#World_Health
Published 14 July 2026

■ တစ်နာရီကြာတိုင်း ၅ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးရုံဖြင့် စိတ်အခြေအနေ တိုးတက်စေပြီး မောပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်ကာ အချိန်ကြာမြင့်စွာ ထိုင်နေရခြင်းကို ဖြတ်တောက်ပေးနိုင်ကြောင်း British Journal of Sports Medicine မှာ ဖော်ပြထားပါတယ်။

■ နယူးယော့ခ်စီးတီး ကိုလံဘီယာဆေးတက္ကသိုလ်ဌာနမှ ကိသ်ဒီယက်ဇ်နဲ့ အဖွဲ့က အမေရိကန်မှ လူပေါင်း ၁၁,၅၀၀ ထံမှ အချက်အလက်များ ဆန်းစစ်ခဲ့ကြပါတယ်။

■ ပါဝင်သူတွေက တစ်နေ့တာလုံး မိနစ် ၃၀ ကြာတိုင်း၊ ဒါမှမဟုတ် မိနစ် ၆၀ ကြာတိုင်း ဒါမှမဟုတ် မိနစ် ၁၂၀ ကြာတိုင်း ၅ မိနစ်လမ်းလျှောက်ခဲ့ပါတယ်။

■ ညဘက်မှာတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ အလုပ်အကိုင် စွမ်းဆောင်ရည်တို့အကြောင်း စစ်တမ်းဖြည့်စွက်ခဲ့ပါတယ်။

■ နွမ်းနယ်ခြင်းတွေ၊ စိတ်အခြေအနေ ကျဆင်းခြင်းတွေ လျော့နည်းခဲ့ပြီး အားလုံးဟာ စိတ်အခြေအနေ ကောင်းမွန်ခဲ့သလို တစ်နေ့တာမှာ လက်တွေ့ကျကျ အလွယ်တကူ ဖြတ်သန်းနိုင်တာ တွေ့ရပါတယ်။

■ ကွဲပြားတဲ့ နည်းလမ်းတွေ နှိုင်းယှဉ်ကြည့်တဲ့အခါ တစ်နာရီကြာတိုင်း လှုပ်ရှားမှုတစ်ကြိမ် ပြုလုပ်ခြင်းက လက်တွေ့လုပ်ဆောင်နိုင်စွမ်းနဲ့ ထိရောက်မှုကြား အကောင်းဆုံးမျှခြေ ရရှိစေကြောင်း တွေ့ရပါတယ်။

■ လုပ်ငန်းခွင်ကနေ ခဏတာအနားယူလိုက်ခြင်းက အလုပ်ပြီးမြောက်မှု ထိခိုက်စေနိုင်တယ်ဆိုတဲ့ အယူအဆကို ချေပသလိုဖြစ်နေပြီး ယုံကြည်စိတ်ချရတဲ့ သက်သေအထောက်အထား တင်ပြနိုင်ခဲ့ပါတယ်။

■ တကယ်တော့ ခဏနာလှုပ်ရှားအနားယူခြင်းဟာ လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းခြင်း မရှိတဲ့အပြင် စိတ်ပါဝင်စားမှု၊ စွမ်းဆောင်ရည်ပိုင်းတို့မှာ ရာခိုင်နှုန်းအနည်းငယ် မြင့်တက်စေပါတယ်။

■ ဒီနည်းလမ်းကို လက်တွေ့အကောင်အထည်ဖော်ကာ ပြည်သူ့ကျန်းမာရေး မဟာဗျူဟာတစ်ရပ်အဖြစ် အလားအလာရှိကြောင်း ဖော်ပြသွားပါတယ်။

Source: US News