ဂျပန်နိုင်ငံမှာ ကျင်းပမယ့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ-၁၂ လက်ရွေးစင်အသင်းအတွက် စခန်းသွင်းလေ့ကျင့်မှုကို ယခုလ၂၅ရက်နေ့မှ စတင်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF)မှ သိရပါတယ်။
#Local_News
Published 22 July 2026
#U-12_Junior_Soccer_World_Challenge
#YMG/SW #Yangon_Times
မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်ဖြစ်သောရုပ်သေးသဘင်ပညာရေရှည်တည်တံ့ခိုင်မြဲစေဖို့ရည်ရွယ်ပြီး မြန်မာ့ရုပ်သေးစကားဝိုင်းကို ရန်ကုန်မြိုရှိ Governor's Residence မှာ ဇူလိုင်(၂၀)ရက်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ် ။
#Local_News
Published 22 July 2026
#ရုပ်သေးသဘင်ပညာ
#YMG/NN #Yangon_Times
ကြက်ဥဈေးနှုန်းများဆက်လက်မြင့်တက်ခြင်းမရှိစေရေးအတွက် သက်ဆိုင်ရာအစုအဖွဲ့အနေဖြင့် ကြက်ဥဖြန့်ဖြူးရောင်းချသူများနှင့်ညှိနှိင်းပေါင်းစပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွံချုပ်က ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 22 July 2026
#ကြက်ဥ
#YMG/SW #Yangon_Times
ယူရီးယားနဲ့ကွန်ပေါင်းဓာတ်မြေဩဇာများကို တောင်သူများအနေနဲ့ ဒေသအလိုက်လွတ်လပ်စွာဝယ်ယူနိုင်ဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA)ကသိရပါတယ်။
#Local_News
Published 22 July 2026
#ကွန်ပေါင်းဓာတ်မြေဩဇာ
#YMG/NN #Yangon_Times
#Local_News
Published 22 July 2026
■ မြစ်ကြီးနား-မိုးညှင်း ရထား လမ်းပိုင်းတွင် အမှတ် (၄၉) အဆန် မိုးညှင်း-မြစ်ကြီးနားနှင့် အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးညှင်းရထားခရီးစဉ်များကို ယမန်နေ့က စတင်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရသည်။
■ အဆိုပါ အမှတ် (၄၉) အဆန် မိုးညှင်း-မြစ်ကြီးနားလူစီးရထားသည် မိုးညှင်းဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးညှင်းလူစီးရထားသည် မြစ်ကြီးနားဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မိုးညှင်းဘူတာသို့ မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။
■ ခရီးစဉ် လက်မှတ်ခနှုန်းထားမှာ ခရီးစဉ် အစ/အဆုံးအထက်တန်းအတွက် ငွေကျပ် ၂၅၀၀၀ နှင့် ရိုးရိုးတန်းအတွက် ငွေကျပ် ၁၅၀၀၀ ကျသင့်မည်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် ဘူတာစဉ် ရပ်တန့်ပေးမည်ဖြစ်ကာ လက်မှတ်များကို သက်ဆိုင်ရာဘူတာများတွင် အထက်တန်းသုံးရက်နှင့် ရိုးရိုးတန်းအတွက် တစ်ရက်ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
■ မြစ်ကြီးနား-မိုးညှင်း-မြစ်ကြီး နားခရီးစဉ်ကို ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ သက်သောင့်သက်သာစီးနင်းလိုက်ပါနိုင်ရေးအတွက် လူစီးရထားခရီးစဉ်ကို ပြေးဆွဲပေးခြင်းဖြစ်ပြီး မြန်မာ့မီးရထားအနေဖြင့် လမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ ခေတ်မီအချက်ပြစနစ် တပ်ဆင်အသုံးပြုနိုင်ခြင်း၊ ခေတ်မီစက်ခေါင်းနှင့် တွဲများ အသုံးပြုလာနိုင်ပြီဖြစ်၍ ရထားအမြန်နှုန်း တိုးမြှင့်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 July 2026
■ ယနေ့မှစတင်ပြီး လာမယ့် ဇူလိုင်လကုန်ပိုင်းအထိ ဒေသအချို့မိုးဆက်ကြီးနိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၂၂/၂၀၂၆)အရသိရသည်။
■ ယနေ့မြန်မာစံတော်ချိန် ၀၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း ယနေ့နံနက်မှ ဇူလိုင် ၃၀ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းဖော်ပြထားသည်။
■ ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
■ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့်ရှိနိုင်ကြောင်း သိရသည်။
■ သို့ဖြစ်ပါ၍ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်း လာနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ် လာနိုင်ခြင်းကြောင့်လည်းကောင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 July 2026
■ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ နှင့်၁၅ ပတ်လည် မြေဩဇာ ၅၀ ကီလိုတစ်အိတ်ကို ၁၃၈,၀၀၀ ကျပ်ဖြင့် သတ်မှတ်လိုက်ကြောင်း ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများအရသိရသည်။
■ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုနေသည့် မြေဩဇာအမျိုးအစားများအတွက် ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများကိုထုတ်ပြန်ထားခြင်းဖြစ်သည်။
■ အဆိုပါထုတ်ပြန်ချက်အရ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်၏ ရည်ညွှန်းလက္ကားဈေးနှုန်းကို ၁၂၀,၀၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းမှာ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။
■ ထို့ပြင် DI Ammonium Phosphate (DAP) အခြေခံ ၁၅ ပတ်လည် မြေဩဇာ ၅၀ ကီလိုတစ်အိတ်ကို ၁၃၈,၀၀၀ ကျပ်ဖြင့် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းမှာ ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ အကျုံးဝင်မည် ဖြစ်ကြောင်း ၊ Complex ၁၅ ပတ်လည် မြေဩဇာအတွက် ရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထားခြင်းမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ အဆိုပါ ရည်ညွှန်းဈေးနှုန်းများမှာ ရန်ကုန်အထိုင် လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချသည့် လက္ကားဈေးနှုန်းများဖြစ်ပြီး ဒေသအလိုက် သယ်ယူပို့ဆောင်ရေးစရိတ်များအပေါ် မူတည်၍ ဈေးနှုန်းကွာခြားနိုင်ကြောင်း အသိပေးထားသည်။
■ ထို့အပြင် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချခြင်းမရှိပါက ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီနှင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း (MFSPEA) သို့ ဆက်သွယ်အသိပေးနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 July 2026
■ ရခိုင်ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများ၏ လူဦးရေစာရင်းများ မှန်ကန်တိကျစေရေး၊ ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်ရေးနှင့် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ ထောက်ပံ့ပစ္စည်းများကို အမှန်တကယ်လိုအပ်သူများထံ စနစ်တကျရောက်ရှိစေရေးတို့ကို အလေးထားဆောင်ရွက်ရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးနိုင်ဦးက တာဝန်ရှိသူများအား ညွှန်ကြားခဲ့ကြောင်းသိရသည်။
■ ယင်းကို ဇူလိုင် ၂၂ ရက်က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ယာယီနေရပ်စွန့်ခွာသူများ၏ လူဦးရေစာရင်း မှန်ကန်စေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
■ ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာသူများ၏ လူဦးရေစာရင်းများကို စနစ်တကျပြုစုထားရှိရေး၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားခွင့် မပြတ်တောက်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီစွာပေးနိုင်ရေးနှင့် ယာယီနေထိုင်ရာ အဆောက်အအုံများ၊ လူနေဆောင်များ အဆင်ပြေကောင်းမွန်စေရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
■ ထို့ပြင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ INGO နှင့် NGO များမှ ထောက်ပံ့ပေးအပ်သည့် ဆေးဝါးများ၊ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို အမှန်တကယ်လိုအပ်သူများထံ မှန်မှန်ကန်ကန်ရောက်ရှိစေရေးအတွက် စနစ်တကျကြီးကြပ်ဆောင်ရွက်ရန်နှင့် လိုအပ်သည့် ဖြည့်ဆည်းပံ့ပိုးမှုများရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ အချိန်မီတင်ပြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
■ အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာသူများ၏ လူဦးရေစာရင်း မှန်ကန်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး၊ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပြန်လည်ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။
■ ယင်းမတိုင်မီ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆန်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း အစီအစဉ်သို့ တက်ရောက်ခဲ့ပြီး ပင်စင်လစာထုတ်ပေးနေမှုနှင့် ကျန်းမာရေးဝန်ဆောင်မှုပေးနေမှုများကို ကြည့်ရှုအားပေးကာ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 22 July 2026
■ နိုင်ငံတကာကုန်သွယ်မှုကွင်းဆက်အတွင်း ပါဝင်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံရှိ ကုန်တင်ပို့သူ (Exporter) နှင့် ကုန်တင်သွင်းသူ (Importer) ကုမ္ပဏီများ၏ စည်းကမ်းလိုက်နာမှု မြှင့်တင်ရေးနှင့် ကုန်သွယ်မှုလုံခြုံချောမွေ့စေရေးအတွက် အကောက်ခွန်ဦးစီးဌာနက အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operator - AEO) အသိအမှတ်ပြုလက်မှတ်များကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းကပေးအပ်ခဲ့ကြောင်း သိရသည်။
■ အဆိုပါ AEO အသိအမှတ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
■ အခမ်းအနားတွင် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက Coca Cola Pinya Beverages Myanmar Co., Ltd (Importer)၊ Paing Family International Co., Ltd (Exporter) နှင့် GOOD BROTHERS’ Co., Ltd (Exporter) တို့အား AEO (Level-1) အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။
■ ထို့ပြင် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက Wilmar Myanmar Riceland Limited (Exporter)၊ Wilmar Myanmar Edible Oils Limited (Importer) နှင့် UPG Paint & Coating Co., Ltd (Importer) တို့အား AEO (Level-2) အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
■ AEO စနစ်သည် အကောက်ခွန်လုပ်ငန်းစဉ်များတွင် စည်းကမ်းလိုက်နာမှုကောင်းမွန်ပြီး ယုံကြည်စိတ်ချရသည့် စီးပွားရေးလုပ်ငန်းများကို အသိအမှတ်ပြုကာ ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ ပိုမိုလျင်မြန်ချောမွေ့စေရန်နှင့် နိုင်ငံတကာကုန်သွယ်မှု လုံခြုံရေးမြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ ယင်းအခမ်းအနားသို့ UMFCCI ဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCI မှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 22 July 2026
■ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် (၅၄) ကြိမ်မြောက် ဝါတွင်းသုံးလကို ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် တရားပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
■ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ ဝါတွင်းသုံးလဖြစ်သည့် ဇူလိုင်လ ၂၉ ရက် (ဝါဆိုလပြည့်)မှ အောက်တိုဘာလ ၂၆ ရက် (သီတင်းကျွတ်လပြည့်)အထိ အပတ်စဉ် ဥပုသ်နေ့တိုင်းဝါဆိုသင်္ကန်းဆက်ကပ်ခြင်း၊ သီလပေးတရားတော်ချီးမြှင့်ခြင်းနှင့် ဓမ္မပူဇာတရားပွဲများ ဟောကြားခြင်းတို့ကို စေတီတော်ရင်ပြင်ရှိ ဆိပ်ကမ်းလုပ်သားများ စုပေါင်းဓမ္မာရုံ၌ ကျင်းပမည်ဖြစ်ကြောင်းသိရသည် ။
■ ထိုသို့ကျင်းပရာတွင် ဝါတွင်းကာလဥပုသ်နေ့များတွင် နံနက် ၁၀နာရီခွဲ အချိန်တွင် သီလပေးတရားတော်များကို ဗိုလ်တထောင်မြို့နယ်ရှိ ဆရာတော်အရှင်သူမြတ်များက ဟောကြားကြားမည် ဖြစ်ပြီး မွန်းလွဲ ၁၂နာရီ ခွဲနှင့် ညနေ ၃ နာရီတို့တွင် စေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကတိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဆရာတော်ကြီးများ၊ နိုင်ငံကျော်ဓမ္မကထိကဆရာတော်ကြီးများက သစ္စာလေးပါးမြတ်တရားနှင့် ခန္ဓာဉာဏ်ရောက် နိဗ္ဗာန်ပေါက်တရားတော်မြတ်တို့ကို ဟောကြားချီးမြှင့်ကြမည်ဖြစ်သည် ။
■ အဆိုပါ ဥပုသ်နေ့များတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းသော အလှူရှင်များ၊ သီလဆောက်တည်သောယောဂီများနှင့် ဘုရားဖူးလာပြည်သူအတွက် စားဖွယ်သောက်ဖွယ်ရာအာဟာရဒါနများ လှူဒါန်းခြင်းများကို အလှူရှင်များနှင့် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ပူးပေါင်းကာ စီစဉ်ထားရှိကြောင်းလည်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 July 2026
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၏ စီးပွားရေးထုတ်လုပ်မှု၊ ဒေသတွင်း GDP နှင့် စားနပ်ရိက္ခာဖူလုံမှု တိုးတက်စေရန် ဒေသအာဏာပိုင်များက ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင်၂၁ ရက်က တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင်၂၁ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ ရန်ကုန်နှင့် ပဲခူးသည် နိုင်ငံ၏ စီးပွားရေးအားကောင်းသည့် အဓိကတိုင်းဒေသကြီး ခြောက်ခုတွင် ပါဝင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME စီးပွားရေးလုပ်ငန်းများနှင့် စက်မှုကုန်ထုတ်လုပ်မှုများကို တိုးမြှင့်ရန်လိုကြောင်း သမ္မတကပြောကြားခဲ့သည်။
■ ထုတ်လုပ်မှုတွင် အရေအတွက်ထက် အရည်အသွေး ကို ဦးစားပေးရမည်ဖြစ်ပြီး ကုန်ပစ္စည်းအမျိုးအစားတူပါက ဈေးနှုန်းသက်သာရန်၊ ဈေးနှုန်းတူပါကအရည်အသွေးပိုမိုကောင်းမွန်ရန်လိုကြောင်းလည်းဆိုသည်။
■ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် လူဦးရေများပြားသည့် ဒေသအတွက် အသားနှင့် ငါးထုတ်လုပ်မှု တိုးမြှင့်ရန်၊ စက်မှုဇုန်များကို စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့ပြတိုးချဲ့မှုများကို Town Plan များဖြင့် ရေရှည်တွက်ချက်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ လမ်း၊ လျှပ်စစ်၊ ရေမြောင်း၊ ဆက်သွယ်ရေး ကြိုးနှင့် မြေအောက်ကေဘယ်လ်စနစ်များကို စနစ်တကျဖော်ဆောင်ရန်နှင့် အမှိုက်စွန့်ပစ်မှု၊ ယာဉ်စည်းကမ်းနှင့် မြို့ပြသန့်ရှင်းသာယာရေးကိုလည်း ကြပ်မတ်ရန်လိုကြောင်း သူကပြောကြားခဲ့သည်။
■ ပဲခူးတိုင်းဒေသကြီးတွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၏ အထွက်နှုန်းမြှင့်တင်ရန်၊ ငါးမွေးမြူရေး လုပ်ငန်းကို တိုးချဲ့ရန်နှင့် စိုက်ပျိုးရေလုံလောက်စေရေး ရေလှောင်တမံနှင့် ရေနုတ်မြောင်းများကို စနစ်တကျစီမံရန်လိုကြောင်း သမ္မတက ပြောသည်။
■ ပြည်ပမှ စားသုံးဆီတင်သွင်းမှုအပေါ် မှီခိုနေရမှုကို လျှော့ချရန် ဆီထွက်သီးနှံစိုက်ပျိုးမှု တိုးမြှင့်ရေးနှင့် ပြည်တွင်းဆီစားသုံးမှု လျှော့ချရေးကိုလည်း သူက တိုက်တွန်းခဲ့သည်။
■ ဦးမင်းအောင်လှိုင်က တိုင်းဒေသကြီးနှစ်ခုစလုံးတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးရေးကို စီးပွားရေးတိုးတက်မှုနှင့်အတူ ဆောင်ရွက်ရန်လိုကြောင်းပြောကြားခဲ့ပြီး ကျောင်းသားများ အမှန်တကယ်ပညာတတ်မြောက်ရေး၊ ဆေးရုံများတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း လုံလောက်ရေးနှင့်ကလေးများအာဟာရပြည့်ဝရေးကို အလေးထားရန်တိုက်တွန်းခဲ့သည်။
■ နိုင်ငံရေး သဘောထားကွဲလွဲမှုများကို လက်နက်ကိုင်နည်းလမ်းထက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်လည်း နိုင်ငံတော်သမ္မတက ထပ်မံအသိပေးပြောကြားခဲ့သည်။
#World_News
Published 22 July 2026
■ အီရန်မှာ စစ်ပွဲဆင်နွှဲနေတဲ့ အမေရိကန်ရဲ့ စစ်ကုန်ကျစရိတ်ဟာ ယခုအချိန်အထိ ဒေါ်လာ ၃၇.၅ ဘီလီယံအထိ မြင့်တက်လာပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီ့တ်ဟက်ဆက်က အင်္ဂါနေ့မှာ ပြောပါတယ်။
■ လူတွေသဘောမကျကြတဲ့ စစ်ပွဲအတွက် အရေးပေါ်ရန်ပုံငွေ ကောက်ခံရန်အတွက် တိုက်ခိုက်မှုကြီးများ ပြုလုပ်ပြီးနောက်ပိုင်း ပထမဆုံးအနေဖြင့် ဥပဒေပြုအမတ်များနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
■ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီအနေဖြင့် လွှတ်တော်နှစ်ရပ်စလုံးမှာ နေရာအများစု ထိန်းသိမ်းနိုင်ရန် ခက်ခဲလာနိုင်ပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ၆ လမျှသာ လိုတော့တဲ့အချိန်မှာ အများပြည်သူသဘောမကျတဲ့ အီရန်စစ်ပွဲအတွက် ကုန်ကျစရိတ်ကြီးမားနေတာကြောင့် စစ်တမ်းများအရ ဒီမိုကရက်တွေ အလေးသာနေပါတယ်။
■ ကုန်ကျစရိတ် ၃၇.၅ ဘီလီယံဒေါ်လာထဲမှာ အချို့သော စစ်ပွဲအကြောင်းအရာတွေအပြင် စက်တင်ဘာ ၃၀ အထိ မျှော်မှန်းထားတာတွေ ပါဝင်တယ်လို့ ဟက်ဆက်က ပြောပါတယ်။
■ ပင်တဂွန်စစ်ဌာနချုပ်က ဘဏ္ဍာရေးအကျပ်အတည်းတွေ ဖြေရှင်းဖို့နဲ့ စစ်ရေးလုပ်ဆောင်ချက်တွေ ဆက်လက်ထိန်းသိမ်းဖို့ ၂၀၂၇ အတွက် ဘက်ဂျက် ၁.၅ ထရီလီယံ တောင်းဆိုထားပါတယ်။
■ ဒေါ်နယ်ထရမ့်ကတော့ ပဋိပက္ခကို ဆက်လက်တင်းမာအောင် ခြိမ်းခြောက်နေပြီး အီရန်ရဲ့ အခြေခံအဆောက်အအုံများနဲ့ စစ်ရေးနေရာများကို ပစ်မှတ်ထားနေပါတယ်။
■ ပဋိပက္ခကြောင့် အမေရိကန်ဘက်မှာ အကျအဆုံးနဲ့ ဒဏ်ရာရသူတွေ ရှိထားသလို အမေရိကန်နဲ့ အီရန်ကြား နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။
Source: Reuters
Page 31 of 2053