#World_Health
Published 06 October 2026

■ မုန်လာဥနီဖျော်ရည်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Diet သောက်စရာတစ်ခုလို့ လူသိများပေမယ့်  တကယ်တော့ သဘာဝသကြားဓာတ်တွေ၊ ကယ်လိုရီတွေ အများကြီးပါဝင်ပြီး အမျှင်ဓာတ်မပါတဲ့ အချိုရည်တစ်မျိုးဖြစ်ကြောင်း ဒေါက်တာ Maya Rosman ကသတိပေးပြောကြားလာပါတယ်။

■ မုန်လာဥနီဟာ ဟင်းသီးဟင်းရွက်ဖြစ်တာကြောင့် ဖျော်ရည်သောက်ရင်လည်း ကယ်လိုရီမတက်ဘူးလို့ ထင်ကြပါတယ်။

■ ဒါပေမဲ့ ဖျော်ရည်ညှစ်လိုက်တဲ့အခါ အမျှင်ဓာတ်တွေ ကျန်ရစ်ခဲ့ပြီး သကြားဓာတ်နဲ့ ကယ်လိုရီတွေပဲ ခွက်ထဲရောက်သွားပါတယ်။

■ ဖျော်ရည် တစ်ခွက်ရဖို့ မုန်လာဥနီ အနည်းဆုံး အချိန် ၃၀ ကျပ်သားလောက် ညှစ်ရပါတယ်။
မုန်လာဥနီ ဒီလောက်အများကြီးကို ဒီအတိုင်းဆို ဘယ်သူမှတစ်ခါတည်း မစားနိုင်ပေမယ့်  ဖျော်ရည်အဖြစ်တော့ မိနစ်ပိုင်းအတွင်း အလွယ်တကူသောက်မိသွားကြပါတယ်။

■ မုန်လာဥနီ အလုံးအတိုင်း စားရင်အမျှင်ဓာတ်ကြောင့် ဗိုက်ဝလွယ်ပြီး သကြားဓာတ် စုပ်ယူမှုကို နှေးကွေးစေပါတယ်။ ဖျော်ရည်မှာတော့ အမျှင်ဓာတ်မပါတော့တာကြောင့် သကြားဓာတ်တွေ ခန္ဓာကိုယ်ထဲ ချက်ချင်းရောက်ရှိသွားပါတယ်။

■ မုန်လာဥနီဖျော်ရည် တစ်ခွက်မှာ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲကနေ ၆ ဇွန်းအထိ ပါဝင်နိုင်ပြီး ကယ်လိုရီ ၁၇၀ ခန့် ရှိပါတယ်။

■ ဒါဟာ Cappuccino ကော်ဖီတစ်ခွက်ထက်တောင် ကယ်လိုရီပိုများနိုင်ပါတယ်။ ဝိတ်လျှော့နေသူတွေအနေနဲ့ မုန်လာဥနီဖျော်ရည်ကို လုံးဝမသောက်ရဘူး မဟုတ်ပေမဲ့ "ကယ်လိုရီမတက်တဲ့ ဟင်းသီးဟင်းရွက်" လို့ မသတ်မှတ်သင့်ပါဘူး။ 

■ ဖျော်ရည်သောက်တာထက် မုန်လာဥနီကို အလုံးအတိုင်း ဝါးစားတာ သို့မဟုတ် အမျှင်ဓာတ် ကျန်ရှိအောင် စပလန်ဒါနဲ့ မွှေပြီး Smoothie လုပ်သောက်တာက ကျန်းမာရေးအတွက် ပိုမို သင့်တော်ပါတယ်။ 

Source- The Jerusalem post