#World_Health
Published 13 July 2026

■ မိန်းကလေးငယ်အများစုဟာ အသက် ၉ နှစ်မတိုင်မီ ပထမဆုံးရာသီသွေး စတင်ပေါ်လာကြပြီး အပျိုဖော်ဝင်တဲ့ ပျမ်းမျှအသက်အရွယ် သိသိသာသာ စောလာကြောင်း ပြသနေပါတယ်။

■ ဒီအခြေအနေဟာ ကလေးဘဝအဝလွန်ခြင်း၊ ပြုပြင်ထားတဲ့ အစားအစာများစားခြင်း၊ အိပ်ရေးပျက်ခြင်းနဲ့ ဟော်မုန်းစနစ် ထိခိုက်စေတဲ့ ဓာတုပစ္စည်းများနဲ့ ထိတွေ့မိခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

■ အသက် ၈ နှစ်မတိုင်မီ ရင်သားဖွံ့ဖြိုးလာခြင်း၊ အရပ်အမောင်း အလျင်အမြန် ထွားကျိုင်းလာခြင်း၊ လူပျိုဖော်အပျိုဖော်ဝင်စကဲ့သို့ ကိုယ်နံ့ထွက်ခြင်း ဒါမှမဟုတ် ဝက်ခြံထွက်ခြင်းတို့ဟာ စောစီးစွာ အပျိုဖော်ဝင်ခြင်းရဲ့ လက္ခဏာများ ဖြစ်ပါတယ်။

■ ရေရှည်မှာ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများမှာ အရွယ်ရောက်ချိန် အရပ်ပုခြင်း၊ သားအိမ်အကျိတ်ရောဂါဖြစ်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းနဲ့ ဟော်မုန်းနဲ့ဆက်စပ်တဲ့ ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

■ စောစီးစွာ အပျိုဖော်ဝင်တဲ့ မိန်းကလေးငယ်များဟာ ရှက်ရွံ့ခြင်း၊ ကျောင်းမှာ စနောက်ခံရခြင်း၊ သောကရောက်ခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။

■ စောစီးစွာ အပျိုဖော်ဝင်တဲ့ လက္ခဏာများတွေ့ပါက မိဘများအနေဖြင့် ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

■ ဘာကြောင့်လဲဆိုတော့ ဆေးဝါးကုသမှုများက ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ကာကွယ်ပေးနိုင်ရန် အပျိုဖော်ဝင်ခြင်းကို ဘေးကင်းစွာ နှောင့်နှေးပေးနိုင်သောကြောင့် ဖြစ်ပါတယ်။

Source: India Today