#Local_News
Published 13 July 2026
■ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရခိုင်ရိုးရာဆီမီးခွက်အက၊ ဗျာလအကနှင့် စည်တော်တီးခတ်ခြင်းသင်တန်းများ ကို ယမန်နေ့ကစတင်ပြီဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရသည်။
■ အဆိုပါ ရခိုင်ရိုးရာဆီမီးခွက်အက၊ ဗျာလအကနှင့် စည်တော်တီးခတ်ခြင်းသင်တန်းများကို ဇူလိုင် (၁၂) ရက်မှ ဩဂုတ် (၁၀) ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
■ ယင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ (၆) ရပ်ကွက်၊ စုပေါင်းရုံးရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ကျင်းပသည်။
■ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
■ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း က အဖွင့်အမှာစကားပြောကြားသည်။
■ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် မှ အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်ဝင်း မှ သင်တန်းများဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားသည်။
■ ထို့နောက် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသား/သူများမှ ရခိုင်ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
■ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း မှ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
#YMG/NN #Yangon_Times