#World_Health

Published 14 October 2026

■ ရင်ပူပြီး အက်ဆစ်ပြန်တက်တဲ့ ပြဿနာဟာ အခုခေတ်မှာ လူအများစု ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အသက်အရွယ် ကန့်သတ်ချက်လည်း မရှိပါဘူး။

■ အစာအိမ်ထဲက အက်ဆစ်တွေဟာ ခန္ဓာကိုယ်အထက်ပိုင်း လည်ပင်းနဲ့ အစာပြွန်ဆီကို ပြန်ဆန်တက်လာတဲ့အခါ ရင်ဘတ်မှာ ပူစပ်စပ်ဖြစ်လာတာမျိုး (Heartburn) ဖြစ်စေပါတယ်။ ဒီလို အမြဲတမ်းဖြစ်နေတာကို လျစ်လျူရှုထားရင် အစာပြွန်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

■ အစာစားပုံအလေ့အထ၊ အစားအသောက်အချို့နဲ့ လူနေမှုပုံစံတွေက အက်ဆစ်ပြန်တက်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ဘာတွေက အဓိက လှုံ့ဆော်နေလဲဆိုတာကို သတိထားဖို့လိုပါတယ်။

■ အစာအိမ်အူလမ်းကြောင်း အထူးကုဆရာဝန်ကြီး Dr. Saurabh Sethi ကတော့ အက်ဆစ်ပြန်တက်ခြင်းကို သဘာဝအတိုင်း ထိန်းချုပ်နိုင်မယ့် နည်းလမ်း ၆ နည်းကို အခုလို မျှဝေပေးထားပါတယ်။

■ ၁။ အစားစားပြီးတဲ့အခါ ပီကေကို ဝါးပေးပါ ပီကေဝါးတာက တံတွေးမျိုချတဲ့နှုန်းကို ပိုများစေတာကြောင့် အစာပြွန်ထဲက အက်ဆစ်တွေကို မြန်မြန်ဆင်းသွားစေပါတယ်။ ဒါပေမဲ့ ပူစီနံအရသာ ပီကေကတော့ အက်ဆစ်ကို ထိန်းပေးမယ့် အဆို့ရှင်ကို ပိုလျော့ရဲသွားစေနိုင်လို့ ရှောင်သင့်ပါတယ်။

■ ၂။ အစားစားပြီးရင် လမ်းလျှောက်ပါ အထူးသဖြင့် ညစာစားပြီးတဲ့အခါ ၁၀ မိနစ်လောက် လမ်းလျှောက်ပေးတာက အက်ဆစ်ပြန်တက်နိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။

■ ၃။ အစပ်စားတာထက် သန့်စင်ထားတဲ့ ကာဘိုဟိုက်ဒရိတ် (Refined Carbs) နဲ့ သကြားကို လျှော့စားပါ အစပ်စားလို့ ရင်ပူတာထက် သကြားနဲ့သန့်စင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေက အက်ဆစ်ပြန်တက်ခြင်းနဲ့ ပိုပြီးဆက်စပ်နေပါတယ်။

■ ၄။ အိပ်ရာခေါင်းရင်းကို မြှင့်ထားပါ ခေါင်းရင်းကို လက်မ ၆ ကနေ ၈ လောက်အထိ မြှင့်ပေးတာက ညဘက်တွေမှာ အက်ဆစ်ဒဏ်ခံရချိန်ကို ၆၇ ရာခိုင်နှုန်းအထိ လျော့ကျစေပါတယ်။ ဆေးသောက်စရာမလိုဘဲ ကမ္ဘာ့ဆွဲအားကို အသုံးချတာပါပဲ။

■ ၅။ အိပ်ရာမဝင်ခင် ၂ နာရီမှ ၃ နာရီအတွင်း အစာစားတာ ရပ်လိုက်ပါ ညဥ့်နက်မှ အစားစားတာက စောစောစားတာနဲ့ယှဉ်ရင် ညဘက်တွေမှာ အက်ဆစ်ဒဏ်ကို ပိုခံရစေပါတယ်။

■ ၆။ ဘယ်ဘက်ခြမ်းကို စောင်းပြီး အိပ်ပါ ကျောပေးအိပ်တာ ဒါမမဟုတ် ညာဘက်စောင်းအိပ်တာထက် ဘယ်ဘက်ခြမ်းစောင်းအိပ်တာက အစာအိမ်အက်ဆစ်ကို ပိုမြန်မြန် ဖယ်ရှားပေးနိုင်ပြီး အစာပြွန်အက်ဆစ်ဒဏ်ကို လျော့ကျစေပါတယ်။

Source- NDTV