ဒီဇယ်ဆီ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဓာတ်မြေဩဇာတင်သွင်းမှုများအပေါ်ကောက်ခံလျက်ရှိတဲ့ အခွန်တွေကို ဇူလိုင်လအတွင်း တစ်လတာ ထပ်မံကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
#Local_News
Published 08 July 2026
#ဒီဇယ်ဆီ_LNG_ဓာတ်မြေဩဇာ
#YMG/SW #Yangon_Times
မိုးစပါးရာသီ ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် Rice Export Zone – REZဧက(၃)သိန်းခွဲအတွက် ကုမ္ပဏီများမှစိုက်ပျိုးထုတ်လုပ်မှုချေးငွေများ စတင်ထုတ်ပေးလျက်ရှိရာ တစ်ဧကလျှင်(၇)သိန်းခွဲကျပ်အထိ ထုတ်ချေးပေးနေတယ်လို့မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေသိရပါတယ်။
#Local_News
Published 08 July 2026
#Rice_Export_Zone
#YMG/NN #Yangon_Times
ဈေးကွက်တွင်းရောင်းချနေတဲ့ပိုးသတ်ဆေးစုစုပေါင်း (၄,၆၇၀) မျိုးကို မှတ်ပုံတင်ခွင့်ပြုပေးထားပြီးဖြစ်တယ်လို့ ယမန်နေ့ကနေပြည်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲရဲ့ (၄၈) ကြိမ်မြောက်အစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 08 July 2026
#ပိုးသတ်ဆေး
#YMG/SW #Yangon_Times
နေပြည်တော်မြို့တွင်းခရီးစဥ်အတွက်"ရာဇာမင်း" ယာဥ်လိုင်းမှ EV Bus ကားဖြင့် ယမာန်နေ့ကစတင်ပြေးဆွဲနေပြီလို့သိရပါတယ်။
#Local_News
Published 08 July 2026
#ရာဇာမင်းယာဥ်လိုင်း #EV_Bus
#YMG/NN #Yangon_Times
#Daily_News
Published 08 July 2026
၁။ ဒီဇယ်ဆီ၊ LNGနှင့်ဓာတ်မြေဩဇာတင်သွင်းမှုအပေါ်အခွန်ကင်းလွတ်ခွင့်တစ်လထပ်မံတိုးမြှင့်
၂။ Rice Export Zone ဧက(၃)သိန်းခွဲအတွက်တစ်ဧကလျှင် (၇)သိန်းခွဲကျပ်အထိထုတ်ချေးပေးနေ
၃။ ပိုးသတ်ဆေးစုစုပေါင်း (၄,၆၇၀)မျိုးကို မှတ်ပုံတင်ခွင့်ပြုပေးထားပြီးဖြစ်
၄။ အီရန်ခေါင်းဆောင်ဟောင်းကြီး၏နောက်ဆုံးဈာပနအခမ်းအနားများကို သောကြာနေ့စတင်ကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 08 July 2026
■ ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ဇူလိုင် ၉ရက်မှ ၁၆ရက်အတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်တွင်ထုတ်ပြန်သောမိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၉/၂၀၂၆) အရသိရသည်။
■ ယနေ့မြန်မာစံတော်ချိန် ၆ နာရီ ခွဲ အချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်ဇူလိုင် ၉ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။
■ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင် ကြောင်းသိရသည်။
■ ထိုသို့မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
■ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့်ရှိနိုင်ကြောင်း ၊ထို့ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 08 July 2026
■ ရှမ်းပြည်နယ်၊လာရှိုးမြို့နယ် နှင့်တာချီလိတ် မြို့နယ်များ၌ ယနေ့မနက်အစောပိုင်း ၌ မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
■ ဇူလိုင် ၈ ရက်နေ့၊ မနက်၄နာရီ ၂၅ မိနစ်အချိန်ခန့်၊ ရှမ်းပြည်နယ်၊လားရှိုးခရိုင်၊ တန်းယန်းမြို့နယ်၊ ရပ်ကွက်(၆)၊ အုပ်စု(၂)၊ တန်းယန်း-နောင်လိုင်း လမ်း တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်း ရရှိ သဖြင့် တန်းယန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၅နာရီ ၁၀မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
■ ယနေ့ မနက် ၂နာရီ ၄၅ မိနစ်အချိန်ခန့်ကလည်း ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဟိုနားလားဟူကျေးရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိုင်းဖြတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၃နာရီ ၁၀ မိနစ်အချိန်၌ မီးငြိမ်းခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 08 July 2026
■ ဟော်မုဇ်ရေလက်ကြားမှာ ကုန်သည်သင်္ဘော ၃ စင်း တိုက်ခိုက်ခံရပြီးနောက် နာရီပိုင်းအကြာမှာပဲ အမေရိကန်တပ်က ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ အီရန်ကို ထပ်မံတိုက်ခိုက်ခဲ့ကာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။
■ အီရန်ရဲ့ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီအတွက် ဈာပနအခမ်းအနား ပြုလုပ်နေစဉ်ကာလအတွင်း ယခုတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
■ ရေလက်ကြား အပြည့်အဝ ပြန်ဖွင့်ရေးရည်ရွယ်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ခက်ခဲလာနိုင်ကာ အီရန်ရဲ့ နျူကလီးယားအရေး၊ စစ်ပွဲအဆုံးသတ်ရေးကိစ္စတို့ နောက်ပြန်ဆုတ်သလို ဖြစ်နေပါတယ်။
■ နိုင်ငံတကာ ရေလမ်းကြောင်းမှာ အရပ်သားတွေပါဝင်တဲ့ သင်္ဘောသွားလာမှုတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အတွက် အီရန်တွေ ကြီးကြီးမားမား ပြန်ပေးဆပ်ရဖို့ အမေရိကန်တပ်တွေ တိုက်ခိုက်တာဖြစ်ကြောင်း ဗဟိုကွပ်ကဲရေးစစ်ဌာနချုပ်က ဖော်ပြထားပါတယ်။
■ ယခုတိုက်ခိုက်မှုတွေက အီရန်စစ်ရေးပစ်မှတ်များကို အဓိကထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး သင်္ဘောသွားလာမှုတွေ တိုက်ခိုက်ခံရတာကို လက်စားချေတုံ့ပြန်တဲ့သဘော ဖြစ်ပါတယ်။
■ ဒါကြောင့် တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး ယာယီသဘောတူညီချက် ခြိမ်းခြောက်စရာဖြစ်လာပြီး ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး ခက်ခဲလာပါပြီ။
■ အီရန်တို့က ခေါင်းဆောင်ဟောင်းရဲ့ ဈာပနအခမ်းအနားများ ပြုလုပ်နေချိန်မှာ တင်းမာမှုပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။
■ တိုက်ခိုက်မှုများအပြီးမှာ အမေရိကန်က အီရန်ရေနံများ ရောင်းချခွင့်လိုင်စင်ကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ဆက်ဆံရေးအပိုင်းမှာ ထပ်မံတင်းမာလာပြန်ပါတယ်။
Source: Reuters
#World_Health
Published 08 July 2026
■ ဗိုက်တာမင်-ဒီ ပမာဏ အလွန်အမင်း နည်းပါးနေသူများကို ရက်သတ္တပတ် အနည်းငယ်ကြာအောင် ပမာဏအမြောက်အများ တိုက်ကျွေးပြီး ဖြည့်တင်းပေးလေ့ရှိပါတယ်။
■ ဆရာဝန်အများစုက တစ်ပတ်ကို ဗိုက်တာမင်-ဒီဖြည့်စွက်ဆေး ၅၀,၀၀၀ IU နှုန်းဖြင့် ၆ ပတ်မှ ၈ ပတ်ကြာအောင် အသုံးပြုခိုင်းတတ်ပါတယ်။
■ ဒါ့အပြင် ဒီဆေးပမာဏကိုပဲ နှစ်ပတ်နှုန်းဖြင့် ၂ လကြာအောင်လည်း ပေးတတ်ကြပါတယ်။
■ ဒီနောက်မှာတော့ နေ့စဉ် ၁,၀၀၀ IU နှုန်းသို့ ပြောင်းလဲသွားကြပါတယ်။
■ ခန္ဓာကိုယ်က ဗိုက်တာမင်သိုလှောင်နိုင်စွမ်း အလွန်နည်းပါးကာ အချိန်ကာလတစ်ခုအထိ အပတ်တိုင်း ၄,၀၀၀ IU ထက်ပိုပြီးသုံးစွဲလို့ အလွန်အကျွံမဖြစ်စေသလို အဆိပ်သင့်စေမှာ မဟုတ်ပါဘူး။
■ ဗိုက်တာမင်-ဒီက ပုံစံနှစ်မျိုးရှိကာ ဗိုက်တာမင်-ဒီတူး (အာဂိုကယ်စီဖရောလ်)နဲ့ ဗိုက်တာမင်-ဒီသရီး (ကိုလီကယ်စီဖရောလ်)တို့ ဖြစ်ပါတယ်။
■ ဒီသရီးက ဗိုက်တာမင်တွေရဲ့ ဇီဝသတ္တိလှုံ့ဆော်မှုကို မြှင့်တင်ပေးတာကြောင့် ဒီတူးထက်ပိုပြီး သက်ရောက်မှုရှိမယ်လို့ ယူဆထားပါတယ်။
■ ဗိုက်တာမင်-ဒီပမာဏ ပုံမှန်အတွင်း ပြန်ရောက်ပီဆိုတာနဲ့ ဖြည့်စွက်ဆေးကို နေ့စဉ်ပမာဏနည်းနည်း ဆက်လက်အသုံးပြုသွားသင့်ပါတယ်။
■ ခန္ဒာကိုယ်အရိုးတွေ ပါးလွှာနေသူတွေဆိုရင် နေ့စဉ် ၁,၀၀၀ IU အသုံးပြုဖို့ အကြံပေးထားပါတယ်။
Source: Harvard Health
#World_Health
Published 08 July 2026
■ ဗြိတိန်ဆေးဝါးကွပ်ကဲရေးက Novo Nordisk ရဲ့ အဆီကျသောက်ဆေးကို ကြာသပတေးနေ့က အသိအမှတ်ပြုလိုက်ပြီး ဗြိတိန်က ဥရောပရဲ့ ပထမဆုံးဈေးကွက် ဖြစ်လာပါတယ်။
■ ဆေးဝါးထုတ်လုပ်သူတွေက ကိုယ်အလေးချိန်ကျစေမယ့် ကုသနည်းတွေကနေ ဆေးဝါးများ အသုံးပြုလာနိုင်အောင် အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး ယခုအသိအမှတ်ပြုချက်က ယူကေမှာ အဝလွန်ရောဂါရှိသူ ၁၀ သန်းကျော်အတွက် ထိုးဆေးတွေနေရာမှာ အစားထိုးရွေးချယ်စရာ ဖြစ်လာမှာပါ။
■ လူသုံးများတဲ့ Wegovy နဲ့ Ozempic ထိုးဆေးတို့မှာ ပါဝင်တဲ့ semaglutide က ယခုဆေးမှာလည်း ပါဝင်ပါတယ်။
■ Novo က အဆီကျဆေးအတွက် အမေရိကန်မှာ အစောပိုင်း အသိအမှတ်ပြုချက် ရခဲ့ပြီး ယခုနှစ် ဖြန့်ဝေထားပြီ ဖြစ်ပါတယ်။
■ ဒီသောက်ဆေးတွေက ထိုးဆေးအသုံးပြုဖို့ စိုးရိမ်နေတဲ့ လူနာတွေအတွက် ရွေးချယ်စရာ ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။
■ အဆီကျဆေးဈေးကွက်ဟာ ၂၀၃၀ အရောက်မှာ ဒေါ်လာ ၁၀၀ ဘီလီယံကျော်လွန်သွားမယ်လို့ သုံးသပ်သူတွေ ခန့်မှန်းထားပါတယ်။
■ သောက်ဆေးပုံစံက အချို့လူနာတွေအတွက် အသုံးပြုနိုင်ပေမယ့် ဆေးဝါးရရှိရေးနဲ့ ကြည့်ရှုစောင့်ရှောက်ရေးတို့ကတော့ အသေအချာ မသိရသေးပါဘူး။
■ ဗြိတိန်အမျိုးသားကျန်းမာရေးနဲ့ အထူးစောင့်ရှောက်ရေးအဖွဲ့က ဒီဆေးကို အကဲဖြတ်ဆန်းစစ်သွားဦးမှာ ဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 07 July 2026
■ အယ်ကိုဟောကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်လိုပါက အယ်ကိုဟောကို တစ်နေ့တစ်ခွက်၊ တစ်ပတ်ကို ၇ ခွက်နှုန်းဖြင့်သာ ကန့်သတ်သောက်သုံးသင့်တယ်လို့ လေ့လာဖော်ပြထားပါတယ်။
■ လေ့လာချက်အရ အယ်ကိုဟောကို အတန်အသင့် သောက်သုံးခြင်းဖြင့်ပင် ကင်ဆာလိုမျိုး ရောဂါတွေ ဖြစ်နိုင်ခြေမြင့်မားစေတယ်လို့ တွေ့ခဲ့ပြီး ယခင်လမ်းညွှန်ချက်တွေကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
■ လေ့လာတွေ့ရှိချက်အရ တစ်ပတ်ကို ၇ ခွက် သောက်သုံးခြင်းဟာ အသက်အန္တရာယ် ဆုံးပါးနိုင်ခြေ ၁ ထောင်မှာ ၁ ယောက်ရှိပြီး ၉ ခွက်ဆိုရင်တော့ ၁၀၀ မှာ ၁ ယောက်၊ ၁၄ ခွက်ဆိုရင် ၂၅ ယောက်မှာ ၁ ယောက်နှုန်းအထိ မြင့်တက်လာပါတယ်။
■ အယ်ကိုဟော မသောက်ဘူးဆိုမှ ကျန်းမာရေးအကျိုးကျေးဇူးများ ပေးစွမ်းနိုင်တာဖြစ်ပြီး အတန်အသင့်ပမာဏ သောက်ရင်တောင် အရွယ်မတိုင်ခင် သေဆုံးခြင်းနဲ့ မသန်မစွမ်းဖြစ်ခြင်းတို့ ဖြစ်နိုင်ခြေ မြင့်မားစေနိုင်ပါတယ်။
■ အယ်ကိုဟောကို ပုံမှန်သောက်သုံးပါက အသည်းခြောက်ခြင်း၊ ကင်ဆာ၊ နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေများစေပါတယ်။
■ အဆိုပါ လေ့လာချက်က ဘိုင်ဒင်အစိုးရလက်ထက်က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အယ်ကိုဟောလုပ်ငန်းတွေက ဝေဖန်လိုက်ကာ အစားအသောက်ဆိုင်ရာ လမ်းညွှန်ချက်အသစ်တွေမှာ ထည့်သွင်းခြင်း မပြုထားပါဘူး။
■ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးရရှိဖို့အတွက် အယ်ကိုဟောကို တစ်နေ့လျှင် အများဆုံးတစ်ခွက်နှုန်းဖြင့်သာ ကန့်သတ်သောက်သုံးဖို့ အကြံပြုထားပါတယ်။
Source: USA Today
#World_Science
Published 07 July 2026
■ အမေရိကန် ကယ်လီဖိုးနီးယားတောင်ပိုင်းမှ ဆန်အန်ဒရီယာနဲ့ ဆန်ယာဆင်တိုနယ်မြေတွေမှာ ငလျင်ပြတ်ရွေ့ကြောများဟာ နှစ်ပေါင်း ၁ ထောင်အတွင်း ဖိအားအများဆုံး သက်ရောက်မှုဖြစ်နေပါတယ်။
■ လေ့လာချက်အရ အဆိုပါပြတ်ရွေ့ကြောစနစ်ကြောင့် ငလျင်ဘေးကြီးဖြစ်လာနိုင်ကာ ဘယ်အချိန်ဖြစ်လာမလဲဆိုတာတော့ မခန့်မှန်းနိုင်ပါဘူး။
■ မြေကြီးထဲက ကျောက်ချပ်လွှာများကြားကနေ ငလျင်ဖြစ်ပေါ်လေ့ရှိပြီး ကျောက်ချပ်လွှာတွေ တစ်ခုနဲ့တစ်ခု စောင်းသွားကြကာ ပြတ်ရွေ့ကြောတွေမှာ ဖိအားတွေ စုပြုံလာပြီး ကျောက်ချပ်လွှာတွေ ရုတ်တရက် ချော်သွားတဲ့အခါမှာ ငလျင်ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
■ ထိုဒေသများအတွင်း နောက်ဆုံးအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ငလျင်က ၁၈၅၇ ဖို့တယ်ဂျွန်ငလျင်ဖြစ်ပြီး ဒါဟာ ဖိအားသက်ရောက်မှုတွေ စုပြုံခဲ့တာကို ညွှန်ပြနေပါတယ်။
■ ပြီးခဲ့တဲ့နှစ်များအတွင်း ပြတ်ရွေ့ကြောများ စုပြုံလာပုံကို သုတေသီတွေက ပုံစံတုသရုပ်ဖော်ပုံတွေ၊ ဘူမိဗေဒ သက်သေအထောက်အထားတွေ အသုံးပြုပြီး ပုံဖော်ခဲ့ကြပါတယ်။
■ Cajon Pass လို့ခေါ်တဲ့ အလွန်အရေးပါတဲ့ ပြတ်ရွေ့ကြောဆုံမှတ်ဟာ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ငလျင်တွေရဲ့ ပြင်းထန်မှုအခြေအနေကို များစွာသက်ရောက်လာနိုင်ဖွယ် ရှိပါတယ်။
■ ပြတ်ရွေ့ကြော အပိုင်းအစများအပေါ် ဖိအားသက်ရောက်မှုအဆင့်ဟာ ပြတ်ရွေ့ကြောစနစ် နှစ်ခုစလုံးကို ဖြတ်ကျော်မယ့် အဓိကပြတ်ရွေ့ကွဲအက်မှုများနဲ့ ဆက်စပ်တဲ့အဆင့်များထံ ချဉ်းကပ်နေပြီဖြစ်ပါတယ်။
■ ဒီသုတေသနကနေ ကမ္ဘာတဝှမ်း ရှုပ်ထွေးတဲ့ ပြတ်ရွေ့ဆုံချက်များမှာလည်း အသုံးပြုနိုင်မယ့် ငလျင်ဘေးအန္တရာယ် ဆန်းစစ်ချက်အတွက် အခြေခံဘောင်အသစ်တစ်ခု ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: Gizmodo
Page 43 of 2053