#Local_News
Published 14 October 2026

■ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အ ထောက်အထားမဲ့ မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးရေးစခန်း ၅ ခုကို ယနေ့ အောက်တိုဘာ ၁၄ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

■ အဆိုပါ CI စခန်းများကို စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်၊ သွားလာ၊ အလုပ်လုပ်ကိုင်နိုင်ရေးနှင့် ဥပဒေအရ ခံစားခွင့်များရရှိနိုင်ရေးအတွက် ရည်ရွယ်ထားကြောင်း ၊CI လျှောက်ထားလိုသည့် အလုပ်သမားများသည် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI စာအုပ်ဖိုး ဘတ် ၂,၆၆၀ ပေးသွင်းပြီး မိမိလျှောက်ထားလိုသည့် စခန်းနှင့်ရက်ချိန်းကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

■ ထို့ပြင် ထိုင်းနိုင်ငံတွင်ရရှိသည့် အခြေခံလုပ်ခလစာ သုံးလစာ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံပြန်လည်လွှဲပို့ထားကြောင်း သက်သေပြနိုင်သည့် အထောက်အထားများကို CI လျှောက်ထားချိန်တွင် ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

■ ငွေပေးသွင်းပြီးနောက် 7-Eleven ဆိုင်မှ ရရှိသည့် ပြေစာနှင့်အတူ ရွေးချယ်ထားသော CI စခန်းသို့ သတ်မှတ်ရက်တွင် သွားရောက်လျှောက်ထားရမည်ဖြစ်ပြီး အပိုကုန်ကျစရိတ် မရှိစေရန် အလုပ် သမားများကိုယ်တိုင်ဖြစ်စေ၊ အလုပ်ရှင်၏စီစဉ်ပေးမှုဖြင့်ဖြစ်စေသွားရောက်နိုင်ကြောင်း ၊CI လျှောက်ထားရာတွင် အခက်အခဲများရှိပါက အလုပ်သမားသံအရာရှိရုံးများသို့ အောက်ပါဖုန်းနံပါတ်များအတိုင်း ဆက်သွယ်အကူအညီတောင်းခံနိုင်ပြီး အလုပ် သမားသံအရာရှိရုံး (Call Center) 020030015၊ အလုပ်သမားသံမှူး (ဗန်ကောက်) 0618108454 ၊အလုပ်သမားသံအရာရှိ (ဗန်ကောက်) 0626890119၊ 0652206952၊ 0652206953 အလုပ် သမားသံအရာရှိ(မဲဆောက်) 094586 6607၊ အလုပ်သမားသံအရာရှိ (ချင်းမိုင်) 0634818121 တို့ကိုဆက်သွယ်နိုင်ကြောင်း သိရသည်။

#YMG/NN #Yangon_Times