ဟောင်ကောင်ထိုင်ပိုမှ လူနေဧရိယာတစ်ခုဖြစ်တဲ့ ဝမ်ဖုကောက်မှ မီးလောင်ကျွမ်းမှုကို မီးသတ်သမားများ မပင်မပန်းအားထုတ်ခဲ့ကြပြီးနောက် ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်ခဲ့ပြီလို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)မှ အမှုဆောင်ချုပ် ဂျွန်လီက ကြာသပတေးနေ့မှာ ပြောပါတယ်။
#Asia_News
Published 28 November 2025
#ဟောင်ကောင် #မီးလောင်
#YMG #Yangon_Times #Yangon_Media_Group
၂၃ နိုဝင်ဘာ၊၂၀၂၅
ကမ္ဘောဒီးယားနှင့်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှုတွင် ထိုင်းနိုင်ငံ၏ ကိုင်တွယ်ဆောင်ရွက်နေမှု အပေါ် "ဝင်ရောက်စွက်ဖက်ခြင်း" မပြုရေး မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အား တောင်းဆို ရန်အတွက် ဆန္ဒပြသူများသည် နိုဝင်ဘာ ၂၂ရက် စနေနေ့က ဘန်ကောက်မြို့ရှိ မလေးရှားသံရုံးရှေ့တွင် စုဝေးခဲ့ကြသည်။
ဝါရှင်တန် (အမေရိကန်အစိုးရ) သည် ကုန်သွယ်ရေးဆွေးနွေးမှုများနှင့် ထိုင်းနိုင်ငံ၏ ပိုင်နက်နယ်မြေ ကာကွယ်ပိုင်ခွင့် အချုပ်အခြာအာဏာကို မတရားသဖြင့် ချိတ်ဆက်ထားသည်ဟု ဆန္ဒပြသူများက ယုံကြည်ကြသဖြင့် သူတို့သည် အမေရိကန်သံရုံးသို့ သွားရောက်ချီတက်ရန်လည်း ပြင်ဆင်ခဲ့ကြသည်။
အဆိုပါ နိုင်ငံရေးလှုပ်ရှားမှုများကို ထိုင်းဘာသာဖြင့် Ruam Palang Phaen Din Pok Pong Athipatai ဟုခေါ်သော အချုပ်အခြာအာဏာကာကွယ်ရေး မြေပြင်ညီညွတ်သော အင်အားစုက ဦးဆောင် စီစဉ်ခဲ့ခြင်းဖြစ်သည်။တက်ရောက်လာကြသည့် ထင်ရှားသူများတွင် ဖိချစ်ချိုင်မုန်ခွန် (Pichit Chaimongkol)၊ အထက်လွှတ်တော်အမတ်ဟောင်း ကဲဆန်အတိဗောဒိ (Kaewsan Atibodhi)၊ ရှပ်နီခေါင်းဆောင်ဟောင်း ကျတုဖွန်းဖရွန်ဖန် (Jatuporn Prompan) နှင့် ရှေ့နေ နိတိထွန်းလမ်လွာ (Nitithorn Lamlua) တို့ ပါဝင်ကြသည်။
ထိုင်းနိုင်ငံတော်အလံများနှင့် ဆိုင်းဘုတ်များကို ဝှေ့ယမ်းလာကြသည့် အဆိုပါအဖွဲ့သည် အသံချဲ့စက်များ တပ်ဆင်ထားသော ကားတစ်စီးနှင့်အတူ Sathon လမ်းရှိ မလေးရှားသံရုံးသို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့က မစ္စတာအန်ဝါသည် အာဆီယံဥက္ကဋ္ဌအနေဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းမှုများတွင် ဝင်ရောက်စွက်ဖက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

နယ်စပ်အငြင်းပွားမှု ကိစ္စရပ်များနှင့်ပတ်သက်၍ ကမ္ဘောဒီးယားနှင့် ညှိနှိုင်းဆွေးနွေးရန် ထိုင်းနိုင်ငံအား ဖိအားပေးခြင်းမှ ရှောင်ကြဉ်ရန် သူတို့က တောင်းဆိုခဲ့ကြသည်။ ထိုင်းစစ်သားများသည် နယ်စပ် တစ်လျှောက် မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင် အသက်အန္တရာယ်နှင့်ရင်းကာဆောင်ရွက်နေ ချိန်တွင် ကမ္ဘောဒီးယားဘက်က မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဟန့်တားနှောင့်ယှက်ခဲ့ပြီး သဘော တူညီချက်များကို လေးစားလိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု Mr Pichit က ပြောကြားခဲ့သည်။
မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မှုသည် ပြီးခဲ့သည့်လက ကွာလာလမ်ပူမြို့တွင် မစ္စတာအန်ဝါနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ရှေ့မှောက်၌ ထိုင်းနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှစ်ဦး လက်မှတ်ရေးထိုးခဲ့သော ကြေညာချက်ပါ အဓိကအချက် ၄ ချက်အနက် တစ်ချက်ဖြစ်သည်။
နယ်စပ်စစ်ဆင်ရေးများ ရပ်တန့်ရန် ထိုင်းနိုင်ငံကို အမိန့်ပေးခြင်းဖြင့် မစ္စတာအန်ဝါသည် အာဆီယံ ဥက္ကဋ္ဌ အဖြစ် လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်လုပ်ဆောင်နေသည်ဟု သူက စွပ်စွဲခဲ့သည်။
မစ္စတာဖီချစ်က မစ္စတာအန်ဝါအား "နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု" ပြုလုပ်သည်ဟု ဝေဖန်ခဲ့ပြီး မလေးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်များအပေါ် မလျော်ကန်သော သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေကြသည်ဟု ပြောဆိုခဲ့သည်။
မစ္စတာ ကဲဆန် Mr Kaewsan က ဆက်လက်၍ ကမ္ဘောဒီးယား ခေါင်းဆောင် ဟွန်ဆန်သည် မိသားစု အုပ်ချုပ်ရေးစနစ်ဖြင့် နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့ကြောင်းနှင့် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထိုင်းနိုင်ငံ အား ကျူးကျော်ရန်လိုသူအဖြစ် ပုံဖော်နေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
မလေးရှားနိုင်ငံသည် ကမ္ဘောဒီးယား လောင်းကစားရုံလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အများအပြားရှိနေကြောင်းနှင့် မစ္စတာအန်ဝါသည် ပြည်တွင်း၌ အဂတိလိုက်စားမှုပြဿနာများ ရှိနေ သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း အဆိုပါ အထက်လွှတ်တော်အမတ်ဟောင်းက ထပ်လောင်းစွပ်စွဲခဲ့သည်။ အာဆီယံအနေဖြင့် "ဒေသတွင်းအဖွဲ့ အစည်း၌ မစ္စတာအန်ဝါအတွက် နေရာမရှိစေရန်" ဆောင်ရွက်ပေးကြဖို့လည်း သူက တိုက်တွန်းခဲ့သည်။
အမှတ်၅ မြို့တော်ရဲတပ်ဖွဲ့ နှင့် ထုန့်မဟာမေ့ခ် ရဲစခန်းမှ ရဲအရာရှိများသည် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန်အတွက် သံရုံးအဝင်ဝတွင် သံမဏိအတားအဆီးများကို တပ်ဆင်ထားပေးခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအတွင်း ဆန္ဒပြပွဲတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း မျှော်လင့်ရသည်ဟု အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ "လောလော ဆယ်တွင် ဝါယာလက်စ် လမ်းမပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုအချို့ ဖြစ်ပေါ်နိုင်သည်မှလွဲ၍ ဆန္ဒပြပွဲကြောင့် ကြီးမားသော အနှောင့်အယှက် ဖြစ်စေမည့် လက္ခဏာများ မတွေ့ရသေးကြောင်း" လည်း ကြေညာချက် တွင် ဖော်ပြထားသည်။
Source: Bangkok Post
#World_Science
Published 23 November 2025
■ သွားဆုံးရှုံးခြင်းနဲ့ အရိုးဆုတ်ယုတ်ခြင်းတို့က ခေတ်မီဆေးပညာတွေနဲ့လည်း ကုသကာကွယ်လို့ မရပါဘူး။
■ အသက် ၅၀ ကျော် အမေရိကန်လူမျိုး ၁၀ သန်းကျော်ဟာ အရိုးပွရောဂါနဲ့ အရိုးသိပ်သည်းဆ နည်းပါးခြင်းတို့ ခံစားနေရပါတယ်။
■ အယ်ဗီယိုလာအရိုးက သွားကိုကုပ်တွယ်ပေးထားပြီး ဝါးခြင်းရဲ့ဖိအားကို ခံပေးထားကာ ကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းလာပါတယ်။
■ ဒီလိုဆုံးရှုံးမှုကို ပြန်ရစေဖို့ နည်းလမ်းတစ်ခုကို သုတေသီများတွေ့ရှိထားပါတယ်။
■ သွားတွေပြန်ထွက်စေပြီး အရိုးတွေပြန်ခိုင်မာစေမယ့် အဓိကပင်မစတမ်ဆဲလ်နှစ်မျိုး ပါဝင်ပါတယ်။
■ ပင်မစတမ်ဆဲလ်ဆိုတာက လေဖြတ်နေတဲ့လူကို မတ်တပ်ရပ်နိုင်စေသလိုမျိုး လူ့ကျန်းမာရေးအတွက် ခိုင်မာမှုရှိပါတယ်။
■ သုတေသီတွေက မျိုးဗီဇပြုပြင်ထားတဲ့ ကြွက်တွေမှာ သွားဖွံ့ဖြိုးမှုအတွင်း သွားဆဲလ်တွေကို စောင့်ကြည့်ခဲ့ကြပါတယ်။
■ ဒီဆဲလ်တွေက အယ်ဗီယိုလာနေရာမှာ အရိုးတည်ဆောက်ဖြစ်တည်မှုအတွက် အရေးပါတဲ့ဆဲလ်များ ဖြစ်လာပါတယ်။
■ ဆဲလ်ဖွံ့ဖြိုးစေတဲ့ မျိုးဗီဇတွေ ကောင်းစွာလှုံ့ဆော်စေပြီး သွားအမြစ်နဲ့ ပတ်ပတ်လည်အရိုးများ စတင်ဖြစ်ပေါ်လာစေပါတယ်။
■ ထိုမျိုးဗီဇတွေက ကျန်းမာတဲ့အရိုးမှာ မလှုပ်ရှားတော့တဲ့အခါ မကောင်းတဲ့အရိုးမှာ ပြောင်းလဲသွားပြီး ရောဂါဖြစ်လာတဲ့အခါ မျိုးဗီဇတုံ့ပြန်မှု ပြောင်းလဲသွားပါတယ်။
■ Hedgehog ကို ပစ်မှတ်ထားတဲ့ FDA အသိအမှတ်ပြုဆေးတွေက အရိုးဖွံ့ဖြိုးမှုနဲ့ တည်မြဲမှု ပုံမှန်ပြန်ဖြစ်စေနိုင်မယ်လို့ တွေ့ရှိထားတာဖြစ်ပါတယ်။
■ အရိုးဖွံ့ဖြိုးမှုမှာပါဝင်တဲ့ Foxf1 မျိုးဗီဇပစ္စည်းက အရိုးပြန်လည်ခိုင်မာစေမယ့် နည်းလမ်းအတွက် အဓိကအရာ ဖြစ်လာနိုင်ပါတယ်။
Source: BGR
#World_Science
Published 23 November 2025
■ သိပ္ပံပညာရှင်တွေက ဆေးဝါးတစ်မျိုးကို သဘာဝအတိုင်းထုတ်လုပ်နိုင်တဲ့ မြေဆီဘက်တီးရီးယားတစ်မျိုးကို လေ့လာရင်း ဆေးယဉ်ပါးရောဂါများကို တိုက်ဖျက်ဖို့ ကူညီပေးနိုင်မယ့် ပဋိဇီဝပိုးသတ်ဆေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
■ Streptomyces coelicolor ဘက်တီးရီးယားဖြင့် မီသိုင်းလီနိုမိုင်ဆင်အေ ပိုးသတ်ဆေးထုတ်လုပ်တဲ့ နည်းလမ်းအဆင့်ဆင့်ကို လေ့လာခဲ့ကြပါတယ်။
■ ကြားထဲကဒြပ်ပေါင်းဖြစ်တဲ့ ပရီမီသိုင်းလီနိုမိုင်ဆင်စီလက်တုန်းက နောက်ဆုံးပစ္စည်းထက် အဆတစ်ရာလောက် စွမ်းအားပိုကောင်းတာ တွေ့ရပါတယ်။
■ ဆေးပမာဏ အနည်းငယ်လောက်ဖြင့် ကုရခက်တဲ့ ရောဂါကူးစက်မှုတွေဖြစ်စေတဲ့ ဘက်တီးရီးယားမျိုးနွယ်တွေကို သေစေနိုင်ပါတယ်။
■ ပိုးသတ်ဆေးယဉ်ပါးခြင်းက ပြဿနာတစ်ရပ်ဖြစ်နေပြီး ကမ္ဘာတဝှမ်းမှာ လာမယ့် ၂၅ နှစ်အတွင်း လူပေါင်း ၃၉ သန်းခန့် သေဆုံးစေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
■ ၂၀၁၀ ခုနှစ်က အဆိုပါ ကြားထဲက ဒြပ်ပေါင်းတွေကို တွေ့ရှိမိပြီး ဘာလုပ်ရမှန်းမသိတာကြောင့် အလေးမထားမိခဲ့ဘူးလို့ ကိုဗင်ထရီ ဝါဝစ်ခ်တက္ကသိုလ်မှ ဓာတုဇီဝပညာရှင် ဂရီဂိုရီချဲလစ်က ပြောပါတယ်။
■ ၂၀၁၇ မှာတော့ ဒီဒြပ်ပေါင်းတွေကို ချဲလစ်ရဲ့ ဓာတ်ခွဲခန်းထဲမှာ ဒေါက်တာဘွဲ့ရတစ်ဦးက ပိုးသတ်ဆေးဖြစ်စဉ်တွေအတွက် လေ့လာခဲ့ပါတယ်။
■ ထိုအခါမှာ ပရီမီသိုင်းလီနိုမိုင်ဆင်စီလက်တုန်းက ဘက်တီးရီးယား ၇ မျိုးကို တိုက်ဖျက်ရာမှာ မီသိုင်းလီနိုမိုင်ဆင်အေထက် များစွာသက်ရောက်မှုရှိနေပြီး ထိုပမာဏအနည်းငယ်ဖြင့် ဆေးယဉ်ပါး S.aureus ကို သေစေနိုင်ခဲ့ပါတယ်။
■ ချဲလစ်နဲ့အဖွဲ့က တခြားသုတေသနအဖွဲ့နဲ့ ပူးပေါင်းကာ ဒီပိုးသတ်ဆေးကို ဈေးနှုန်းသက်သာစွာ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။
■ ဒါပေမဲ့ မော်လီကျူးတွေက ဘက်တီးရီးယားတွေကို ဘယ်လိုချေဖျက်လဲဆိုတာ အရင်ဆုံးသိရအောင် လေ့လာရဦးမှာ ဖြစ်ပါတယ်။
■ ဒါ့အပြင် မော်လီကျူးရဲ့ အဆိပ်သင့်နိုင်စွမ်းကိုလည်း စမ်းသပ်ရဦးမှာဖြစ်ပြီး လူသားတွေမှာ အဆိပ်မသင့်အောင် မျိုးဗီဇပြုပြင်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Source: Nature
တရုတ်အရှေ့ဘက် ကျန်ဆုပြည်နယ် ဝူရှီမြို့မှ လျှပ်စစ်ဆိုင်ကယ်နဲ့ စက်ဘီးတင်ပိုမှုများ ယခုနှစ်များအတွင်း မြင့်တက်လာပြီး တရုတ်ပြည်ထုတ်ပစ္စည်းတွေ ပြည်ပဈေးကွက်အထိ ချဲ့ထွင်လာပါတယ်။
#Asia_Business
Published 22 November 2025
#တရုတ် #ဆိုင်ကယ်_စက်ဘီး
#YMG #Yangon_Times #Yangon_Media_Group
၂၂ နိုဝင်ဘာ၊၂၀၂၅-
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖြစ်သော FIFA သည် သဘာဝအရ နိုင်ငံသားပြုခွင့်ရရှိရေ စာရွက်စာတမ်းများကို မမှန်မကန် ပြင်ဆင်အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသော ကစားသမားခုနစ်ဦးအား ပိတ်ပင်လိုက်ပြီး နောက် မလေးရှားဘောလုံးအသင်း၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများကို တရားဝင် စုံစမ်းစစ်ဆေးမှု စတင်ရန် စီစဉ်နေသည်။
စက်တင်ဘာလနှောင်းပိုင်းတွင် FIFA ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ကစားသမား ခုနစ်ဦးဖြစ်သည့် - Gabriel Palmero ၊ Facundo Garcés၊ Rodrigo Holgado၊ Imanol Machuca၊ João Figueiredo၊ Hector Hevel နှင့် Jon Irazábal တို့အား နိုင်ငံတကာအဆင့်တွင် မလေးရှားနိုင်ငံကို ကိုယ်စားပြုနိုင်ရန်အတွက် စာရွက်စာတမ်း အတုများကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရ ပြီးနောက် ၁၂ လ ပိတ်ပင်မှု ချမှတ်ခဲ့သည်။ ထို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် (FAM) အား ဆွစ်ဖရန့် ၃၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄၃၉,၀၀၀ ခန့်) ဒဏ်ငွေပေးဆောင်ရန် အမိန့်ချခဲ့သည်။
စွပ်စွဲချက်အရ ထိုစာရွက်စာတမ်းများကို ယခင်က မလေးရှားတွင် နေထိုင်ခြင်း မရှိဖူးသော ထိုကစားသမားများသည် မလေးရှားမျိုးနွယ်မှ အဘိုးအဘွားများ ရှိကြောင်း သက်သေပြ ရန်အတွက် အသုံးပြုခဲ့ပြီး၊ ယင်းအား အသုံးပြု၍ သူတို့ကို မလေးရှားနိုင်ငံသားပြုခွင့် ရယူခဲ့ခြင်း ဖြစ်သည်။ FIFA က ယင်းသည် FIFA စည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၂ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။
ကစားသမားခုနစ်ဦးစလုံးသည် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပသော ၂၀၂၇ အာရှဖလား ခြေစစ်ပွဲ တတိယ အဆင့်တွင် ဗီယက်နမ်ကို ၄-၀ ဖြင့် အနိုင်ရရှိခဲ့သည့် မလေးရှားအသင်းတွင် ပါဝင်ခဲ့ကြပြီး၊ သူတို့အထဲမှ လေးဦး၏ ကစားခွင့်ကို FIFA မှ အတည်ပြုပေးပြီး တစ်ရက်အကြာတွင် ဖြစ်သည်။ (ကျန်သုံးဦးမှာ ဇွန်လ ၆ရက်နေ့တွင် ကစားခွင့်ရရှိခဲ့သည်)။ ထိုပွဲအပြီး မကြာမီတွင် FIFA သည် ယင်းတို့၏ ကစားခွင့် နှင့်ပတ်သက်၍ တိုင်ကြားချက်တစ်စောင် လက်ခံရရှိခဲ့ပြီး၊ ထိုတိုင်ကြားချက်တွင် ကစားသမားများ၏ “နိုင်ငံသားပြုလုပ်သည့် လုပ်ငန်းစဉ်နှင့် နိုင်ငံတကာပွဲဦးထွက်သည် မေးခွန်းထုတ်စရာအချိန်အတွင်း ဖြစ်ပေါ်ခဲ့သည်” ဟု တိုင်ကြားစာ၌ ဖော်ပြထားသည်။
မလေးရှားဘောလုံးအဖွဲ့ချုပ် သည် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့ သော်လည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် FIFA က ယင်းအယူခံကို ပယ်ချခဲ့သည်။
အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် FIFA က တာဝန်ရှိသူကို အတိအကျ ဖော်ထုတ် နိုင်ရန်အတွက် မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ပြည်တွင်းလုပ်ငန်းဆောင်ရွက်မှုများအား တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်ကာ ကိစ္စရပ်များကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
“ဤစုံစမ်းစစ်ဆေးမှုသည် စာရွက်စာတမ်းအတုပြုလုပ်မှုရာတွင် တာဝန်ရှိသူများကို ဖော်ထုတ်ရန်၊ မလေး ရှားဘောလုံးအဖွဲ့ချုပ်၏အဖွဲ့အစည်းအတွင်းလေးစားလိုက်နာမှုနှင့်အုပ်ချုပ်မှုယန္တရားများကမည်မျှလုံလောက်မှု၊ ထိရောက်မှုကိုရှိသည်ကိုအကဲဖြတ်ရန်၊ မလေးရှားဘောလုံးအဖွဲ့ချုပ်အရာရှိများအပေါ် နောက် ထပ် စည်းကမ်းထိန်းသိမ်းရေး အရေးယူမှုများ ပြုလုပ်သင့်၊မပြုလုပ်သင့်ကို ဆုံးဖြတ်ရန် ရည်ရွယ်သည်” ဟု FIFA ၏ပြောကြားချက်ကို ရိုက်တာသတင်းဌာနကဖော်ပြခဲ့သည်။
အဆိုပါနိုင်ငံသားပြုလုပ်မှု အရှုပ်တော်ပုံသည် ကွင်းအတွင်းရော ကွင်းပြင်ပတွင်ပါ သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မလေးရှားနိုင်ငံအတွက် ပထမဆုံးအကြိမ် အာရှဖလား ဝင်ခွင့်ရရှိရေး မျှော်လင့်ချက်ကို အဟန့်အတား ဖြစ်စေနိုင်ပြီး ဘောလုံးပရိသတ်များအကြား ဆူပူမှုများ ဖြစ်ပေါ်စေသည့်အပြင်၊ ဤအငြင်းပွားဖွယ်ရာကိစ္စသည် ကစားသမားများအား နိုင်ငံသားပြုခွင့်ပေးခဲ့သော ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့အပြင် မလေးရှားဘောလုံးအဖွဲ့ချုပ် ရှိ တာဝန်ရှိအရာရှိများအား တာဝန်ယူရန် ပရိသတ်များနှင့် နိုင်ငံရေးသမားများထံမှ တောင်းဆိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် မလေးရှားဘောလုံးအဖွဲ့ချုပ် သည် ယင်း၏ အထွေထွေ အတွင်းရေးမှူးအား ရာထူးမှ ဆိုင်းငံ့ထားပြီး FIFA ၏ ပိတ်ပင်မှုများကို ဖြစ်ပေါ်စေခဲ့သည့် သူတို့အခေါ်“နည်းပညာပိုင်းဆိုင်ရာအမှား” ကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမည်ဟု ကြေညာခဲ့သည်။ သို့သော် သူတို့က စာရွက်စာတမ်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် အတုပြုလုပ်ခဲ့သည်ဟူသော FIFA ၏ ပြောကြားချက်ကို ငြင်းပယ်ခဲ့သည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် အယူခံပယ်ချခံရပြီးနောက် မလေးရှားဘောလုံးအဖွဲ့ချုပ်က က အားကစားဆိုင်ရာ ခုံသမာဓိတရားရုံး (CAS) သို့ အမှုအား ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ FIFA ၏ အင်္ဂါနေ့ကြေညာချက်အပြီးတွင်လည်း ယင်းအချက်ကို ထပ်မံအတည်ပြုပြောကြားခဲ့သည်။
မလေးရှားဘောလုံးအဖွဲ့ချုပ်၏ ယာယီဥက္ကဋ္ဌ Mohd Yusoff Mahadi က ကြေညာချက်တွင် "ဤလုပ်ဆောင်ချက်ကို တရားမျှတမှု ထိန်းသိမ်းရန်နှင့် မလေးရှားအစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်း များက သတ်မှတ်ထားသည့် ကစားသမားအရည်အချင်းပြည့်မီမှု လုပ်ငန်းစဉ်၏ သမာဓိကို ထိန်းသိမ်းရန် အတွက် ဆောင်ရွက်ခြင်းဖြစ်သည်" ဟု ပြောကြားခဲ့သည်။ မလေးရှား ပြည်ထဲရေးဝန်ကြီး Nasution Ismailကလည်း ကစားသမားခုနစ်ဦးအား နိုင်ငံသားပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့သည်။
ESPN သတင်းဌာန၏ ဖော်ပြချက်အရ အင်္ဂါနေ့တွင် FIFA သည် စာမျက်နှာ ၆၃ မျက်နှာပါ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် ကစားသမားများသည် စပိန်၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် နယ်သာလန်တို့တွင် မွေးဖွားကြောင်း သူတို့၏ မူရင်းမွေးစာရင်းတွင် ဖော်ပြထားသည့် အဘိုးအဘွားများမှတစ်ဆင့် မလေးရှားမျိုးနွယ်ရှိကြောင်း သက်သေပြရန် စာရွက်စာတမ်းအတုများကို မည်သို့ အသုံးပြုခဲ့သည်ကို အသေးစိတ် ဖော်ပြထားကြောင်းသိရသည်။
ခြုံငုံပြောရလျှင် FIFA သည် အဆိုပါ မလျော်ကန်မှုအား အပြည့်အဝ စုံစမ်းစစ်ဆေးရန်အတွက် “နောက် ထပ် စုံစမ်းစစ်ဆေးမှုများ စတင်ရန် ခိုင်လုံသောအကြောင်းပြချက်များ” ကို တွေ့ရှိခဲ့သည်။ ထို့အပြင် “ပြစ်မှုများ၏ သဘာဝနှင့် ကြီးလေးမှု၊ အထူးသဖြင့် တရားဝင်စာရွက်စာတမ်းများကို အတုပြုလုပ်မှုတို့ကို ထည့်သွင်းစဉ်းစား၍” ယင်း၏ အတွင်း ရေးမှူးရုံးသည် မလေးရှား၏ သက်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ အာဏာပိုင်များအား အသိပေးမည်ဖြစ်သကဲ့သို့ ဘရာဇီး၊ အာဂျင်တီးနား၊ နယ်သာလန်နှင့် စပိန်ရှိ အာဏာပိုင်များကိုလည်း အသိပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သင့်လျော်သော ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများကို ဆက်လက် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များအား အသိပေးရန် အလွန်အရေးကြီးသည်” ဟု FIFA က ပြောကြားခဲ့သည်။
Source The Diplomat
#World_News
Published 22 November 2025
■ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီအနေနဲ့ ရုရှားကျူးကျော်ခြင်းကို ရပ်တန့်ဖို့ရာ အမေရိကန်အဆိုပြုထောက်ခံတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို သဘောကျနှစ်သက်လာရမှာဖြစ်ပြီး နောက်ဆုံးမှာ အသိအမှတ်ပြုလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောသွားပါတယ်။
■ ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆက်ဆံရေးကောင်းရှိတာကြောင့် များမကြာခင်မှာ စစ်ပွဲပြေလည်သွားဖို့ မျှော်လင့်ထားတယ်လို့ ဘဲဥပုံရုံးခန်းမှာ ပြောသွားပါတယ်။
■ ဆောင်းတွင်းနီးကပ်လာချိန်မှာ အသေအပျောက်စာရင်း များပြားလာသလို ယူကရိန်းစွမ်းအင်စက်ရုံတွေကို အကြိမ်ကြိမ်တိုက်ခိုက်လာခြင်းက စစ်ပွဲအဆုံးသတ်ရေး အရေးကြီးကြောင်း ထောက်ပြရာရောက်ပါတယ်။
■ အခုဖြစ်ပျက်နေတာတွေက ဆိုးရွားလှပြီး ငြိမ်းချမ်းရေးရနိုင်မယ့်နည်းလမ်း ရှိထားပြီးတော့ ယူကရိန်းက ဒါကို အသိအမှတ်ပြု လက်ခံလာလိမ့်မယ်လို့ ပြောပါတယ်။
■ အမေရိကန်ရဲ့ အချက် ၂၈ ချက်ပါအစီအစဉ်ထဲမှာ ယူကရိန်းဘက်က နယ်မြေလက်လျှော့ရေး၊ စစ်ရေးအင်အားကန့်သတ်ခြင်းနဲ့ နေတိုးမဟာမိတ်ပူးပေါင်းဖို့ အစီအစဉ်လက်လျှော့ရေးတို့ ပါဝင်နေပါတယ်။
■ ရုရှားဘက်က ကန့်ကွက်လိုမယ့် အဆိုပြုချက်အချို့လည်း ပါဝင်ပြီး ယင်းတို့သိမ်းပိုက်ထားတဲ့ နေရာအချို့ထံကနေ ဆုတ်ခွာရတာမျိုး ဖြစ်လာနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
■ ဇယ်လန်စကီကတော့ ယူကရိန်းဟာ လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးနိုင်ခြေရှိနေပြီး အမေရိကန်အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီအစဉ်က ရုရှားဆန္ဒတွေကိုပဲ အားပေးအားမြှောက်လုပ်ရာကျတယ်လို့ သတိပေးထားပါတယ်။
■ ဒါပေမဲ့ ယူကရိန်းခေါင်းဆောင်မှာက သူ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ စစ်ပွဲအဆုံးသတ်ဖို့အတွက် နိုင်ကွက်တွေ မပိုင်ဆိုင်ထားဘူးလို့ ထရမ့်က ဇယ်လန်စကီကို ပြောပြပါတယ်။
Source: Reuters
Page 83 of 1152