မြန်မာနိုင်ငံ ပုဂံမြို့နှင့် ပါကစ္စတန်နိုင်ငံ တက္ကသီလာမြို့တိုကို ညီအစ်မမြို့တော်အဖြစ် ထူထောင်နိုင်ရေးအတွက်နှစ်ဖက်တာဝန်ရှိသူများ ညှိနှိင်းဆွေးနွေးလျှက်ရှိတယ်လို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 09 May 2026
#ပုဂံ #တက္ကသီလာမြို့
#YMG/SW #Yangon_Times
မြန်မာ့လက်ဖက်ယဉ်ကျေးမှုဓလေ့ကိုယူနက်စကိုသို့ တင်ပြထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 09 May 2026
#မြန်မာ့လက်ဖက် #ယူနက်စကို
#YMG/NN #Yangon_Times
#Daily_News
Published 09 May 2026
၁။ မြန်မာ့လက်ဖက်ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုသို့တင်ပြထား
၂။ ပုဂံနှင့်တက္ကသီလာမြို့ (Taxila)တိုကို ညီအစ်မမြို့တော်အဖြစ် ထူထောင်မည်
၃။ စက်သုံးဆီဈေးအားလုံး ဆက်တိုက်ကျဆင်း
၄။ တရုတ်ပြည်ထုတ်AIစမတ်မျက်မှန်များ နိုင်ငံတကာဈေးကွက်၌လူကြိုက်များ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 09 May 2025
■ အမေရိကန်နဲ့ အီရန်တို့ သောကြာနေ့က အပြန်အလှန်ပစ်ခတ်သဖြင့် စစ်ပွဲအဆုံးသတ်ရေး ကြန့်ကြာနေပါတယ်။
■ အမေရိကန် ထောက်လှမ်းရေးအရ အီရန်ဟာ ရေကြောင်းပိတ်ဆို့မှုကို လနဲ့ချီ တောင့်ခံနိုင်မယ်လို့ သုံးသပ်ထားပါတယ်။
■ အမေရိကန်ရဲ့ ဆိပ်ကမ်းပိတ်ဆို့မှုတွေကနေ စီးပွားရေးဖိအားတွေကို အီရန်ဟာ ၄ လလောက်အထိ ခံစားရဦးမှာ မဟုတ်ဘူးလို့ အမေရိကန်စီအိုင်အေ အရာရှိတစ်ဦး ပြောပါတယ်။
■ ပိတ်ဆို့မှုတွေက အပျက်အစီးတွေ သက်ရောက်နိုင်ပြီး ကုန်သွယ်ရေးတွေ၊ စီးပွားရေးစနစ်တွေ ပြိုလဲနိုင်တာဟာ အမှားသာဖြစ်တယ်လို့ ထောက်လှမ်းရေးတစ်ဦး ပြောပါတယ်။
■ လတ်တလောရက်တွေမှာ ဟော်မုဇ်ရေလက်ကြားအတွင်း အပစ်အခတ်တွေ များနေကာ ယူအေအီး နောက်ထပ်တိုက်ခိုက်ခံခဲ့ရပါတယ်။
■ စစ်ပွဲအဆုံးသတ်ရေး အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြချက်အပေါ် အီရန်ဘယ်လိုတုံ့ပြန်မလဲဆိုတာ အမေရိကန် စောင့်ဆိုင်းနေပါတယ်။
■ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ချင့်ချိန်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
■ ဟော်မုဇ်ရေလက်ကြားမှာ အီရန်တပ်တွေနဲ့ အမေရိကန်သင်္ဘောများ မကြာမကြာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။
■ စစ်ပွဲစတင်တည်းက အီရန်ဟာ သင်္ဘောများ ဖြတ်သန်းသွားလာမှုကို အတော်လေး ပိတ်ဆို့ထားခဲ့ပါတယ်။
■ အမေရိကန်ကလည်း ပြီးခဲ့တဲ့လက အီရန်သင်္ဘောများကို ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်။
Source: Reuters
#World_Science
Published 09 May 2026
■ ကမ္ဘာ့ဆွဲငင်အား မရှိတဲ့နေရာမှာ ၂၄ နာရီကြာအောင် နေမယ်ဆိုရင် ကျန်းမာသန်စွမ်းသူအတွက် ထိခိုက်မှုမရှိပေမယ့် သွေးလည်ပတ်မှု၊ ဟန်ချက်၊ ဦးနှောက်လုပ်ဆောင်ချက်တို့မှာ သိသိသာသာ ပြောင်းလဲနိုင်ပါတယ်။
■ ဆွဲငင်အားမရှိတဲ့အခါ ခြေထောက်မှ သွေးတွေ အရည်တွေက ရင်ဘတ်၊ ဦးခေါင်းသို့ ရွေ့သွားပြီး မျက်နှာဖောင်းအစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
■ ခန္ဓာကိုယ်က ဒါကို ပိုလျှံတဲ့အရည်အဖြစ် မှတ်ယူပြီး ဆီးပိုသွားစေကာ ပထမဆုံး ၂၄ နာရီအတွင်း ပလတ်စ်မာပမာဏ ကျဆင်းသွားပါတယ်။
■ ဆွဲအားမရှိတဲ့အချိန် နှလုံးသိပ်အလုပ်မလုပ်ရဘဲ သွေးပေါင်ချိန် အတန်ငယ်ကျဆင်းပေမယ့် ၂၄ နာရီပြောင်းလဲမှုတွေက လူအတွက် ခံနိုင်ရည်ရှိပါတယ်။
■ တစ်ရက်တည်းအနေနဲ့ကတော့ ကြွက်သား အရိုးတို့ သိသာစွာ မပြောင်းလဲနိုင်ပါဘူး။
■ ဆွဲငင်အားမရှိခြင်းက အမြင်အာရုံပြချက်တွေနဲ့ နားအတွင်း အချက်ပြချက်တွေကြား လွဲမှားမှုတွေဖြစ်ကာ ဦးနှောက်ရဲ့ ထိန်းညှိစနစ်ကို နှောင့်ယှက်ပါတယ်။
■ ဒါကြောင့် အာကာသခရီးသွားမူးဝေခြင်းမျိုး ဖြစ်တတ်ပြီး ဦးနှောက်က အာရုံကြောလုပ်ဆောင်ချက်တွေ ချိန်ညှိသွားတဲ့အခါမှာ သက်သာသွားပါတယ်။
■ ကမ္ဘာမြေဆွဲအား ပြန်သက်ရောက်ချိန်ဟာ ပိုဆိုးစေပြီး သွေးတွေက အောက်သို့စီးဆင်းကာ မူးဝေမိန်းမောခြင်း ခံစားရနိုင်သလို နားအတွင်းပိုင်းစနစ်တွေ ပြန်လည်ချိန်ညှိရမှာကြောင့် ယာယီဟန်ချက်မညီ ဖြစ်စေနိုင်ပါတယ်။
■ ဒါကြောင့် ကျန်းမာသန်စွမ်းသူအတွက် ဆွဲငင်အား မရှိတဲ့နေရာသို့ တစ်ရက်လောက် သွားနေခြင်းဟာ နေထိုင်လို့ မကောင်းပေမယ့် ယာယီလက္ခဏာတွေသာ ခံစားရနိုင်ကာ ခန္ဓာကိုယ်က ချက်ချင်းအလိုက်သင့် ပြောင်းလဲနိုင်ပါတယ်။
Source: Indian Express
#World_Health
Published 09 May 2026
■ မျက်နှာမှာ ရောင်ရမ်းခြင်းက တစ်ခုခုကို သဘာဝအတိုင်း ခုခံအားတုံ့ပြန်တာဖြစ်ပြီး နီမြန်ခြင်း၊ ဖောရောင်ခြင်း၊ ဖောင်းအစ်ခြင်းတို့ တွေ့ရတတ်ပါတယ်။
■ ဒီအကြောင်းကို ဆိုရှယ်မီဒီယာတွေမှာ ကျန်းမာရေးအဖြစ် မြင်နေရသလို အမြဲတမ်း ရောင်ရမ်းနေခြင်းက နှလုံးရောဂါ၊ ဆီးချို အပါအဝင် နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
■ ရေရှည်ရောင်ရမ်းတဲ့အခါ ကော်လာဂျင်ဓာတ်နဲ့ အီလက်စတင်ဓာတ်တွေ ပြိုကွဲစေပြီး အရေးကြောင်းထင်ခြင်း၊ အသားအရေ မညီညာခြင်းတို့ ဖြစ်နိုင်ပါတယ်။
■ ဒါ့အပြင် ဝက်ခြံ၊ နီမြန်းခြင်းတို့ ဖြစ်နိုင်သလို ရေဆွဲထားတာကြောင့် ဖောင်းအစ်နေနိုင်ပါတယ်။
■ ဒီအတွက် မျက်နှာရောင်ရမ်းခြင်းကို သဘာဝအတိုင်း လျှော့ချနိုင်မယ့် နည်းလမ်းတွေထဲမှာ မျက်နှာကို ၁၀-၁၅ မိနစ်ခန့် ရေခဲအုပ်ခြင်းဖြင့် သွေးကြောတွေကျုံ့စေပြီး ဖောရောင်မှုကို လျော့ကျစေနိုင်ပါတယ်။
■ ညအိပ်တဲ့အခါ ဦးခေါင်းကို အနည်းငယ်မြှင့်ပေးပါက မျက်နှာမှာ သွေးတွေ အိုင်မလာစေတော့ပါဘူး။
■ မျက်နှာကို ညင်သာစွာ စက်ဝိုင်းပုံနှိပ်နယ်ပေးပါက သားငံရည်စီးဆင်းမှု ကောင်းမွန်စေပြီး ပိုလျှံနေတဲ့အရည်တွေ ဖယ်ရှားစေပါတယ်။
■ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲမှုတွေအနေနဲ့..
- ရောင်ရမ်းမှုဖြစ်စေတဲ့ အချိုဓာတ်၊ အဆီဓာတ်တို့ကို လျှော့ချစားသုံးခြင်း
- အရေပြားကျန်းမာရေးအတွက် တစ်နေ့ အနည်းဆုံး ရေ ၈ ခွက်သောက်သုံးခြင်း
- ဖိစီးမှုလျော့ကျစေရန် တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းနဲ့ ယောဂကျင့်ခြင်း
- တစ်ညကို ၇-၉ နာရီခန့် နှစ်ခြိုက်စွာ အိပ်စက်ခြင်း
- နူးညံ့တဲ့ အလှကုန်ပစ္စည်းများ အသုံးပြုခြင်း
- လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
- အယ်ကိုဟောနဲ့ ဆေးလိပ်ဖြတ်ခြင်း
- ရောင်ရမ်းမှုလျှော့ချပေးတဲ့ နနွင်း၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ပရိုဘိုင်အိုတစ်တို့ အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
Source: NDTV
တရုတ်ပြည်မှာ လူသားပုံတူစက်ရုပ်များ အနှံအပြားဖြစ်လာပြီး ဒေတာကောက်ယူခြင်း၊ စာရင်းစစ်ခြင်းတို့လို အချက်အလက်အသုံးပြုအလုပ်အကိုင်တွေလိုအပ်ချက်များလာပါတယ်။
#Asia_Industry
Published 08 May 2026
#လူသားပုံတူစက်ရုပ် #တရုတ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 08 May 2026
၁။ အထူးစီးပွားရေးဇုန်များသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါဟုဆို
၂။ ရန်ကုန်အတွက်တစ်နေ့လျှင်အများဆုံး နာရီ(၂၀) ခန့်အထိ ဓာတ်အားဖြန့်ဖြူးပေးနေ
၃။ တစ်လတာအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန်တစ်သိန်းခြောက်သောင်းကျော်တင်ပို့ထား
၄။ လူသားပုံတူစက်ရုပ်များအတွက်အချက်အလက်စုဆောင်းရသည့်အလုပ်တရုတ်၌တွင်ကျယ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
လတ်တလောဆောင်ရွက်နေတဲ့ သီလဝါ ၊ ကျောက်ဖြူ ၊ထားဝယ်အစရှိတဲ့ အထူးစီးပွားရေးဇုန်များဟာ နိုင်ငံတော်ရဲ့စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့အစိတ်အပိုင်းတွေဖြစ်တယ်လို့ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ရဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမအကြိမ်အစည်းအဝေးကသိရပါတယ်။
#Local_News
Published 08 May 2026
#သီလဝါ_ကျောက်ဖြူ_ထားဝယ် #မြန်မာ့အထူးစီးပွားရေးဇုန်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ အသီးသီးသို့ နေ့စဉ် အများဆုံး နာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)က ယမန်နေ့ကအသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 08 May 2026
#ရန်ကုန်တိုင်းဒေသကြီး #ရန်ကုန်လျှပ်စစ်ဓာတ်အားပေး
#YMG/SW #Yangon_Times
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်စဖြစ်တဲ့ ဧပြီလတစ်လတာအတွင်း ပြည်ပနိုင်ငံ တွေကို ဆန်နဲ့ဆန်ကွဲ တန်ချိန် တစ်သိန်း ခြောက်သောင်းကျော်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ် က သိရပါတယ်။
#Local_News
Published 08 May 2026
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
ဝိုင်စပျစ်တစ်မျိုးတည်းကိုသာ စိုက်ပျိုးထုတ်လုပ်မယ့် စပျစ်ဇုန်ကို ရမည်းသင်းမြို့နဲ့ ပျော်ဘွယ်မြို့တွေမှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 08 May 2026
#ဝိုင်စပျစ် #စပျစ်ဇုန်
#YMG/SW #Yangon_Times
Page 38 of 2000