၂ဝ၂၆ ခုနှစ် "ကမ္ဘာ့ MSME နေ့" (World MSME Day) အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) မှာ ဇွန်လ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက်ကြာကျင်းပသွားမှာဖြစ်တယ်လို့ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 24 June 2026
#MSME #World_MSME-Day
#YMG/SW #Yangon_Times
တရုတ်နိုင်ငံရှိလုပ်ငန်းရှင်များက မြန်မာနိုင်ငံကထွက်ရှိတဲ့ ပြောင်းကို B2B (Business to Business) စနစ်နဲ့ ကာလရှည်ဝယ်ယူတင်သွင်းဖို့ ကမ်းလှမ်းလာတယ်လို့ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကအသိပေး ထုတ်ပြန်ထားပါတယ်။
#Local_News
Published 24 June 2026
#B2B #မြန်မာ့ပြောင်း
#YMG/NN #Yangon_Times
#Daily_News
Published 24 June 2026
၁။ ရန်ကုန်၌ ဆိုလာလမ်းမီးများကို နှစ်စဉ် (၅)ရာခိုင်နှုန်းခန့် ဝယ်ယူအစားထိုးတပ်ဆင်ပေးသွားမည်
၂။ "ကမ္ဘာ့ MSME နေ့" အခမ်းအနားကျင်းပမည်
၃။ မြန်မာ့ပြောင်းကိုတရုတ်လုပ်ငန်းရှင်များမှ B2B စနစ်ဖြင့် ကာလရှည်ဝယ်ယူရန်ကမ်းလှမ်း
၄။ တရုတ်-မြန်မာစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍတိုးတက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
သတ်မှတ်ရက်ထက် နောက်ကျပေးဆောင်တဲ့ ဝင်ငွေခွန်ကြေညာလွှာ ၊ လစာနှစ်ချုပ်စာရင်းနှင့်နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာများအတွက် ဒဏ်ငွေဆောင်ပေးရမယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 24 June 2026
#အခွန်
#YMG/SW #Yangon_Times
#Local_News
Published 24 June 2026
■ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အခွန်ရငွေနှင့် ဂျီဒီပီအချိုးကို ၉ ဒသမ ၅ ရာခိုင်နှုန်းရရှိရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြောသည်။
■ ယမာန်နေ့ မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့
၌ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးအောင်လှထွေး၏ လက်ရှိဆောင်ရွက်နေသော အခွန်စနစ်အရ အခွန်ဘဏ္ဍာရရှိမှု၊ အခွန်ကောက်ခံမှုယန္တရားတွင် နည်းပညာနှင့် လူအင်အားလုံလောက်မှု ရှိ၊ မရှိ၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ ရရှိမှု ရှိ၊ မရှိနှင့် နိုင်ငံတော်အခွန်ဘဏ္ဍာပိုမိုရရှိအောင် ဆောင်ရွက်မည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က
လက်ရှိဆောင်ရွက်နေသော အခွန်စနစ်အရ အခွန်ဘဏ္ဍာရရှိမှုနှင့် ရသင့်ရထိုက်သော အခွန်ငွေများရရှိရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံ၏ အခွန်အကောက်စနစ်တွင် ပြည်ထောင်စုအဆင့်တွင် ကောက်ခံရရှိသည့် အခွန်အကောက်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဆင့်တွင် ကောက်ခံရရှိသည့် အခွန်အကောက်နှင့် စည်ပင်သာယာရေးအဖွဲ့အဆင့်တွင် ကောက်ခံရရှိသည့် အခွန်အကောက်ဟူ၍ အဆင့် ၃ ဆင့် ဖွဲ့စည်းထားပါကြောင်း၊နှစ်အလိုက် အခွန်ကောက်ခံရရှိမှုအခြေအနေ နှိုင်းယှဉ်ချက်အရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ကောက်ခံရရှိသည့် အခွန်အကောက်ရငွေသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံ ၄၉၁၂ ခန့်ရရှိရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ဘီလီယံ ၁၄၀၇၀ ကောက်ခံရရှိခဲ့သည့်အတွက် အခွန်အကောက်ရငွေ ၃ ဆခန့် တိုးတက်ရရှိခဲ့ပါကြောင်း၊ ပြည်ထောင်စု၏ အခွန်အကောက်ရငွေနှင့် ဂျီဒီပီအချိုးသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၀၇ ရာခိုင်နှုန်းသာရှိရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၈ ဒသမ ၅၅ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အခွန်ရငွေနှင့် ဂျီဒီပီအချိုးကို ၉ ဒသမ ၅ ရာခိုင်နှုန်းရရှိရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားသည်။
■ ထို့အပြင် နည်းပညာတိုးချဲ့ကျင့်သုံးနိုင်ရေးအတွက် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် နည်းပညာဆိုင်ရာဌာနခွဲကို ဌာနခွဲတစ်ခုစီ သီးခြားထည့်သွင်းဖွဲ့စည်းထားရှိခြင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်ထမ်းမှတ်ပုံတင်ခြင်း စနစ် (e-Registration Management System)၊ အီလက်ထရောနစ် အခွန်ကြေညာလွှာတင်သွင်းမှုစနစ် (e-Filing Management System)၊ အီလက်ထရောနစ် ငွေပေးချေမှုစနစ်များဖြစ်သည့် m-Banking၊ e-Banking ၊ i- Banking ၊ Mobile Payment IRD’s Tax Payment Hub ၊ Mobile Payment တို့ဖြင့် အခွန်ငွေများပေးဆောင်နိုင်ရန် စီမံဆောင်ရွက်ထားခြင်း၊ အကောက်ခွန်ဦးစီးဌာနတွင် မြန်မာအလိုအလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System-MACCS) ကို အသုံးပြုပြီး Internet Banking / Mobile Banking မှတစ်ဆင့် အကောက်ခွန်နှင့် အခြားအခွန်အခများ ပေးဆောင်နိုင်ရေးတို့ကို စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၎င်းက ဆိုသည်။
■ ၎င်းအပြင် အခွန်ဘဏ္ဍာပိုမိုရရှိစေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့မှ စီးပွားရေးလုပ်ငန်းစာရင်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီစာရင်းများနှင့် တိုက်ဆိုင်စိစစ်ပြီး အခွန်ထမ်းသစ်များ ဖော်ထုတ်ခြင်း၊ မိုဘိုင်းဖုန်း ဟန်းဆက်များကို နည်းပညာအသုံးပြု၍ မှတ်ပုံတင်စေသည့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မော်တော်ယာဉ်ဝယ်ယူခြင်းအပေါ် အခွန်ကိစ္စစိစစ်ခြင်းလုပ်ငန်းစဉ်ဆိုင်ရာ အီလက်ထရောနစ် ဝန်ဆောင်မှုစနစ်ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိခြင်း၊ အခွန်ရငွေပိုမိုတိုးတက်ရေး၊ အခွန်စည်းကြပ်ရာတွင် မျှတမှုဖြစ်စေရေး၊ အခွန်မှူးများ၏ လုပ်ပိုင်ခွင့်ကို လျှော့ချကန့်သတ်ခြင်းဖြင့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်နိုင်ရေးတို့အတွက် အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့်စနစ်ကို တိုးချဲ့ကျင့်သုံးဆောင်ရွက်ခြင်း၊ အခွန်ထမ်းများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးများနှင့် အီလက်ထရောနစ် ဝန်ဆောင်မှုနည်းပညာဆိုင်ရာ အကူအညီပေးရေး စင်တာဖွင့်လှစ်ဆောင်ရွက်ခြင်း၊ အခွန်ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပြီး အခွန်ပညာပေးရှင်းလင်းပွဲများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အခွန်ယဉ်ကျေးမှု ပိုမိုခိုင်မာလာစေရေးနှင့် အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်တာဝန်ကို ကြည်သာပျူငှာစွာ ထမ်းဆောင်လာစေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း၍ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ဖြေကြားခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 24 June 2026
■ မြောက်ကိုရီးယားအနေဖြင့် လာမယ့် ၅ နှစ်အတွင်း မက်ထရစ်တန်ချိန် ၅,၀၀၀ ရှိတဲ့ ချွဲဟျွန်းစစ်ရေယာဉ်ကဲ့သို့ ကြီးမားတဲ့ ဖျက်သင်္ဘောနှစ်စင်းကို နှစ်စဉ် တည်ဆောက်သွားသင့်ကြောင်း ခေါင်းဆောင် ကင်မ်ဂျုံအန်းက အင်္ဂါနေ့ တာဝန်ပေးအပ်ခြင်း အခမ်းအနားမှာ ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြထားပါတယ်။
■ ကင်မ်ဂျုံအန်းက ဘက်စုံသုံး ဖျက်သင်္ဘောအသစ်ဖြစ်တဲ့ ချွဲဟျွန်းကို တာဝန်ေနရာချခြင်း ပွဲတက်ရန် မြောက်ကိုရီးယား နမ်ပိုဆိပ်ကမ်းမှာ ပြုလုပ်တဲ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။
■ ဒီဖျက်သင်္ဘောက ပြီးခဲ့တဲ့ ၁၄ လအတွင်း စစ်ဆင်ရေးစမ်းသပ်မှုများကို အောင်မြင်ခဲ့ပါတယ်။
■ မကြာမီ ကန်ကွန်လို့ခေါ်တဲ့ နောက်ထပ် ၅,၀၀၀ တန်ချိန် ဖျက်သင်္ဘောတစ်စင်းကို တန်ချိန် ၁၀,၀၀၀ ရှိတဲ့ မဟာဗျူဟာမြောက် စစ်ရေယာဉ်များနဲ့အတူ တပ်ဖြန့်ရန် စီစဉ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
■ မြောက်ကိုရီးယား စစ်တပ်မှာ ရေတပ်က အားအနည်းဆုံး ဖြစ်ခဲ့ဖူးပေမယ့် အခုအခါ စွမ်းဆောင်ရည်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် ဖြစ်လာတော့မယ်လို့ ကင်မ်ဂျုံအန်းက ပြောပါတယ်။
■ ခေတ်မီရေတပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခြင်းက အရေးတကြီး လိုအပ်ပြီး မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်လာပြီလို့ ကင်မ်ဂျုံအန်းက ပြောပါတယ်။
■ ရေတပ်အတွက် အရေးအကြီးဆုံး ပြောင်းလဲမှုမှာ အဆင့်အတန်း၊ အခန်းကဏ္ဍနဲ့ စစ်ဆင်ရေးနယ်ပယ် ပြောင်းလဲလာခြင်း ဖြစ်လိမ့်မယ်လို့ ကင်မ်က ပြောဆိုခဲ့ပါတယ်။
Source: Reuters
#Local_News
Published 24 June 2026
■ ရွှေစာရံ - အောင်ပင်လယ် ဓာတ်အားလိုင်း Switchbay ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် မန္တလေးရှိ မြို့နယ်ေလးမြို့နယ်ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားသည်။
■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဝန်အားမျှတတည်ငြိမ်စွာ စဉ်ဆက်မပြတ်ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနိုင်ရန်အတွက် ပင်မဓာတ်အားခွဲရုံများရှိ Main ထရန် စဖော်မာများနှင့် Switchbay များ၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများကို အခါအားလျော်စွာ ထိန်းသိမ်းပြုပြင်ခြင်းနှင့် လိုအပ်ပါက အသစ်တိုးချဲ့တည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာယခုအခါ ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း Switchbay များကို ထိန်းသိမ်းပြုပြင်ရန်နှင့် ၂၃၀ ကေဗွီ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံနှင့် မြောက်ပြင်ပင်မဓာတ်အား ခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးထားသည့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများတစ်လျှောက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ချွတ်ယွင်းကြွေသီးတွဲများ လဲလှယ်ခြင်းလုပ်ငန်းများကို ဇွန် ၂၅ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
■ ထိုသို့လုပ်ငန်းဆောင်ရွက်စဉ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ယာယီဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 24 June 2026
■ ထိုင်းနိုင်ငံလုပ်ငန်းခွင်အတွင်း မြန်မာအလုပ်သမားတစ်ဦးမှာ မတော်တဆအက်စစ်ဖျန်းမိ၍ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဥပဒေပါအကျိုးခံစားခွင့်များရရှိစေရေးအတွက် အလုပ်သမားသံမှူးက သွားရောက်ညှိနှိုင်းပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
■ အဆိုပါအလုပ်သမား ဦးစောကြည်လင်းသည် ထိုင်းနိုင်ငံ စမုစခွန်ရှိ လုပ်ငန်းခွင်တစ်ခု၌ အလုပ်လုပ်ကိုင်နေစဉ် မတော်တဆအက်စစ်ဖျန်းမိ၍ ခန္ဓာကိုယ်နှင့် မျက်လုံးတို့တွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့၍ ဆေးဝါးကုသမှုခံယူခဲ့ရပြီးနောက် ဒဏ်ရာဝေဒနာဆက်လက်ခံစားနေရသဖြင့် လုပ်ငန်းခွင်ပြန်ဝင်ရန် အခက်အခဲရှိနေကြောင်းသိရသည်။
■ ထိုသိုအခက်အခဲရှိနေစဉ် အလုပ်ရှင်ဘက်မှ အလုပ်ဆင်းမှသာ လုပ်ခလစာပေးမည်ဆိုသဖြင့် လူမှုဖူလုံရေးရုံးသို့ သွားရောက်တိုင်ကြားခဲ့ရာ ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ဇွန် ၁၉ ရက်တွင် အလုပ်သမားသံမှူးနှင့် အဖွဲ့သည် ကာယကံရှင် မြန်မာအလုပ်သမားနှင့်အတူ စမုစခွန်ခရိုင် လူမှုဖူလုံရေးရုံးသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ယင်းနောက် ဆရာဝန်ဆေးစာညွှန်းကြားချက်အရ ဆက်လက်နားနေရန်လိုအပ်ပါက အလုပ်မဆင်းနိုင်သည့် ကာလများအတွက် ဥပဒေနှင့်အညီ ရထိုက်ခွင့်ရှိသော လုပ်ခလစာများနှင့် လူမှုဖူလုံရေးအကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
■ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလုပ်သမားသံအရာရှိရုံး (Call Center) 020030015၊ အလုပ်သမားသံမှူး (ဗန်ကောက်) 0618108454၊ အလုပ်သမားသံအရာရှိ (ဗန်ကောက်) 0626890119၊ အလုပ် သမားသံအရာရှိ (ဗန်ကောက်) 0652206952၊ အလုပ်သမားသံအရာရှိ (မဲဆောက်) 0652206953၊ အလုပ်သမားသံအရာရှိ (ချင်းမိုင်) 0945866607 အလုပ်သမားသံအရာရှိ (ရနောင်း) 0634818121 စသည့်အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း တိကျစွာသတင်းပေးပို့ပြီး အကူအညီတောင်းခံတိုင်ကြားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 24 June 2026
■ တေးဂီတတစ်ခုကို တစ်ကြိမ်နားထောင်ပြီးနောက် မိနစ်ပိုင်းအတွင်း စန္ဒရားပေါ်မှာ ကိုယ်တိုင်လေ့ကျင့်ကာ ပြန်လည်တီးခတ်နိုင်တဲ့ စက်ရုပ်လက်တစ်ခုကို အမေရိကန်သုတေသီများ တီထွင်လိုက်ပါတယ်။
■ ဒီစက်ရုပ်လက်ဟာ ဘယ်လိုဂီတသင်္ကေတတွေ၊ ကြိုတင်ထည့်သွင်းထားတဲ့ ဂီတမှတ်စုများအပေါ် မှီခိုခြင်းမရှိဘဲ နှစ်မိနစ်ခန့်သာ ကိုယ်တိုင်လေ့ကျင့်ပြီးနောက် ပြန်လည်တီးခတ်နိုင်တာ ဖြစ်ပါတယ်။
■ ဒီနည်းလမ်းဖြင့် ပါကင်ဆန်ရောဂါ ကုသနည်းသစ်များအတွက် လမ်းစဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
■ စက်ရုပ်လက်က ကလေးငယ်များ ခြေလက်လှုပ်ရှားမှု သင်ယူတဲ့နည်းလမ်းနဲ့ ဆင်တူတဲ့ မော်တာဘက်ဘလင်းနည်းစနစ်ကို အသုံးပြုထားပါတယ်။
■ ဒါက အသံကို ခွဲခြိမ်းစိတ်ဖြာပြီး လှုပ်ရှားမှုအမိန့်ပေးချက်များအဖြစ် ပြောင်းလဲရန် အာရုံကြောကွန်ရက်များ ပါဝင်တဲ့ အရွတ်လက်ချောင်းများကို အသုံးပြုထားပါတယ်။
■ ဒီနည်းလမ်းက စက်ရုပ်တွေဟာ များပြားလှတဲ့ လေ့ကျင့်ရေးဒေတာများ မလိုအပ်ဘဲ အာရုံခံခြင်း၊ စမ်းသပ်ခြင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့ နည်းပညာကို ပြသနေပြီး သမားရိုးကျ စက်ရုပ်နည်းပညာ အယူအဆဟောင်းတွေကို စိန်ခေါ်သလို ဖြစ်နေပါတယ်။
■ ပါကင်ဆန်ရောဂါဝေဒနာရှင်များအတွက် ကူညီပေးမယ့် နည်းပညာများ၊ လူတစ်ဦးချင်းစီရဲ့ လှုပ်ရှားမှုပုံစံအတိုင်း လိုက်လျောညီထွေဖြစ်စေမယ့် စက်ရုပ်အင်္ကျီများ၊ လူနာတစ်ဦးချင်းစီအတွက် သီးသန့်ပြုလုပ်ထားတဲ့ ကာယကုထုံးသုံးစက်ရုပ်များ ပါဝင်ပါတယ်။
■ ဂီတပညာရှင်စက်ရုပ်လက် နမူနာပုံစံရဲ့ အခြေခံမူများကို အသုံးပြုပြီး သုတေသီတွေက လေဖြတ်ဝေဒနာရှင်များ၊ ဆောက်လုပ်ရေးလုပ်သားများ၊ သက်ကြီးရွယ်အိုများကို ကူညီပေးနိုင်ရန်နဲ့ ပိုမိုကျယ်ပြန့်တဲ့ နယ်ပယ်တွေမှာ အသုံးပြုရန် မျှော်မှန်းထားပါတယ်။
Source: NR Times
#World_Health
Published 24 June 2026
■ အိမ်မွေးကြောင်လေးတွေနဲ့ လူသားကင်ဆာ ကုသလို့ရနိုင်တယ်ဆိုတဲ့အကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိထားပါတယ်။
■ သုတေသီများက ကြောင်တွေရဲ့ကင်ဆာမျိုးရိုးဗီဇကို အကြီးစားလေ့လာဆန်းစစ်နိုင်ခဲ့ကြပါတယ်။
■ ဂွယ်ဖ်တက္ကသိုလ်၊ ဝဲလ်ကမ်းဆန်ဂါသုတေသနနဲ့ ဘန်းတက္ကသိုလ်တို့မှ သုတေသီများက ၅ နိုင်ငံမှ အိမ်မွေးကြောင် ၅၀၀ နီးပါးထံကနေ အကျိတ်နမူနာများ ရယူဆန်းစစ်ခဲ့ကြပါတယ်။
ကြောင်၊ ခွေးနဲ့ လူသားများဟာ ကင်ဆာဖြစ်ပွားစေတဲ့ မျိုးရိုးဗီဇအများစု အတူတူပိုင်ဆိုင်ထားကြပါတယ်။
■ အဓိကထူးခြားချက်က နို့အကျိတ်ကင်ဆာဖြစ်ပွားတဲ့ ကြောင်ထက်ဝက်ကျော်မှာ FBXW7 မျိုးရိုးဗီဇပြောင်းလဲမှု တွေ့ရှိခဲ့ပြီး လူသားတွေရဲ့ ရင်သားကင်ဆာတွေမှာလည်း FBXW7 မျိုးရိုးဗီဇပြောင်းလဲမှု ဖြစ်ပေါ်တာနဲ့ထပ်တူကျနေပါတယ်။
■ အစောပိုင်းတွေ့ရှိချက်များအရ ကြောင်နို့အကျိတ်တွေကို ဗီဇပြောင်းလဲထားတဲ့ FBXW7 မျိုးဗီဇနဲ့အတူ ဓာတုကုထုံးဆေးတွေနဲ့ ကုသလို့ရနိုင်ကာ အနာဂတ် လက်တွေ့ကုသမှုအတွက် မျှော်လင့်ချက်ဖြစ်ပါတယ်။
■ ဒါ့အပြင် လူသားတွေနဲ့ ကြောင်တွေကြား အရိုး၊ အဆုတ်၊ သွေး၊ အရေပြား၊ ဗဟိုအာရုံကြောစနစ်၊ အစာအိမ်အူလမ်းကြောင်းတို့နဲ့ သက်ဆိုင်တဲ့ကင်ဆာတွေ ဆက်စပ်နေတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
■ ဒီလေ့လာမှုကနေ ကြောင်နဲ့ လူသားတို့မှာ ကင်ဆာအပေါ် ဘယ်လိုသက်ရောက်မှုရှိတာကို ပိုမိုနားလည်စေရန် လူသားဆေးပညာနဲ့ တိရိစ္ဆာန်ဆေးပညာ ပေါင်းကူးပေးသလို ဖြစ်နေပါတယ်။
■ ဒီတွေ့ရှိချက်တွေကနေ လူသားကင်ဆာသုတေသနကို အသွင်ကူးပြောင်းဖို့ ရည်ရွယ်ပါတယ်။
Source: The News
ကမ္ဘာ့သင်္ဘောပိုင်ရှင်အများအပြားဟာ အမေရိကန်နဲ့အီရန်တို့ကြား အရေးပါတဲ့ သဘောတူညီချက် ရရှိတဲ့အထိစောင့်ဆိုင်းပြီး ရေကြောင်းဖြတ်သန်းမှုကို သီတင်းပတ်များစွာ ဆိုင်းငံ့ထားဦးမယ်လို့ ဂျပန်သင်္ဘောကျင်းလုပ်ငန်းတစ်ခုမှ စီအီးအိုက ပြောပါတယ်။
#World_News
Published 23 June 2026
#အမေရိကန်_အီရန်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 June 2026
၁။ ဆန်စပါးအသင်းချုပ် အသင်းဝင်ကုမ္ပဏီ (၅)ခုမှ တရုတ်ကုမ္ပဏီများနှင့်MOU(၁၁)ခုကိုလက်မှတ်ရေးထိုးနိုင်ခဲ့
၂။ Made in Myanmar ထုတ်ကုန်များကို ပြင်သစ်အထည်အလိပ်ပြပွဲတွင် ပြသသွားမည်
၃။ ထိုင်းသို့ မြန်မာ့ပြောင်းဆန်တင်သွင်းမှု (၂)လ သက်တမ်းတိုး/မတိုး တရားဝင်အသိပေးထားခြင်းမရှိသေးဟုဆို
၄။ အမေရိကန်-အီရန်သဘောတူညီချက်ခိုင်မာသောအချိန်အထိ ကမ္ဘာ့သင်္ဘောများဖြတ်သန်းသွားလာမှုစောင့်ဆိုင်းထားဦးမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 55 of 2053