#Local_News
Published 17 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် လူ ၁၆ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များအား တွေ့ဆုံကာ ဩဝါဒစကားပြောကြားခဲ့ကြောင်းသိရသည်။
■ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက နိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်နေကြသည့် သံတမန်ဝန်ထမ်းများနှင့် စစ်သံရုံးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို အားပေးချီးကျူးပြောကြားခဲ့ပြီး နိုင်ငံတော်၏ အကျိုးစီးပွား၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးတက်ခိုင်မာစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
Yangon Times/pp