#World_News
Published 06 October 2026

■ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှာ ဝက်သက် (Measles) ကူးစက်ရောဂါ ဖြစ်ပွားမှုတွေ မြင့်တက်လာတာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochul က တစ်ပြည်နယ်လုံး အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

၂၀၂၅ ခုနှစ်နောက်ပိုင်း အမေရိကန်မှာ ဝက်သက်ရောဂါ ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာခဲ့ပြီးနောက် နယူးယောက်ပြည်နယ်က ပထမဆုံးအကြိမ် ပြည်နယ်အဆင့် အရေးပေါ်အခြေအနေ ကြေညာလိုက်တာဖြစ်ပါတယ်။

ဒီနှစ်အတွင်း နယူးယောက်မှာ ဝက်သက်ရောဂါကူးစက်သူ ၁၀၈ ယောက် ရှိခဲ့ပြီး၊ အဲဒီထဲက ၉၂ ယောက် ဟာ ဇူလိုင်လလယ်နောက်ပိုင်း ကာကွယ်ဆေးထိုးနှံမှုနည်းပါးတဲ့ ကျေးလက်ဒေသ ၁၈ ခုမှာ ကူးစက်ခဲ့တာဖြစ်ပါတယ်။

နယူးယောက်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပင်ဆယ်ဗေးနီးယား  ပြည်နယ်မှာလည်း ကူးစက်မှု  ၁,၀၀၀ ကျော်လွန်သွားပြီး သေဆုံးသူ ၅ ယောက်အထိ ရှိလာခဲ့တာကြောင့် နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံး ကူးစက်မှုဖြစ်နေပါတယ်။

CDC ရဲ့ အချက်အလက်တွေအရ အမေရိကန်တစ်နိုင်ငံလုံးမှာ ဝက်သက်ကူးစက်သူ ၃,၉၀၀ နီးပါးရှိလာခဲ့ပြီး ၁၉၉၁ ခုနှစ်နောက်ပိုင်း စံချိန်တင်အဆိုးဝါးဆုံးနှစ် ဖြစ်နေပါတယ်။ 

Source-Wion