အကြိမ် ၂၀ မြောက် တရုတ်ဟွာဗျောင်ရုပ်ရှင်ဆုပေးပွဲ အခမ်းအနားကို ဧပြီ ၂၇ ရက်နေ့ တရုတ်အရှေ့ပိုင်း ရှန်ဒေါင်ပြည်နယ်မှ ချင်းဒေါင်ကမ်းရိုးတန်းမြိုမှာ ကျင်းပမှာဖြစ်ကာ ချင်းဒေါင်က ကမ္ဘာလုံးဆိုင်ရာရုပ်ရှင်လုပ်ငန်းရဲ့ အဓိကအချက်အချာနေရာအဖြစ် အခိုင်အမာဆောင်ရွက်နေပါတယ်။
#Asia_Entertainment
Published 25 Apirl 2025
#ကမ္ဘာ့ရုပ်ရှင်လုပ်ငန်း #တရုတ်နိုင်ငံချင်းဒေါင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 Apirl 2025
၁။ ရုရှားက မြန်မာ့သရက်သီးနှင့် သရက်သီးခြောက်များဝယ်ယူမည်
၂။ အပါချီဘိလပ်မြေစက်ရုံမှ ဘိလပ်မြေတန်ချိန် ခြောက်သောင်း ထုတ်လုပ်ဖြန့်ချီပေးနေ
၃။ စက်သုံးဆီ တစ်လီတာ ၅၅ကျပ် မှ ၇၀ကျပ်အထိပြန်မြင့်တက်
၄။ တရုတ်နိုင်ငံ ချင်းဒေါင်သည် ကမ္ဘာ့ရုပ်ရှင်လုပ်ငန်း အချက်အခြာနေရာဖြစ်လာနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
25 April 2025
🔥 Tariff Escalation Timeline
In response, China imposes:
📊 Trade Impact
💸 Economic Consequences
🛠️ Strategic Responses
China’s Measures:
U.S. Considerations:
Source : Various News Sources
#World_News
Published 25 April 2025
▪️ အမေရိကန်က ဆော်ဒီအာရေဗျကို ဒေါ်လာ ၁၀၀ ဘီလီယံကျော်တန်ကြေးရှိတဲ့ လက်နက်ထောက်ပံ့မှုကြီး ကမ်းလှမ်းသွားရန် ဟန်ပြင်နေတယ်လို့ သတင်းတိုက်ရိုက်နီးစပ်သူ ၆ ဦးက ရိုက်တာသတင်းဌာနကို ပြောသွားပါတယ်။
▪️ သမ္မတ ဒေါ်နယ်ထရမ့် မေလအတွင်း ဆော်ဒီသို့သွားရောက်လည်ပတ်တဲ့အခါ ဒီကမ်းလှမ်းချက်ကို ကြေညာသွားရန် ထည့်သွင်းစဉ်းစားထားပါတယ်။
▪️ ဆော်ဒီအာရေဗျနဲ့ အစ္စရေးလ် ဆက်ဆံရေးပုံမှန်ပြန်ဖြစ်စေရန် မျှော်မှန်းတဲ့ သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ကာကွယ်ရေးသဘောတူညီချက်တစ်ခုကို သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်က အောင်မြင်စွာ အပြီးမသတ်နိုင်ခဲ့တဲ့နောက် အခုလို ထောက်ပံ့မှုကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။
▪️ ဘိုင်ဒင်တို့က အမေရိကန်တို့ရဲ့ အဆင့်မြင့်လက်နက်ပစ္စည်းများ ဝယ်ယူခွင့်အတွက် ကမ်းလှမ်းခဲ့ပြီး အပြန်အလှန်အနေနဲ့ တရုတ်လက်နက်ဝယ်ယူမှုများ ရပ်တန့်ကာ ဆော်ဒီတိုင်းပြည်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်ပေးရမှာဖြစ်ပါတယ်။
▪️ ထရမ့်အစိုးရအဖွဲ့ တင်သွင်းချက်မှာတော့ အလားတူသတ်မှတ်ချက်များ ပါဝင်လားဆိုတာ မသိရပါဘူး။
▪️ အမေရိကန်ကာကွယ်ရေး အရာရှိတစ်ဦးက "ဆော်ဒီနဲ့ ကာကွယ်ရေးဆက်ဆံမှုဟာ ထရမ့်လက်အောက်မှာ ပိုမိုခိုင်မာလာပြီး လုံခြုံရေးပူးပေါင်းမှု ဆက်လက်ထိန်းသိမ်းဖို့က အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်" လို့ ပြောပါတယ်။
▪️ Lockheed Martinကုမ္ပဏီက C-130လေယာဉ်အပါအဝင် အဆင့်မြင့်လက်နက်စနစ် အမျိုးမျိုးနဲ့ ဒုံးကျည်များထောက်ပံ့နိုင်သလို Raytheon Technologies(RTX)ကုမ္ပဏီကလည်း အရေးပါတဲ့ကဏ္ဍမှ ပါဝင်သွားဖို့ ရှိပါတယ်။
▪️ ကာကွယ်ရေးကုမ္ပဏီများမှ အမှုဆောင်အများအပြားက ဆော်ဒီသို့ သွားရောက်ဖို့လည်း စဉ်းစားနေကြပါတယ်။
▪️ အမေရိကန်ဟာ ဆော်ဒီကို လက်နက်များထောက်ပံ့တာ ကြာပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်က ထရမ့်ဟာ ဒေါ်လာ ၁၁၀ ဘီလီယံတန်ကြေးရှိ ရောင်းချမှုကိုလည်း ကမ်းလှမ်းခဲ့ပါသေးတယ်။
▪️ ၂၀၂၁ ဘိုင်ဒင်လက်ထက်မှာတော့ ခါရှိုဂီအသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျသို့ တိုက်ခိုက်ရေးလက်နက်များ ရောင်းချမှုကို ပိတ်ပင်ခဲ့ပါတယ်။
#Source: Reuters
#World_Health
Published 25 April 2025
▪️ ဆီးချိုဝေဒနာရှင်တွေနဲ့ ဆီးချိုဖြစ်နိုင်ခြေရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရန် အလွန်အရေးကြီးပါတယ်။
▪️ ချို့တဲ့စားစရာတွေက မကောင်းဘူးဆိုပေမယ့် အချို့သော သစ်သီးခြောက်တွေက မျှတရုံစားပေးရင် သွေးတွင်းသကြားဓာတ် တည်ငြိမ်စေနိုင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပေးနိုင်ပါသေးတယ်။
▪️ ဒါကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို လျှော့ချပေးနိုင်မယ့် အသီးခြောက် ၇ မျိုးကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ဗာဒံသီး - ကာဗိုဟိုက်ဒရိတ်နည်းကာ ကောင်းကျိုးပြုအဆီ၊ မဂ္ဂနီဆီယံ၊ အမျှင်ဓာတ်တို့ ကြွယ်ဝပြီး အင်ဆူလင်အလုပ်လုပ်စေပါတယ်။
▪️ (၂) သစ်ကြားသီး - အိုမီဂါ-၃ ဖက်တီးအက်ဆစ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကူညီပေးကာ ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
▪️ (၃) ပစ္စတာရှီယို - ပုံမှန်စားပေးရင် အစာမရှိချိန် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိထားသလို အင်ဆူလင်တိုးများစေပါတယ်။
▪️ (၄) သီဟိုဠ်စေ့ - မဂ္ဂနီဆီယံနဲ့ မပြည့်ဝဆီတို့က သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်ပြီး အလွန်အကျူးမဖြစ်အောင်တော့ ထိန်းသိမ်းစားပေးသင့်ပါတယ်။
▪️ (၅) စွန်ပလွန်သီး - သဘာဝအရ ချိုပေမယ့် အမျှင်ဓာတ်ကြွယ်ဝပြီး နည်းနည်းစီစားပေးပါက စွမ်းအင်နဲ့ အာဟာရဓာတ် ပံ့ပိုးပေးပါတယ်။
▪️ (၆) သဖန်းသီး - သဖန်းသီးခြောက်တွေက အစာခြေခြင်းကို တိုးတက်စေသလို သွေးတွင်းသကြားဓာတ် ထိန်းညှိပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ သဘာဝဒြပ်ပေါင်းများလည်း ပါဝင်တာကြောင့် အင်ဆူလင်အလုပ်လုပ်စေပါတယ်။
▪️ (၇) စပျစ်ခြောက် - အမျှင်ဓာတ်နဲ့ ဖိုင်တိုဓာတုတွေက ဂလူးကို့စ်ဖြစ်စဉ်ကို ပံ့ပိုးပေးကာ သဘာဝအတိုင်း သကြားပါဝင်ပေမယ့် ဆီးချိုဝေဒနာရှင်တွေမှာ သွေးတွင်းသကြားဓာတ် သိသိသာသာ မြင့်တက်ခြင်း မဖြစ်စေဘူးလို့ ဖော်ပြထားပါတယ်။
▪️ ဆီးချိုအတွက် အသီးခြောက်တွေကို စားသုံးမယ်ဆိုရင် သတိပြုရမှာတွေက စားမယ့်ပမာဏ ထိန်းသိမ်းခြင်း၊ သကြားထပ်မထည့်ခြင်း၊ ပရိုတိန်း အမျှင်တို့နဲ့ပေါင်းစပ်ခြင်း၊ ဆရာဝန်နဲ့တိုင်ပင်ခြင်းတို့ ပြုလုပ်ရပါမယ်။
▪️ အသီးခြောက်တွေကို သင့်တင့်မျှတစွာ စားသုံးမယ်ဆိုရင် အရသာရှိသလို သွေးတွင်းသကြားဓာတ်ကို ထိရောက်စွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
#Source: DoctorNDTV
#World_Science
Published 25 April 2025
▪️ ယခင်ယူဆချက်တွေလို ဧဒင်ဥယျာဉ်မူလအစဟာ ယနေ့ခေတ် အီရတ်လို့သတ်မှတ်နိုင်တဲ့ မီဆိုပိုတေးမီးယားမှာ ဟုတ်မနေဘဲ အီဂျစ်နိုင်ငံ ဂီဇာဂရိတ်ပိရမစ်ကြီးရဲ့ အရိပ်အောက်ဖြစ်နိုင်တယ်လို့ သီအိုရီအသစ်တစ်ခုက စိန်ခေါ်လာပါတယ်။
▪️ ကွန်ပျူတာအင်ဂျင်နီယာ ဒေါက်တာ ကွန်စတန်တင်ဘိုရီဆော့ဗ်က လေ့လာချက်တစ်ခုဖြင့် သမ္မာကျမ်းစာပထဝီဝင်ကို လှုပ်ခတ်စေခဲ့ပါတယ်။
▪️ အာဒမ်နဲ့ ဧဝတို့ ပျော်ရွှင်နေထိုင်ခဲ့ကြတဲ့ သုခဘုံကြီးဟာ အီဂျစ်မြေပေါ် ထွန်းကားခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုလိုက်တာဖြစ်ပါတယ်။
▪️ ကျမ်းစာထဲမှာ ဧဒင်ဥယျာဉ်ကနေ မြစ်တစ်စင်းထွက်လာပြီး ဂီဟွန်၊ ပိရွှန်၊ တိုက်ဂရစ်၊ ယူဖရေးတီးစ်ဆိုပြီး ဖြာထွက်သွားတယ်လို့ ဖော်ပြထားပါတယ်။
ပညာရှင်တွေက ဧဒင်ဟာ တိုက်ဂရစ်နဲ့ ယူဖရေးတီးစ်တို့ တည်ရှိရာ အီရတ်မှာဖြစ်တယ်လို့ ယူဆထားကြပါတယ်။
▪️ ဒါပေမဲ့ ဘိုရီဆော့ဗ်ကတော့ ရှေးဟောင်းမြစ်တွေဟာ ယနေ့ခေတ် နိုင်းလ်၊ ယူဖရေးတီးစ်၊ တိုက်ဂရစ်၊ အင်ဒပ်စ်မြစ်တို့နဲ့လည်း ဆက်စပ်နေမယ်လို့ ဆိုလိုက်ပါတယ်။
▪️ ဒါ့အပြင် အထွတ်အမြတ်အပင် Tree of Lifeကလည်း ဂရိတ်ပိရမစ်ကြီးအနီးမှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
▪️ ၂၀၁၂ ခုနှစ်က ပိရမစ်ထဲက ဘုရင့်အဆောင်ကို ပုံစံတူသရုပ်ဖော်ရာမှာ ထိပ်ကနေ အလင်းမှုန်တွေစုပြုံလာပြီး ထွန်းလင်းနေတဲ့အပင်လိုမျိုး ဖြစ်ပေါ်ခဲ့တာကို ဘိုရီဆော့ဗ်က ထောက်ပြပါတယ်။
▪️ သူ့သီအိုရီခိုင်မာဖို့ ဘိုရီဆော့ဗ်ဟာ ရှေးဟောင်းစာသားတွေနဲ့ မြေပုံတွေကို လေ့လာခဲ့ပါတယ်။
▪️ Antiquities of the Jews စာအုပ်မှာဆိုရင် ဒီဥယျာဉ်ကို ယနေ့ခေတ်မှာ မြစ်တစ်ခုတည်းက ရေပို့ဆောင်နေပြီး တစ်ကမ္ဘာလုံးအထိပါ စီးဆင်းနိုင်ကာ အပိုင်း ၄ ပိုင်းဖြစ်သွားတယ်လို့ ရေးသားထားပါတယ်။
▪️ ဘိုရီဆော့ဗ်ရဲ့ယူဆချက် မှန်ကန်မယ်ဆိုရ်င အီဂျစ်နိုင်ငံမှ ဂရိတ်ပိရမစ်ဟာ ရှေးဟောင်းကမ္ဘာရဲ့ အံ့ဖွယ်တစ်ခုသာမက ကျမ်းစာကောင်းကင်ဘုံရဲ့ နောက်ဆုံးကျန်ရှိရာ မှတ်ကျောက်ဖြစ်လာနိုင်ပါတယ်။
#Source: New York Post
-ကောင်းမြတ်ကျော်
လက်နက်ကိုင်တစ်စုက အိန္ဒိယအုပ်ချုပ်မှုအောက်မှာရှိတဲ့ ကက်ရှ်မီးယားဒေသ ပါဟာဂမ်တွင် အိန္ဒိယနှင့် နီပေါ ခရီးသွားအုပ်စုတစ်စုကို ပစ်ခတ်ခဲ့ကြပါတယ်။ အဲဒီလုပ်ဆောင်မှုဟာ အပြစ်မဲ့အရပ်သားတွေရဲ့ သွေးတွေစွန်းထင်းသွားစေရုံမျှမကဘဲ အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငအကြား တင်းမားမှုတွေကိုပါ အရှိန် မြင့်တက်သွားစေပါတယ်။
ဧပြီ၂၂ရက်တိုက်ခိုက်မှုကြောင့် လူ ၂၆ဦးသေဆုံးခဲ့ပါတယ်။ အခုဆို သံခင်းတမန်ခင်းတွေ ချိနဲ့သွားတာ ကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေ ခေါင်းပြန်ထောင်လာပါပြီ။
အိန္ဒိယအစိုးရက ယင်းအပေါ် ချက်ခြင်းတုန့်ပြန်ခဲ့ပါတယ်။ ပါကစ္စတန်နှင့် သံတမန်အဆင့်လျှော့ချ ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံသားတွေကို အိန္ဒိယကထွက်ခွာဖို့ အမိန့်ထုတ်ပါတယ်၊ အဲဒီအပြင် လှုပ်လှုပ် ရှားရှား အဖြစ်သွားဆုံးကတော့ အင်ဒတ်စ်ရေစာချုပ် Indus Waters Treatyကို အိန္ဒိယက ဆိုင်းငံ့လိုက် ခြင်းပဲဖြစ်ပါတယ်။ အဲဒီ ရေအရင်းအမြစ် ခွဲဝေသုံးစွဲရေးစာချုပ်ကို ၁၉၆၀ခုနှစ်က ချုပ်ဆိုခဲ့ကြပြီး နှစ်နိုင်ငံ အကြား သမိုင်းမှတ်တိုင်အထင်ကရတစ်ခုလို့ဆိုရမှာပါ။
ပါကစ္စတန်အစိုးရကလည်း ပြန်လည်လက်တုန့်ပြန်တဲ့အနေနှင့် အိန္ဒိယရဲ့လေယာဉ်တွေကို ပါကစ္စတန် လေကြောင်းပိုင်နက်ထဲ ဖြတ်သန်းပျံသန်းခွင့်ကိုပိတ်ပစ်လိုက်ပါတယ်။ကုန်သွယ်မှုအားလုံးကိုလည်း ရပ် ဆိုင်းလိုက်ပါတယ်။
အဲသလိုအပြန်အလှန် တုန့်ပြန်နေမှုတွေဟာ ငြိမ်းချမ်းရေးအတွက် အန္တရာယ်တစ်ခုသာမကဘဲ တောင် အာရှရဲ့ အနာဂတ်အတွက်ပါ အန္တရာယ်ရှိလာစေနိုင်တယ်လို့ အချို့က သုံးသပ်နေပါတယ်။
ကက်ရှ်မီးယားတိုက်ခိုက်မှုဟာ ၂၀၁၉ခုနှစ်က ပူဝါမာတိုက်ခိုက်မှုကို ပြန်သတိရစေပါတယ်။ ဒါပေမယ့် ယခုဖြစ်ရပ်ကတော့ နှစ်နိုင်ငံစလုံးအတွက် ပိုပြီးထိလွယ်ရှလွယ် ပေါက်ကွဲလွယ်အနေအထားဖြစ်နေ ပါတယ်။ နှစ်နိုင်ငံရဲ့ အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်ထလာစေပါတယ်။ အိန္ဒိယမှာ ရွေးကောက်ပွဲက နီးလာနေပြီး ပါကစ္စတန်နိုင်ငံမှာ စစ်တပ်က ဩဇာအရှိန်အဝါကြီးမားနေဆဲဖြစ်ပါတယ်။
နှစ်နိုင်ငံအစိုးရတွေဟာ ဖြစ်ရပ်ကို ခပ်တင်းတင်းမာမာတုန့်ပြန်ဖို့ ဖိအားတွေနှင့်ရင်ဆိုင်နေကြရပါတယ်။
တုန့်ပြန်မှုတွေထဲမှာ အကြီးမားဆုံးစိန်ခေါ်မှုက အင်ဒတ်စ်ရေစာချုပ်ကို အိန္ဒိယက ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ သံတမန်ရေးရာ တုန့်ပြန်မှုထက်ပိုသွားစေပါတယ်။ ရေဟာ လက်နက်တစ်ခုဖြစ် လာနိုင်မယ့် အရိပ်လက္ခဏာလို့လည်းဆိုနိုင်ပါတယ်။
အဲဒါကို ပါကစ္စတန်အစိုးရက စကားလုံးပြင်းပြင်းထန်ထန်နှင့်ပြန်တုန့်ပြန်ပါတယ်။ “ ရေစီးဆင်းမှုကို ပြောင်းလဲပစ်မယ်ဆိုရင် ဒါဟာ စစ်ပွဲတစ်ခုစလိုက်တာလို့ သတ်မှတ်ရလိမ့်မယ်" လို့ ပါကစ္စတန် နိုင်ငံခြား ရေးဝန်ကြီးဌာနကပြောပါတယ်။
အဲဒီအပြင် အခြားသော ကမ္ဘာ့အငြင်းပွားမှုတွေနှင့်မတူတာက အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံစလုံးဟာ နျူကလီယားစွမ်းအင်ကိုပိုင်ဆိုင်ထားခြင်းပဲဖြစ်ပါတယ်။ အဲဒီအတွက်လည်း စိတ်ပူစရာတစ်ခုပါ။ အခုဆို သံရုံးတွေမှာလူမရှိတော့ပါဘူး။ နှစ်နိုင်ငံအကြား ဆက်သွယ်ရေးတွေပြတ်သွားပါပြီ။ အုဲါကြောင့် မရည် ရွယ်တဲ့ တင်းမာမှုတွေအရှိန်တက်လာနိုင်ပါတယ်။ နယ်ခြားဒေသ ပြဿနာတစ်ခုကနေ စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်မယ့် အန္တရာယ်က ရှိလာနေတာကို ကမ္ဘာ့အသိုက်အဝန်းက စိုးရိမ်နေကြပါတယ်။
ဒါပေမယ့်အခုဖြစ်ရပ်အပေါ် ကမ္ဘာက သတိကြီးကြီးထားပြီး တုန့်ပြန်နေပါတယ်။ အမေရိကန်၊ဗြိတိန်နှင့် တရုတ် နိုင်ငံတွေက နှစ်ဘက်စလုံးကို သည်းခံကြဖို့တောင်းဆိုထားပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံအကြား ကြားဝင်စေ့ဆပ်ပေးမယ့် အခြေအနေတော့ လက်ရှိမတွေ့ရသေးပါဘူး။
အခြေအနေတွေကခက်ခဲနေပေမယ့် လုံးဝလက်လျှော့ရမယ့် အနေအထားကိုတော့ မရောက်သေးပါဘူး။ ပြီးခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေတုန်းကလည်း ကန့်လန်ကာနောက်ကွယ်က သံခင်းတမန်ခင်းတွေကြောင့် အခြေအနေပုံမှန်ပြန်ဖြစ်ခဲ့တာတွေရှိခဲ့ဖူးပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေ ဘာဆက်လုပ်ကြမလဲ စောင့်ကြည့်ရပါဦးမယ်။
နှစ်ဘက်စလုံးက နောက်ဆုတ်သွားမှာလား..၊ ဒါမှမဟုတ်ရှေ့ဆက်တိုးကြမှာလား။
ငြိမ်းချမ်းရေးဆိုတာ ပဋိပက္ခပျက်ကွက်သွားတာ မဟုတ်ပါဘူး။ ရဲရင့်မှုကို မျက်မှောက်ပြုလိုက်တာ ဖြစ်တယ်လို့ ဆိုရိုးရှိပါတယ်။မေးစရာတော့ ရှိပါတယ်။ အဲဒါတွေကို ဘယ်သူကပြမှာလဲ။
Source: news wires
Page 75 of 1007