အခုတစ်ပတ်အတွက် စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေ ထပ်မံကျဆင်းလာတယ်လိုစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး
ကော်မတီရဲ့ ဒီကနေ့အတွက်ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 26 June 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
မန္တလေးမြို့က KBZ Center Mandalay မှာ ကျောက်ကပ်သွေးသန့်စင်စက် အလုံးရေ(၂၀)နဲ့အခမဲ့ကျောက်ကပ်သွေးသန့်စင်ကုသမှုပြုလုပ်ပေးနေလျှက်ရှိရာ ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ဖို့ လျှောက်လွှာတွေကို ဇူလိုင်လ (၁) ရက်နေ့ကနေ (၃) ရက်နေ့အထိ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ထုတ်ဝေပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 26 June 2026
#ကျောက်ကပ်သွေးသန့်စင်စက် #KBZ_Center_Mandalay
#YMG/SW #Yangon_Times
#Daily_News
Published 26 June 2026
၁။ 10th Agri Tech Myanmar 2026 ကုန်စည်ပြပွဲ၌ သစ်သီးဝလံနှင့်ထုတ်ကုန်များအား Live Sale လွှင့်ရောင်းချ
၂။ သုခဒဂုံအိမ်ရာမှအခန်းများနေထိုင်ခွင့်အတွက်မဲနှိုက်နေရာချထားပေးမည်
၃။ စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းနေ
၄။ အိမ်မွေးတိရိစ္ဆာန်များနှင့်အတူပိုမိုအဆင်ပြေစွာခရီးသွားလာနိုင်စေရန် တရုတ်လေကြောင်းလိုင်းများဝန်ဆောင်မှုမြှင့်တင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 June 2026
■ မြန်မာနိုင်ငံအတွက် မိုင်းလုပ်ငန်းစဉ်စံနှုန်း (Myanmar National Mine Action Standards– NMAS) ရေးဆွဲနိုင်ရေးလိုအပ်သည့်လေ့လာမှု၊ ညှိနှိုင်းဆွေးနွေးမှုများဆောင်ရွက်နေကြောင်းသိရသည်။
■ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယမာန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပရာ အလုပ်ရုံဆွေးနွေးပွဲသို့ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့(ဗဟို)ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့(ဗဟို)အဖွဲ့ဝင် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံဒေသတွင်း မိုင်းလှုပ်ရှား မှုဗဟိုဌာန(ARMAC)၊ ဂျီနီဗာအပြည်ပြည်ဆိုင်ရာ မိုင်းရှင်းလင်းရေးဗဟိုဌာန (GICHD) တို့မှ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့်ပါဝင်တက်ရောက်ကြသည်။
■ ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးကမြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် အကောင်းဆုံးသော အကျိုးစီးပွားများကို ဖော်ဆောင် ပေးနိုင်ရေး မြန်မာနိုင်ငံအတွက် မိုင်းလုပ်ငန်းစဉ်စံနှုန်း (Myanmar National Mine Action Standards– NMAS) ရေးဆွဲနိုင်ရေး လိုအပ်သည့်လေ့လာမှု၊ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် အလုပ်ရုံဆွေးနွေးပွဲမှရရှိသည့်ဗဟုသုတများကအထောက်အက ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
■ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်တာကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 26 June 2026
■ နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စွမ်းအင်ဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီဖြန့်ဖြူးမှုကွင်းဆက်တစ်လျှောက်ကို ဒစ်ဂျစ်တယ်စနစ်ဖြင့် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးကြပ်မတ်ဆောင်ရွက် နေပြီးသိုလှောင်ကန်များတွင် ATG (Automatic Tank Gauging) စနစ်၊ ဆီတင်ယာဉ်များတွင် GPS စနစ်နှင့် လက်လီအရောင်းဆိုင်များတွင် QR Code စနစ်တို့ကို အသုံးပြု၍ Real-time Monitoring ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းကပြောသည်။
■ ဇွန် ၂၅ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် ကမာရွတ်မဲဆန္ဒနယ်မှ ဦးကိုကိုသင်း၏ "စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် မဟာဗျူဟာမြောက် အရန်ဆီသိုလှောင်မှုစနစ် ဖော်ဆောင်ရန်နှင့် တင်သွင်းဖြန့်ဖြူးမှုကွင်းဆက်ကို စနစ်တကျ ထိန်းကျောင်းနိုင်မည့် အစီအစဉ်ရှိ/မရှိ" ဟူသည့် ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားရာတွင် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ စက်သုံးဆီရရှိမှုသည် ပြည်ပတင်သွင်းမှုအပေါ် အခြေခံထားပြီး လက်ရှိတွင် စင်ကာပူကို အဓိကကုန်သွယ်ရေးဗဟိုချက် (Trading Hub) အဖြစ် မှီခိုတင်သွင်းလျက်ရှိကြောင်း ၊ စက်သုံးဆီတင်သွင်းမှု မပြတ်လပ်စေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများနှင့် ရေရှည်လောင်စာဆီထောက်ပံ့ရေး သဘောတူစာချုပ်များ (Long-term Supply Agreements) ချုပ်ဆိုနိုင်ရေးကို ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။
■ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ စွမ်းအင်ဖူလုံရေး၊ ပြည်သူများ စက်သုံးဆီကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးတို့အတွက် စက်သုံးဆီဖြန့်ဖြူးမှုကွင်းဆက်တစ်လျှောက် စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ၊၎င်းအပြင် Supply Chain တစ်လျှောက် မလိုအပ်သော ကုန်ကျစရိတ်များ လျှော့ချနိုင်ရေးနှင့် စက်သုံးဆီတင်သွင်းရေးလုပ်ငန်းစဉ်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် သိုလှောင်ကန်များတွင် ATG (Automatic Tank Gauging) စနစ်၊ ဆီတင်ယာဉ်များတွင် GPS စနစ်နှင့် လက်လီအရောင်းဆိုင်များတွင် QR Code စနစ်တို့ကို အသုံးပြု၍ Real-time Monitoring ဆောင်ရွက်လျက်ရှိပြီး ဒစ်ဂျစ်တယ်နည်းပညာဖြင့် စနစ်တကျကြပ်မတ်စောင့်ကြည့်လျက်ရှိကြောင်း ဒုတိယဝန်ကြီးကပြောကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 26 June 2026
■ Apple ကုမ္ပဏီက iPad နဲ့ MacBook ဈေးနှုန်းများကို ကြာသပတေးနေ့မှာ တိုးမြှင့်လိုက်ပြီး AI လုပ်ငန်း ဒေတာစင်တာ တည်ဆောက်မှုများကြောင့် တက်ရိပ်ပြနေတဲ့ မန်မိုရီနဲ့ သိုလှောင်မှုချစ်ပ်ပြား ဈေးနှုန်းတွေထံကနေ သုံးစွဲသူများကို ဆက်ပြီးတော့ မကာကွယ်ပေးနိုင်တော့ဘူးလို့ ပြောပါတယ်။
■ ဒီအစီအစဉ်က Apple အဓိကဝင်ငွေအများဆုံး ရရှိစေတဲ့ iPhone တွေအပေါ်တော့ မသက်ရောက်ပါဘူး။
■ ဒါပေမဲ့ Windows နဲ့ Chromebook လက်ပ်တော့တွေနဲ့အပြိုင် ဈေးကွက်ပြိုင်ဆိုင်ဖို့ ရည်ရွယ်ထုတ်လုပ်တဲ့ ဈေးအနည်းဆုံး Neo လက်ပ်တော့တွေကိုတော့ ၅၉၉ ဒေါ်လာကနေ ၆၉၉ ဒေါ်လာအထိ မြှင့်တင်လိုက်ပါတယ်။
■ ဒီလိုဈေးနှုန်းမြှင့်တက်ရခြင်းဟာဆိုရင် ကမ္ဘာပေါ်မှာ ထောက်ပံ့ပစ္စည်းကွင်းဆက် လုံလောက်စွာဖြင့် အခြားကုမ္ပဏီတိုင်း အားကျရတဲ့ လူကြိုက်အများဆုံး ကုမ္ပဏီကြီးတောင် မန်မိုရီဈေးနှုန်းမြင့်တက်ခြင်းဒဏ်ကို မခံစားနိုင်တော့တာ ဖော်ပြနေပါတယ်။
■ အခြားသော Apple ထုတ်ကုန်တွေဖြစ်တဲ့ MacBook Air ၊ MacBook Pro ၊ iPad Air ၊ HomePod ၊ Apple TV တို့လည်း ဈေးတက်တဲ့အထဲ ပါနေပါတယ်။
■ မန်မိုရီချစ်ပ်ပြား ထုတ်လုပ်သူတွေဟာ Nvidia လိုမျိုး AI ချစ်ပ်ပြားထုတ်လုပ်ရေးတွေကို ပိုမိုဦးစားပေးလာတာကြောင့် အီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်သူများအတွက် ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။
■ ထပ်ပြီးတော့လည်း iPhone တွေ ဈေးတက်ဖွယ်ရှိတယ်လို့ ဆန်းစစ်သူတွေ ခန့်မှန်းထားပြီး ပြိုင်ဘက်ဖုန်းထုတ်လုပ်သူတွေအတွက် စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ပါတယ်။
■ မန်မိုရီဈေးတက်လာခြင်းက အမြတ်အစွန်းရရှိမှုကို ထိခိုက်လာနိုင်ကာ စမတ်ဖုန်းနဲ့ ကွန်ပျူတာရောင်းအားများ ကျဆင်းလာစေနိုင်မယ်လို့ ခန့်မှန်းရပါတယ်။
Source: WION
#World_Health
Published 25 June 2026
■ ဒါရာဆွန်ရာဆစ်လို့ခေါ်တဲ့ဆေးဟာ နောက်ပိုင်းအဆင့် ပန်ကရိယကင်ဆာ ဝေဒနာရှင်တွေ အသက်ပိုရှည်စေနိုင်တယ်လို့ သုတေသီတွေ ဖော်ပြခဲ့ကြပါတယ်။
■ ကင်ဆာကို ကုသတာမဟုတ်ပေမယ့် ဒါဟာ အလွန်ကြီးမားတဲ့ ခြေလှမ်းတစ်ခုလို့ သုတေသနဦးဆောင်သူ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာ ဇက်ဗ်ဝိန်ဘာ့ဂ်က ပြောပါတယ်။
■ ဒီဆေးက ပန်ကရိယကင်ဆာဖြစ်ပွားမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်မှာ အကျိတ်ကြီးထွားမှုကို အားပေးတဲ့ ဗီဇပြောင်းပရိုတိန်းကို ပိတ်ဆို့ပေးပါတယ်။
■ ဒီဆေးက ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်သာရှိပြီး အကျိုးအာနိသင်တွေက ယုံကြည်စိတ်ချရပြီး ဆန်းစစ်မှုပြုလုပ်နေတဲ့အချိန်ထိ လူနာတွေဟာ ကုသနည်းနဲ့ အလုပ်ဖြစ်နေဆဲ ဖြစ်ပါတယ်။
■ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး (FDA)က ဒါရာဆွန်ရာဆစ်ဆေးကို စစ်ဆေးအတည်ပြုနိုင်ဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လူနာတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခွင့်ပေးနိုင်အောင် ကြိုးပမ်းနေပါတယ်။
■ ပန်ကရိယကင်ဆာဟာ အသက်အန္တရာယ်အများဆုံး ကင်ဆာတွေထဲက တစ်ခုဖြစ်နေပြီး အချိန် ၅ နှစ်အထိ အသက်ဆက်ရှင်နှုန်း ၁၃ ရာခိုင်နှုန်းရှိပါတယ်။
■ သုတေသီတွေက ဒီဆေးရဲ့ အလားအလာကို အလှည့်အပြောင်းတစ်ခုအဖြစ် ရှုမြင်နေကြပြီး ဆေးမတိုးတဲ့ KRAS ဗီဇပြောင်းလဲမှုတွေကို ပစ်မှတ်ထားနေပါတယ်။
■ ဒီထုတ်လုပ်မှုတွေထဲက အခြားကုသနည်းတွေထဲမှာ KRAS သီးသန့်ဆေးများ၊ ခွဲစိတ်မှုအပြီး ပြန်မဖြစ်စေရန် ကာကွယ်ဆေးများ ပါဝင်ပါတယ်။
Source: AP News
#World_Health
Published 26 June 2026
■ ခံတွင်းသန့်ရှင်းရေး လုပ်ငန်းစဉ်တွေထဲမှာ လျှာပွတ်တိုက်ခြင်း ပါဝင်ပြီး ခံတွင်းအနံ့အသက်ကောင်းခြင်းနဲ့ ခံတွင်းသန့်ရှင်းခြင်းတို့အတွက် အရေးကြီးပါတယ်။
■ လျှာပွတ်တိုက်ခြင်းဖြင့် နိုက်ထရစ်အောက်ဆိုင်ဒ် ထုတ်လုပ်မှုမှာ ပါဝင်တဲ့ ဘက်တီးရီးယားတွေကို လှုံ့ဆော်ပေးကာ ဒီမော်လီကျူးက သွေးကြောကျန်းမာရေး၊ သွေးလည်ပတ်ခြင်း၊ အလုံးစုံကျန်းမာခြင်းတို့နဲ့ ဆက်စပ်နေတယ်လို့ ဒေါက်တာ ဒန်နီယယ်ပွန်ပါက ပြောပါတယ်။
■ နိုက်ထရစ်အောက်ဆိုဒ်က သဘာဝအတိုင်း သွေးကြောကျယ်စေပြီး သွေးစီးဆင်းမှု ကောင်းမွန်စေကာ နှလုံးသွေးကြောကျန်းမာရေးကို ထောက်ကူပေးတဲ့အပြင် အိုမင်းဆန့်ကျင်မှုလည်း ရှိနေနိုင်ပါတယ်။
■ ကိုယ်ခံအားလုပ်ဆောင်ချက်၊ ရောဂါပိုး ဖယ်ရှားခြင်း၊ အာရုံကြောဆဲလ် ချိတ်ဆက်ခြင်းတို့မှာလည်း ပတ်သက်နေကာ ရေရှည်ကျန်းမာရေးနဲ့ အိုမင်းခြင်းတို့အတွက် အရေးပါစေပါတယ်။
■ လျှာပွတ်တိုက်ခြင်းမှာ အကျိုးအာနိသင်တွေ ရှိနေနိုင်ပြီး ခံတွင်းသန့်ရှင်းရေး ကောင်းမွန်ခြင်း၊ ကိုယ်ခံအားကျန်းမာရေးတို့နဲ့ ပတ်သက်နေပါတယ်။
■ လျှာပွတ်တိုက်ခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးတွေကတော့ အန္တရာယ်ပြု ခံတွင်းရောဂါပိုးများ လျှော့ချပေးခြင်း၊ အကျိုးပြုဘက်တီးရီးယားများကို တိုးများစေခြင်း၊ အစာခြေကောင်းမွန်စေခြင်း၊ အရသာသိရှိမှု တိုးတက်စေခြင်း၊ ကိုယ်ခံအားမြှင့်တင်ခြင်းတို့ ပေးနိုင်ပါသေးတယ်။
■ လျှာပွတ်တိုက်ရာမှာ ထိခိုက်ခြင်းမဖြစ်စေရန်အတွက် သွားတိုက်ပြီးတိုင်းမှာ သန့်ရှင်းတဲ့ကိရိယာဖြင့် ၂-၃ ကြိမခန့် ညင်သာစွာ ပွတ်တိုက်ပေးဖို့ အကြံပြုထားပါတယ်။
■ မသန့်ရှင်းတဲ့ လျှာပွတ်တံတွေနဲ့ ပွတ်တိုက်ရင်တော့ ရောဂါပိုးကူးစက်ဝင်ရောက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
Source: Indian Express
အမေရိကန်နဲ့ အသစ်လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာအပေါ် မိမိအနေဖြင့် သံသယများရှိကြောင်း၊ အီရန်အနေဖြင့် ဆွေးနွေးပွဲများဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့် နောက်ထပ်တွေ့ဆုံမှုတစ်ခုအတွက် အဆင်သင့်ရှိနေပြီး လက်နက်ကိရိယာများလည်းရှိကြောင်း အီရန်အဆင့်မြင့်အရာရှိ အီဘရာဟင်ရေဇာအီက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
#World_Politics
Published 25 June 2026
#အမေရိကန် #အီရန်
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်-မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်များကို online စနစ်နဲ့စတင်ရောင်းချပေးနေပြီလို့ မော်လမြိုင်ဘူတာကြီးကနေ သိရပါတယ်။
#Local_News
Published 25 June 2026
#ရန်ကုန်_မော်လမြိုင်_ရန်ကုန်
#YMG/SW #Yangon_Times
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကားတွေရပ်နားနိုင်တဲ့နေရာတွေမှာပုဂ္ဂလိကတွေအနေနဲ့ အတားအဆီးတွေချထားလေ့ရှိကြတာကို အသိပညာပေးတာတွေ လုပ်ဆောင်နေသော်လည်းထပ်မံချထားပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈)နဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောပါတယ်။
#Local_News
Published 25 June 2026
#ရန်ကုန်မြို့တော်စည်ပင်သာယာရေး
#YMG/NN #Yangon_Times
ပြည်တွင်း၊ပြည်ပဝယ်လိုအားမြင့်တက်လာတာကြောင့် ကုလားအော်ငရုတ်သီး တစ်ပိဿာ ကျပ် ၃၈,၀၀၀ အထိ ပေါက်ဈေးရှိလာတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။
#Local_News
Published 25 June 2026
#ကုလားအော်ငရုတ်သီး
#YMG/SW #Yangon_Times
Page 53 of 2053