#World_News
Published 13 July 2026

■ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာမည်ကြီးအရက်ဆိုင်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားသဖြင့် လူ ၂၇ ဦးသေဆုံးပြီး နောက်ထပ် ၂၂ ဦးမှာ အခြေအနေစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

■ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဗဟိုချက်တွေထဲမှာ အသက်ေ-သဆုံးမှုအများဆုံး မတော်တဆမှုတွေထဲက တစ်ခုဖြစ်လာပါတယ်။

■ ဝန်ကြီးချုပ် အနူတင်ချာန်ဗီရာကူးလ်က တနင်္ဂနွေနေ့ည ၁၁း၅၇ မှာ မီးလောင်မှုဖြစ်ပွားတဲ့ နေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး အလောင်း ၂၇ ခု ပြန်လည်ဆယ်ယူထားကြောင်း၊ ကျန်တဲ့သူတွေကို ဆေးရုံပို့ဆောင်ထားကြောင်း ပြောကြားခဲ့ပါတယ်။

■ အသက်ရှင်ကျန်သူများ ပြောပုံအရ အရက်ဆိုင်ထဲမှာ မီးလောင်ပြီးနောက် မီးခိုးတွေ ချက်ချင်းပြည့်နှက်သွားပြီး မီးတွေကြားကနေ ထွက်ပြေးဖို့နေရာမရှိခဲ့ဘူးလို့ဆိုပါတယ်။

■ နောက်ထပ်ဒဏ်ရာရသူ ၆၃ ဦးကို ဆေးရုံတင်ထားတယ်လို့ ဘန်ကောက်မြို့ပြစီမံကွပ်ကဲရေးရဲ့ ကပ်ဘေးကာကွယ်လျှော့ချရေးဌာနမှ ညွှန်ကြားရေးမှူး ဆူရီယာချိုင်ရာဝီဝမ်က ပြောပါတယ်။

■ ပေါက်ကွဲမှုဖြစ်ပြီးနောက် မီးပြတ်တောက်သွားခဲ့ပြီး ရုတ်တရက် မီးခိုးတွေ ပျံ့နှံ့သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေ တင်ပြထားပါတယ်။

■ ကယ်ဆယ်ရေးလုပ်သားတွေ ရောက်ရှိလာချိန်မှာ ဆိုင်ရဲ့အရှေ့ဘက်ခြမ်း လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။

■ သင့်လျော်တဲ့ ခွင့်ပြုချက်ပါမစ်တွေ၊ အရေးပေါ်ထွက်ပေါက်တွေရှိပေမယ့် မီးခိုးတွေလျင်မြန်စွာပျံ့နှံ့ခဲ့တာကြောင့် ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရာမှာအခက်အခဲတွေရှိခဲ့ပါတယ်။

Source: Reuters