#World_Health
Published 14 October 2026

■ Science ဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနတွေ့ရှိချက်အရ လူ့ဦးနှောက်ရဲ့ မှတ်ဉာဏ်နဲ့ သင်ယူမှုကို ထိန်းချုပ်ပေးတဲ့ hippocampus အပိုင်းဟာ အသက်အရွယ်အလိုက် တစ်သမတ်တည်း တဖြည်းဖြည်းတရိပ်ရိပ် အိုမင်းသွားတာမျိုး မဟုတ်ဘဲ အသက် ၅၀ နဲ့ ၇၅ နှစ်ကြားမှာ ဇီဝဗေဒဆိုင်ရာအပြောင်းအလဲကြီးတွေကို သိသိသာသာ ကြုံတွေ့ရတယ်လို့ သိရပါတယ်။

■ အဓိက တွေ့ရှိချက်တွေအနေနဲ့ကတော့ ဦးနှောက်ရဲ့ ကိုယ်ခံအားဆဲလ်တွေ  နေရာမှာ သွေးဖြူဥဆဲလ် တွေနဲ့ တူတဲ့ဆဲလ်တွေက ဝင်ရောက်နေရာယူလာခြင်း၊ အာဟာရနဲ့ ပံ့ပိုးပေးတဲ့ ဆဲလ်တွေ သိသိသာသာ လျော့ပါးလာခြင်းနဲ့ မျိုးဗီဇထိန်းချုပ်မှုတွေကို ပြောင်းလဲစေနိုင်တဲ့ DNA ရဲ့ သုံးဖက်မြင် ဖွဲ့စည်းပုံတွေပျက်ယွင်းလာတာတွေပဲ ဖြစ်ပါတယ်။

■ ဒီလေ့လာမှုဟာ အာရုံကြောယိုယွင်းပျက်စီးစေတဲ့ ရောဂါအန္တရာယ်ကို ဖြစ်စေတဲ့ အသက်အရွယ်ဆိုင်ရာ ဆဲလ်တွေရဲ့ ပြောင်းလဲပုံကို အသေးစိတ်ဖော်ပြပေးနိုင်ပေမဲ့ ရောဂါဖြစ်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကိုတော့ အတိအကျ မဖော်ပြနိုင်သေးပါဘူး။

■ ဘယ်လိုပဲဖြစ်ဖြစ် ဒီတွေ့ရှိချက်တွေအရ အသက်ကြီးလာတဲ့အခါ ရောဂါတွေကို ထိရောက်စွာ ကုသနိုင်ဖို့ဆိုရင် သက်ဆိုင်ရာ ဆဲလ်အမျိုးအစားအလိုက် တိတိကျကျ ပစ်မှတ်ထား ကုသဖို့ လိုအပ်မယ်ဆိုတာကို ညွှန်ပြနေပါတယ်။

■ ■ ဦးနှောက်က တစ်ဆဲလ်ချင်းစီကို သုတေသီတွေလေ့လာခဲ့ကြ 

■ Science ဂျာနယ်ရဲ့ သုတေသနမှာ အသက်အရွယ်အမျိုးမျိုးရှိ လူ့ဦးနှောက် ဟစ်ပိုကမ်ပတ်စ် တစ်ရှူးတွေကို တစ်ခုချင်းစီ ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ကြတာပါ။ ဟစ်ပိုကမ်ပတ်စ်ဆိုတာ သင်ယူမှုနဲ့ မှတ်ဉာဏ်အတွက် အဓိကကျပြီး အယ်လ်ဇိုင်းမားရောဂါနဲ့ပတ်သက်ပြီး အများဆုံး လေ့လာကြတဲ့ နေရာလည်း ဖြစ်ပါတယ်။

■ တစ်ရှူးတစ်ခုလုံးကို ပျမ်းမျှတွက်ချက်တာမျိုး မဟုတ်ဘဲ ဆဲလ်တစ်ဆဲလ်ချင်းစီရဲ့ မျိုးဗီဇလှုပ်ရှားမှု၊ DNA ဖွဲ့စည်းပုံနဲ့ ဗိသုကာလက်ရာတွေကို သေချာစစ်ဆေးခဲ့တာကြောင့် သာမန်အားဖြင့် ပျောက်ကွယ်သွားနိုင်တဲ့ အိုမင်းမှုပုံစံတွေကို မြင်တွေ့ခဲ့ရပါတယ်။

■ ဦးနှောက်အိုမင်းမှုဟာ ပုံစံတကျတစ်ပုံစံတည်းဖြစ်နေတာမဟုတ်ဘဲ ဆဲလ်အမျိုးအစားအလိုက် ပုံစံအမျိုးမျိုးနဲ့ အချိန်ကာလအမျိုးမျိုးမှာ ပြောင်းလဲသွားတာဖြစ်ပါတယ်။

■ ဦးနှောက်ရဲ့ ကိုယ်ခံအားဆဲလ်တွေ အသက်လယ်ပိုင်းမှာ ပြောင်းလဲလာ အအံ့သြရဆုံး တွေ့ရှိချက်တစ်ခုကတော့ ဦးနှောက်ကို ကာကွယ်ပေးပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတဲ့ ကိုယ်ခံအားဆဲလ် တွေနဲ့ ဆိုင်ပါတယ်။

■ အသက် ၅၀ နဲ့ ၇၅ နှစ်ကြားမှာ မူလဦးနှောက်ထဲကဖြစ်ပေါ်လာတဲ့ ကိုယ်ခံအားဆဲလ်တွေ လျော့နည်းသွားပြီး သွေးထဲကဆဲလ်တွေနဲ့ တူတဲ့ဆဲလ်တွေက တဖြည်းဖြည်းဝင်ရောက်နေရာယူလာကြပါတယ်။

■ ဒါဟာ မူလဦးနှောက်ရဲ့ ကိုယ်ခံအားဆဲလ်တွေက တစ်သက်လုံး ဒီအတိုင်း ဆက်ရှိနေတယ်ဆိုတဲ့ ရှေးဟောင်းအယူအဆကို ပြောင်းပြန်လှန်လိုက်တာပါပဲ။

■ ဒီလို အစားထိုးဝင်ရောက်လာတဲ့ ဆဲလ်တွေမှာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ လက္ခဏာတွေအပါအဝင် မော်လီကျူးလက္ခဏာအသစ်တွေ ပါဝင်နေတာကြောင့် ပိုပြီးသေသေချာချာသိရှိနိုင်ဖို့ သုတေသီတွေကဆက်လက်လေ့လာနေကြပါတယ်။

■ အခြားထောက်ပံ့ရေးစနစ်တွေလည်း ပြောင်းလဲလာ သုတေသီတွေဟာ ဆဲလ်တွေအချင်းချင်း ဆက်သွယ်မှုကို ထိန်းညှိပေးတဲ့ astrocytes ဆဲလ်တွေအပါအဝင် ဟစ်ပိုကမ်ပတ်စ်က ထောက်ပံ့ရေးဆဲလ်တွေ သိသိသာသာလျော့ကျလာတာကို တွေ့ရှိခဲ့ရပါတယ်။

■ ဒါ့အပြင် ဆဲလ်အမျိုးအစားအမျိုးမျိုးမှာ မျိုးဗီဇ (DNA) ရဲ့ သုံးဖက်မြင် ဖွဲ့စည်းပုံတွေ ကျယ်ကျယ်ပြန့်ပြန့် ပျက်ယွင်းလာတာကိုလည်း တွေ့ခဲ့ရပါတယ်။

■ DNA ဆိုတာ နျူကလီးယားထဲမှာ ကြိုးမျှင်ရှည်ကြီးလို လွတ်လွတ်လပ်လပ် တည်ရှိနေတာ မဟုတ်ပါဘူး။ ဘယ်ဗီဇတွေကို ဖွင့်မယ်၊ ပိတ်မယ်ဆိုတာကို ဆုံးဖြတ်ပေးတဲ့ တည်ဆောက်ပုံတွေနဲ့ ခေါက်သိမ်းထားတာ ဖြစ်ပါတယ်။

■ အဲဒီဖွဲ့စည်းပုံတွေ ပြောင်းလဲသွားတာက အိုမင်းလာတဲ့ ဦးနှောက်ဆဲလ်တွေက ဖိစီးမှုတွေ၊ ရောင်ရမ်းမှုတွေနဲ့ အခြားပြဿနာတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ပြောင်းလဲသွားစေနိုင်ပါတယ်။

■ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းတော့ မဟုတ်သေး ဒီလုပ်ဆောင်ချက်တွေဟာ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို တိုက်ရိုက်ပြသနေတာထက် ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကို ဖော်ပြပေးတဲ့သုတေသနတစ်ခုသာဖြစ်ပါတယ်။

■ လူ့ခန္ဓာကိုယ်က ရလာတဲ့ တစ်ရှူးတွေကို အသုံးပြုထားတာကြောင့် လူ့ဇီဝဗေဒနဲ့ တိုက်ရိုက်သက်ဆိုင်ပေမဲ့ လူတစ်ယောက်တည်းရဲ့ ဦးနှောက်ဆဲလ်တွေကို ဆယ်စုနှစ်နဲ့ချီပြီး အနီးကပ် လေ့လာထားတာတော့ မဟုတ်ပါဘူး။

■ ဒါ့အပြင် ဒီလိုပြောင်းလိုက်တဲ့ အပြောင်းအလဲတွေဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတာလား၊ ဒါမှမဟုတ် အသက်အရွယ်ကြီးလာတာနဲ့အမျှ ကိုက်ညီအောင် လိုက်လျောညီထွေ ဖြစ်စေတာလား (သို့) နှစ်ခုစလုံး ရောနေတာလားဆိုတာကို သုတေသီတွေ အတိအကျ မသိရသေးပါဘူး။

Source-Yahoo news