#World_Health
Published 25 April 2026
■ အသက် ၅၅ နှစ်အရွယ် အက်ဝပ်ဝေါလ်ဒါဟာ ဦးနှောက်ကင်ဆာတစ်မျိုး ဖြစ်ပေါ်ထားပါတယ်။
■ ဒီလိုကင်ဆာမျိုးကို ပုံမှန်အားဖြင့် အကျိတ်ခွဲစိတ်ဖယ်ရှားပြီး ဓာတ်ရောင်ခြည်၊ ဓာတုကုထုံးတို့ဖြင့် ကုသစေပါတယ်။
■ ဒီနောက်မှာတော့ ရောဂါဟာ အမြဲတမ်းနီးပါး ပြန်လည်ဖြစ်ပေါ်ပါတယ်။
■ ကယ်ဂေရီတက္ကသိုလ်မှ သုတေသီတွေက နိုင်ယာဆင်လို့ခေါ်တဲ့ ဗိုက်တာမင်-ဘီ၃ ပမာဏများများက အဆိုပါကုသနည်းထဲ ထည့်သွင်းခြင်းက ရလဒ်တိုးတက်စေမလားဆိုတာကို လေ့လာနေကြပါတယ်။
■ ဒီလေ့လာချက်ကို ဦးနှောက်ကင်ဆာအထူးကု ဒေါက်တာ ဂလိုရီယာရိုဒန်အာဂိုတီနဲ့ အာရုံကြောသိပ္ပံပညာရှင် ဒေါက်တာ ဝီယောင်တို့ဦးဆောင်ကာ နိုင်ယာဆင်က အားနည်းနေတဲ့ ခုခံအားဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို ပြန်လည်နိုးဆွကာ အကျိတ်ဆဲလ်တွေကို တိုက်ခိုက်စေနိုင်မလားဆိုတာ လေ့လာဖို့ ဖြစ်ပါတယ်။
■ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ နိုင်ယာဆင်က ခုခံအားဆဲလ်တွေကို ပြန်လည်ရှင်သန်စေပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အလုပ် လုပ်စေတာတွေ့ရတယ်လို့ ဝီယောင်က ပြောပါတယ်။
■ လူနာ ၂၄ ဦးရဲ့ အစောပိုင်းရလဒ်များအရ ၈၂ ရာခိုင်နှုန်းဟာ ၆ လအတွင်း ရောဂါဆိုးရွားလာခြင်း မရှိခဲ့ပါဘူး။
■ ရလဒ်ကောင်းတွေ တွေ့ရပေမယ့် ဦးနှောက်ကင်ဆာရဲ့ ဆိုးရွားလာနိုင်တဲ့ သဘာဝနဲ့ နိုင်ယာဆင် ပမာဏများပြားခြင်းရဲ့ အန္တရာယ်တွေကို သုတေသီတွေ သတိပေးထားပါတယ်။
■ ပါဝင်စမ်းသပ်ခံသူ ၄၈ ဦးဖြင့် နောက်ဆုံးဆန်းစစ်မှုကို ၂၀၂၆ နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၇ အစောပိုင်း ပြုလုပ်သွားဖွယ် ရှိပါတယ်။
Source: SciTechDaily
အရှေ့အလယ်ပိုင်းစစ်ပွဲ မရေမရာဖြစ်နေတဲ့ကြား ပါကစ္စတန်မှာ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းနဲ့ လျှပ်စစ်မီးပြတ်တောက်ခြင်းတို ခံစားနေရပါတယ်။
#World_Crisis
Published 24 April 2026
#ပါကစ္စတန် #လျှပ်စစ်မီးပြတ်တောက်
#YMG #Yangon_Times #Yangon_Media_Group
မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း(MAI) နဲ့ အင်ဒိုနီးရှား Perkasa Flight School တို့ ပူးပေါင်းကာ Cadet Pilot Program ကို ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။
#Local_News
Published 24 April 2026
#MAI #Cadet_Pilot_Program
#YMG/SW #Yangon_Times
တစ်နှစ်တာအတွင်းရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမား ၁၁သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးပြီးဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 24 April 2026
#အာမခံအလုပ်သမား
#YMG/NN #Yangon_Times
ဒေသခံတောင်သူများရဲ့ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ပြီး စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပူးပေါင်းကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စိုက်ပျိုးတောင်သူများလက်ဝယ်အရောက် စက်သုံးဆီနှင့်ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ပုံးအင်းကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာမှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 24 April 2026
#ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ #စက်သုံးဆီ
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွက် စက်သုံးဆီရည်ညွှန်းဈေးတွေ မှာ စက်သုံးဆီဈေးအားလုံး ကျဆင်းလာပြီးဒီဇယ်တစ်လီတာကိုကျပ်(၇၀၀)ကျော်အထိကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 24 April 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
#Daily_News
Published 24 April 2026
၁။ MAI နှင့် အင်ဒိုနီးရှား Perkasa Flight School တို ပူးပေါင်း၍ Cadet Pilot Program ကို ဖွင့်လှစ်မည်
၂။ အာမခံအလုပ်သမား ( ၁၁ )သိန်းကျော်ကိုကျန်းမာရေးစောင့်ရှောက်မှုပေး
၃။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တောင်သူများလက်ဝယ်အရောက် စက်သုံးဆီနှင့်ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချ
၄။ ပါကစ္စတန်၌လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်းနှင့်လျှပ်စစ်မီးပြတ်တောက်ခြင်းပြဿနာများကြုံတွေ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 24 April 2026
■ ဧရာဝတီတိုင်းဒေသကြီးချောင်းသာနှင့်ငွေဆောင်ကမ်းခြေများ၌ ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၃ ရက်၊ မနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ လူမှုရေးရာဝန်ကြီး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
■ ယင်းအစည်းအဝေးတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတွင် လူရည်ချွန်စခန်းများကို နှစ်စဉ်ဖွင့်လှစ်ခဲ့ပြီး လူရည်ချွန်များအနေဖြင့် အပန်းဖြေခြင်းအပြင် ဒေသအတွင်း၌ရှိသည့် သိသင့်သိထိုက်သည့် လုပ်ငန်းများ၊ ဒေသထွက်ကုန်များအပြင် ဗဟုသုတများရရှိစေမည့်နေရာ၊ ဒေသများသို့ လေ့လာ၊ လည်ပတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ယခုအချိန်သည် ရာသီဥတုပူပြင်းသည့်အတွက် လူရည်ချွန်များ သက်သောင့်သက်သာဖြင့် သွားလာလည်ပတ်နိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းပြောကြားသည်။
■ ထိုသို့လေ့လာလည်ပတ်သည့် အစီအစဉ်တွင် စနစ်တကျဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်ရန်လိုပါကြောင်း၊ လူရည်ချွန်များ၏ လုံခြုံရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း စနစ်တကျဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များအတွက် အစားအသောက်များသည် သန့်ရှင်းလက်ဆတ်သော ဒေသ အစားအစာများဖြစ်စေရေး ကိုလည်း ဆောင်ရွက်ထားရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များသည် အနယ်နယ်အရပ်ရပ်မှ လာရောက်သူများဖြစ်သဖြင့် မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများက အလေးထားကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ယခင်နှစ်များ၏ အားနည်းချက်များကို ကြိုတင်ပြင်ဆင်၍ တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
■ ထို့နောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများက လူရည်ချွန်စခန်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကော်မတီများအလိုက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 24 April 2026
■ ဝါရှင်တန် - အလုပ်သမားများကို ခရစ်ပတို ငွေကြေးရင်းနှီးမြှုပ်နှံမှု လိမ်လည်သည့် လုပ်ငန်းများတွင် အတင်းအကျပ် ပါဝင်စေခဲ့သည်ဟု အာဏာပိုင်များက ဆိုသည့် မြန်မာနိုင်ငံရှိ ကြီးမားကျယ်ပြန့်သော စခန်းတစ်ခုကို စီမံခန့်ခွဲခဲ့မှုဖြင့် တရုတ်နိုင်ငံသား နှစ်ဦးသည် အမေရိကန်တွင် တရားစွဲဆိုခံနေရကြောင်း ရိုက်တာသတင်းအရသိရသည်။
■ ဖက်ဒရယ်တရားရုံးတွင် တင်သွင်းထားသော တိုင်ကြားချက်အရ သံသယရှိသူများဖြစ်သည့် ဟွမ်ရှင်းရှန် (Huang Xing Shan) နှင့် ကျန်ဝမ်ကျဲ (Jiang Wen Jie) တို့ကို အင်တာနက်/ ဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် လိမ်လည်မှုကျူးလွန်ရန် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုထားသည်။
■ သူတို့သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များက မသိမ်းပိုက်မီ မင်းလက်ပံရွာရှိ စက်မှုလုပ်ငန်းအရွယ်အစားရှိသော Shunda Park (ရွှန်းဒါ စက်မှုဇုန်) စခန်းကို စီမံခန့်ခွဲခဲ့သည်ဟု စွပ်စွဲခံထားရသည်။
■ ဝါရှင်တန်တွင် တရားစွဲဆိုခံထားရသော သံသယရှိသူ နှစ်ဦးစလုံးသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအစိုးရ၏ ထိန်းသိမ်းမှုအောက်တွင် ရှိနေကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။
■ သူတို့သည် ကမ္ဘောဒီးယားရှိ အခြား ငွေလိမ်စခန်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့သော်လည်း ယခုနှစ်အစောပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စွဲချက်များဖြင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု အဆိုပါမှတ်တမ်းက ဖော်ပြထားသည်။ သူတို့ကို အမေရိကန်သို့ မည်သည့်အချိန်တွင် ခေါ်ဆောင်လာကာ တရားစွဲဆိုမည်မှာ မသေချာသေးပေ။
■ FBI အေးဂျင့်များသည် ရွှန်းဒါ (Shunda) စခန်းတွင် တွေ့ရှိခဲ့သည့် အီလက်ထရောနစ် စက်ပစ္စည်း ထောင်ပေါင်းများစွာကို စစ်ဆေးခဲ့ပြီး ယခင် အလုပ်လုပ်ခဲ့သူအချို့ကိုလည်း တွေ့ဆုံမေးမြန်းခဲ့သည်။ လိမ်လည်သူများသည် တရားဥပဒေစိုးမိုးရေး အရာရှိများ သို့မဟုတ် ဘဏ်အရာရှိများအဖြစ် ဟန်ဆောင်ကာ၊ တရားဝင် ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းများအသွင် ဖန်တီးထားသော လိမ်လည်သည့် ဝက်ဘ်ဆိုက်များကို အသုံးပြု၍ ခရစ်ပတိုငွေကြေးများ ပေးပို့လာစေရန် လှည့်စားခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ သားကောင်များကို လိမ်လည်ခဲ့ကြကြောင်း FBI အေးဂျင့်တစ်ဦး၏ ကျမ်းကျိန်လွှာအရ သိရသည်။
■ ဝါရှင်တန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ စွဲချက်များကို ကြေညာခဲ့သည့် အမေရိကန် ရှေ့နေ ဂျန်နင်းပီရို (Jeanine Pirro) က ရွှန်းဒါစခန်းတွင် ကျူးလွန်ခဲ့သော လိမ်လည်မှုအမျိုးအစားသည် အလျင်မြန်ဆုံး ကြီးထွားလာနေပြီး ဘဏ္ဍာရေးအရ အပျက်အစီး အများဆုံးဖြစ်စေသည့် ဆိုက်ဘာ ရာဇဝတ်မှုပုံစံများထဲတွင် ပါဝင်ကာ အမေရိကန်နိုင်ငံသားများအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးစေခဲ့ကြောင်း ပြောကြားခဲ့သည်။
■ "ဒါက စိတ်ကူးယဉ်အကြောင်းအရာ မဟုတ်ပါဘူး။ ဒါဟာ ခင်ဗျားတို့ရဲ့အိမ်နီးချင်းတွေ၊သူငယ်ချင်းတွေနဲ့ မိဘတွေရဲ့ အငြိမ်းစားယူဖို့ စုဆောင်းထားတဲ့ ငွေစာရင်းတွေကို ထိခိုက်နေတာပါ" ဟု ပီရိုက ပြောကြားခဲ့သည်။ "ဒီလိုခံရတဲ့ သူအချို့ဟာ အရမ်းကို စိတ်သောကရောက်သွားပြီး သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားကြတဲ့အထိပါပဲ။ ဒါဟာ စီးပွားရေးအရ လူသတ်မှုပါပဲ။"
■ စခန်းရှိ အလုပ်သမားများက သူတို့ကို ဆန္ဒမပါဘဲ ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် အကြမ်းဖက်မည်ဟု ခြိမ်းခြောက်ကာ လိမ်လည်မှုများတွင် အတင်းအကျပ် ပါဝင်စေခဲ့ကြောင်း FBI သို့ ပြောကြားခဲ့သည်။
■ "ဒီစခန်းတွေရဲ့ နောက်ကွယ်က ရာဇဝတ်ဂိုဏ်းတွေဟာ မသင်္ကာမှုမရှိတဲ့ သူတွေကို လစာကောင်းတဲ့ နည်းပညာအလုပ်တွေ ပေးမယ်ဆိုပြီး အနီးအနားက ထိုင်းနိုင်ငံကို သွားဖို့ မကြာခဏ သွေးဆောင် လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလူတွေထဲက အများစုဟာ သူတို့ရဲ့ သက်သေခံစာရွက်စာတမ်းတွေ သိမ်းဆည်းခံရပြီး ဒီငွေလိမ်စခန်းတွေမှာ အလုပ်လုပ်ဖို့ (မြန်မာနိုင်ငံသို့) လူကုန်ကူးခံရတာ ဖြစ်ပါတယ်" ဟု FBI ၏ ကျမ်းကျိန်လွှာတွင် ဖော်ပြထားသည်။
#World_News
Published 24 April 2026
■ အိမ်ဖြူတော်မှာ ထိပ်သီးအစည်းအဝေး ပြုလုပ်ပြီးနောက် လက်ဘနွန်နဲ့ အစ္စရေးလ်တို့ အပစ်အခတ်ရပ်စဲရေး နောက်ထပ်သုံးပတ် တိုးချဲ့လိုက်ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြာသပတေးနေ့က ပြောသွားပါတယ်။
■ ထရမ့်က အမေရိကန်ဆိုင်ရာ အစ္စရေးလ်သံအမတ် ယက်ချီရယ်လစ်နာနဲ့ လက်ဘနွန်သံအမတ် နာဒါမိုအာဝက်တို့ကို ငြိမ်းချမ်းရေးဆွေးနွေးမှု ဒုတိယအကျော့အဖြစ် ဘဲဥပုံရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
■ ဟစ်ဇ်ဘိုလာရန်ကနေ လက်ဘနွန်ကာကွယ်နိုင်ဖို့ အတူတကွ လုပ်ဆောင်နေကြောင်း ထရမ့်က Truth Social မှာ ဖော်ပြထားပါတယ်။
■ သိပ်မကြာခင်မှာလည်း အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူနဲ့ လက်ဘနွန်သမ္မတ ဂျိုဆပ်အွန်တို့ကို လက်ခံတွေ့ဆုံဖို့လည်း ထရမ့်မျှော်လင့်နေပါတယ်။
■ သုံးပတ်တာ အပစ်အခတ် ရပ်စဲရေးချိန်အတွင်း ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြဖို့ မျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
■ ဒုသမ္မတ ဂျေဒီဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ အစ္စရေးလ်ဆိုင်ရာ အမေရိကန်သံအမတ် မိုက်ခ်ဟက်ကာဘီ၊ လက်ဘနွန်ဆိုင်ရာ အမေရိကန်သံအမတ် မီရှဲလ်အစ္စာတို့လည်း အစည်းအဝေး တက်ရောက်ခဲ့ကြပါတယ်။
■ ယခင် သဘောတူညီချက်က တနင်္ဂနွေနေ့မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ သိသိသာသာ လျော့ကျပေမယ့် လက်ဘနွန်တောင်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Source: Reuters
#Local_News
Published 24 April 2026
■ ရန်ကုန်နှင့်မန္တလေး၌ မနက်အစောပိုင်းတွင် လူနေအိမ်နှင့်ဆိုင်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ ဧပြီလ၂၄ ရက်နေ့၊ မနက် ၁ နာရီ၂၇မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ အောင်မင်္ဂလာ(၁)ရပ်ကွက်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁နာရီ ၅၀မိနစ်အချိန်၌မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
■ အလားတူ ဧပြီလ၂၄ ရက်နေ့၊ မနက် ၃ နာရီ၁၈မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေိ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လှိုင်သာယာ(အရှေိ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
■ အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား စုံစမ်းလျှက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 24 April 2026
■ ကမ္ဘာကြီးဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပျမ်းမျှ ၀.၃၅ ဒီဂရီဆဲလ်စီးယပ်စ်နှုန်းဖြင့် ပူနွေးလာခဲ့ပြီး ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်း ၀.၂ ဒီဂရီထက် များစွာပိုများနေခဲ့ကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။
■ ယခုဆယ်စုနှစ်အကုန်မှာ ၁.၅ ဒီဂရီ ပူနွေးမှုရေမှတ်ကို အပြီးတိုင် ဖြတ်ကျော်မယ်လို့ ယူဆခဲ့ကြတာဟာ မှားယွင်းနေနိုင်တယ်လို့ ဆိုပါတယ်။
■ NASA ၊ NOAA တို့လို အဖွဲ့အစည်းကြီး ၅ ခုဆီကနေ အချက်အလက်များယူပြီး ကမ္ဘာကြီး ပူနွေးလာနှုန်းကို တိုင်းတာခဲ့ကြပါတယ်။
■ ဒီထဲမှာ အယ်နီညိုဖြစ်စဉ်များ၊ မီးတောင်ပေါက်ကွဲမှုများ၊ ဆိုလာအပူတို့လို သဘာဝဖြစ်စဉ်များလည်း ပါဝင်ပါတယ်။
■ ၂၀၁၅ ခုနှစ်တည်းက ကမ္ဘာကြီးပူနွေးလာမှုနှုန်းဟာ ၉၈ ရာခိုင်နှုန်းကျော် ပြသထားပါတယ်။
■ သိပ္ပံပညာရှင်တွေ မှတ်ယူထားတဲ့ ရာသီဥတုရေမှတ်တွေဟာ ထင်ထားတာထက် များစွာပိုမြန်အောင် ရောက်လာပါလိမ့်မယ်။
■ ယခင်လေ့လာချက်တွေမှာလည်း ကမ္ဘာကြီးဟာ ၀.၂၇ ဒီဂရီဆဲလ်စီးယပ်စ်နှုန်းဖြင့် ပူနွေးနေကြောင်း တွေ့ရှိထားပါတယ်။
■ ကမ္ဘာကြီး ဘယ်လောက်မြန်မြန် ပူနွေးလာလဲဆိုတာက ရုပ်ကြွင်းလောင်စာများမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု ပပျောက်အောင် ဘယ်လောက်မြန်မြန် ဆောင်ရွက်နိုင်လဲဆိုတဲ့အပေါ် မူတည်နေပါတယ်။
■ ရုပ်ကြွင်းလောင်စာတွေအစား သန့်စင်စွမ်းအင်ကဏ္ဍကို ထဲထဲဝင်ဝင် ဆောင်ရွက်သင့်နေပြီ ဖြစ်ပါတယ်။
■ ရေခဲတောင်တွေ ရေခဲပြင်တွေ အရည်ပျော်နှုန်းမြန်ဆန်လာကာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေပြီး ကမ်းရိုးတန်းဒေသတွေ စိုးရိမ်စရာ ဖြစ်လာပါတယ်။
Source: WION.
Page 49 of 2000