#Local_News
Published 17 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၁၇ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ Beijing South Railway Station မှ ရှန်ဟိုင်းမြို့ရှိ Hongqiao Railway Station သို့ G23 အမြန်ရထားဖြင့် ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
■ နိုင်ငံတော်သမ္မတ၏ ရှန်ဟိုင်းခရီးစဉ်သည် ယခုခရီးစဉ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/PP
#Local_News
Published 17 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၁၇ ရက်မှာ ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်လေ့လာခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
■ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မီးရထားလမ်း ဖောက်လုပ်ရေးဆိုင်ရာ နည်းပညာများ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
■ ထို့ပြင် CRCC ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ခေတ်မီ မီးရထားတည်ဆောက်ရေးနည်းပညာများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
Yangon Times/pp
#Local_News
Published 17 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် လူ ၁၆ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များအား တွေ့ဆုံကာ ဩဝါဒစကားပြောကြားခဲ့ကြောင်းသိရသည်။
■ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက နိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်နေကြသည့် သံတမန်ဝန်ထမ်းများနှင့် စစ်သံရုံးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို အားပေးချီးကျူးပြောကြားခဲ့ပြီး နိုင်ငံတော်၏ အကျိုးစီးပွား၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးတက်ခိုင်မာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
Yangon Times/pp
#World_Health
Published 17 June 2026
■ ဇီဝကမ္မကျန်းမာရေးအတွက် အစားအစာ အမျိုးအစားများအပြင် အစဉ်လိုက်စားသုံးမှုကလည်း အရေးပါတဲ့ နည်းလမ်းဖြစ်ပါတယ်။
■ ပါဝင်ပစ္စည်းများနဲ့ ပမာဏမပြောင်းလဲဘဲ အစဉ်လိုက်စားသုံးမှုပုံစံ ပြောင်းလဲပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို လျော့ကျစေကာ ဗိုက်ပြည့်ဝစေပါတယ်။
■ ဒါက သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရာမှာ ရေရှည်အကျိုးရှိစေမှာ ဖြစ်ပါတယ်။
■ အဆင့် ၃ ဆင့်ပါဝင်တဲ့ စားသောက်အစီအစဉ်ဆိုတာက ပန်းကန်တစ်ချပ်ထဲမှာပဲ အာဟာရဓာတ်အဆင့် ၃ ဆင့် ခွဲခြားထားပြီး ရောမစားဘဲနဲ့ တစ်ဆင့်ပြီးမှတစ်ဆင့် စားသုံးတာ ဖြစ်ပါတယ်။
■ (၁) ပထမအဆင့်
အမျှင်ဓာတ်ပါဝင်တဲ့ အရွက်များ၊ အသုပ်များ စားသုံးရမှာဖြစ်ပြီး အူသိမ်နံရံတလျှောက် ဇီဝအကာအကွယ် ပေးစွမ်းကာ ဂလူးကို့စ်စုပ်ယူခြင်းကို နှေးစေပါတယ်။
■ (၂) ဒုတိယအဆင့်
ပရိုတိန်းနဲ့ အဆီများပါဝင်တဲ့ ကြက်သား၊ ဥ၊ အခွံမာသီးတို့ စားသုံးရမှာဖြစ်ပြီး PYY နဲ့ GLP-1 ဗိုက်ပြည့်ဝဟော်မုန်းတွေကို လှုံ့ဆော်ပေးကာ ဗိုက်ပြည့်ပြီလို့ အချက်ပြပေးပါတယ်။
■ (၃) တတိယအဆင့်
နောက်ဆုံးမှာတော့ ထမင်း၊ အာလူး၊ မုန့်ချိုတွေလို ကာဗိုဟိုက်ဒရိတ်နဲ့ အချိုဓာတ်တွေ စားပေးရမှာဖြစ်ပြီး ကာဗိုဟိုက်ဒရိတ်တွေက စွမ်းအင်အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲပေးပါတယ်။
■ အစားအစာအမျိုးအစား ထိန်းချုပ်တာထက် စားသုံးမှု အစီအစဉ်ကို ဦးစားပေးခြင်းဖြင့် ဇီဝကမ္မဖြစ်စဉ် ကြံ့ခိုင်မှုအားကောင်းစေပြီး ကြာရှည်ခံတဲ့စွမ်းအင် ရရှိစေမှာ ဖြစ်ပါတယ်။
Source: NDTV
#World_Health
Published 17 June 2026
■ စိတ်ကျန်းမာရေး ချို့ယွင်းမှုပြဿနာတွေက အခုဆိုရင် နှလုံးရောဂါ၊ ကင်ဆာ၊ အရိုးအဆစ်ကြွက်သားရောဂါတွေကို ကျော်လွန်ပြီး မသန်စွမ်းမှုဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်လာပါပြီ။
■ အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအပြီးမှာ စိုးရိမ်ပူပန်မှုပြဿနာများနဲ့ စိတ်ဓာတ်ကျခြင်းတို့က ဒီရောဂါ အဖြစ်များလာစေကြောင်း လေ့လာချက်ထဲမှာ ဖော်ပြထားပါတယ်။
■ ၂၀၂၃ အတွင်း စိတ်ကျန်းမာရေးချို့ယွင်းမှု ခံစားရသူ ကမ္ဘာတဝှမ်းမှာ ၁.၂ ဘီလီယံနီးပါးရှိခဲ့ပြီး ၁၉၉၀ နောက်ပိုင်း ၉၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
■ ၁၉၉၀ မှ ၂၀၂၃ ကြား နိုင်ငံနဲ့ဒေသပေါင်း ၂၀၄ ခုမှ စိတ်ကျန်းမာရေး အချက်အလက်တွေကို ဆန်းစစ်ခဲ့တာဖြစ်ပြီး အကြီးမားဆုံး ဆန်းစစ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
■ ၂၀၂၃ အတွင်း မသန်စွမ်းအခြေအနေဖြင့် နေထိုင်ရတဲ့နှစ်အားလုံးပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းကျော်ဟာ စိတ်ကျန်းမာရေးပြဿနာကြောင့် ဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။
■ အခုဆိုရင် စိတ်ကျန်းမာရေးပြဿနာဟာ တစ်ကမ္ဘာလုံးမှာ ရောဂါအားလုံးဖြစ်ပွားမှုတွေထဲက ၅ ခုမြောက် အဓိကအကြောင်းအရင်း ဖြစ်နေပါတယ်။
ဆယ်ကျော်သက်အရွယ်တွေ၊ အမျိုးသမီးတွေဟာ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် အဓိကသက်ရောက်နေပါတယ်။
■ စိတ်ကျရောဂါ ခံစားရသူ ၉ ရာခိုင်နှုန်းလောက်ကသာ လုံလောက်တဲ့ ကုသမှုရရှိနေပြီး စီးပွားရေးနိမ့်ပါးတဲ့ နိုင်ငံတွေ၊ အလယ်အလတ် နိုင်ငံတွေမှာတော့ အကန့်အသတ် ရှိနေပါတယ်။
■ စိတ်ကျန်းမာရေးစနစ်တွေ၊ အစောပိုင်းကုသရေးအစီအစဉ်တွေ၊ ချမှတ်ပေါ်လစီတွေမှာ ပိုမိုဦးစားပေးဖို့ လိုအပ်လာကြောင်း လေ့လာချက်က ဖော်ပြနေပါတယ်။
Source: India Today
ကမ္ဘာတဝှမ်းမှ ဘောလုံးပရိသတ်များဟာ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မက္ကဆီကိုသို့ ရောက်လာကြပြီး ပွဲစဉ်များကျင်းပရာနေရာများသို့ ပိုhဆောင်ရာမှာ အဓိကကဏ္ဍကပါဝင်လာမယ့် တရုတ်နိုင်ငံထုတ် ရထားများကို စီးနင်းခွင့်ရရှိကြမှာ ဖြစ်ပါတယ်။
#World_Event
Published 16 June 2026
#ကမ္ဘာ့ဖလားပြိုင်ပွဲ #တရုတ်နိုင်ငံထုတ်ရထား
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်ကို တရုတ်သမ္မတရှီကျင့်ဖျင်က အခမ်းအနားဖြင့်ကြိုဆို. (ရုပ်သံသတင်း)
Source : CCTV+
တစ်နေ့ကို အမှိုက်တန်ချိန် ၈၀ ကနေ ၁၀၀ အထိထွက်ရှိတဲ့သီရိမင်္ဂလာဈေးမှ စွန့်ပစ်အသီးအနှံအမှိုက်များ အသုံးပြုကာ သဘာဝမြေဩဇာထုတ်လုပ်ရောင်းချပေးလျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 16 June 2026
#စွန့်ပစ်အသီးအနှံအမှိုက် #သဘာဝမြေဩဇာ
#YMG/SW #Yangon_Times
မြန်မာ့ဝဥများ တရုတ်နိုင်ငံသို့တင်ပို့နိုင်ဖို့ MOUလက်မှတ်ရေးထိုးခဲ့လို့ ပြည်တွင်းကထွက်ရှိတဲ့ ဒူးရင်းသီးအပါအဝင်သစ်သီးဝလံ ခြောက်မျိုးကို လွယ်ကူလျင်မြန်စွာတင်ပို့ရေးဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
#Local_News
Published 16 June 2026
#ဝဥ #တရုတ်
#YMG/NN #Yangon_Times
ငှက်ပျောပင်မှတဆင့် လူသုံးကုန်အမျိုးမျိုးကို ထုတ်လုပ်လျှက်ရှိရာ အဆိုပါ လူသုံးကုန် ထုတ်လုပ်တဲ့သင်တန်းတွေကို မြန်မာနိုင်ငံတစ်ဝန်း ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ ငှက်ပျောထုတ်ကုန်တွေ ထုတ်လုပ်ရောင်းချတဲ့Green Banana Myanmar မှ သိရပါတယ်။
#Local_News
Published 16 June 2026
#ငှက်ပျောပင် #လူသုံးကုန်
#YMG/SW #Yangon_Times
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယမာန်နေ့ မွန်းလွဲ (၁) နာရီက ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပခဲ့ပါတယ်။
#Local_News
Published 16 June 2026
#ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
#YMG/NN #Yangon_Times
#Daily_News
Published 16 June 2026
၁။ စွန့်ပစ်အသီးအနှံအမှိုက်များမှ သဘာဝမြေဩဇာထုတ်လုပ်ရောင်းချ
၂။ တရုတ်သို့ဝဥတင်ပို့ရန် MOUရေးထိုး၊သစ်သီးဝလံများတင်ပို့ရေးဆွေးနွေး
၃။ ငှက်ပျောပင်မှ လူသုံးကုန်များထုတ်လုပ်ရန် သင်တန်းပေးနေ
၄။ မက္ကဆီကို၌ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းပရိသတ်များကိုသယ်ယူပို့ဆောင်ပေးမည့် တရုတ်ပြည်ထုတ်ရထားများ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 61 of 2053