#Local_News
Published 22 October 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး စွန်းလွန်းချောင်းရေ မြင့်တက်လာခြင်းကြောင့်ဒေသခံများကို ယနေ့မနက်အစောပိုင်း၌ ဘေးလွတ်ရာများသို့ ပြောင်းရွေ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး စွန်းလွန်းချောင်းရေ မြင့်တက်လာမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် အောက်တိုဘာ ၂၃ရက်နေ့၊ မနက်၂ နာရီ အချိန်တွင် စွန်းလွန်းချောင်းအနီးရှိ အိမ်ထောင်စုများအား မြင်းခြံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ မြင်းခြံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရေဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 October 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အရုပ်အရောင်းဆိုင်တစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ ၂၃ရက်နေ့၊ မနက် ၇ နာရီ၂၅မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၈ လမ်း၊ ၃၄ x ၃၅ လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ "၆၈ -လမ်း ၊၃၃-၃၄ လမ်း မီးသတင်းရ လို့ နယ်မြေခံကားတွေ ထွက်ခွါငြှိမ်းသတ်ခဲ့ပါတယ်။ TTC လူနေတိုက်ခန်း အရုပ်ရောင်းဆိုင် မီးလောင်ခဲ့တာပါ၊ ၇နာရီ ၄၁မိနစ်မှာမီးငြိမ်းပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ချမ်းအေးသာစံမြိုနယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၇နာရီ ၄၁ မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် မီးလောင်မှုဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးများအားဆက်လက် စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၃ အောက်တိုဘာ ၂၀၂၄
တက္ကဆပ်ပြည်နယ်ရဲ့ ရှေ့နေချုပ် ကင်ပက်တွန်က အချို့သော မှတ်ပုံတင်ထားတဲ့မဲဆန္ဒရှင်တွေရဲ့ နိုင်ငံ သားဖြစ်မှုအခြေအနေကို ကူညီပံ့ပိုးမှုမလုပ်လို့ဆိုပြီး သမ္မတဂျိုးဘိုင်ဒင်ရဲ့ အစိုးရကို အင်္ဂါနေ့က တရားစွဲဆိုလိုက် ပါတယ်။
တက္ကဆပ်ပြည်နယ် အနောက်ပိုင်းဒိစတြိတ် တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပြီး ဘိုင်ဒင်အစိုးရ အထူးသဖြင့် ပြည်တွင်းလုံခြုံရေးဌာနဟာ အချို့သော မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်တွေရဲ့ နိုင်ငံသားဖြစ်မှုအခြေ အနေသတင်းအချက်အလက်တွေပေးဖို့ ပြည်နယ်က တောင်းဆိုထားတဲ့အပေါ် ဘာမှမတုန့်ပြန် မကူညီတဲ့ အတွက် ယခုလိုတရားစွဲလိုက်တာလို့ဆိုပါတယ်။
တက္ကဆပ်ပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင် ၁၇.၉ သန်းထဲမှာ လူပေါင်း လေးသိန်းခွဲရဲ့ နိုင်ငံသား ဖြစ်မှုအခြေအနေကို ပြည်နယ်ကသိလိုတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ် ရွေးကောက်ပွဲတွေမှာ နိုင်ငံသားမဟုတ်သည့်သူတွေ မဲပေးခြင်းဟာ တရား မဝင်ပါဘူး။ အဲသလို တရားမဝင်မဲပေးမှုအချို့ကို ပြည်နယ်နှင့် ပုဂ္ဂလိက သုံးသပ်လေ့လာသူတွေက တွေ့ရှိ ထားခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာလ ၅ ရက်ရွေးကောက်ပွဲမှာ နိုင်ငံသားမဟုတ်တဲ့သူတွေ အများကြီး မဲလာပေးနိုင်တယ်လို့ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် သူ့ရဲ့ မဟာမိတ်တွေက စောဒက တက်ထားကြပါတယ်။
ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်အပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက ဘာမှမတုန့်ပြန်သေးဘူး လို့သတင်းကရေးသားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ရတာဟာ ဘိုင်ဒင်တို့က မဲမသမာမှုအများအပြားလုပ်ခဲ့တာကြောင့်လို့ ထရမ့်က အမြဲပြောနေခဲ့ပါတယ်။
တက္ကဆပ်ပြည်နယ် ရှေ့နေချုပ် ပက်တွန်ရဲ့ရုံးက အောက်တိုဘာ ၁၉ရက်အထိနောက်ဆုံးထား မှတ်ပုံတင် ရမယ့် မဲဆန္ဒရှင်စာရင်းထဲမှာ တရားမဝင်မှတ်ပုံတင်ထားသူတွေရှိကောင်းရှိလိမ့်မယ်ဆိုပြီး အဲဒီလူပေါင်း လေးသိန်းခွဲဟာ အမေရိကန်နိုင်ငံသားဟုတ်မဟုတ် အကြောင်းပြန်ပေးဖို့ အမေရိကန်အစိုးရကို ယခု လစောစောပိုင်းက စာပို့ခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ဒင်အစိုးရက ဘာတစ်ခုမှမတုန့်ပြန်ခဲ့ပါဘူး။
“ စာရင်းမှာပါတဲ့ မဲဆန္ဒရှင်အများစုဟာ မဲပေးခွင့်ရှိတဲ့ အမေရိကန်နိုင်ငံသားတွေဖြစ်ဖို့များပါတယ်။ ဘာ သတင်းအချက်အလက်မှထပ်မရဘဲနှင့် တက္ကဆပ်ပြည်နယ်အနေနှင့် စာရင်းပါတွေထဲမှာ ဘယ်သူတွေ ဟာ မဲပေးခွင့်မရှိကြတဲ့ နိုင်ငံသားမဟုတ်သူတွေဆိုတာကို ဘယ်လိုမှသိနိုင်မှာမဟုတ်ဘူး” လို့ ရှေ့နေချုပ် ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
Ref: Reuters
#World_News
Published 23 October 2024
▪️ နိုင်ငံတကာမှာ အခြေအနေတွေက မတည်မငြိမ် ဖြစ်နေပြီး ရာစုနှစ်အတွင်း ပြောင်းလဲမှုများစွာ ဖြစ်နေပေမယ့် ရုရှားနဲ့ တရုတ်တို့ရဲ့ ဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုက တည်ငြိမ်အေးချမ်းရေးကို အားဖြစ်စေတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြောပါတယ်။
▪️ ကမ္ဘာမှာ အမေရိကန်က လက်ဝါးကြီးအုပ်ပြီး စစ်အေးတိုက်ပွဲဖန်တီးနေတယ်လို့ စွပ်စွဲလိုက်ကာ အမေရိကန်ရဲ့ အင်အားကြီးပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ ရှီကျင့်ဖင်နဲ့ ပူတင်တို့ဟာ မေလတုန်းက မိတ်ဖက်ဆက်ဆံရေး ခေတ်သစ်ထူထောင်ရန် ကတိပြုခဲ့ကြပါတယ်။
▪️ "အခုလက်ရှိမှာ ကမ္ဘာကြီးက နှစ်ရာချီအတွင်း မကြုံစဖူး ပြောင်းလဲမှုများ ဖြတ်သန်းနေရပြီး နိုင်ငံတကာ အခြေအနေက ပရမ်းပတာတွေ အနှောင့်အယှက် ဖြစ်နေတယ်" လို့ ရုရှား ကာဇန်မြို့မှာ ကျင်းပတဲ့ BRICS အစည်းအဝေးမှာ ရှီကျင့်ဖင်က ပူတင်ကို ပြောသွားပါတယ်။
▪️ ရုရှားနဲ့ တရုတ်တို့ကြား ချစ်ကြည်ရင်းနှီးမှုက နောက်မျိုးဆက်တွေတိုင်အောင် ဆက်ရှိနေမယ်လို့ အခိုင်အမာ ယုံကြည်ထားပြီး ပြည်သူတွေအတွက် တိုင်းပြည်ရဲ့ တာဝန်သိမှုတွေက ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
▪️ ယူကရိန်းနဲ့ စစ်ဆင်နွှဲနေတဲ့ ရုရှား၊ စီးပွားရေးနဲ့ စစ်ရေးဖွံ့ဖြိုးမှုကြောင့် အမေရိကန်မှ တုန့်ပြန်ဆောင်ရွက်ခြင်းကို ခံနေရတဲ့ တရုတ်တို့ဟာ တူညီတဲ့ ဘူမိနိုင်ငံရေးပြဿနာ ကြုံလာရပါတယ်။
▪️ ၁၉၉၁ ဆိုဗီယက်ပြိုကွဲပြီး ရှုတ်ချခံရခြင်း၊ ရာစုနှစ်တွေတိုင်အောင် ဥရောပကနေ တရုတ်ကို လွှမ်းမိုးထားခြင်းတို့ကြောင့် ရုရှားနဲ့ တရုတ်တို့ဟာ အနောက်တိုင်းကို တန်ပြန်ရန် ကြိုးပမ်းလာပါတယ်။
▪️ အမေရိကန်က တရုတ်ကို အဓိကပြိုင်ဘက်အဖြစ် မြင်နေပြီး ရုရှားကိုတော့ တိုင်းပြည်အဆင့် ခြိမ်းခြောက်သူအဖြစ် ရှုမြင်နေပါတယ်။
▪️ ကမ္ဘာ့အရေးတွေမှာ ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်ရေးဟာ တည်ငြိမ်အေးချမ်းရေးအတွက် တွန်းအားတစ်ရပ်ဖြစ်တယ်လို့ ပူတင်က ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုရဖို့အတွက် ဘက်စုံကဏ္ဍအားလုံးမှာ ပူးပေါင်းဆောင်ရွက်ချက် မြှင့်တင်သွားဖို့ ရည်ရွယ်ထားကြောင်း ဆိုပါတယ်။
▪️ BRICS အဖွဲ့အစည်းဟာ လက်ရှိကမ္ဘာပေါ်မှာ ဈေးကွက်စီးပွားရေး တိုးတက်ဖွံ့ဖြိုးနေတဲ့ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးဆုံးအုတ်မြစ် ဖြစ်တယ်လို့ ရှီကျင့်ဖျင်က ပြောသွားပါတယ်။
#Source: Reuters
#World_Health
Published 23 October 2024
▪️ ရောင်ရမ်းခြင်းဖြစ်စဉ်က ဒဏ်ရာရခြင်း၊ ရောဂါဝင်ရောက်ခြင်း၊ တစ်ခုခုအန္တရာယ်ရှိတဲ့ လှုံ့ဆော်မှုတို့ကို ခန္ဓာကိုယ်ကနေ သဘာဝအလျောက် တုန့်ပြန်တာ ဖြစ်ပါတယ်။
▪️ အထူးသဖြင့် ရောဂါကူးစက်မှုများနဲ့ ထိခိုက်ဒဏ်ရာများကို ခုခံအားစနစ်ကနေ ကာကွယ်ပေးတာ ဖြစ်ပါတယ်။
▪️ ခဏတာ ရောင်ရမ်းခြင်းကြောင့် နီမြန်းခြင်း၊ ဖောရောင်ခြင်း၊ နာကျင်ပူလောင်ခြင်းတို့ ဖြစ်ရပေမယ့် ကြာရှည်လာတဲ့ အခါမှာတော့ ခုခံအားချို့ယွင်းခြင်း၊ အဝလွန်ခြင်း၊ ဖိစီးမှုခံစားရခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ လိုအပ်တဲ့ အာဟာရဓာတ်များ ဖြည့်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေးစွမ်းနိုင်တဲ့ အစားအစာများက ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
(၁) နနွင်း
▪️ ရောင်ရမ်းခြင်းကို ဆန့်ကျင်နိုင်တဲ့ စွမ်းအားမြင့်ပစ္စည်းဖြစ်ပြီး သူ့မှာပါတဲ့ ကာကူမင်ဓာတ်က ရောင်ရမ်းခြင်းဖြစ်စေတဲ့ မော်လီကျူးတွေကို တားဆီးပေးပါတယ်။
အစားအစာတွေထဲ ထည့်သွင်းစားသုံးခြင်းဖြင့် ဖောရောင်ခြင်းကို သဘာဝအတိုင်း သက်သာစေပါတယ်။
(၂) ဂျင်း
▪️ သူ့မှာပါဝင်တဲ့ ဂျင်ဂျရောလ်က ရောင်ရမ်းခြင်းနဲ့ ဓာတ်တိုးခြင်းတို့ကို ဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
အူလမ်းကြောင်းနဲ့ အဆစ်အမြစ် ရောင်ရမ်းခြင်းတို့ကိုလည်း သက်သာစေပါတယ်။
(၃) အဆီပါသောငါး
▪️ ဆော်လ်မွန်၊ ငါးကွမ်းရှပ်၊ ဆာဒင်းငါးတို့က အိုမီဂါ-၃ ဖက်တီးအက်ဆစ် ကြွယ်ဝပြီး ခန္ဓာကိုယ်ထဲက ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
အဆိုပါ အာဟာရဓာတ်တွေက ရောင်ရမ်းမော်လီကျူးများ ထုတ်လုပ်မှုကို လျှော့ချပေးကာ နှလုံးရောဂါ၊ အဆစ်ရောင်၊ နာတာရှည်ရောဂါများ တိုက်ဖျက်ပေးနိုင်ပါတယ်။
(၄) အစိမ်းရောင်ဟင်းရွက်များ
▪️ ဟင်းနုနွယ်၊ ကိုက်လံတို့လို အစိမ်းရောင်ဟင်းရွက်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပြည့်နေပြီး အစာခြေခြင်းကို ကူညီပေးတဲ့အပြင် အူလမ်းကြောင်းထဲက ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
(၅) ဘယ်ရီသီးများ
▪️ ဘယ်ရီသီးတွေမှာ အန်သိုဆိုင်ယာနင်ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မြင့်မားစွာ ပါဝင်ပြီး ရောင်ရမ်းခြင်းကို ဆန့်ကျင်ခြင်း၊ ဓာတ်တိုးခြင်းကို ဆန့်ကျင်ခြင်းစတဲ့ အစွမ်းသတ္တိများလည်း ရှိတာကြောင့် နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို ကာကွယ်ပေးကာ နှလုံးကျန်းမာရေး ကောင်းမွန်စေပါတယ်။
(၆) အခွံမာသီးများ
▪️ သစ်ကြားသီး၊ ဗာဒံစေ့တို့လို့ အခွံမာသီးတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ၊ အမျှင်ဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။
အခွံမာသီးတွေကို နေ့စဉ်အနည်းငယ်မျှ စားသုံးခြင်းဖြင့် နှလုံးကျန်းမာရေး ကောင်းမွန်စေပြီး ရောင်ရမ်းခြင်းလက္ခဏာတွေ လျှော့ချပေးပါတယ်။
(၇) ချီယာစေ့
▪️ ချီယာစေ့ဟာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ အမျှင်ဓာတ်တို့ ကြွယ်ဝတာကြောင့် အစာခြေကျန်းမာရေးကို ကောင်းမွန်စေပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
#Source: DoctorNDTV
#World_Health
Published 23 October 2024
▪️ လေယာဉ်စီးနေတဲ့အချိန်မှာ အစားမစားသင့်ဘူးလို့ လက်စ်ဗေးဂတ်စ်မှ လေ့ကျင့်ခန်းနည်းပြ မိုက်ကယ်ရှီဒီက ပြောပါတယ်။
▪️ အူလမ်းကြောင်း လှုပ်ရှားမှုက လေယာဉ်အတွင်း ဖိအား၊ အမြင့်ပေတို့နဲ့ သက်ဆိုင်နေပြီး လေယာဉ်ပေါ်မှာ စားသောက်ခြင်းဖြင့် အစာကောင်းစွာမကြေဘဲ အစာအိမ်အူနံရံ ရောင်ရမ်းစေနိုင်တယ်လို့ ရှင်းပြပါတယ်။
▪️ ခရီးသွားလာခြင်းကြောင့် ခန္ဓာကိုယ်တွင်း သဘာဝဖြစ်စဉ်တွေ အနှောင့်အယှက် ဖြစ်ရတယ်လို့ ဟားဗတ်မှ အစာအူလမ်းကြောင်း ပညာရှင် ကိုင်းလ်စတော်လာက ပြောပါတယ်။
▪️ ကလိဗ်လန်းဆေးခန်းမှ ပညာရှင်များကလည်း လေယာဉ်ဖိအားကြောင့် အစာအိမ်ထဲ လေပွကာ အူနံရံတွေချဲ့လာပြီး ပျို့အန်ချင်သလို ခံစားရတာဖြစ်တယ်လို့ ရှင်းပြပါတယ်။
▪️ ဒီအတွက် လေဆိပ်ရောက်တဲ့အချိန်မှာ ဟမ်ဘာဂါ၊ အာလူးကြော်တို့လို အငန်များတဲ့ အစားအစာတွေ မစားဖို့ ပညာရှင်များ အကြံပြုထားပါတယ်။
▪️ ဒယ်လ်တာလေကြောင်းလိုင်းမှ လေယာဉ်မှူး ပေါလ်ယာနိုဝစ်ဇ်ကလည်း ဆိုဒီယံများတဲ့ အစားအစာတွေကို ရှောင်ရှားသင့်တယ်လို့ သဘောတူလိုက်ကာ အမြင့်ပေ ၃ သောင်းလောက် ရောက်တဲ့အခါမှာ လေပွခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းတို့ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
▪️ အသံလွှင့်သရုပ်ဆောင် ရိုင်ယန်ပီနယ်ဒိုကတော့ လေယာဉ်ကို ပထမတန်းကနေ စီးရင်တောင် အကောင်းစား စားစရာတွေမစားဘဲ ရေနဲ့ ရေဓာတ်ဖြည့်အရည်များသာ သောက်သုံးတယ်လို့ ဖော်ပြထားပါတယ်။
▪️ မစားရရင် မနေနိုင်တဲ့ သူတွေအတွက်တော့ ရေဓာတ်များတဲ့ သခွားသီး၊ ငရုတ်ပွသီး၊ နံနံပင်၊ ခရမ်းချဉ်သီး၊ ဖရဲသီးတို့အပြင် ပရိုတိန်းပါတဲ့ စားစရာတွေ ယူဆောင်လာသင့်တယ်လို့ အာဟာရပညာရှင် ဂျိုဝုဒ်ဟာ့စ်က ပြောသွားပါတယ်။
#Source: New York Post
ရေခဲပြင်များအလွန် လျင်မြန်စွာအရည်ပျော်လာသဖြင့် ဆွစ်ဇာလန်နှင့်အီတလီကြားနယ်စပ်မျဉ်းပြန်လည်ရေးဆွဲရတော့မည်
ဆွစ်ဇာလန်နဲ့ အီတလီနိုင်ငံတို ထိစပ်နယ်စပ်ကြားရှိ ရေခဲပြင်များ အရည်ပျော်နေတာကြောင့် အဲ့လ်စ်တောင်တန်းမှာရှိတဲ့ နှစ်နိုင်ငံနယ်စပ်စည်းမျဉ်း ပြန်ရေးဆွဲရမယ်လို့ ဆွစ်ဇာလန်အစိုးရက ပြောပါတယ်။
#World_Climate
Published 22 October 2024
#ရေခဲပြင်များအလွန် #ဆွစ်ဇာလန်နှင့်အီတလီ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 22 October 2024
၁။ မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တွင်မိုးကြီးပြီးနေအိမ်ထဲရေများ ဝင်ရောက်ခြင်းများရှိနေ
၂။ သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာ၌ တိုက်၄၃ လုံးနှင့် လစ်လပ်အခန်းများအား မဲစနစ်ဖြင့် ရွေးချယ်သွားမည်
၃။ မုန်တိုင်းနှင့်အနီးဆုံး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီဒေသများမိုးများပြီး မိုးသက်လေပြင်းဆက်တိုက်နိုင်
၄။ ရေခဲပြင်များအလွန် လျင်မြန်စွာအရည်ပျော်လာသဖြင့် ဆွစ်ဇာလန်နှင့်အီတလီကြားနယ်စပ်မျဉ်း ပြန်လည်ရေးဆွဲရတော့မည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ၂၄ရပ်ကွက်၊ အင်းပေါက်စုအပါအဝင် ရပ်ကွက်အချို့မှာ ရေဝင်နစ်မြုပ်နေတာကြောင့် ရေသန့်နဲ့ စားစရာတွေလိုအပ်နေတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 22 October 2024
#အင်းပေါက်စု #ရပ်ကွက်အချို့ရေမြုပ်
#YMG/NN #Yangon_Times
#Local_News
Published 22 October 2024
▪️ ရွှေသယ်ဆောင်လာသည့် ရွှေသေတ္တာများကို လုယက်သွားသည့်ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီးနောက် ရွှေပိုင်ရှင်များကိုလုံခြုံရေးသတိထားရန်၊ CCTVတွေတပ်ဆင်ထားရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သတိပေးချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။
▪️ အောက်တိုဘာလ(၂၁)ရက်က ကမာရွတ်မြို့နယ်ထဲမှာဖွင့်လှစ်ထားတဲ့ ရွှေယုံရွှေဆိုင်မှ ရွှေသေတ္တာသုံးလုံးနဲ့ ထည့်ထားတဲ့ရွှေငါးပိဿာကိုပိုင်ရှင်ကနေအိမ်(လှိုင်မြို့နယ်၊(၄)ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး၊ ခြံအမှတ်(၂))ရှေ့ သို့ကားဖြင့် ပြန်ပို့ခိုင်းရာမှ အဆိုပါလှိုင်မြို့နယ်နေအိမ်အနီးတွင်ေ-သနတ်ဖြင့်ပစ်ခတ်လုယက်သွားသည်ဟု ဖော်ပြထားသည်။
▪️ သို့ဖြစ်၍ ရန်ကုန်တိုင်းအတွင်း ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် မိမိရွှေဆိုင်များတွင် CCTVများတပ်ဆင်ထားသည့် အတိုင်း မိမိတို့ နေထိုင်သည့် အိမ်နေရာပတ်ဝန်းကျင်နှင့်ကားပါကင်နေရာများတွင် CCTV Camera များ တပ်ဆင်ခြင်း၊ အရေးပေါ် Alarm Bellများတပ်ဆင်ခြင်း၊မိမိတို့ရွှေ၊ငွေသယ်ဆောင်သည့် ကားများတွင် Cameraများတပ်ဆင်ခြင်း၊ GPS စနစ်များထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင်ထားပြီး ဒုစရိုက်လုယက်မှုများမဖြစ်ပေါ်အောင် ကာကွယ်နိုင်ရန်အသိပေးပန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
မုန်တိုင်းနဲ့အနီးဆုံး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီဒေသများမိုးများပြီး မိုးသက်လေပြင်းတိုက်ခတ်တာ တွေ(၂)ရက်ဆက်တိုက်ဖြစ်နိုင်သေးတယ်လို့ သိရပါတယ်။
#Local_News
Published 22 October 2024
#မိုးသက်လေပြင်း #မုန်တိုင်းနှင့်အနီးဆုံး
#YMG/tthl #Yangon_Times
မုန်တိုင်းနဲ့အနီးဆုံး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီဒေသများမိုးများပြီး မိုးသက်လေပြင်းတိုက်ခတ်တာ တွေ(၂)ရက်ဆက်တိုက်ဖြစ်နိုင်သေးတယ်လို့ သိရပါတယ်။
#Local_News
Published 22 October 2024
#မိုးသက်လေပြင်း #မုန်တိုင်းနှင့်အနီးဆုံး
#YMG/tthl #Yangon_Times
Page 30 of 1463