#Local_News
Published 13 July 2026

■ ဘားအံ မြို့တွင် သံလွင်မြစ်ရေ၊ ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်ရေနှင့် မဒေါက်မြို့တွင် စစ်တောင်းမြစ် ရေတို့သည် စိုးရိမ်ရေမှတ်ကို ရောက်ရှိ နေပြီဖြစ် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ(၁၃)ရက်၊ မနက် (၈)နာရီအချိန်ထုတ်ပြန်ချက်အရသိရသည်။

■ အဆိုပါ ထုတ်ပြန်ချက်တွင် သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်ကိုရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း၌ ပေဝက်ခန့်မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်ကြောင်း ဆိုထားသည်။

■ ထို့အပြင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင်၎င်းမြို့၏ စိုးရိမ်ရေမှတ်ကိုရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း (၁)ပေခန့်ဆက်လက် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်တည်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

■ ၎င်းအပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင်၎င်း မြို့၏ စိုးရိမ်ရေမှတ်ကိုရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း (၁)ပေခွဲခန့်ဆက်လက် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်၌ ဆက်လက် တည်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

■ ထို့ကြောင့် ဘားအံမြို့နယ်၊ ဟုမ္မလင်းမြို့နယ် နှင့် မဒေါက်မြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် သတိပြုနေထိုင်ကြဖို့ကိုလည်း သတိပေးနှိုးဆော်ထားကြောင်းသိရသည်။

#YMG/NN #Yangon_Times