#Daily_News
Published 17 July 2026
၁။ ဝါလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးသွားမည်
၂။ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး ၃ ဒဿမ ၈သန်းကျော်လာရောက်ဖူးမြော်ပြီး ယခင်နှစ်ကာလတူထက်ပိုမိုများပြား
၃။ ဆိုလာစနစ်မီးဘေးလုံခြုံရေးသင်တန်းကို မီးသတ်ဦးစီးဌာနဖွင့်လှစ်သင်ကြား
၄။ အရှေ့အလယ်ပိုင်းပဋိပက္ခများနှင့်ဟော်မုဇ်ရေလက်ကြားအခြေအနေတို့ကြောင့် ကမ္ဘာ့စီးပွားရေးရေရှည်သက်ရောက်နိုင်မည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 17 July 2026
■ မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်ဘူတာသစ်တည်ဆောက်နေမှုအပါအဝင် ဘူတာများ၊ လမ်း၊ တံတားများ ကိုပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်မြိုင်သည် တာဝန်ရှိသူများလိုက်ပါလျှက် ယမန်နေ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
■ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယမန်နေ့က မန္တလေးဘူတာကြီး၌ တိုင်းတာဝန်ခံအရာရှိများနှင့် တွေ့ဆုံပြီး ရထားလမ်းများ၊ တံတားများ၊ ရထားစက်ခေါင်းနှင့်တွဲများ ကောင်းမွန်စေရေးနှင့် ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျူးကျော်နေအိမ်များ ရှင်းလင်းရေးတို့ကို ဆွေးနွေးမှာကြားကာ မန္တလေးမှရန်ကုန်သို့ ထွက်ခွာမည့် အမှတ် (၁၀) အစုန် DEMU ရထားအား ကြည့်ရှုစစ်ဆေးသည်။
■ ယင်းနောက် ကျောက်ဆည်ဘူတာနှင့် ဘဲလင်းဘူတာကြားရှိ တံတားအမှတ် (၇၇၁) အသစ်ပြန်လည်တည်ဆောက်နေမှု၊ ကျောက်ဆည်ဘူတာသစ် တည်ဆောက်နေမှု၊ ကျောက်ဆည်ဘူတာနှင့် မင်းစုဘူတာကြားရှိ တံတားအမှတ် (၇၃၉) အသစ်ပြန်လည်တည်ဆောက်နေမှု၊ စမုံဘူတာနှင့် သပြေတောင်းဘူတာကြားရှိ တံတားအမှတ် (၆၉၁) ၌ စက်ယန္တရားကြီးများဖြင့် Foundation လုပ်ငန်း၊ မြေထိန်းနံရံဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
■ ထို့အပြင် ဇူလိုင်၁၅ ရက် နေ့ကလည်း မန္တလေး-လားရှိုးရထားလမ်းပိုင်းရှိ နောင်ချိုဘူတာ၊ ဝက်ဝံဘူတာနှင့် ဇီးပင်ကြီးဘူတာတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 July 2026
■ လေဆိပ်ဓာတ်အားလိုင်း ပြန်လည်ချိတ်ဆက်ခြင်းလုပ်ငန်းနှင့် ဓာတ်အားလိုင်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးရှိ မြို့နှင့်ကျေးရွာအချို့တွင် သတ်မှတ်ထားသည့်အချိန်များအတွင်း ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
■ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လေဆိပ်ဓာတ်အားခွဲရုံသို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် ၃၃ ကေဗွီ ပျဉ်းမနား-နေပြည်တော်လေဆိပ် ဓာတ်အားလိုင်းတွင် ဖြစ်ပွားခဲ့သည့် ချို့ယွင်းချက်ကို ပြုပြင်တည်ဆောက်ပြီးဖြစ်သဖြင့် ဓာတ်အားလိုင်း ပြန်လည်ချိတ်ဆက်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါလုပ်ငန်းကို လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းခွင်နှင့် လွတ်ကင်းမှုမရှိသည့် ၃၃ ကေဗွီ အေလာ-သာဝတ္ထိ ဓာတ်အားလိုင်းအား ယာယီဓာတ်အားပိတ်ထားမည်ဖြစ်သည်။ ယင်းကြောင့် သာဝတ္ထိမြို့ပေါ်ရှိ ရပ်ကွက်များ၊ ကျေးရွာများနှင့် ရုံးဌာနများတွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကာ သက်ဆိုင်ရာရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။
■ ထို့ပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံစီမံကိန်းများမှ ထုတ်လုပ်သည့် ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အားအရည်အသွေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းရှိ လက်ရှိ ACSR ဓာတ်အားလိုင်းကြိုးများကို ဝန်အားနှစ်ဆကျော်အထိ သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံဓာတ်အားလိုင်းကြိုးများဖြင့် အစားထိုးလဲလှယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
■ အဆိုပါလုပ်ငန်းများကို တိုင်အမှတ် (၁၁၄) နှင့် (၁၁၅) ကြား၊ တိုင်အမှတ် (၁၁၈) နှင့် (၁၁၉) ကြားတို့တွင် ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ် ၆၆ ကေဗွီ တောင်တွင်းကြီး-သစ်ရာကောက် ဓာတ်အားလိုင်းကို ဇူလိုင် ၁၇ ရက်မှ ၁၉ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
■ ယင်းကြောင့် မြင်ကွန်းမြို့၊ မိကျောင်းရဲမြို့နှင့် သစ်ရာကောက်မြို့တို့ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဖြစ်ပြီး ဓာတ်အားပြတ်တောက်မည့် ဧရိယာများရှိ ဓာတ်အားသုံးစွဲသူများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 17 July 2026
■ မေလကုန်ပိုင်းမှစတင်၍ လက်ရှိအချိန်အထိဓာတ်ဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေ ကြောင်း သိရသည်။
■ ဇူလိုင် ၁၇ ရက်နေ့တွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီမှ ထုတ်ပြန်သည့် ရန်ကုန်မြို့၏ ဓာတ်ဆီ (92 RON)နှင့်ဓာတ်ဆီ(95 RON) ရည်ညွှန်းလက် လီဈေးနှုန်းများသည် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ(92 RON) ၁လီတာလျှင် ၄၀ ကျပ် နှင့် ဓာတ်ဆီ(95 RON) ၁ လီတာလျှင် ၂၅ ကျပ်ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်းသိရသည်။
■ ဓာတ်ဆီဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး ၂၀၂၆ ခုနှစ် ပညာသင်နှစ် ကျောင်းဖွင့်ရာသီ လည်းဖြစ်သည့်အတွက် ကျောင်းပို့ကျောင်းကြိုဆောင်ရွက်နေသည့် မိဘပြည်သူများအဆင်ပြေ
အများပြည်သူအသုံးပြုနေသည့် ဓာတ်ဆီဈေးနှုန်းများသည် ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့မှစ၍ အပတ်စဉ်တောက်လျှောက် ကျဆင်းနေသည့်အတွက် မိဘပြည်သူများအဆင်ပြေပြေ အသုံးပြုနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 17 July 2026
■ လျင်မြန်စွာ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ညနက်သန်းခေါင်အထိ မအိပ်သေးဘဲ နေလာကြတာ ပုံမှန်လိုဖြစ်နေပါပြီ။
■ ရုံးအလုပ်တွေက ညဘက်အထိ လုပ်လာရသလို ဖုန်း၊ ကွန်ပျူတာတို့လည်း ညနောက်ကျတဲ့အထိ ကြည့်နေကြပါတယ်။
■ ဒါ့အပြင်ကိုမှ အာလူးကြော်၊ မုန့်အချိုများ၊ ကဖင်း၊ သောက်စရာများလည်း စားလာကြကာ အသည်းကို ဖိအားပိုများလာစေပါတယ်။
■ လူတွေက စားသောက်ပုံစံနဲ့ လေ့ကျင့်ခန်းကို ဦးစားပေးကြပေမယ့် အရေးကြီးတဲ့ အိပ်စက်မှုကိုတော့ သတိမပြုမိကြပါဘူး။
■ အိပ်ရေးမဝတဲ့အခါ အသည်းလုပ်ဆောင်ချက်နဲ့ အသည်းပြဿနာတွေ ဆက်စပ်ဖြစ်ပေါ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ဆိုပါတယ်။
■ နောက်ကျမှ အိပ်စက်ပြီး ကျန်းမာရေးမညီညွတ်စွာ စားတတ်သူတွေဟာ ခန္ဓာကိုယ်တွင်း ဇီဝစက်ဝန်းနှောင့်ယှက်စေပြီး အသည်းထိခိုက်စေနိုင်ပါတယ်။
■ အိပ်စက်မှု မကောင်းတဲ့အခါ အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ခြေများစေပြီး နောက်ကျမှ အစားစားခြင်းက အချိုတွေ အဆီတွေ များများစားမိစေသဖြင့် အိပ်စက်မှုကို ပိုဆိုးစေနိုင်ပါတယ်။
■ ညမအိပ်ခင် အယ်ကိုဟောသောက်ခြင်းကြောင့် အိပ်စက်မှုထိခိုက်စေနိုင်ပြီး အသည်းအပေါ် ဖိအားပိုများစေပါတယ်။
■ ပုံမှန်အိပ်ချိန်ထားရှိခြင်း၊ အယ်ကိုဟောလျှော့သောက်ခြင်း စသဖြင့် နေထိုင်စားသောက်မှုပုံစံ အနည်းငယ်ပြောင်းလဲပေးပါက အသည်းကျန်းမာရေးကို ကာကွယ်စေနိုင်မှာ ဖြစ်ပါတယ်။
Source: India Today
#World_News
Published 17 July 2026
■ အမေရိကန် ရုပ်သံဌာနကြီး ၃ ခုထဲက ၂ ခုနဲ့ CNN သတင်းတို့ဟာ သမ္မတဒေါ်နယ်ထရမ့် ကြာသပတေးနေ့မှာ ပြောကြားရန်စီစဉ်ထားတဲ့ အဓိကသတင်းကြီးမိန့်ခွန်းကို ပင်မရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသခြင်းမပြုရန်ဆုံးဖြတ်ခဲ့ကြပြီး ဒါဟာဖိအားပေးမှုကြုံနေရတဲ့ မီဒီယာများအနေနဲ့ အစိုးရအမျက်ထွက်မှုကို ခံရမယ့်အန္တရာယ် ရှိနေပါတယ်။
■ ဒီမိန့်ခွန်းဟာအရေးကြီးတဲ့ ကြားဖြတ်ရွေးကောက်ပွဲများ မတိုင်မီ ၄ လအလို ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကိစ္စရပ်များကို အဓိကထားပြောကြားမှာ ဖြစ်ပါတယ်။
■ CNN ထုတ်ပြန်ချက်တစ်ခုထဲမှာ မိန့်ခွန်းကို သတင်းအဖြစ်စောင့်ကြည့်သွားမှာဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုတော့ ယင်းတို့ဝက်ဘ်ဆိုက်နဲ့လစဉ်ကြေးပေးသွင်းရတဲ့ CNN All Access ချန်နယ်တို့ကနေ ပြသသွားမယ်လို့ ပြောထားပါတယ်။
■ မီဒီယာကွန်ရက်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အရ ယင်းတို့ထုတ်လွှင့်ပြသလိုတဲ့အရာကို ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးတွေရှိကြကြောင်း ကျွမ်းကျင်သူတွေထောက်ပြထားပါတယ်။
■ မိန့်ခွန်းထဲမှာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ တရုတ်က ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်များနဲ့ ပတ်သက်ပြီးအရေးကြီးတဲ့ ထောက်လှမ်းရေးအချက်အလက်များ ထုတ်ဖော်ပြောနိုင်ဖွယ် ရှိပါတယ်။
■ ထရမ့်ဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုချက်များ ပြုလုပ်ခဲ့ဖူးတဲ့ သမိုင်းကြောင်းများရှိခဲ့ခြင်းကြောင့် သူ့မိန့်ခွန်းကိုပြသခြင်းမပြုရန် မီဒီယာတွေတိုက်တွန်းနေကြပါတယ်။
■ CBS နဲ့ Fox News တို့ကတော့ ထိုမိန့်ခွန်းကိုထုတ်လွှင့်ပြသမှာလားဆိုတာ မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။
■ မီဒီယာကွန်ရက်ကြီးများ ပါဝင်ပတ်သက်နေတဲ့ မီဒီယာတင်းမာမှုများနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ စိစစ်မှုများကြား ဒီလိုဆုံးဖြတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
Source: Reuters
#Local_News
Published 17 July 2026
■ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၁၅ ကျောင်းကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ကြောင်းနှင့် ၂၀၂၇ ပညာသင်နှစ်တွင် သူနာပြု-သားဖွားဒီပလိုမာနှင့် ဘက်စုံသားဖွားဒီပလိုမာသင်တန်းများ၏ ကျောင်းသား၊ ကျောင်းသူခေါ်ယူမှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါ သူနာပြုသိပ္ပံများသည် နိုင်ငံ၏ ကျန်းမာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အချင်းပြည့်ဝကာ လူသားချင်းစာနာစိတ်ရှိသည့် သူနာပြုနှင့် သားဖွားပညာရှင်များ မွေးထုတ်ပေးနိုင်မည့် အရေးပါသည့် ကျန်းမာရေးပညာဗဟိုဌာနများဖြစ်လာကြောင်းယမန်ျန့ နံနက်ပိုင်းကသူနာပြုသိပ္ပံ(နေပြည်တော်)တွင်ပြုလုပ်သည့် သူနာပြုသိပ္ပံ(နေပြည်တော်)နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၁၄ခုရှိသူနာပြုသိပ္ပံများဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။
■ ၁၉၆၂ ခုနှစ်မှ ယနေ့အထိ သူနာပြု-သားဖွားဒီပလိုမာရရှိသူ ၄၅,၂၄၅ ဦးနှင့် သားဖွား ၄၂,၅၂၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ လက်ရှိ ၂၀၂၆ ပညာသင်နှစ်တွင် သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းအတွက် ကျောင်းသား၊ ကျောင်းသူ ၅,၉၄၆ ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းအတွက် ကျောင်းသူ ၁,၀၃၅ ဦးကို လေ့ကျင့်သင်ကြားပေးနေပြီး ၂၀၂၇ ပညာသင်နှစ်တွင် သူနာပြု-သားဖွားဒီပလိုမာသင်တန်းအတွက် သင်တန်းသား၊ သင်တန်းသူ ၂,၉၀၀ ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာသင်တန်းအတွက် သင်တန်းသူ ၁,၄၀၀ ဦးအထိ တိုးမြှင့်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
■ ထို့ပြင် သူနာပြုပညာရေးကို အရှေ့တောင်အာရှနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည့် အရည်အသွေးအဆင့်အထိ မြှင့်တင်သွားမည်ဖြစ်ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ ရလဒ်အခြေပြုသင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးလျက်ရှိသည့်အပြင် ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များတွင် ပါရဂူဘွဲ့အဆင့်အထိ ဆက်လက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
■ ၎င်းအပြင် ကျန်ရှိနေသည့် သူနာပြု၊ သားဖွားနှင့် နှီးနွှယ်သင်တန်းကျောင်း ၂၇ ကျောင်းကိုလည်း အစိုးရအဖွဲ့သစ်၏ ရက်(၁၀၀)အတွင်း ဦးစားပေးဖွဲ့စည်းပုံတိုးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် နိုင်ငံ၏ အနာဂတ်ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်လာမည့် သူနာပြုနှင့် သားဖွားများကို ပညာရည်ပြည့်ဝပြီး ထူးချွန်သူများဖြစ်လာစေရန် စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 17 July 2026
■ Semaglutide နဲ့ liraglutide တို့အပါအဝင် GLP-1 agonists ဆေးဝါးတွေဟာ အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါ ကုသရေးကဏ္ဍတို့ကို ပြောင်းလဲပေးနေပါတယ်။
■ ဒီဆေးဝါးတွေက အစာစားချင်စိတ်နဲ့ သွေးတွင်းသကြားဓာတ်ပမာဏ ထိန်းညှိပေးတဲ့ GLP-1 ဟော်မုန်းလုပ်ဆောင်ချက်ကို တုပကာ လုပ်ဆောင်ပေးပါတယ်။
■ GLP-1 ဆေးဝါးများဟာ အစာအိမ်ထဲမှ အစာခြေဖျက်ပြီး ထွက်ခွာမှုကို နှေးစေခြင်း၊ အင်ဆူလင်ထုတ်လုပ်မှု တိုးမြှင့်ပေးခြင်း၊ ဆာလောင်မှု လျှော့ချပေးခြင်းတို့ လုပ်ဆောင်ပေးပါတယ်။
■ မတူညီတဲ့ GLP-1 ဆေးဝါးများဟာ သုံးစွဲရတဲ့ ပမာဏ၊ ဆေးဝါးစီမံကွပ်ကဲမှု၊ ဆေးစွမ်းထက်မြက်မှုတို့ ကွာခြားကြပါတယ်။
■ GLP-1 ဆေးဝါးများကို နှလုံးရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ စွဲလမ်းမှုဆိုင်ရာ ဝေဒနာများမှာလည်း အသုံးပြုနိုင်ရန် ပိုမိုကျယ်ပြန့်စွာ လေ့လာဖော်ထုတ်နေကြပါတယ်။
■ GLP-1 ဆေးဝါးတွေက လူတိုင်းမှာ သက်ရောက်မှုပုံစံ မတူကြဘဲ ဝိတ်ကျဆင်းမှုနှုန်း ကွာခြားပါတယ်။
■ ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့ကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ပါဝင်ပြီး နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် သက်သာလာနိုင်ပါတယ်။
■ ကိုယ်အလေးချိန်ကျဆင်းမှု ဆက်လက်ထိန်းထားနိုင်ရန် ရေရှည်စွဲသောက်ဖို့ လိုအပ်နိုင်ပါတယ်။
■ GLP-1 ဆေးများကို ဆယ်ကျော်သက်များအတွက် ဆေးညွှန်းနိုင်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေကို သတိပြုရန် လိုအပ်ပါတယ်။
■ အဝလွန်ခြင်း ကုသရာမှာ အစာအိမ်နဲ့ အူလမ်းကြောင်းခွဲစိတ်မှုနဲ့ GLP-1 ဆေးဝါးများဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြုတဲ့ ကုသမှုများ ဖြစ်နိုင်ပါတယ်။
Source: Stanford Medicine
၂၀၂၉ မှာ ပြည်တွင်းဖြစ် 6G နည်းပညာဆိုင်ရာကိစ္စများ ဖန်တီးမယ့် တရုတ်အစီအစဉ်က လျင်မြန်စွာတိုးတက်နေတဲ့ အနိမ့်ပျံစီးပွားရေးနဲ့ကုန်စည်ပို့ဆောင်ရေးလိုမျိုး ကဏ္ဍတွေကို အားကောင်းစေမှာဖြစ်ပြီး ဉာဏ်ရည်တု AI အတွက် ဆက်သွယ်ကွန်ရက်များ ဖြန့်ကျက်မှုကိုလည်း အရှိန်အဟုန် တင်ပေးလိမ့်မယ်လို့ စက်မှုသုတေသီတစ်ဦးက ပြောပါတယ်။
#Asia_Technology
Published 16 July 2026
#6G #တရုတ်
#YMG #Yangon_Times #Yangon_Media_Group
သတ်မှတ်ထားတဲ့ ကျောင်းအင်္ဂါရပ်နှင့်စံနှုန်းများကို မပြည့်မီသေးတဲ့ ပုဂ္ဂလိကကျောင်းအချို့အား ယခုပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ပေးထားပြီး လာမယ့်ပညာသင်နှစ်မှာ စံနှုန်းများနှင့်အညီ ပြင်ဆင်ပြီးစီးထားရမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 16 July 2026
#ပုဂ္ဂလိကကျောင်း #ပညာရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
#Local_News
Published 16 July 2026
■ သူနာပြုသိပ္ပံ(ရန်ကုန်)၏ ဆိုင်းဘုတ်သစ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက ကျောက်တံတားခရိုင်၊ လသာမြို့နယ်ရှိ သူနာပြုသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
■ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
■ အခမ်းအနားအစီအစဉ်အရ နိုင်ငံတစ်ဝန်းရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲကိုတစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က Virtual စနစ်ဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
■ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက သူနာပြုသိပ္ပံ(ရန်ကုန်)၏ ဆိုင်းဘုတ်သစ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
■ ထို့အပြင် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကမ္ပည်းမော်ကွန်းအား အမွှေးနံသာရည်ဖြင့် ပက်ဖြန်းဂုဏ်ပြုခဲ့ကြသည်။
■ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သူနာပြုသိပ္ပံ(ရန်ကုန်)ရှိ ကွန်ပျူတာခန်း၊ ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးခန်း (Skill Lab) တွင် သင်ကြားလေ့ကျင့်နေမှုများ၊ စာကြည့်တိုက်၊ ထမင်းစားဆောင်၊ မီးဖိုဆောင်နှင့် စာသင်ခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 16 July 2026
၁။ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော်(၁၀၀)ပြည့်အကြို မွေးနေ့ပူဇော်ပွဲကျင်းပမည်
၂။ မော်တော်ယာဉ် အမည်ပြောင်းမှတ်ပုံတင်ခြင်းကို VAVS စနစ်ပြောင်းလဲကျင့်သုံး
၃။ ဝဥ၊ ချဥ်ပေါင်ဖာလာ ၊သီဟိုစေ့တင်ပို့မှုမှဒေါ်လာ (၉၄)သန်းကျော်ရရှိပြီးလျာထားချက်ထက်ကျော်လွန်
၄။ တရုတ်၏6Gနည်းပညာအစီအစဉ်ဖြင့် တိုင်းပြည်စီးပွားရေးကဏ္ဍများပိုမိုအားကောင်းလာစေမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ်(တိုက်ရိုက်)
Published 16 July 2026
၁။ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော်(၁၀၀)ပြည့်အကြို မွေးနေ့ပူဇော်ပွဲကျင်းပမည်
၂။ မော်တော်ယာဉ် အမည်ပြောင်းမှတ်ပုံတင်ခြင်းကို VAVS စနစ်ပြောင်းလဲကျင့်သုံး
၃။ ဝဥ၊ ချဥ်ပေါင်ဖာလာ ၊သီဟိုစေ့တင်ပို့မှုမှဒေါ်လာ (၉၄)သန်းကျော်ရရှိပြီးလျာထားချက်ထက်ကျော်လွန်
၄။ တရုတ်၏6Gနည်းပညာအစီအစဉ်ဖြင့် တိုင်းပြည်စီးပွားရေးကဏ္ဍများပိုမိုအားကောင်းလာစေမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 34 of 2053