#World_Health
Published 04 October 2026
■ လေ့ကျင့်ခန်းလုပ်ပြီးနောက် သောက်လိုက်တဲ့ Protein shake ဟာ သင့်ရဲ့ ကြွက်သားတည်ဆောက်ရေး လိုအပ်ချက်တွေကို ကူညီပေးနိုင်ပေမယ့်၊ သင့်ရဲ့ မေးရိုး၊ ရင်ဘတ် ဒါမှမဟုတ် ကျောကုန်းအထက်ပိုင်းတွေမှာ နာကျင်ပြီး ပျောက်ကင်းဖို့ခက်တဲ့ ဝက်ခြံဖုတွေ ရုတ်တရက် ထွက်လာခဲ့ရင်တော့ နေ့စဉ်သောက်နေတဲ့ Whey protein ကြောင့်ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။
■ လက်ရှိ အွန်လိုင်းမှာလူတော်တော်များများ ပရိုတင်းဓာတ် စွဲလမ်းနေကြတဲ့အတွက် မိမိခန္ဓာကိုယ်က အမှန်တကယ် ပရိုတင်း ဘယ်လောက်လိုအပ်လဲဆိုတာကို သတိထားဖို့ လိုအပ်လာပါတယ်။
■ Whey protein ဟာ ကြွက်သား ပြန်လည်သန်မာစေဖို့နဲ့ ပြုပြင်ဖို့အတွက် ရေပန်းစားနေဆဲ ဖြစ်ပေမယ့်၊ နေ့စဉ်ရက်ဆက် သောက်သုံးတဲ့အခါ ခန္ဓာကိုယ်တွင်း ဇီဝဓာတုဖြစ်စဉ်ကို ပြောင်းလဲစေပြီး သင့်အသားအရေရဲ့ အကာအကွယ်လွှာ၊ ဆီထွက်နှုန်းနဲ့ ဆဲလ်အသစ်ဖြစ်ပေါ်မှုတွေကို တိုက်ရိုက်သက်ရောက်မှု ရှိစေပါတယ်။
■ Whey ကို နို့ကနေ ဒိန်ခဲပြုလုပ်တဲ့ဖြစ်စဉ်မှာ ဘေးထွက်ပစ္စည်းတစ်ခုအဖြစ်ရရှိတာပါ။
■ သူက သန့်စင်ပြီးသား ပရိုတင်းဓာတ် အလွန်ပြင်းအားကောင်းတာကြောင့် သင့်အစာချေစနစ်က အမိုင်နိုအက်ဆစ်တွေ (အထူးသဖြင့် Leucine လိုမျိုး BCAAs တွေကို) မြန်မြန်ဆန်ဆန် စုပ်ယူလိုက်ပါတယ်။
■ ဒီဖြစ်စဉ်က ကြွက်သားတည်ဆောက်မှုကို အထောက်အကူပြုပေမဲ့ အသားအရေပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုလည်း စတင်စေပါတယ်။
■ Whey protein ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးတဲ့ အင်ဆူလင် ဟော်မုန်းကို မြန်မြန်ဆန်ဆန် မြင့်တက်စေပါတယ်။ အင်ဆူလင် ရုတ်တရက် မြင့်တက်မှုကြောင့် ဆဲလ်ဖွံ့ဖြိုးမှုနဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်တဲ့ IGF-1 (Insulin-like Growth Factor 1) ဟော်မုန်း ပမာဏလည်း မြင့်တက်လာပါတယ်။
■ GF-1 ပမာဏ မြင့်တက်လာတဲ့အခါ အသားအရေရဲ့ အဆီဂလင်းတွေက ပုံမှန်ထက် အဆီ ကို ပိုမိုထုတ်လုပ်ပေးပါတယ်။ အဆီတွေ ပိုထွက်လာတဲ့အခါ မွေးညင်းပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယား (Cutibacterium acnes) တွေ ပေါက်ဖွားဖို့ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးလိုက်ပါတယ်။
■ Whey protein မှာ Leucine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး သူက ခန္ဓာကိုယ်တွင်းရှိ mTORC1 လို့ခေါ်တဲ့ ဆဲလ်ကြီးထွားမှု လမ်းကြောင်းကို လှုံ့ဆော်ပေးပါတယ်။
■ Whey protein ကို နေ့စဉ် သောက်သုံးခြင်းဟာ ခန္ဓာကိုယ်က သေချာ စိစစ်မချေဖျက်နိုင်ရင် အသားအရေ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ နေ့စဉ် လှုပ်ရှားမှုအပေါ် မူတည်ပြီး ပရိုတင်း ပမာဏကို မျှတအောင် သောက်သုံးဖို့ လိုအပ်ပါတယ်။
Source- NDTV LIFE-LINE