#World_News
Published 03 July 2026
■ အီရန်အုပ်ချုပ်ရေး ခေါင်းဆောင်များက နိုင်ငံအပေါ် လူထုရဲ့ သစ္စာစောင့်သိမှုကို ပြသရန်နဲ့ တော်လှန်ရေးစိတ်ဓာတ် ပြင်းထန်ဆဲဖြစ်ကြောင်း သက်သေပြရန် ခေါင်းဆောင်ဟောင်း အယာတိုလာအလီခါမေနီအတွက် နိုင်ငံတော်အဆင့် ရက်ရှည်ဈာပနအခမ်းအနားများ ပြင်ဆင်နေပါတယ်။
■ အမေရိကန်နဲ့ အစ္စရေးလ်တို့ စစ်ပွဲပထမဆုံးအကြိမ် တိုက်ခိုက်မှုအဖြစ် လေကြောင်းပစ်ခတ်ခဲ့ရာမှာ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် ဆုံးပါးခဲ့ရခြင်းဖြစ်ပြီး ဈာပနကို တဟီရန်မြို့မှာ ယခုသီတင်းပတ်အကုန် စတင်မှာဖြစ်ပါတယ်။
■ ဒါ့အပြင် ကွန်မြို့နဲ့ မာရှတ်မြို့တို့မှာ လူထုစီတန်းလှည့်လည်ပွဲများနဲ့ အီရတ်မှာလည်း အထိမ်းအမှတ်များ ပြုလုပ်ရန် စီစဉ်ထားပါတယ်။
■ ခေါင်းဆောင်အသစ်အဖြစ် မော့တာဘာခါမေနီ ဆက်ခံခြင်းကို လူထုမကျေမနပ်ဖြစ်နေပြီး စီးပွားရေးကျပ်တည်းမှုများ ဖြစ်ပေါ်နေပါတယ်။
■ ပြည်တွင်းမငြိမ်မသက် ဖြစ်နေပေမယ့် အစိုးရက ယင်းတို့ရဲ့ ဘာသာရေးအုပ်ချုပ်မှု အာဏာစက် တောင့်တင်းခိုင်မာကြောင်း ပြသဖို့ရာ ဈာပနအခမ်းအနားသို့ လူထုသန်းချီ တက်ရောက်လာစေရန် စည်းရုံးလှုံ့ဆော်နေပါတယ်။
■ ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေမှာ အာဇာနည်ပြယုဂ်က အချက်အခြာဖြစ်ပြီး စီတန်းလှည့်လည်ပွဲများနဲ့ အခမ်းအနားများက ရှီအိုက်ရိုးရာဓလေ့များကို ဖော်ပြနေပါတယ်။
■ ယာယီလေကြောင်းပိုင်နက် ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ထားကာ နောက်ထပ်တိုက်ခိုက်မှုများကို ပြန်လည်လက်စားချေမယ်လို့ ခြိမ်းခြောက်ထားပြီး လုံခြုံရေးအစီအမံများလည်း တိုးမြှင့်ထားပါတယ်။
Source: Reuters
#World_Health
Published 03 July 2026
■ သွေးလွှတ်ကြောမကြီး ဖောင်းခြင်း ဖြစ်နိုင်ခြေကို အလွယ်တကူ စမ်းသပ်နိုင်တဲ့ နည်းလမ်းကတော့ လက်မနဲ့စမ်းသပ်တဲ့နည်းလမ်း ဖြစ်တယ်လို့ နှလုံးအထူးကု ဒေါက်တာ ထရေစီပက်ရှ်ကယ်က ပြောပါတယ်။
■ လက်ဖဝါးကိုဖြန့်၊ လက်မကို လက်ဖဝါးပေါ် ကန့်လန့်ဖြတ်တင်၊ တကယ်လို့ လက်မက လက်ဖဝါးရဲ့ အစွန်ဘက်ကို ကျော်ထွက်နေမယ်ဆိုရင် အဆစ်အမြစ်တွေ လျော့ရဲခြင်းကို ပြနေတာဖြစ်ပြီး တွယ်ဆက်တစ်ရှူးဆိုင်ရာ ရောဂါများနဲ့ ဆက်စပ်နေနိုင်တယ်လို့ ဆိုပါတယ်။
■ သွေးကြောမကြီး ဖောင်းခြင်းလက္ခဏာ ရှိသူတွေဟာ သွေးကြောနံရံများ အားနည်းချင်တဲ့သဘော ရှိပါတယ်။
■ သွေးကြောမကြီး ဖောင်းတဲ့ လူအများစုဟာ လက်မစမ်းသပ်နည်း negative ရှိမှာဖြစ်ပြီး positive ရှိသူတွေကတော့ တွယ်ဆက်တစ်ရှူးရောဂါများနဲ့ ဆက်စပ်နိုင်ပေမယ့် သွေးကြောဖောင်းခြင်းလို့တော့ သေချာပေါက် မဆိုလိုဘူးလို့ အမေရိကန်နှလုံးအဖွဲ့အစည်းမှ ဒေါက်တာ မာ့စ်ဘိုနာကာက ပြောပါတယ်။
■ လက်မစမ်းသပ်နည်းက သွေးကြောမကြီးဖောင်းခြင်းအတွက် စိတ်ချရတဲ့ ရောဂါရှာဖွေရေးနည်းလမ်းလို့တော့ သတ်မှတ်လို့မရပါဘူး။
■ ကျန်းမာတဲ့လူတွေမှာ တွယ်ဆက်တစ်ရှူးရောဂါများ မရှိဘဲနဲ့လည်း လက်မစမ်းသပ်နည်း positive ဖြစ်နေနိုင်သလို သွေးကြောဖောင်းအခြေအနေ ရှိသူတွေမှာလည်း လက်မစမ်းသပ်နည်း ပုံမှန်ဖြစ်နေနိုင်ပါတယ်။
■ သွေးကြောမကြီးဖောင်းခြင်းအတွက် အခြေအနေတွေက လက်မစမ်းသပ်နည်းထက်စာရင် နှလုံးသွေးကြောပြဿနာများ၊ သွေးကြောဖောင်းမျိုးရိုးရှိသူများကဲ့သို့ အချက်အလက်တွေက ပိုပြီးအရေးပါပါတယ်။
■ သွေးကြောဖောင်းခြင်းအခြေအနေ ရှာဖွေဖို့အတွက် သေချာတဲ့စစ်ဆေးနည်းကတော့ ဓာတ်မှန်ရိုက်ခြင်းဖြစ်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Source: Huff Post
#World_Science
Published 03 July 2026
■ ပန်ကရိယကင်ဆာက ကုသရခက်ခဲတယ်လို့ သိထားကြပြီး အကျိတ်ပတ်ပတ်လည်မှာ ထူထဲတဲ့ အကာအကွယ်က ဆေးတွေကို ပိတ်ဆို့ပြီး ရောဂါခုခံအားကို ဖိနှိပ်ထားပါတယ်။
■ ဒါနာ-ဖာဘာကင်ဆာအဖွဲ့အစည်းမှ သုတေသီများဦးဆောင်တဲ့ စမ်းသပ်ချက်မှာတော့ FDA အသိအမှတ်ပြု ဗိုက်တာမင်-ဒီ တစ်မျိုးဟာ ကင်ဆာဆဲလ် အကာအကွယ်တွေကို ဖြိုခွဲပြီး ကုသလို့ ရလာစေနိုင်မယ်လို့ တွေ့ရှိလာပါတယ်။
■ ပယ်ရီကယ်စီတောလ်က ပန်ကရိယအကျိတ်ရဲ့ဘေးက အရာတွေကို ပြန်လည်ပြုပြင်ကာ ဆေးသွင်းကုသနည်းတွေ တိုးတက်စေနိုင်မယ်လို့ တွေ့ထားပါတယ်။
■ ပန်ကရိယကင်ဆာလူနာတွေ ပါဝင်တဲ့ စမ်းသပ်ချက်ထဲမှာ ပယ်ရီကယ်စီတောလ်က ဖိုင်ဘရိုဘလက်စ်လှုပ်ရှားမှုကို လျှော့ချပေးပြီး အကျိတ်တွေထဲက တီဆဲလ်တွေကို တိုးမြှင့်စေတာ တွေ့ရပါတယ်။
■ ဒီစမ်းသပ်ချက်က ကုသနည်းရဲ့ ထိရောက်မှုကို စမ်းသပ်ရန်မဟုတ်ပေမယ့် ဒီဆေးလက်ခံအသုံးပြုတဲ့ လူနာတွေမှာ ကုသနည်းတုံ့ပြန်မှု မြင့်မားခဲ့ပြီး ရောဂါမဆိုးရွားစေဘဲ အသက်ရှင်သန်နှုန်း တိုးတက်စေပါတယ်။
■ ပယ်ရီကယ်စီတောလ်က ဗိုက်တာမင်-ဒီ ပေါင်းစည်းတဲ့နေရာကို သွားပေါင်းပြီး မျိုးဗီဇတွေနဲ့ ဆဲလ်ပြုမူပုံတွေကို သက်ရောက်စေကာ ပန်ကရိယကင်ဆာ ကုသနည်းယဉ်ပါးမှုကို ဖြေရှင်းနိုင်ဖွယ်ရှိပါတယ်။
■ ပယ်ရီကယ်စီတောလ်ဖြင့် ကုသတဲ့အခါ ဗိုက်တာမင်-ဒီ လက်ခံပေါင်းစည်းပစ္စည်း မြင့်မားတဲ့ လူနာတွေမှာ ဓာတုဆေးသွင်းကုထုံး ကောင်းစွာအလုပ်လုပ်စေပြီး အသက်ရှင်သန်ချိန် အကြာမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။
■ အနာဂတ်အတွက် သုတေသနတွေအနေနဲ့ လက်တွေ့စမ်းသပ်မှုကြီးတွေနဲ့ ဗိုက်တာမင်-ဒီ ပေါင်းစည်းပစ္စည်းက ထိရောက်တဲ့ကုသနည်းအတွက် ဇီဝအမှတ်အသားအဖြစ် သတ်မှတ်နိုင်မလားဆိုတာကို လေ့လာရှာဖွေသွားမှာ ဖြစ်ပါတယ်။
Source: Sci Tech Daily
ဂျာမနီမှာ အပြင်းထန်ဆုံးအပူလှိုင်းရင်ဆိုင်နေရပြီး အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းတိုမှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်နီးပါး မြင့်တက်လာနိုင်ကြောင်း မိုးလေဝသပညာရှင်တွေ သတိပေးနေပါတယ်။
#World_Climate
Published 02 July 2026
#ဂျာမနီ #အပြင်းထန်ဆုံးအပူလှိုင်း
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့ရှိ သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကိုLNG တန်ချိန် ၃၀,၀၀၀ကျော်ခန့် တင်ဆောင်လာတဲ့ LNG သင်္ဘောဟာ ဇူလိုင်(၁)ရက်က ၈ကြိမ်မြောက်အဖြစ်ရောက်ရှိလာတယ်လို့ သိရပါတယ်။
#Local_News
Published 02 July 2026
#LNG #သင်္ဘော
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ တောင်သူများအနေနဲ့စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို လေ့လာသုံးသပ်ပြီး ချင်းစိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုစိတ်ဝင်စားလာကြတယ်လို့ သိရပါတယ်။
#Local_News
Published 02 July 2026
#ဂျင်း #ရှမ်းပြည်နယ်တောင်ပိုင်း
#YMG/SW #Yangon_Times
တညင်းကုန်းလက်ကားဈေးကြီးကို စီမံခန့်ခွဲနေတဲ့ မြန်မာအက်ဂရိုအိတ်(စ)ချိန်း အများပိုင်ကုမ္ပဏီလီမိတက် (MAEX) ဟာရှယ်ယာအမြတ်ငွေ ကျပ်(၄)ဒဿမ(၇)ဘီလီယံကျော်ထုတ်ပေးသွားမယ်လို့သိရပါတယ်။
#Local_News
Published 02 July 2026
#MAEX
#YMG/NN #Yangon_Times
မြန်မာရွှေပြင်ပပေါက်ဈေးတွေတဖြေးဖြေးကျဆင်းလာလျှက်ရှိရာ ယနေ့ ဇူလိုင်လ(၂)ရက်မှာတော့တစ်ကျပ်သားကို ကျပ်(၉၅)သိန်းအထိကျဆင်းလာတယ်လို့ ရွှေဈေးကွက်အတွင်းမှသိရပါတယ်။
#Local_News
Published 02 July 2026
#မြန်မာရွှေ
#YMG/SW #Yangon_Times
#Daily_News
Published 02 July 2026
၁။ LNG ၃၀,၀၀၀ကျော် တင်ဆောင်လာသည့် သင်္ဘော(၈)ကြိမ်မြောက်အဖြစ်ရောက်ရှိလာ
၂။ ချင်း(ဂျင်း)စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုစိတ်ဝင်စားလုပ်ကိုင်လာ
၃။ MAEXမှ ရှယ်ယာအမြတ်ငွေကျပ်(၄)ဒဿမ(၇)ဘီလီယံကျော် ထုတ်ပေးသွားမည်
၄။ ဂျာမနီ၌အပူလှိုင်းဖြတ်သန်းနေကာ အပူချိန်(၄၀)ဒီဂရီဆဲလ်စီးယပ်စ်နီးပါးမြင့်တက်လာဖွယ်ရှိသည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 02 July 2026
■ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ မရှိစေရေးအတွက် တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းစဉ်များကို နှစ်နိုင်ငံအစိုးရချင်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို
ဇွန် ၃၀ရက် နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort ဟိုတယ်၌ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၈) ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးဖွင့်ပွဲအခမ်းအနား၌ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
■ အဆိုပါ (၃၈) ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး၌ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်ကျော်လင်းမောင်၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဇော်မင်းလတ်နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya နှင့် အဖွဲ့ဝင်များတက်ရောက်ကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya တို့ကအမှာစကားပြောကြားကြသည်။
■ အဆိုပါအစည်းအဝေးတွင် နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ မရှိစေရေးအတွက် တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းစဉ်များကို နှစ်နိုင်ငံအစိုးရချင်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နယ်စပ်ဒေသတွင် ကဏ္ဍအလိုက် ပူးပေါင်းဆောင် ရွက်မှုကိစ္စရပ်များ၊ အခြားကိစ္စရပ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက်ဆွေးနွေးကြသည်။
■ ညပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကျော်လင်းမောင်က ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya နှင့် နယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များအား စိန်ပန်းနီနီဧည့်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
■ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် Amazing Kengtong Resort ဟိုတယ်၌ ဆက်လက်ကျင်းပရာ နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များက (၃၈) ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြပြီး အမှာစကားများပြောကြားကြသည်။
■ ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များသည် နှစ်နိုင်ငံအထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကြသည်။
■ (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသည့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ သူရဲကောင်းဗိမာန် (နေပြည်တော်) သို့ သွားရောက်ကြည့်ရှုလေ့လာ၍ ပန်းခွေချအလေးပြုခြင်း၊ ကျိုင်းတုံမြို့ရှိ တန်ခိုးကြီးဘုရားစေတီများသို့ သွားရောက်ဖူးမြော်ခြင်းများ ဆောင်ရွက်ကြပြီး နေပြည်တော်နှင့် ကျိုင်းတုံမြို့ရှိ အထင်ကရနေရာများသို့လည်း သွားရောက်လေ့လာလည်ပတ်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 July 2026
■ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင်ကန်လမ်းမကြီးရှိ BOC ကားမှတ်တိုင်၏ အနောက်ဘက်ရှိ လက်ဆယ်ကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်းMedical လူငယ်များ (ရန်ကုန်) လူမှုကူညီရေးအသင်းမှသိရသည်။
■ ဇွန်လ ၁ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်ခန့်က ဖြစ်ပွားခဲ့ပြီးေ-သဆုံးသူမှာ အသက် ၃၀ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး၊ ယခုအချိန်အထိ ၎င်း၏အမည်နှင့်နေရပ်လိပ်စာကို အတည်မပြုနိုင်သေးကြောင်းကြောင်းသိရသည်။
■ Medical လူငယ်များ (ရန်ကုန်) လူမှုကူညီရေးအသင်းမှသေဆုံးသူ၏ ရုပ်အလောင်းကို သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 47 of 2053