အီရန်သမ္မတ မာဆွတ်ပက်ဇက်ရှ်ကီယန်က နိုင်ငံတကာ နျူကလီးယားစွမ်းအင်အေဂျင်စီ (IAEA)နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ရပ်ဆိုင်းသွားမယ့် ဥပဒေတစ်ရပ်ပြဌာန်းဖို့ အမိန့်ထုတ်ပြန်လိုက်ကြောင်း တက်စ်နင်သတင်းဌာနက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြထားပါတယ်။
#World_News
Published 4 July 2025
#အီရန်သမ္မတအမိန့်ထုတ် #နျူကလီးယားစွမ်အင်အေဂျင်စီ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 4 July 2025
၁။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများသူနာပြုနှင့် ဘက်စုံသားဖွားဒီပလိုမာသင်တန်း တက်ရောက်နိုင်
၂။ အာရုံကြောမကြီး ထိခိုက်ထားသည့် ဆင်ကလေးကျော်ပုလဲအား အချိန်ယူကုသရမည်ဟုဆို
၃။ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအတွက် ငွေကျပ် ၆ ဒသမ ၈၇ ဘီလီယံ သုံးစွဲရန် လျာထား
၄။ နိုင်ငံတကာနျူကလီးယားစွမ်အင်အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုရပ်ဆိုင်းရန် အီရန်သမ္မတအမိန့်ထုတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 04 July 2025
▪️ လီဗာပူးလ်အသင်းရဲ့ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ဒီယေဂိုဂျိုတာနဲ့ ညီဖြစ်သူတို့စီးလာတဲ့ လမ်ဘော်ဂနီကား စပိန်မှာ လမ်းချော်ပြီး မီးလောင်ကျွမ်းခဲ့သဖြင့် နှစ်ဦးစလုံး ကွယ်လွန်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ပြောပါတယ်။
▪️ အသက် ၂၈ နှစ်ရှိ ဂျိုတာနဲ့ ၂၅ နှစ်ရှိ အန်ဒရီဆေးလ်ဗားတို့ကို ဇာမိုရာမြို့အနီးမှာ အသက်သေဆုံးလျက် တွေ့ရှိခဲ့ကြတယ်လို့ စပိန်အရပ်ဖက်ကာကွယ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။
▪️ ဂျိုတာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ရယူခဲ့ပြီးနောက် ခရီးထွက်နေတဲ့အချိန်မှာ ရူတေကာဒိုဆိုနဲ့ လက်ထပ်ခဲ့ကာ သိပ်မကြာခင်မှာပဲ အခုလိုဆုံးပါးသွားတာ ဖြစ်ပါတယ်။
▪️ မတော်တဆမှုကို ရဲများစစ်ဆေးနေရာ အခြားကားများ ပါဝင်ပတ်သက်ခြင်းမရှိဘဲ ညီအစ်ကိုနှစ်ဦးတည်းသာ ရှိနေခဲ့ပြီး အလောင်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။
▪️ ဂျိုတာတို့ ကားမှောက်ခဲ့တဲ့နေရာက ပေါ်တူဂီနယ်စပ်အနီး အဝေးပြေးလမ်းမကြီးမှာ ဖြစ်ပါတယ်။
▪️ လီဗာပူးလ်ကစားသမားတွေက လာမယ့်ရာသီသစ်အတွက် အသင်းကိုပြန်ရောက်လာကြပေမယ့် ဂျိုတာကတော့ ပေါ်တူဂီနဲ့အတူ နေးရှင်းစ်းလိဂ်ပြိုင်ပွဲမှာ ပါဝင်ခဲ့ရတဲ့အတွက် နောက်ကျပြီးမှ အသင်းနဲ့လာရောက်ပူးပေါင်းရမှာ ဖြစ်ပါတယ်။
▪️ လီဗာပူးလ်အသင်းက ကစားသမားမိသားစုဝင်တွေရဲ့ ပုဂ္ဂိုလ်ရေးကို အလေးထားကာ မည်သည့်မှတ်ချက်မျှ ပေးသွားမှာမဟုတ်ကြောင်း၊ ယင်းတို့အတွက် အပြည့်အဝ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
▪️ ဂျိုတာတို့ညီအစ်ကိုနဲ့ ပတ်သက်ပြီး ပေါ်တူဂီအသင်းဖော် ခရစ္စတီယာနိုရိုနယ်ဒိုအပါအဝင် ကမ္ဘာတဝှမ်းမှ နာမည်ကျော်အားကစားသမားများ ဝမ်းနည်းပူဆွေးမိကြောင်း ပြောကြားလာကြပါတယ်။
▪️ ဂျိုတာက လီဗာပူးလ်အတွက် ၁၈၂ ပွဲကစားခဲ့ကာ ၆၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဧပြီလ အဲဗာတန်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့အနိုင်ဂိုးက လီဗာပူးလ်အတွက် သူ့ရဲ့နောက်ဆုံးဂိုးဖြစ်ခဲ့ပါတယ်။
#Source: AP News
#World_Science
Published 04 July 2025
▪️ လွန်ခဲ့တဲ့နှစ်ပေါင်းသန်း ၅၂၀ ကမ်ဘရီယန်ခေတ်တုန်းက ပင်လယ်ထဲက သက်ရှိတွေဟာ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ အမျိုးမျိုးစမ်းသပ်ပေါင်းစပ်နေကြဆဲ ဖြစ်ပါတယ်။
▪️ ဒီထဲကမှ ခန္ဓာကိုယ်အပိုင်းအဆစ်တွေ၊ ခြေလက်အစုံလိုက်တွေပါတဲ့ euarthropod တွေဟာ ယနေ့ခေတ် ပိုးမွှားအင်းဆက်များ၊ ပင့်ကူများ၊ ကဏန်းများအဖြစ် ပေါ်ထွက်နေပါတယ်။
▪️ Youti yuanshi လို့ခေါ်တဲ့ ပိုးကောင်ရဲ့ရုပ်ကြွင်းကို အတွင်းအင်္ဂါများ အကောင်းအတိုင်းရှိနေတဲ့ပုံစံဖြင့် တွေ့ရှိခဲ့ကြပြီး အဆစ်အပိုင်းများစွာရှိတဲ့ အာသရိုပေါ့ အစောပိုင်းပြောင်းလဲမှုတွေကို လေ့လာခွင့်ရလာပါတယ်။
▪️ ဒီသုတေသနကို ဒါဟမ်တက္ကသိုလ်မှ ဒေါက်တာ မာတင်စမစ် ဦးဆောင်တာဖြစ်ပါတယ်။
▪️ ဒီလိုရှေးခေတ်ပိုးလောင်းက အဆစ်များစွာရှိတဲ့ သတ္တဝါတွေ ဆင့်ကဲပြောင်းလဲခြင်းမှာ အဓိကသော့ချက် ဖြစ်လာနိုင်ပါတယ်။
▪️ အိတ်စ်ရေးစနစ်ဖြင့် ဆန်းစစ်ကြည့်ရာမှာ သူ့ရဲ့ ဦးနှောက်၊ အစာခြေဂလင်းတွေနဲ့ အာရုံကြောတွေက အဆင့်မြင့်ဖွဲ့စည်းထားတာတွေ တွေ့ရပါတယ်။
▪️ ဒီတွေ့ရှိချက်ကနေ ကမ်ဘရီယန်ခေတ် ပျက်သုဉ်းစဉ်အတွင်း အာသရိုပေါ့ ဆင့်ကဲပြောင်းလဲလာပုံကို တစ်မျိုးတဖုံပိုမိုနားလည်လာစေပြီး ကမ္ဘာခေတ်ဦးအစောပိုင်း သက်ရှိများ ဆင့်ကဲပြောင်းလဲမှုပုံစံများကို ဖော်ပြလာပါတယ်။
▪️ ဇီဝသက်ရှိအမျိုးမျိုးအကြောင်းနဲ့ ဆင့်ကဲပြောင်းလဲမှုသမိုင်း၊ အနာဂတ်သုတေသနတွေမှာ အဆင့်မြင့်ပုံရိပ်ဖော်ကိရိယာများ အသုံးပြုခြင်းတို့မှာ ရုပ်ကြွင်းတွေရဲ့ အခန်းကဏ္ဍအရေးပါပုံကိုလည်း ဖော်ပြနေပါတယ်။
#Source: Earth
#World_Health
Published 04 July 2025
▪️ အသီးအရွက်တွေကို ပြုတ်ပြီးမှ စားသုံးတာက အာဟာရတန်ဖိုးများစွာ ကျန်နိုင်သလို အစာခြေစုပ်ယူရ လွယ်ကူစေပါတယ်။
▪️ မှန်မှန်ကန်ကန် ချက်ပြုတ်တဲ့အခါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗိုက်တာမင်တွေ၊ သတ္တုဓာတ်တွေကို ထိန်းသိမ်းထားနိုင်သလို အန္တရာယ်ရှိ ဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
(၁) အစာခြေရလွယ်ကူခြင်း
▪️ ပြုတ်လိုက်တဲ့အခါ ဟင်းရွက်ထဲက အမျှင်ဓာတ်တွေ ပျော့ပျောင်းသွားစေပြီး အူလမ်းကြောင်းကနေ အာဟာရစုပ်ယူမှု အားကောင်းစေပါတယ်။
(၂) ကယ်လိုရီနဲ့ အဆီနည်းပါးခြင်း
▪️ ဆီမလိုတဲ့အပြင် ကယ်လိုရီနည်းပါးစေတာကြောင့် ကိုယ်အလေးချိန်ချခြင်း၊ နှလုံးကျန်းမာရေးတို့အတွက် သင့်လျော်ခြင်းတို့ ရရှိစေပါတယ်။
(၃) အာဟာရဓာတ်စုပ်ယူမှုအားကောင်းခြင်း
▪️ ဟင်းရွက်တွေကို ပြုတ်လိုက်တဲ့အခါ ဘီတာကယ်ရိုတင်း၊ လိုင်ကိုပင်းတို့လို အာဟာရဓာတ်တွေ ပိုထွက်လာစေပါတယ်။
(၄) ရေဓာတ်ဖြည့်ပေးခြင်း
▪️ ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ရေကျန်ရှိနေပြီး သဘာဝအတိုင်း ရေဓာတ်ဖြည့်ပေးကာ အစာအိမ်ကို အထောက်အကူပြုစေပါတယ်။
(၅) အဆိပ်အတောက်ဖယ်ရှားခြင်း
▪️ ပိုးမွှားများ၊ အမှုန်များ၊ ဘက်တီးရီးယားများ ရှင်းလင်းပေးနိုင်သလို အစားအစာကို သန့်ရှင်းစေပါတယ်။
(၆) ကိုယ်အလေးချိန်လျှော့ချနိုင်ခြင်း
▪️ အမျှင်ဓာတ်နဲ့ ရေဓာတ်များပြားတာကြောင့် ဗိုက်ပြည့်တင်းနေစေကာ အလွန်အကျွံစားသုံးခြင်းမှ ရှောင်ရှားနိုင်သဖြင့် ကိုယ်အလေးချိန်ကျဖို့ အထောက်အကူဖြစ်စေပါတယ်။
(၇) နှလုံးအတွက်သင့်လျော်ခြင်း
▪️ ဆိုဒီယံနဲ့ ပြည့်ဝဆီနည်းပါးတာကြောင့် သွေးဖိအားလျော့ကျစေကာ နှလုံးကျန်းမာရေးကို ကူညီပေးနိုင်ပါတယ်။
(၈) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ထိန်းသိမ်းနိုင်ခြင်း
▪️ မုန်လာဥနီ၊ သကြားမုန်လာ၊ ဟင်းနုနွယ်တို့က ပြုတ်လိုက်ရင်တောင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကျန်ရှိနေနိုင်ပြီး ဓာတ်တိုးဖိစီးခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။
(၉) ဇီဝကမ္မဖြစ်စဉ်အကျိုးပြုခြင်း
▪️ ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပြီးစားပေးရင် ဇီဝကမ္မဖြစ်စဉ်အတွက် လိုအပ်တဲ့ ဗိုက်တာမင်-ဘီ၊ မဂ္ဂနီဆီယံ၊ သံဓာတ်၊ အာဟာရဓာတ်များ ရရှိစေပါတယ်။
(၁၀) ချက်ပြုတ်ရလွယ်ကူခြင်း
▪️ ပြုတ်ထားတဲ့ အသီးအရွက်တွေက ပုံစံမျိုးစုံနဲ့ ချက်ပြုတ်နိုင်သလို အရသာထည့်သွင်းဖို့လည်း ကောင်းမွန်ပါတယ်။
#Source: DoctorNDTV
အင်ဒိုနီးရှားနိုင်ငံ ရီအော်ပြည်နယ်မှာ နှစ်စဉ်ပြုလုပ်တဲ့ ရာစုနှစ်သက်တမ်းရှိ တရုတ်ငါးဖမ်းသမားဓလေ့ပွဲသို့ လူပေါင်းထောင်နဲ့ချီ ရောက်လာကြကာ ကံကောင်းဖေးမမှုရရှိဖို့ လက်လုပ်လှေကို မီးရှို့ကြတာ ဖြစ်ပါတယ်။
#Asia_Culture
Published 4 July 2025
#အင်ဒိုနီးရှားငါးဖမ်းမြို့ #လှေမီးရှို့ရိုးရာဓလေ့ပွဲပြုလုပ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_New
Published 4 July 2025
၁။ စက်သုံးဆီနှင့် သွင်းကုန်ကဏ္ဍအတွက် ဒေါ်လာ၃၃သန်းနှင် ယွမ် ၁၀ သန်း ဗဟိုဘဏ်ရောင်းပေးမည်
၂။ စစ်ကိုင်းရှိ ငလျင်ဒဏ်သင့်ကျောင်းအချို့၌ ကွန်တိန်နာကျောင်းဆောင်များဖြင့် စာသင်ကြားနေ
၃။ မဲခေါင်-လန်ချန်းစီမံကိန်းမှ ဒေါ်လာ ၂၂၅၀၀ နှင့်ညီမျှသည့်လုပ်ငန်းသုံးပစ္စည်းများပေးအပ်
၄။ အင်ဒိုနီးရှားငါးဖမ်းမြို့၌ နှစ်စဉ်ကျင်းပသည့် လှေမီးရှို့ရိုးရာဓလေ့ပွဲပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 73 of 1056