အဘူဒါဘီအမျိုးသားပြခန်းစင်တာမှာ ဧပြီ ၂၁ မှ ၂၃ ရက်အထိကျင်းပတဲ့ EVIS 2025ပြပွဲမှာ တရုတ်မှခင်းကျင်းပြသသူတွေ စံချိန်တင်များပြားခဲ့ပြီး ဆန်းသစ်တီထွင်မှုတွေကို ပြသခဲ့ကြကာ ကမ္ဘာတဝှမ်းမှာ လျှပ်စစ်ကားပိုမိုရောက်ရှိရေးအတွက် တရုတ်ရဲ့အားထုတ်မှုကို မြင်တွေ့ရပါတယ်။
#World_Technology
Published 24 Apirl 2025
#EVIS 2025ပြပွဲ #EVကုမ္ပဏီအများအပြားပါဝင်ပြသ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 24 Apirl 2025
၁။ ငလျင်ပြီး တစ်လခန့်အကြာထိ လူဦးရေနှစ်သန်းအရေးပေါ်အကူအညီများ အလွန်အမင်းလိုအပ်နေဆဲဖြစ်
၂။ စိုက်/မွေး (သိပ္ပံ)ကျောင်းနှင့် မြို့မဈေးပြန်လည်ဖွင့်နိုင်ရန်ဆောင်ရွက်နေ
၃။ ရန်ကုန်အပါအဝင်တိုင်းနှင့် ပြည်နယ်အချို့၌ နေ့အပူချိန်များပိုမိုမြင့်တက်လာမည်
၄။ အဘူဒါဘီ၌ကျင်းပသည့် EVIS2025 ပြပွဲတွင် တရုတ် EV ကုမ္ပဏီအများအပြားပါဝင်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 24 April 2025
▪️ နှစ်တွေကြာမြင့်လာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ဖို့ စေ့စပ်ညှိနှိုင်းသူတွေက အလားအလာများ ချင့်ချိန်စဉ်းစားနေကြတဲ့အချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီတို့ ဗုဒ္ဓဟူးနေ့က ထပ်မံအချေအတင် ပြောကြားခဲ့ကြပါတယ်။
▪️ ဒီတစ်ကြိမ်ကတော့ ခရိုင်းမီးယားကိစ္စဖြစ်ပြီး ထရမ့်က ဒီကျွန်းကို ရုရှားနယ်မြေပိုင်လို့ သတ်မှတ်သင့်ကြောင်း ယူဆပြောဆိုလိုက်ကာ ဇယ်လန်စကီကတော့ ဒါကိုလက်ခံဖို့ ငြင်းဆိုလိုက်ပြီး ယူကရိန်းက ယင်းတို့ရဲ့ အဓိကအခြေခံမူများအတိုင်း ရပ်တည်သွားမယ်လို့ ထပ်မံပြောဆိုလိုက်ပါတယ်။
▪️ လန်ဒန်မှာ ယခုနောက်ဆုံး ဆွေးနွေးညှိနှိုင်းကြရာမှာ အမေရိကန်က ရုရှားရပ်တည်ချက်အတိုင်းခံယူတဲ့ အဓိကအချက် ၂ ချက်ကို ချပြခဲ့ပြီး ပထမတစ်ချက်က ခရိုင်းမီးယားကို ရုရှားနယ်မြေအဖြစ် တရားဝင်အသိအမှတ်ပြုရန်နဲ့ နောက်တစ်ချက်က ယူကရိန်းအနေနဲ့ နေတိုး(NATO)အဖွဲ့ဝင် ဘယ်တော့မှ ဖြစ်မလာရေးတို့ ဖြစ်ပါတယ်။
▪️ ဒီနှစ်ချက်စလုံးကို ယူကရိန်းက ငြင်းပယ်လိုက်ရာ ဒေါ်နယ်ထရမ့် အမျက်ထွက်စေခဲ့ပါတယ်။
▪️ ဒီအတွက် ထရမ့်က ဇယ်လန်စကီ လက်မခံတဲ့အပေါ် ကြိမ်းမောင်းပြောဆိုလိုက်ကာ ခရိုင်းမီးယားက လွန်ခဲ့တဲ့နှစ်တွေတည်းက ဆုံးရှုံးထားပြီးဖြစ်သလို ဆွေးနွေးစရာအကြောင်းတောင် မရှိဘူးလို့ ဆိုပါတယ်။
▪️ ဇယ်လန်စကီကလည်း ခရိုင်းမီးယားကို ရုရှားတို့ တရားမဝင်သိမ်းပိုက်တာကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အခိုင်အမာငြင်းဆိုလိုက်ပါတယ်။
▪️ ဒီလိုအပြန်အလှန် ပြောဆိုမှုတွေကြောင့် ထရမ့်က ဇယ်လန်စကီကို ကြိမ်းမောင်းလိုက်ပြီး အမေရိကန်က ယူကရိန်းမှာ သေကြေပျက်စီးနေတာတွေကို ရပ်တန့်ရန် ကြိုးစားနေတာဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ရရန် အလွန်နီးစပ်နေပြီလို့ ဆိုလိုက်ကာ ယူကရိန်းသမ္မတ ခေါင်းမာတယ်ဆိုပြီး အပြစ်တင်လိုက်ပါတယ်။
▪️ ၂၀၁၄ ခုနှစ်က ရုရှားဟာ ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ပြီး ယူကရိန်းဘက်က ခုခံတိုက်ခိုက်ခဲ့ခြင်းတောင် မရှိခဲ့ပါဘူး။
▪️ ဒေါ်နယ်ထရမ့် သမ္မတတာဝန် စတင်ထမ်းဆောင်တည်းက ရုရှား-ယူကရိန်းစစ်ပွဲကို ရက်ပိုင်းအတွင်း အဆုံးသတ်ပေးမယ်လို့ ကတိပြုထားကာ အပစ်အခတ်ရပ်စဲဖို့ ယူကရိန်းကို ဖိအားပေးလာပါတယ်။
#Source: NDTV
#World_Health
Published 24 April 2025
သားအိမ်မပါဘဲမွေးလာတဲ့ ဗြိတိန်အမျိုးသမီးဟာ ကျန်းမာသန်စွမ်းတဲ့ ကလေးကို မွေးဖွားနိုင်ခဲ့ပြီး ဗြိတိန်မှာ သားအိမ်အစားထိုးသူထံကနေ ပထမဆုံးကလေးမွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်ရှိ ဂရေ့စ်ဒေးဗစ်ဆန်ဟာ ဆယ်ကျော်သက်အရွယ်တုန်းက MRKHလို့ခေါ်တဲ့ သားအိမ်မဖွံ့ဖြိုးတဲ့ ရှားပါးရောဂါ တွေ့ရှိခဲ့ပါတယ်။
ကလေးမိခင်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီးနောက် သူ့ရဲ့အစ်မ အေမီပါဒီထံကနေ သားအိမ်အင်္ဂါရယူကာ ၂၀၂၃ မှာ သားအိမ်အစားထိုးခွဲစိတ်မှု ခံယူခဲ့ပါတယ်။
၂၀၂၃ ဖေဖော်ဝါရီက အောက်စ်ဖို့ဒ်မှာ ၁၈ နာရီကြာအောင် ခွဲစိတ်ခဲ့ပြီး ဒေးဗစ်ဆန်ဟာ ယူကေမှာ သားအိမ်အစားထိုးမှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာပါတယ်။
ဒေးဗစ်ဆန်တို့ ဇနီးမောင်နှံ ရရှိထားတဲ့ သန္ဓေသားလောင်း ၇ ခုထဲက တစ်ခုကို ဖန်ပြွန်သန္ဓေနည်းအသုံးပြုပြီး အစားထိုးခွဲစိတ်မှု မလုပ်ခင်မှာ အေးခဲထားခဲ့ပါတယ်။
၂၀၂၅ ဖေဖော်ဝါရီမှာ လန်ဒန် ကွင်းချာလော့နှင့် ချယ်လ်ဆီးဆေးရုံမှာ ဗိုက်ခွဲပြီးတော့ အေမီအစ္စဘယ်လ်ဆိုတဲ့ သမီးမိန်းကလေးကို မွေးဖွားခဲ့ပါတယ်။
တကယ်မွေးနိုင်ခဲ့တာကို မယုံနိုင်ဖြစ်နေပြီး အကြီးမြတ်ဆုံးလက်ဆောင်ဖြစ်တယ်လို့ ဒေးဗစ်ဆန်က ပြောပါတယ်။
ဒီမွေးဖွားမှုမှာ ကနဦးငွေကြေးပါဝင်ထောက်ပံ့တဲ့ သားဖွားဆရာဝန်ကြီး ပရော်ဖက်ဆာ ရစ်ချတ်စမစ်အတွက်လည်း အောင်မြင်မှုကြီးတစ်ခု ဖြစ်လာပါတယ်။
ကမ္ဘာပေါ်မှာ အမျိုးသမီးအယောက် ၅ ထောင်လျှင် ၁ ဦးနှုန်းက သားအိမ်မပါဘဲ မွေးဖွားလာတတ်ပါတယ်။
ကမ္ဘာတဝှမ်းမှာ သားအိမ်အစားထိုးပြီးနောက် ကလေးအယောက် ၅၀ ခန့်မွေးဖွားထားပြီးဖြစ်ကာ ၂၀၁၄က ဆွီဒင်မှာ ပထမဆုံးအောင်မြင်စွာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
#Source: New York Post
#World_Health
Published 24 April 2025
▪️ မှိုရောဂါတွေက ပြည်သူ့ကျန်းမာရေးအတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်လာတယ်လို့ WHOက ပြောပါတယ်။
▪️ ဆေးယဉ်ပါးရောဂါဖြစ်တဲ့ မှက်ခရုမှိုလိုမျိုး အပါအဝင် မှိုရောဂါတွေဟာ ကိုယ်ခံအားပြဿနာရှိတဲ့ လူနာတွေမှာ အဖြစ်များလာတယ်လို့ WHOက ဖော်ပြထားပါတယ်။
▪️ နွမ်းပါးတဲ့နိုင်ငံတွေမှာဆိုရင် ထိရောက်တဲ့ကုသမှု မရှိတာတွေ၊ ရောဂါရှာဖွေနိုင်စွမ်း အကန့်အသတ်တွေကြောင့် လူသန်းပေါင်းစွာမှာ ကူးစက်နိုင်ခြေရှိလာတယ်လို့ သတိပေးထားပါတယ်။
▪️ မှိုရောဂါကူးစက်မှု တိုက်ဖျက်ဖို့အတွက် ပိုမိုသာလွန်တဲ့ ဆေးဝါးတွေနဲ့ ရောဂါရှာဖွေရေးပစ္စည်းတွေ အရေးတကြီးလိုအပ်ကြောင်း အလေးပေးဖော်ပြလာပါတယ်။
▪️ ရောဂါကူးစက်နိုင်ခြေများသူတွေမှာ မှိုရောဂါကူးစက်မှုတွေက အသက်အန္တရာယ် ခြိမ်းခြောက်နေပေမယ့် ကုသနည်းလမ်းတွေ မရှိကြဘူးလို့ WHO လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ယူကီကိုနာကာတာနီက ပြောပါတယ်။
▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မှိုရောဂါကုဆေးအသစ် ၄ ခုသာ အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။
▪️ လက်ရှိမှိုရောဂါကုသနည်းတွေဆိုရင် ဆုတ်ယုတ်မှုများရှိလာပြီး ဘေးထွက်ဆိုးကျိုးများ၊ ဆေးဓာတ်ပြုမှုများ ပြင်းထန်သလို ကြာမြင့်စွာ ဆေးရုံတက်ကုသမှုတို့ လိုအပ်နိုင်ပါတယ်။
▪️ ဒါ့အပြင် ကလေးတွေအတွက်လည်း ကုသနည်းများနဲ့ စမ်းသပ်မှုများ မရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။
▪️ လက်ရှိ မှိုရောဂါစမ်းသပ်စစ်ဆေးနည်းတွေက နှောင့်နှေးပြီး ကုန်ကျစရိတ်များကာ အဆင့်မြင့်ဓာတ်ခွဲခန်းများ လိုအပ်သလို ရင်းမြစ်နည်းပါးတဲ့နေရာတွေမှာ မရနိုင်ပါဘူး။
▪️ ဒီအတွက် ကမ္ဘာလုံးဆိုင်ရာ ရောဂါစောင့်ကြည့်ရေး၊ ဆေးထုတ်လုပ်မှုအတွက် မြှုပ်နှံမှုများ၊ သုတေသနများအတွက် ပိုပြီးရင်းနှီးကြဖို့ WHOက တောင်းဆိုနေပါတယ်။
▪️ မှိုရောဂါကူးစက်မှုတွေက ပိုမိုပျံ့နှံ့လာပြီး လက်ရှိဆေးတွေကို ယဉ်ပါးလာတာကြောင့် ကုသရေးနဲ့ ရောဂါရှာဖွေမှု တိုးတက်လာဖို့ အရေးတကြီးလုပ်ဆောင်သင့်ကြောင်း အလေးပေးဖော်ပြသွားပါတယ်။
#Source: India Today
စနေနေ့က အီရတ်နိုင်ငံမြို့တော်ဘဂ္ဂဒက်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ၁၃ ကြိမ်မြောက် လုံခြုံရေးကာကွယ်ရေး စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းများနဲ့ ဆိုက်ဘာလုံခြုံရေးပြပွဲမှာ တရုတ်ကာကွယ်ရေးလက်နက် ကုမ္ပဏီများမှ နောက်ဆုံးပေါ် နည်းပညာများ ပြသထားပါတယ်။
#World_Technology
Published 23 Apirl 2025
#ကာကွယ်ရေးပြပွဲ #ဆိုက်ဘာလုံခြုံရေးပြပွဲ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 Apirl 2025
၁။ စက်သုံးဆီဖူလုံမှုရှိပြီး ရောင်းဈေးများလည်းကျဆင်းနေဟုဆို
၂။ ငလျင်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများကို မီတာခကောက်ခံခြင်းမရှိ
၃။ YBS စံပြယာဉ်မောင်းများအား ထိုင်းသို့ပို့ဆောင်
၄။ ဘဂ္ဂဒက်မြို့တွင်ကျင်းပသည့် ကာကွယ်ရေးပြပွဲ၌ တရုတ်ကုမ္ပဏီများမှနောက်ဆုံးပေါ်စစ်လက်နက် နည်းပညာများပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 76 of 1007