မကွေးတိုင်းမှာ ဆီထွက်သီးနှံ စိုက်ဧက (၂၇) သိန်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းကသိရပါတယ်။
#Local_News
Published 13 May 2026
#မကွေးတိုင်း
#YMG/NN #Yangon_Times
#World_Health
Published 13 May 2026
■ လူသားတွေဟာ လက်နက်အသစ်အမျိုးမျိုး ထုတ်လုပ်ဖို့အတွက် အချိန်နဲ့ သယံဇာတရင်းမြစ် အမြောက်အများ သုံးစွဲနေကြပါတယ်။
■ သုတေသီအဖွဲ့က လူတွေကိုကြောက်စိတ်ဖြစ်ပေါ်စေတဲ့ အသံလှိုင်းဖြင့်စနစ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။
■ ရက်ဘောက်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ဦးဆောင်ကာ ဦးနှောက်မှာ ကြောက်စိတ်တုံ့ပြန်စေတယ်လို့ ထင်ရတဲ့ amygdala အစိတ်အပိုင်းလေးကို လေ့လာခဲ့ကြပါတယ်။
■ ဒီအရာက အန္တရာယ်တွေကနေ သင်ခန်းစာကို အမြန်အဆန်သိမြင်သွားကြပြီး အန္တရာယ်မရှိတော့ရင်တောင်မှ စွဲကျန်နေစေတဲ့အပြင် PTSD လို ဝေဒနာရှင်တွေမှာ အမြဲတမ်းကြောက်စိတ်ဖြစ်ပေါ်စေတဲ့ ပြဿနာတွေပါ ဖြစ်လာပါတယ်။
■ သုတေသီတွေက ကျန်းမာသန်စွမ်းတဲ့ စမ်းသပ်ခံသူတွေမှာ ဦးခေါင်းသို့ အသံလှိုင်းရိုက်ခတ်စေပြီး မြွေပုံတွေကို ဓာတ်လိုက်ချက်တွေနဲ့ ယှဉ်တွဲပေးခဲ့ပါတယ်။
■ ဒါဟာ ဦးနှောက်က တစ်ခုခုကို ကြောက်စေအောင် သင်ကြားပေးဖို့ ဖြစ်ပါတယ်။
■ amygdala ကို အသံလှိုင်းတွေနဲ့ ဖိနှိပ်ထားတဲ့အခါ အကြောက်တရား ဖြစ်ပေါ်ဖို့ နှောင့်နှေးသွားပြီး အန္တရာယ်မရှိတော့တဲ့အခါမှာလည်း ကြောက်စိတ်က အမြန်ဆုံးပျောက်ကွယ်သွားပါတယ်။
■ hippocampus လို့ခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းကို စမ်းသပ်ရာမှာတော့ ဘာသက်ရောက်မှုမှ မရှိတာကြောင့် amygdala ကပဲ ကြောက်စိတ်ဖြစ်ပေါ်မှုမှာ သီးသန့်ပါဝင်နေပါတယ်။
■ ဘေးထွက်ဆိုးကျိုးအနေနဲ့ အန္တရာယ်တွေအကြောင်း တိတိကျကျ သိပ်မမှတ်မိဘဲ အန္တရာယ်ဖြစ်နှုန်းကို အလွန်အကျွံ ဖော်ညွှန်းတတ်ကြပါတယ်။
■ amygdala ဖောက်ထွင်းအသံလှိုင်းနည်းပညာက PTSD နဲ့ စိုးရိမ်ပူပန်မှု ခံစားရသူတွေအတွက် ကြောက်စိတ်တုံ့ပြန်မှုတွေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
Source: India Today
#World_Science
Published 13 May 2026
■ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅,၈၀၀ ခန့်က ကမ္ဘာ့သက်တမ်းအစောဆုံးခွေးကို မျိုးရိုးဗီဇသုတေသနမှာ ရှာတွေ့ခဲ့ပါတယ်။
■ ရှေးခေတ်မုဆိုးများ စုဝေးတည်ရှိရာ တူရကီ ပီနာဘာဆီကျောက်ဆောင်မှာ ရှာတွေ့ခဲ့တာဖြစ်ပြီး ဒီခွေးက ယခင်အစောဆုံးလို့ တွေ့ရှိခဲ့တဲ့ခွေးထက် နှစ် ၅ ထောင်လောက်ပိုပြီး စောနေပါတယ်။
■ ဒါကြောင့် ခွေးတွေဟာ လွန်ခဲ့တဲ့ နှစ်ထောင်ချီတည်းက လူသားမျိုးနွယ်တွေကြားမှာ တည်ရှိခဲ့တယ်ဆိုတဲ့သဘော ယူဆရပါတယ်။
■ ထိုအချိန်က ဝံပလွေတွေနဲ့ မျိုးရိုးဗီဇကွဲပြားခဲ့ပြီး နောက်ဆုံးရေခဲခေတ်မတိုင်ခင် မျိုးရိုးတွေ ကွဲပြားနေခဲ့တာ ဖြစ်နိုင်ပါတယ်။
■ ပီနာဘာဆီမှ ခွေးဟာ လူသားတွေ မွေးမြူခဲ့တဲ့ ပထမဆုံးသတ္တဝါ ဖြစ်ပြီး ဆိတ်၊ သိုး၊ ကျွဲနွား၊ ကြောင်တွေထက် ပိုပြီးစောပါတယ်။
■ လူမှုအသိုင်းအဝိုင်းတွေ ရှုပ်ထွေးပြောင်းလဲလာခဲ့တဲ့ တလျှောက်လုံး ခွေးတွေက လူသားတွေအတွက် အဖော်ဖြစ်ခဲ့ပြီး အခြားအိမ်မွေးတိရိစ္ဆာန်တွေထက် ပိုပြီးအားကိုးအားထား ပြုခဲ့ပါတယ်။
■ အစောဆုံးလို့ သိထားခဲ့တဲ့ခွေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄,၂၀၀ ခန့်က ဆွစ်ဇာလန်မှ ဥရောပခွေးဖြစ်ပါတယ်။
■ ရှေးခေတ်တူးဖော်တွေ့ရှိချက်များအရ မုဆိုးတွေဟာ ခွေးတွေကို တန်ဖိုးထားသတ်မှတ်ခဲ့ကြပြီး လူတွေဘေးနားမှာ မြေမြှုပ်ကြသလို အစားအစာတွေလည်း ကျွေးမွေးခဲ့ပါတယ်။
■ ရှေးခေတ်ကခွေးတွေဟာ မုဆိုးတွေ အမဲလိုက်ရာမှာ ပါဝင်ကူညီပြီး သတိပေးတဲ့အနေနဲ့လည်း တာဝန်ကျေခဲ့ဖွယ် ရှိပါတယ်။
Source: India Today
၁၂ မေ၊၂၀၂၆
ထိုင်းနိုင်ငံအတွင်း မြင့်တက်လာနေသော နိုင်ငံခြားသားများ၏ ရာဇဝတ်မှုများကို နှိမ်နင်းရန်အတွက် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ (RTP) က အဆင့်သုံးဆင့်ပါဝင်သော နှိမ်နင်းရေးစီမံချက်တစ်ရပ်ကို ချမှတ်ခဲ့ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနကလည်း နိုင်ငံခြားသားများ အခြေချနေထိုင်မှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ကော်မတီယန္တရားများ ဖွဲ့စည်းရေး ဆွေးနွေးလျက်ရှိကာ အာဏာပိုင်များအနေဖြင့် တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီဖြစ်သည်။
အမျိုးသားရဲချုပ် ရဲဗိုလ်ချုပ်ကြီး Kittharath Punpetch က နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် နိုင်ငံခြား သားများ၏ အခြားတရားမဝင် လှုပ်ရှားမှုများကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်၍ အရေးပေါ် သုံးလတာ စီမံချက်အပါအဝင် တင်းကျပ်သော အစီအမံများကို အင်္ဂါနေ့တွင် အမိန့်ပေး ထုတ်ပြန်ခဲ့သည်။
ယင်းအစီအမံများသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ တရားမဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ထိုင်းနိုင်ငံ အား ရာဇဝတ်မှုများအတွက် ကြားစခန်း သို့မဟုတ် ပုန်းခိုရာနေရာအဖြစ် အသုံးချခြင်းတို့ကို တားဆီးရန် အဓိကထားကြောင်း၊ ထို့ပြင် ပြည်သူတို့၏ လုပ်ကိုင်စားသောက်မှုနှင့် နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက် စေသည့် တရားမဝင် အလုပ်အကိုင်များနှင့် အမည်ခံ (Nominee) စီးပွားရေးလုပ်ငန်းများကိုလည်း တား ဆီးသွားမည်ဖြစ်ကြောင်း ရဲပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲဗိုလ်ချုပ်ကြီး Trairong Piwpan က ပြောကြား ခဲ့သည်။
နှိမ်နင်းရေးတွင် အဆင့်သုံးဆင့် ပါဝင်ကြောင်း ဒုတိယရဲဗိုလ်ချုပ်ကြီး Trairong က ဆိုသည်။ ချက်ချင်း လုပ်ဆောင်မည့် ၃ လတာ အစီအမံများအနေဖြင့် တပ်ဖွဲ့ဝင်အားလုံးကို မိမိတို့၏ စီရင်ပိုင်ခွင့် နယ်မြေ အတွင်းရှိ နိုင်ငံခြားသားများအား စစ်ဆေးရန်၊ အချက်အလက်များ စုဆောင်းရန်နှင့် မူးယစ်ဆေးဝါး၊ စီးပွား ရေးရာဇဝတ်မှု၊ အခွန်၊ ဆိုက်ဘာရာဇဝတ်မှု၊ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေသူများ၊ တရားမဝင် လူဝင် မှုကြီးကြပ်ရေး ကွန်ရက်များ၊ ပြည့်တန်ဆာလုပ်ငန်း၊ လူကုန်ကူးမှု စသည်တို့နှင့် ဆက်နွှယ်နေသည့် ပစ်မှတ်ထား နိုင်ငံခြားသားအုပ်စုများကို ဖော်ထုတ်ရန် ညွှန်ကြားထားသည်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ဗဟိုဌာနအား မူဝါဒပိုင်းနှင့် ပြည်နယ်အဆင့် လုပ်ငန်းစဉ်များကို မောင်းနှင် နိုင်ရန် စီးပွားကူးသန်း၊ ဘဏ္ဍာရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး၊ ဗဟိုဘဏ်၊ အကောက်ခွန်၊ ယစ်မျိုး နှင့် မြေစာရင်းဦးစီးဌာန အစရှိသည့် သက်ဆိုင်ရာ အေဂျင်စီများနှင့် "ပူးပေါင်းလုပ်ငန်းအဖွဲ့" တစ်ရပ် ဖွဲ့စည်းရေး စဉ်းစားရန် ညွှန်ကြားထားသည်။ နှိမ်နင်းရေးလုပ်ငန်းစဉ်များတွင် အရေးတကြီး ပစ်မှတ်ထား ရမည့် ဒေသများကို ဦးစားပေး၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ရေလတ်ပိုင်း အစီအမံများ (၆ လမှ ၉ လအထိ) တွင် လူဝင်မှုကြီးကြပ်ရေးဗျူရိုသည် သက်ဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်း၍ နိုင်ငံခြားသား အချက်အလက်များကို စစ်ဆေးခြင်း၊ အထောက်အထားများ စိစစ်ခြင်း၊ ဗီဇာသက်တမ်းတိုး တောင်းဆိုမှုများကို ပြန်လည်သုံးသပ်ခြင်းနှင့် နိုင်ငံခြားသားများ၏ စီးပွား ရေး လုပ်ငန်းလည်ပတ်မှုများကို စစ်ဆေးခြင်းတို့ကို ဦးဆောင်မည်ဖြစ်သည်။ ပြစ်မှုကျူးလွန်ကြောင်း တွေ့ ရှိပါက ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအေဂျင်စီများက တည်ဆဲဥပဒေများကို စတင်အရေးယူမည်ဖြစ်ပြီး နိုင်ငံ တွင်း ဆက်လက်နေထိုင်ခွင့်ပြုထားမှုကို ပယ်ဖျက်ရန် စဉ်းစားမည်ဖြစ်သည်။ အာဏာပိုင်များအနေဖြင့် သက်ဆိုင်ရာ ဥပဒေများကို လေ့လာရန်နှင့် နိုင်ငံခြားသား ရာဇဝတ်ကောင်များ အခွင့်ကောင်းယူနေသည့် ဥပဒေကွက်လပ်များကို ပိတ်ဆို့နိုင်ရေး အဆိုပြုချက်များ တင်ပြရန် ညွှန်ကြားထားသည်။ နိုင်ငံတစ်ဝန်း "အမြစ်ပါမကျန် ဆွဲနှုတ်ချေမှုန်းရေး" ချဉ်းကပ်မှုဖြင့် ရဲတပ်ဖွဲ့အား စုံစမ်းစစ်ဆေးမှုများ တိုးချဲ့ လုပ်ဆောင် ရန် အမိန့်ပေးထားပြီး နိုင်ငံတော်အရာရှိများ ပါဝင်ပတ်သက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်သည်။
ရေရှည် အစီအမံများ (၁) နှစ်မှ (၂) နှစ်အထိ အနေဖြင့် အာဏာပိုင်များသည် ပြည့်စုံသည့် နိုင်ငံခြားသား အချက်အလက် စနစ်တစ်ခုကို တည်ဆောက်ပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ One Police စနစ်နှင့် ပေါင်းစပ် သွားမည်ဖြစ်သည်။ ဤစနစ်သည် ဒေသန္တရအဆင့်အထိ အချက်အလက်များကို ချိတ်ဆက်ပေးမည်ဖြစ် ကာ နိုင်ငံခြားသားများ၏ မိခင်နိုင်ငံများနှင့် သတင်းအချက်အလက် ဖလှယ်မှုများကိုလည်း တိုးမြှင့်သွား မည်ဖြစ်သည်။ ဤအစီအမံများသည် အစိုးရ၏ ခရီးသွားလာရေး မူဝါဒနှင့် လျော်ညီစွာ ကိုက်ညီမှုရှိမည်ဟု ဆိုသည်။
ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနသည် အမည်ခံ (Nominee) စီးပွားရေး အစီအစဉ်များကို ကိုင်တွယ် ဖြေရှင်း ရန်အတွက် အမျိုးသားမူဝါဒ ကော်မတီနှင့် ဒေသန္တရအဆင့် ယန္တရားများ ဖွဲ့စည်းရေးကို အစိုးရအဖွဲ့ထံ အဆိုပြုရန် ပြင်ဆင်နေသည်။ ဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန် Passakorn Boonyalak က နိုင်ငံခြားသားများ အခြေချနေထိုင်မှုနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို ကြီးစိုးလာမှု ပြဿနာအား ဖြေရှင်းရေး အင်္ဂါနေ့တွင် သက်ဆိုင်ရာ အေဂျင်စီများနှင့် ဆွေးနွေးခဲ့သည်။
ကမ္ဘာ့ဒေသအသီးသီးတွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ဗီဇာကင်းလွတ်ခွင့် မူဝါဒများကြောင့် နိုင်ငံ တွင်းသို့ ဝင်ရောက်မှု ပိုများလာကြောင်း သူကဆိုသည်။ နိုင်ငံခြားသားများက ထိုင်းနိုင်ငံသားများကို အမည်ခံ (Nominee) အဖြစ် အသုံးပြုကာ မြေယာဝယ်ယူခြင်း၊ ဒေသခံများနှင့် ယှဉ်ပြိုင်သည့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းတို့အပေါ် စိုးရိမ်မှုများ ရှိနေသည်။ ထိခိုက်ခံရသော လုပ်ငန်းများတွင် ဟိုတယ်၊ ဆေးရုံ၊ ပုဂ္ဂလိက တက္ကသိုလ်၊ စားသောက်ဆိုင်နှင့် ဝန်ဆောင် မှု လုပ်ငန်းများ ပါဝင် သည်။
အစိုးရအနေဖြင့် ဤပြဿနာများသည် သြဇာခံအုပ်စုများ ဖွဲ့စည်းလာခြင်း၊ ရာဇဝတ်မှုများနှင့် နိုင်ငံကို တရားမဝင် လုပ်ငန်းများအတွက် အခြေစိုက်စခန်းအဖြစ် အသုံးပြုခြင်း စသည့် အခြားဆိုးကျိုးများဆီသို့ ဦးတည်သွားနိုင်သောကြောင့် အလျင်အမြန် အရေးယူရန် လိုအပ်သောအရေးပေါ်ကိစ္စရပ်များအဖြစ် ရှုမြင် ထားသည်။ ထို့ကြောင့် အင်္ဂါနေ့ အစည်းအဝေးတွင် ခိုင်မာ၊ စနစ်ကျသော ယန္တရားများ တည်ဆောက်နိုင် ရေး သက်ဆိုင်ရာ အေဂျင်စီများ ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေး တက်ရောက်လာသူများသည် နိုင်ငံခြားသားများ အခြေချနေထိုင်မှုနှင့် နိုင်ငံခြားသားများ စီးပွားရေး ကြီးစိုးမှုကို ဖြေရှင်းရန်နှင့် ဆိုင်ရာဥပဒေများ ပြင်ဆင်ရန် ဆပ်ကော်မတီ နှစ်ခုပါဝင်မည့် မူဝါဒ ကော်မတီတစ်ရပ် ခန့်အပ်ရေး ဝန်ကြီးချုပ်ရုံး၏ အမိန့်မူကြမ်းကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြသည်။
Source Bangkok Post
ခေတ်မီနည်းပညာနဲ့ ရိုးရာယဉ်ကျေးမှုကိုပေါင်းစပ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ချုံချင့်မြို့ရဲ့ ညကောင်းကင်ယံမှာအခုဆိုရင် ဒရုန်းထောင်ပေါင်းများစွာက ပုံမှန်အလင်းရောင်ပေးနေပါပြီ။
#World_News
Published 12 May 2026
#ဒရုန်းပြပွဲ #ချုံချင့်မြို့
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 May 2026
၁။ နှစ်စဉ်ယူနစ်(၁၀၄)သန်း ပိုမိုထွက်ရှိရန်ရေပိုလွှဲတွင်HEDတပ်ဆင်သွားမည်
၂။ နွေစပါး ဧက(၁၀၀)ကျော်၌ Rice Export Zoneဖော်ဆောင်နေ
၃။ နိုင်ငံ(၈)ခု၏ ယဉ်ကျေးမှုနှင့်အစားအစာများကို တစ်နေရာတည်းတွင် လေ့လာနိုင်မည့်ပွဲတော် ကျင်းပမည်
၄။ ဒရုန်းပြပွဲများဖြင့် ချုံချင့်မြို့ညစည်ကားနေ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နှစ်စဉ် လျှပ်စစ်ဓာတ်အားယူနစ် ၁၀၄ သန်း ပိုမိုထွက်ရှိနိုင်ရေး ရေလှောင်တမံအတွင်း ရေပိုမိုသိုလှောင်နိုင်ရေးအတွက် ရေပိုလွှဲမှာ Hydraulic Elevated Dam (HED) တပ်ဆင်သွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 12 May 2026
#HED #လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
#YMG/SW #Yangon_Times
ပြည်ပကိုဆန်တင်ပို့နိုင်ဖို့ နွေစပါး ဧက ၁၀၀ကျော်မှာ Rice Export Zoneဖော်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 12 May 2026
#နွေစပါး #Rice_Export_Zone
#YMG/NN #Yangon_Times
နိုင်ငံကြီး (၈) နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ အစားအစာများကို တစ်နေရာတည်းမှာ လေ့လာနိုင်မယ့် Cultural Connections 2026 ကိုရန်ကုန်မြို့မှာကျင်းပသွားမယ်လို့သိရပါတယ်။
#Local_News
Published 12 May 2026
#Cultural_Connections_2026
#YMG/SW #Yangon_Times
၂၀၂၆-၂၇ဘဏ္ဍာနှစ်စဖြစ်တဲ့ ဧပြီလတစ်လတာကာလအတွင်းပြည်ပသို့ အမေရိကန် ဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိ ပုစွန်တန်သုံးရာကျော်တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကသိရပါတယ်။
#Local_News
Published 12 May 2026
#ပုစွန်
#YMG/NN #Yangon_Times
#Local_News
Published 12 May 2026
■ မေလ (ဒုတိယ ဆယ်ရက်ပတ်)အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏
မေလ (ဒုတိယ ဆယ်ရက်ပတ်)အတွက် စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်အရသိရသည်။
■ အနောက်တောင်မုတ်သုံလေသည် မေ ၁၃ ရက်မှ ၁၇ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ လည်းကောင်း၊ မေ ၁၈ ရက်မှ ၂၂ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း ဝင်ရောက်နိုင်ပြီး ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်ရှိနိုင်ကြောင်း သိရသည်။
■ မိုးရွာသွန်းနိုင်မှုအခြေအနေများမှာနေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။
■ အမြင့်ဆုံးအပူချိန်အခြေအနေများမှာ ချင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ၇၁ ဒီဂရီ ဖာရင်ဟိုက်မှ ၈၁ ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ကယား၊ ရခိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် ၈၂ ဒီဂရီဖာရင်ဟိုက်မှ ၉၃ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ၉၄ ဒီဂရီ ဖာရင်ဟိုက်မှ ၁၀၃ ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ကအနိမ့်ဆုံးအပူချိန်အခြေအနေများမှာ ချင်းပြည်နယ်တွင် ၅၃ ဒီဂရီဖာရင်ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၆၂ ဒီဂရီဖာရင်ဟိုက်မှ ၇၁ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် ၇၂ ဒီဂရီဖာရင်ဟိုက်မှ ၈၁ ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ကြောင်းသိရသည်။
■ လေထုစိုထိုင်းဆအခြေအနေများမှာ နေပြည်တော်၊ ရန်ကုန်တိုင်း မန္တလေးတိုင်း၊ ပဲခူးတိုင်း(တောင်ပိုင်း)၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မွန်နှင့် ရှမ်း(တောင်ပိုင်း)တို့တွင် ၆၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအတွင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ၊ ကယား၊ ကရင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ၇၁ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအတွင်းနှင့် ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ၈၁ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအတွင်းရှိနိုင်ကြောင်းသိရသည်။
■ ပင်ငွေ့ရေငွေ့ပြန်နှုန်းအခြေအနေများမှာ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ၂၈ မီလီမီတာမှ ၃၇ မီလီမီတာအတွင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)တို့တွင် ၃၈ မီလီမီတာမှ ၄၇ မီလီမီတာအတွင်း၊ မန္တလေး တိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ဧရာဝတီတိုင်း နှင့် ကယားပြည်နယ်တို့တွင် ၄၈ မီလီမီတာမှ ၅၇ မီလီ မီတာအတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ၅၈ မီလီမီတာမှ ၆၈ မီလီမီတာအတွင်းရှိနိုင်ကာ မြေဆီလွှာအောင်းရေအခြေအနေများမှာ ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် (စိုစွတ်)အခြေအနေနှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကယား၊ ကရင်၊ ချင်း၊ မွန်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် (ခြောက်သွေ့)အခြေအနေရှိနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 May 2026
■ ယခုနှစ်အတွင်း ပုဂံဒေသရှိ ဘုရားစေတီနှစ်ဆူနှင့် ရှေးဟောင်းအဆောက်အအုံ
တစ်ခု၏ အုတ်မြစ်တည်ဆောက်မှုစနစ်ကို တူးဖော် သုတေသနပြုသွားမည်ဖြစ်ကြောင်း
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) သုတေသနဌာနစုမှ သိရသည်။
■ ပုဂံဒေသရှိ ခေတ်အဆက်ဆက် တည်ဆောက်ခဲ့သော ရှေးဟောင်းစေတီပုထိုး အဆောက်အအုံများ၏ မြေပြင်အောက်တွင် တည်ဆောက်ခဲ့သည့် အုတ်မြစ်တည်ဆောက်မှုစနစ်အား သိရှိနိုင်ရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) သုတေသနဌာနစုက တူးဖော်သုတေသနပြု လေ့လာလျက်ရှိခြင်းဖြစ်သည်။
■ ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၃ ခုနှစ်မှစ၍ ခေတ်ကာလ မတူညီသော ရှေးဟောင်းစေတီ ပုထိုးအဆောက်အအုံ ၁၂ ခု၏ အုတ်မြစ်တည်ဆောက်မှုစနစ်ကို တူးဖော်သုတေသနပြုလေ့လာခဲ့ ပြီး ယခု ၂၀၂၆ ခုနှစ်တွင် သဗ္ဗညု ဂူဘုရားအနောက်ဘက် မီးမလောင်ကျောင်းအနီးရှိ ငကျွဲနားဋောင်းစေတီ (ရှေးဟောင်း အဆောက်အအုံအမှတ်-၁၆၀၃)၊ ပုဂံ ရှေးဟောင်းသုတေသန ပြတိုက်ရှေ့ရှိ ပေါက်ပင်ရာ စေတီ (ရှေးဟောင်းအဆောက်အအုံ အမှတ်-၁၆၁၄)၊ ညောင်ဦး- ပုဂံ မြို့ဟောင်းကားလမ်းဘေး မင်းအိုချမ်းသာဘုရား အရှေ့ဘက်ရှိ ရှေးဟောင်းအဆောက်အအုံ အမှတ်-၁၉၀၅ တို့၏ အုတ်မြစ်တည်ဆောက်မှုစနစ်ကို တူးဖော်သုတေသနပြုသွားမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ တူးဖော်သုတေသနပြုနေမှုများနှင့်ပတ်သက်၍ လေ့လာလိုသည့် သုတေသီများ၊ ကျောင်းသား ကျောင်းသူများ၊ ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်သုတေ သနပြုမှုများကို စိတ်ပါဝင်စားသည့် မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 36 of 2000