ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရှုတဲ့ပုံစံနဲ့ ပတ်သက်ပြီး တရုတ်မှာ ရုပ်ရှင်ရုံတွေသို သွားရောက်ပြီး လူအများနဲ့ စိတ်လှုပ်ရှားစွာ ကြည့်နိုင်ခြင်း၊ ရုပ်ရှင်ရုံအဆင့် အသံနဲ့ရုပ်ထွက်စနစ်များဖြင့် ကြည့်ရှုနိုင်ခြင်းတို့ ရရှိနေပါပြီ။
#Asia_Technology
Published 18 June 2026
#ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ #ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်
#YMG #Yangon_Times #Yangon_Media_Group
မြန်မာမှုလက်ရာတစ်ခုဖြစ်တဲ့ ယွန်းထည်လုပ်ငန်းဈေးကွက်ဟာ (၈၀)ရာခိုင်နှုန်းခန့်အထိကျဆင်းနေတယ်လို့ ယွန်းထည်လုပ်ငန်းတွေက
တဆင့်သိရပါတယ်။
#Local_News
Published 18 June 2026
#ယွန်းထည် #
#YMG/SW #Yangon_Times
#Local_News
Published_18 Jun 2026
■ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၁၈ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့မှ G253 အမြန်ရထားဖြင့် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
■ နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့ရှိ Hongqiao Railway Station မှ ထွက်ခွာလာသော G253 အမြန်ရထားဖြင့် လိုက်ပါစီးနင်းလာခဲ့ခြင်းဖြစ်ပြီး ဟန်ကျိုးမြို့ရှိ အရှေ့ဟန်ကျိုးဘူတာ (ဟန်ကျိုးတုန်း) သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
■ အရှေ့ဟန်ကျိုးဘူတာသည် ခေတ်မီဒီဇိုင်းဖြင့် တည်ဆောက်ထားသော တရုတ်နိုင်ငံ၏ အဓိကအမြန်ရထားဘူတာကြီးများအနက် တစ်ခုဖြစ်ပြီးကျယ်ဝန်းခမ်းနားသည့် အဆောက်အအုံ၊ ခရီးသည်ဝန်ဆောင်မှုစနစ်များနှင့် သယ်ယူပို့ဆောင်ရေးဆက်သွယ်မှု ကောင်းမွန်မှုတိုကြောင့် လေဆိပ်တစ်ခုသဖွယ်မြင်တွေ့ရသည့် ဘူတာတစ်ခုအဖြစ်ထင်ရှားကြောင်း သိရသည်။
■ နိုင်ငံတော်သမ္မတ၏ ဟန်ကျိုးမြို့ခရီးစဉ်သည် တရုတ်နိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/pp
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာပြုလုပ်မယ့် Intertextile Shanghai Apparel Fabrics - Autumn Edition အထည်အလိပ်ပြပွဲမှာ မြန်မာအထည်ချုပ်လုပ်ငန်းရှင်တွေပါဝင်ပြသဖို့ဖိတ်ခေါ်ထားတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Local_News
Published 18 June 2026
#တရုတ်နိုင်ငံရှန်ဟိုင်းမြို့ #မြန်မာအထည်ချုပ်လုပ်ငန်းရှင်
#YMG/NN #Yangon_Times
ယခုလအတွင်းကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်နဲ့ မြန်မာလုပ်သား (၁၂၀)ဦးကို စေလွှတ်ထားတယ်လို့သိရပါတယ်။
#Local_News
Published 18 June 2026
#ကိုရီးယား #EPS
#YMG/SW #Yangon_Times
ဆိုက်ရောက်ဗီဇာတွေ များများလုပ်ဆောင်ပေးပြီး ဟိုတယ်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်ပါက ပြည်ပခရီးသွားတွေအများအပြားဝင်ရောက်လာနိုင်တယ်လို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ကပြောပါတယ်။
#Local_News
Published 18 June 2026
#ဆိုက်ရောက်ဗီဇာ #ဟိုတယ်
#YMG/NN #Yangon_Times
#Daily_News
Published 18 June 2026
၁။ ရှန်ဟိုင်းအထည်အလိပ်ပြပွဲ၌ မြန်မာအထည်ချုပ်လုပ်ငန်းရှင်များပါဝင်ရန် ဖိတ်ခေါ်
၂။ ယခုလအတွင်း ကိုရီးယားသို့မြန်မာလုပ်သား(၁၀၀)ကျော်စေလွှတ်ထား
၃။ ဆိုက်ရောက်ဗီဇာများဆောင်ရွက်ပေးပြီး ဟိုတယ်ဝန်ဆောင်မှုများကောင်းမွန်ပါက ပြည်ပခရီးသွားပိုမိုဝင်ရောက်လာနိုင်ဟုဆို
၄။ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကို တရုတ်ရုပ်ရှင်ရုံများ၌တိုက်ရိုက်ထုတ်လွှင့်ပြသ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 18 June 2026
■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့မှ ဟန်ကျိုးမြို့သို့ အထူးအမြန်ရထားဖြင့် ယနေ့ မွန်းလွဲပိုင်းအချိန်လိုက်ပါစီးနင်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
■ တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၇ ရက်နံနက်အထိ ပေကျင်းမြို့တွင် ရှိနေစဥ် တရုတ်သမ္မတရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်လီချန်နှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းကူညီဆောင်ရွက်ရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ခဲ့သည့်အပြင် အကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၈ ခု ရေးထိုးခဲ့ကြောင်း သိရသည်။
Yangon Times/pp
#Local_News
Published 18 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ(Shanghai Lingang Special Area) သို့ ယနေ့သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
■ လင်းကန်အထူးဒေသသည် တရုတ်နိုင်ငံက ၎င်း၏ စီးပွားရေးကို ကမ္ဘာနှင့် ပိုမိုချိတ်ဆက်နိုင်ရန် ရည်ရွယ်ဖော်ဆောင်နေသည့် အရေးပါသော စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုးရေးဇုန်တစ်ခုဖြစ်ပြီး ပိုမိုမြင့်မားသော တံခါးဖွင့်စီးပွားရေးစနစ်နှင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရန် ရည်မှန်းထားကြောင်းသိရသည်။
Yangon Times/pp
#Local_News
Published 18 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ Radisson Hotel ၌ ကျင်းပသည့် “Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်ခဲ့ကြောင်းသိရ
သည်။
■ အခမ်းအနားတွင် နိုင်ငံတော်သမ္မတက MCITP-2026 Shanghai ထိပ်သီးအစည်းအဝေးကို တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ထားသည်။
■ ထို့နောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာလာရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
Yangon Times/pp
#Local_News
Published 18 June 2026
■ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များ စနစ်တကျရှိ ပြီးပိုမိုထိရောက်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးကမှာကြားခဲ့ကြောင်း သိရသည်။
■ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယမာန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး ပြင်ပလူနာဌာနတွင် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
■ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဆေးရုံအတွင်းရှိ ဆေးဝါးသိုလှောင်ရုံနှင့် ဆေးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာများ ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးနှင့် ပိုမိုထိရောက်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားသည်။
■ ဇွန်လ ၁၆ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Postraion Co.,Ltd. အထည်ချုပ်စက်ရုံနှင့် SMK Mingalardon Co.,Ltd. အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အထည်ချုပ်စက်ရုံများတွင် ရွေ့လျားဆေးကုသရေးအဖွဲ့ဖြင့် လုပ်ငန်းခွင်အရောက် ကွင်းဆင်းဆေးကုသပေးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 18 June 2026
■ ဗိုက်တာမင်-ဒီကို နေရောင်ခြည်ထိတွေ့ခြင်းကနေ ရရှိပေမယ့် နေထွက်တဲ့နိုင်ငံတွေမှာ ဗိုက်တာမင်-ဒီ ချို့တဲ့သူ အများအပြားရှိနေဆဲပါ။
■ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းဟာ ဗိုက်တာမင်-ဒီကို သဘာဝအတိုင်း အကောင်းဆုံးရရှိစေတယ်လို့ ယူဆထားကြပါတယ်။
■ ဗိုက်တာမင်-ဒီက အရိုးနဲ့ ကြွက်သားများ သန်မာခြင်း၊ ကိုယ်ခံအားစနစ်၊ အလုံးစုံကျန်းမာရေးတို့အတွက် အရေးကြီးပါတယ်။
■ ဗိုက်တာမင်-ဒီနည်းတဲ့အခါ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်အခြေအနေကျဆင်းခြင်း၊ ကြွက်သားကြွက်တက်ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းတို့နဲ့ ဆက်စပ်လာနိုင်ပါတယ်။
■ ယနေ့ခေတ်မှာ နေရောင်ခြည်မှရတဲ့ ဗိုက်တာမင်-ဒီဖြင့် မလုံလောက်နိုင်တော့ဘဲ အရေပြားအရောင်၊ လေထုညစ်ညမ်းခြင်း၊ နေကာအသုံးပြုခြင်း၊ အသက်အရွယ်၊ နေထိုင်မှုပုံစံတို့က ပတ်သက်နေပါတယ်။
■ နေရောင်ခြည်ရော ဖြည့်စွက်အားဆေးတွေက ဗိုက်တာမင်-ဒီ ထုတ်လုပ်ပေးတာတူပေမယ့် ဖြည့်စွက်ဆေးတွေက အမြင့်ဆုံးပမာဏကို ထိန်းသိမ်းထားနိုင်ပြီး နေရောင်ခြည်ထိတွေ့မှုကတော့ ခန့်မှန်းလို့ မရပါဘူး။
■ ဗိုက်တာမင်-ဒီကြွယ်ဝတဲ့ စားစရာတွေထဲမှာ အဆီပါသောငါးများ၊ ကြက်ဥအနှစ်၊ နို့ထွက်ပစ္စည်းများ ပါဝင်ပါတယ်။
■ နေရောင်ခြည်နဲ့ ဘေးကင်းစွာ ထိတွေ့ရင်တော့ စိတ်အခြေအနေ တိုးတက်စေခြင်း၊ အိပ်စက်မှုစက်ဝန်း ထိန်းညှိပေးခြင်းတို့ အပါအဝင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
■ နေရောင်ခြည်ထိတွေ့မှု၊ အာဟာရမျှတတဲ့ အစားအစာ၊ ဖြည့်စွက်ဆေးတို့ကို လိုအပ်သလို မျှတအောင် ဆောင်ရွက်ပေးဖို့ ကျန်းမာရေးပညာရှင်များ အကြံပြုထားပြီး ဖြည့်စွက်ဆေး မသုံးခင်မှာတော့ ကျွမ်းကျင်သူတွေနဲ့ အရင်တိုင်ပင်သင့်ပါတယ်။
Source: India Today
Page 59 of 2053