#World_Health
Published 30 May 2026
■ အသက် ၆၀ ဝန်းကျင်လောက်ကစပြီး အာဟာရဓာတ် လိုအပ်ချက်တွေ ပြောင်းလဲလာကြပါတယ်။
■ အသက် ၆၀ နောက်ပိုင်းမှာ ဇီဝကမ္မဖြစ်စဉ် နှေးလာပြီး ကြွက်သားဆုံးရှုံးလာပါတယ်။
■ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ၊ ပရိုတိန်းတွေဖြင့် ကြွက်သားနဲ့ ခွန်အားဆုံးရှုံးမှုတွေ ထိန်းသိမ်းနိုင်ပါတယ်။
■ အာဟာရဓာတ် စုပ်ယူမှုလျော့နည်းလာတာကြောင့် အချို့သော အာဟာရဓာတ်တွေကို ဦးစားပေးဖို့ လိုအပ်လာပါတယ်။
■ (၁) ကယ်စီယံ
အသက်ကြီးလာတာနဲ့အမျှ ကယ်စီယံပိုစားဖို့ လိုလာပြီး အရိုးသန်မာမှုကို ကူညီပေးကာ အရိုးပွနိုင်ခြေ လျော့နည်းစေပါတယ်။
ကိုက်လံ၊ ပန်းဂေါ်ဖီစိမ်းတို့လို အစိမ်းရောင်အရွက်များ၊ နို့ထွက်ပစ္စည်းများ၊ လိမ္မော်ရည်၊ အပင်ထွက်နို့တို့လို ကယ်စီယံပါဝင်တဲ့ အစားအစာတွေမှာ ကယ်စီယံကြွယ်ဝစွာ ပါဝင်ပါတယ်။
■ (၂) ဗိုက်တာမင်-ဒီ
အရိုးသန်မာမှုကို ထောက်ပံ့ပေးကာ အဆီပါသောငါး၊ ကြက်ဥအနှစ်တို့မှာ ပါဝင်သလို နေရောင်ခြည်ထိတွေ့ခြင်းကလည်း ဗိုက်တာမင်-ဒီ ရရှိစေပါတယ်။
■ (၃) ဗိုက်တာမင်-ဘီ၁၂
အသက်ကြီးလာတဲ့အခါ အစာအိမ်အက်ဆစ် ထုတ်လုပ်မှု နည်းသွားတာကြောင့် ဗိုက်တာမင်-ဘီ၁၂ စုပ်ယူနိုင်ဖို့ ခက်လာပါတယ်။
ဒါကြောင့် အသား၊ ဥ၊ နို့ထွက်ပစ္စည်း၊ ငါးတို့ စားသုံးခြင်းဖြင့် ဘီ၁၂ ရရှိစေမှာ ဖြစ်ပါတယ်။
■ (၄) ပရိုတိန်း
အသက်ကြီးလာရင် ပရိုတိန်း ပိုလိုအပ်လာတာကြောင့် စားတဲ့အခါတိုင်းမှာ ပရိုတိန်းလုံလောက်အောင် စားသုံးသင့်ပြီး ကြက်သား၊ ငါး၊ ဥ၊ ဒိန်ချဉ်၊ တိုဖူးတို့မှာ ပရိုတိန်းကြွယ်ဝစွာ ပါဝင်ပါတယ်။
■ (၅) အမျှင်ဓာတ်
အစာခြေစနစ် ကောင်းမွန်နေစေဖို့ အမျှင်ဓာတ် ပိုစားရမှာဖြစ်ပြီး အပင်အခြေပြု စားစရာတွေဖြစ်တဲ့ ပဲ၊ ဟင်းရွက်၊ အသီးအနှံ၊ အခွံမာသီး၊ အစေ့အဆန်တို့မှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။
Source: Very Well Health