပ်မက်ဆိုးတွေ မက်တတ်ကြတဲ့အကြောင်းကို မောင့်ထရီယယ်တက္ကသိုလ်မှ အိပ်စက်မှုသိပ္ပံပညာရှင် မစ်ရှဲလ်ကားက ရှင်းပြထားပါတယ်။
■ လူတွေရဲ့ တည်နေရာအပေါ်မူတည်ပြီး အိပ်မက်အကြောင်းအရာတွေ ပြောင်းလဲတတ်ကြတယ်လို့ ဆိုပါတယ်။
■ "ဝေးလ်စ်မှာ ပင်လယ်နံဘေးနား နေတုန်းက လူတွေဟာ ပင်လယ်ထဲ လှိုင်းထဲ မုန်တိုင်းထဲ ကျသွားတဲ့အကြောင်းတွေကို အိပ်မက်ဆိုးခဏခဏ မက်ကြတယ်" လို့ ဆိုပါတယ်။
■ သူ့ရဲ့ Nightmare Obscura စာအုပ်ထဲမှာ အိပ်မက်တွေ အိပ်မက်ဆိုးတွေရဲ့ သိပ္ပံသဘောတရားအကြောင်း လေ့လာဖော်ပြထားပြီး အချို့လူတွေဆိုရင် အိပ်နေစဉ်မှာ သူတို့ရဲ့အိပ်မက်တွေကို လွှမ်းမိုးနိုင်တဲ့ အိပ်မက်အင်ဂျင်နီယာအကြောင်းပါ ပါဝင်ပါတယ်။
■ အိပ်စက်မှုက ကျန်းမာရေးအတွက် ဘယ်လောက်အရေးကြီးလဲဆိုတဲ့အကြောင်း သိရှိထားပေမယ့် အိပ်မက်တွေရယ် အိပ်နေစဉ်ခံစားမှုတွေရယ်ကလည်း ကျန်းမာရေးအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို အခုမှစတင်တွေ့ရှိလာတယ်လို့ ပြောထားပါတယ်။
■ အိပ်မက်ဆိုး မကြာခဏမက်ခြင်းက စိတ်ညစ်စရာဖြစ်ပြီး ရံဖန်ရံခါ အိပ်မက်ဆိုးမက်တာကတော့ ဆိုးရွားတဲ့ ဖြစ်ရပ်တွေကို ဖြတ်သန်းဖို့ အကူအညီဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။
Source: NPR
Page 74 of 1152