#World_News
Published 09 May 2025
■ အမေရိကန်နဲ့ အီရန်တို့ သောကြာနေ့က အပြန်အလှန်ပစ်ခတ်သဖြင့် စစ်ပွဲအဆုံးသတ်ရေး ကြန့်ကြာနေပါတယ်။
■ အမေရိကန် ထောက်လှမ်းရေးအရ အီရန်ဟာ ရေကြောင်းပိတ်ဆို့မှုကို လနဲ့ချီ တောင့်ခံနိုင်မယ်လို့ သုံးသပ်ထားပါတယ်။
■ အမေရိကန်ရဲ့ ဆိပ်ကမ်းပိတ်ဆို့မှုတွေကနေ စီးပွားရေးဖိအားတွေကို အီရန်ဟာ ၄ လလောက်အထိ ခံစားရဦးမှာ မဟုတ်ဘူးလို့ အမေရိကန်စီအိုင်အေ အရာရှိတစ်ဦး ပြောပါတယ်။
■ ပိတ်ဆို့မှုတွေက အပျက်အစီးတွေ သက်ရောက်နိုင်ပြီး ကုန်သွယ်ရေးတွေ၊ စီးပွားရေးစနစ်တွေ ပြိုလဲနိုင်တာဟာ အမှားသာဖြစ်တယ်လို့ ထောက်လှမ်းရေးတစ်ဦး ပြောပါတယ်။
■ လတ်တလောရက်တွေမှာ ဟော်မုဇ်ရေလက်ကြားအတွင်း အပစ်အခတ်တွေ များနေကာ ယူအေအီး နောက်ထပ်တိုက်ခိုက်ခံခဲ့ရပါတယ်။
■ စစ်ပွဲအဆုံးသတ်ရေး အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြချက်အပေါ် အီရန်ဘယ်လိုတုံ့ပြန်မလဲဆိုတာ အမေရိကန် စောင့်ဆိုင်းနေပါတယ်။
■ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ချင့်ချိန်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
■ ဟော်မုဇ်ရေလက်ကြားမှာ အီရန်တပ်တွေနဲ့ အမေရိကန်သင်္ဘောများ မကြာမကြာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။
■ စစ်ပွဲစတင်တည်းက အီရန်ဟာ သင်္ဘောများ ဖြတ်သန်းသွားလာမှုကို အတော်လေး ပိတ်ဆို့ထားခဲ့ပါတယ်။
■ အမေရိကန်ကလည်း ပြီးခဲ့တဲ့လက အီရန်သင်္ဘောများကို ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်။
Source: Reuters