ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်(၁၁)ခုမှာ ဧပြီလပျှမ်းမျှအပူချိန်ထက်ပိုလာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတိုမှာ လေဖိအားနည်းရပ်ဝန်း (၁) ကြိမ်ဖြစ်ပေါ်နိုင်မယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဧပြီလ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်အရ သိရပါတယ်။
#Local_News
Published 22 April 2026
#လေဖိအားနည်းရပ်ဝန်း #မိုးလေဝသ
#YMG/NN #Yangon_Times
#Local_News
Published 22 April 2026
■ Naypyitaw State Academy ကို သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
■ ယမာန်နေ့ မနက်ပိုင်းက Naypyitaw State Academy သို့
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တာ၀န်ရှိသူများနှင့်အတူ ရောက်ရှိပြီး အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုကာ Naypyitaw State Academy တွင် Centre for Research and Innovation(CRI) ဖွင့်လှစ်နိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
■ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်သမ္မတက Naypyitaw State Academy ကို သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုခဲ့ပြီးဖြစ်သဖြင့် အကောင်အထည်ဖော်ရမည့် ကိစ္စရပ်များကို လာရောက်လေ့လာခြင်းဖြစ်ပါကြောင်း၊ Naypyitaw State Academy သည် နိုင်ငံ့ဦးဆောင်တက္ကသိုလ်တစ်ခုဖြစ်သည့် အားလျော်စွာ ရှေ့ပြေး Pilot Project များကို အမြဲတမ်းပါဝင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ Naypyitaw State Academy၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် Centre for Research and Innovation (CRI) ကို စတင်ထူထောင်အကောင် အထည်ဖော်သွားမည်ဖြစ်ပါကြောင်း၊ Naypyitaw State Academy တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ်များ၊ နိုင်ငံတကာအဆင့်မီ သုတေသနစက်ပစ္စည်းများ သင့်တင့်စွာ ဖြည့်ဆည်းထားပြီးဖြစ်သဖြင့် နိုင်ငံတော်အတွက် အကျိုးရှိပြီး ထိရောက်သော သုတေသနများ ထွက်ပေါ်လာစေရန် ရက် ၁၀၀ အတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ၊ Digital Education နှင့် ပတ်သက်၍ Digital Learning Platform ကို ဆောင်ရွက်ရမည်ဖြစ်ရာ သင်ယူမှုစီမံခန့်ခွဲရေးစနစ် (Learning Management System-LMS) ကို စနစ်တကျဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဉာဏ်ရည်တုနည်းပညာ Artificial Intelligence (AI) နှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ AI tools များကို အသုံးပြု၍ Lecture များ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ကြစေလိုကြောင်း၊ ဆရာ ဆရာမများ ကိုယ်တိုင် LMS Platform ကို ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် သင်တန်းများ ပေးရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ Naypyitaw State Academy ကစတင်ကာ LMS Platform ကို အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊ လူရည်ချွန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ Naypyitaw State Academy တွင် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ လူရည်ချွန်စီမံကိန်း အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
■ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က Naypyitaw State Academy တွင် Centre for Research and Innovation(CRI) တည်ထောင်နိုင်ရေးအတွက် အမှန်တကယ်လိုအပ်သည့် စက်ပစ္စည်းများကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Learning Management System(LMS) နှင့် ပတ်သက်၍ Naypyitaw State Academy တွင် Digital Education ၏ အခြေခံအဆောက်အအုံများဖြစ်သည့် Smart TV၊ Digital Learning Centre၊ LMS စနစ်နှင့် မြန်နှုန်းမြင့်အင်တာနက်လိုင်းများကို တပ်ဆင်ပေးထားပြီးဖြစ်သဖြင့် သင်ကြားရေး၊ သုတေသနနှင့် တီထွင်မှုလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြသည်။
■ ယင်းနောက် Naypyitaw State Academy ပါမောက္ခချုပ် ဒေါက်တာနုနုလွင်နှင့် ပါမောက္ခ (ဌာနမှူး) များက ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 22 April 2026
■ လူတစ်ယောက် လမ်းလျှောက်တဲ့ အမြန်နှုန်းက ခန္ဓာကိုယ်တွင်းထဲမှာ ဘယ်လိုလုပ်ဆောင်နေလဲဆိုတာကို ညွှန်ပြပါတယ်။
■ ဘယ်လောက်မြန်မြန် လမ်းလျှောက်လဲ၊ ခြေလှမ်းဘယ်လောက် ကျဲလဲဆိုတဲ့အချက်တွေပေါ် မူတည်တဲ့ စမ်းသပ်နည်းတစ်ခု ရှိပါတယ်။
■ ၁-မိနစ်ခြေလှမ်းစမ်းသပ်နည်းက သက်လုံနဲ့ နေ့စဉ်လှုပ်ရှားမှုအရ ၄ မီတာအကွာအဝေးကို ပုံမှန်နှုန်းဖြင့် လျှောက်ခိုင်းတာ ဖြစ်ပါတယ်။
■ ခြေလှမ်းလျှောက်နှုန်းကို တစ်စက္ကန့်လျှင် မီတာဘယ်လောက်ရောက်လဲဆိုတဲ့ အတိုင်းအတာဖြင့် တိုင်းတာပြီး ကိုယ်တွင်းဇီဝအသက်ကို ကောင်းစွာ ပုံဖော်နိုင်ပါတယ်။
■ ခြေလှမ်းလှမ်းတဲ့ အမြန်နှုန်းက နှလုံးကျန်းမာရေး၊ ဦးနှောက်လုပ်ဆောင်ပုံတို့နဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ခြေလှမ်းနှေးတဲ့အခါ ခန္ဓာကိုယ်က ကြွက်သားဆုံးရှုံးခြင်းမျိုး၊ အာရုံကြောကျဆင်းခြင်းမျိုး သဘောတွေ ညွှန်ပြနေပါတယ်။
■ ကိုယ်တွင်းဇီဝအသက်ဆိုတာက ခန္ဓာကိုယ်တွင်းအင်္ဂါများနဲ့ စနစ်များရဲ့ အခြေအနေကို ဖော်ပြနေပါတယ်။
■ ပုံမှန်ခြေလှမ်းလှမ်းနှုန်းက အသက်အရွယ် ကျား/မအရ ကွဲပြားနိုင်ပြီး ကျန်းမာရေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ အတိုင်းအတာအသီးသီး ရှိကြပါတယ်။
■ ခြေလှမ်းအမြန်နှုန်း ပြုပြင်တိုးတက်စေဖို့အတွက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ကိုယ်ဟန်မျှခြေ လေ့ကျင့်ခန်းများ၊ ပုံမှန်လမ်းလျှောက်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တို့ ပြုလုပ်နိုင်ပါတယ်။
■ လမ်းလျှောက်အမြန်နှုန်းကို ပုံမှန်စောင့်ကြည့်ပြီး ကိုယ်တွင်းဇီဝအသက်ကို ဆန်းစစ်နိုင်သလို ကျန်းမာရေးတိုးတက်ဖို့ နည်းလမ်းများ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။
Source: NDTV
#World_Health
Published 22 April 2026
■ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို နေ့စဉ်မိနစ်အနည်းငယ် ပြုလုပ်သူတွေဟာ အဆစ်ရောင်၊ နှလုံးရောဂါ၊ ဒီမန်ရှာအပါအဝင် ရောဂါကြီး ၈ မျိုးဖြစ်နိုင်ခြေလျော့နည်းနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
■ ပြင်းထန်စွာ အသက်ရှူရှိုက်ရလောက်တဲ့ လေ့ကျင့်ခန်းမျိုးတွေကို နေ့စဉ် မိနစ်အနည်းငယ် ပြုလုပ်ခြင်းက ခန္ဓာကိုယ်မှာ သက်ရောက်မှုကြီးတွေ ဖြစ်နိုင်တယ်လို့ သုတေသီတွေ တွေ့ရှိထားပါတယ်။
■ ထိုကဲ့သို့ လှုပ်ရှားမှုမျိုးပြုလုပ်တဲ့အခါ ခန္ဓာကိုယ်က အားကောင်းမောင်းသန် တုံ့ပြန်ပြီး နှလုံးပိုမိုခုန်ခြင်း၊ သွေးကြောများ ကျုံ့နိုင်ဆန့်နိုင်လာခြင်း၊ အောက်ဆီဂျင် အသုံးပြုနိုင်စွမ်း မြင့်လာခြင်းတို့ ဖြစ်လာကြောင်း ဦးဆောင်သုတေသီ မင်ရွှဲရှင်က ပြောပါတယ်။
■ လှေကားအမြန်တက်ခြင်း၊ ခပ်မြန်မြန် လမ်းလျှောက်ခြင်းတို့ကလည်း ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပေးနိုင်တယ်လို့ ဆိုပါတယ်။
■ လူပေါင်း ၉၆,၀၀၀ ခန့်ထံမှ အချက်အလက်တွေကို ဆန်းစစ်နှိုင်းယှဉ်ခဲ့ကြတာ ဖြစ်ပါတယ်။
■ အဆစ်ရောင်လိုမျိုး ရောင်ရမ်းရောဂါများ၊ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းလိုမျိုး နှလုံးသွေးကြောရောဂါများ၊ ဒီမန်ရှာရောဂါတို့ကို သိသိသာသာ ကာကွယ်နိုင်တာ တွေ့ရပါတယ်။
■ သုတေသီတွေက ပါဝင်စမ်းသပ်သူတွေရဲ့ နှလုံးသွေးကြောရောဂါ၊ ဆီးချို၊ ရောင်ရမ်းရောဂါများ၊ အသည်းနဲ့ ကျောက်ကပ်ရောဂါ၊ နာတာရှည် အသက်ရှူရောဂါတွေနဲ့ ဒီမန်ရှာတို့လို ရောဂါတွေကို အဓိကထား စောင့်ကြည့်ခဲ့ကြပါတယ်။
■ ပြင်းထန်တဲ့လှုပ်ရှားမှု များများလုပ်သူတွေက ထိုရောဂါတွေအားလုံး ဖြစ်နိုင်ခြေ လျော့နည်းစေတာ တွေ့ရပါတယ်။
■ သတိထားရမှာက ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဟာ အသက်ကြီးသူတွေ ရောဂါအခံရှိသူတွေအတွက်တော့ မသင့်လျော်နိုင်ပါဘူး။
Source: India Today
၂၀ ဧပြီ၊၂၀၂၆
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ လာမည့်ရက်ပိုင်းအတွင်းလာရောက်လည်ပတ်မှာဖြစ်တယ်လို့သိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ မစ္စတာဝမ်ယိသည် ကမ္ဘောဒီးယား၊ ထိုင်းနှင့်မြန်မာနိုင်ငံတွေကို ဧပြီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သွားရောက် လည်ပတ်မှာ ဖြစ်တဲ့အကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။
မစ္စတာဝမ်ယိ သည် မြန်မာနိုင်ငံတွင် သမ္မတသစ် ဦးမင်းအောင်လှိုင်၏ အစိုးရသစ် နှင့် လွှတ်တော်များ ပေါ်ပေါက်အပြီး ပထမဆုံးလာရောက်သည့် တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။
မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ ၂၀၂၂ခုနှစ်ဇူလိုင်လနှင့် ၂၀၂၄ခုနှစ် ဩဂုတ်လတို့တွင် လာရောက်ခဲ့ပြီး နောက်အစိုးရအသစ်တာဝန်ယူပြီး နှစ်ပတ်ခန့်အကြာတွင် မြန်မာနိုင်ငံသို့လာရောက်ရန် စီစဉ်ထားတာ ဖြစ်ပါတယ်။
သူဟာ ကာကွယ်ရေးဝန်ကြီး တုန်းကျွင်း နဲ့အတူ တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ ကာကွယ် ရေးဝန်ကြီးတွေအကြား ၂+၂ မဟာဗျူဟာမြောက် ဆွေးနွေးပွဲ ယန္တရားရဲ့ ပထမဆုံးအကြိမ် အစည်းအဝေ းကိုလည်းတက်ရောက်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသို့ လာရောက်ရာမှာ တရုတ်ကာကွယ်ရေးဝန်ကြီး လိုပါလာခြင်း ရှိမရှိကိုတော့ ဖော်ပြမထားပါဘူး။
-END-
#Local_News
Published 21 April 2026
■ အားကစားနှင့် ပညာရေးပေါင်းစပ်ကာ သင်တန်းများကို ရန်ကုန်အပါအဝင် မြို့ကြီး (၆) မြို့တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာသိပ္ပံမှသိရသည်။
■ အဆိုပါသင်တန်းများကို လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်ကာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်တို့ တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
■ သင်တန်းများအတွက် ကျန်သည့်တိုင်းဒေသကြီးပြည်နယ်များရှိ အလားလာရှိသည့် ထူးချွန်သည့် အားကစားသမားများကိုလည်း ရွေးချယ်မည် ဖြစ်ကြောင်း၊တက်ရောက်လိုသူများအနေဖြင့် ၂၀၂၆ခုနှစ်၊ ဧပြီလ ပထမအပတ်ကစတင်၍ သက်ဆိုင်ရာပြည်နယ်တိုင်း မြို့နယ်များရှိ အားကစားနှင့် ကာယပညာဦးစီးဌာနများကို ဆက်သွယ်လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။
■ သင်တန်းတွင်သင်ကြားမည့်အားကစားနည်းများမှာ ရေကူး၊ မြှားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘောလုံး၊ ဘတ်စကပ်ဘော၊ လှေလှော်၊ လက်ဝှေ့၊ စက်ဘီး၊ သေနစ်ပစ်၊ ဂျူဒို၊ ကာရာတေး၊ ပိုက်ကျော်ခြင်း၊ ရွက်လှော်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်တို့ ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 21 April 2026
■ အသက်၁၁နှစ်မှ၁၄နှစ် ကလေးများအတွက် အခမဲ့ဂျပန်စာသင်တန်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ သိရသည်။
■ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)မှ “၂၀၂၆ခုနှစ် ကလေးများအတွက် နွေရာသီဂျပန်စာသင်တန်း”ကို ဖွင့်လှစ်သွားမည်ဖြစ်ရာ အဆိုပါသင်တန်းသည် ဂျပန်ဘာသာစကားနှင့် လုံးဝမထိတွေ့ဖူးသေးသော အလယ်တန်းကျောင်းသားများ ဂျပန်ဘာသာစကားနှင့် ဂျပန်နိုင်ငံ၏ယဥ်ကျေးမှုကို ပျော်ပျော်ရွှင်ရွှင်ထိတွေ့နိုင်မည့် အခွင့်အရေးများရရှိနိုင်မည့် (အခမဲ့)သင်တန်းဖြစ်ကြောင်း သိရသည်။
■ "ဂျပန်နိုင်ငံနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားသော ကျောင်းသားများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အတွင်း ဂျပန်ဘာသာစကားကို အတူလေ့လာကြည့်ကြဖို့ စိတ်ဝင်စားကြပါသလား။အားလုံးပါဝင်ဖို့ကို စောင့်မျှော်နေပါတယ်" ဟုဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
■ အဆိုပါ အခမဲ့သင်တန်းသို့ဂျပန်ဘာသာစကားကို မသင်ကြားဖူးသေးသော အလယ်တန်းကျောင်းသားများ (Grade6 မှ Grade 9)များနှင့်၂၀၂၅ခုနှစ် နွေပိတ်ရက် ကလေးများအတွက် ဂျပန်စာသင်တန်းတွင် တက်ရောက်ဖူးသူများလည်း လျှောက်ထားနိုင်ကြောင်း၊ သင်တန်းကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင်ဧပြီလ၊ ၂၈ ရက်နေ့(အင်္ဂါနေ့)မှ မေလ၊ ၂၂ ရက်နေ့(သောကြာနေ့)အတွင်း အပတ်စဥ် အင်္ဂါနေ့ နှင့် သောကြာနေ့။ နေ့လည် ၂နာရီမှ ၄နာရီအထိသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
■ တက်ရောက်ခွင့်ရသူများသည်အတန်းချိန် ၈ကြိမ်လုံး အုပ်ထိန်းသူနှင့်အတူ The Japan Foundation, Yangonသို့ လာရောက်နိုင်သော ကျောင်းသား၊သူများဖြစ်ရမည်ဖြစ်ပြီး လူဦးရေ(၃၀)ဦးကိုသာ တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်းသစ် ၈၅ ခုကနေ ဒေါ်လာ ၄၇၂ဒဿမ၆၂၇ သန်း ဝင်ရောက်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က သိရပါတယ်။
#Local_News
Published 21 April 2026
#နိုင်ငံခြားရင်းနှီးမြှုပ်နှံ
#YMG/NN #Yangon_Times
အိန္ဒိယနိုင်ငံသို့ ပြည်တွင်းမှမတ်ပဲနှင့်ပဲစင်းငုံတင်ပို့ခြင်းကို ၂ဝ၃၀-၂၀၃၁ ဘဏ္ဍာနှစ် အထိ ၅ နှစ်သက်တမ်းတိုးမြှင့်ထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရပါတယ်။
#Local_News
Published 21 April 2026
#အိန္ဒိယ #မတ်ပဲနှင့်ပဲစင်းငုံ
#YMG/SW #Yangon_Times
တောင်သူလယ်သမားများကို ချေးငွေနှုန်းထားတိုးမြှင့်ရေးစီမံချက်အနေနဲ့ ချေးငွေများ တိုးမြှင့်ထုတ်ပေးမယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားပါတယ်။
#Local_News
Published 21 April 2026
#တောင်သူလယ်သမား #ချေးငွေ
#YMG/NN #Yangon_Times
မြန်မာ့ဒူးရင်းပွဲတော်ကျင်းပရန် စီစဉ်လျှက်ရှိတယ်လို့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အသိပေးထားပါတယ်။
#Local_News
Published 21 April 2026
#မြန်မာ့ဒူးရင်းပွဲတော်
#YMG/SW #Yangon_Times
အီရန် မီနက်မြို့ရှိ မိန်းကလေးမူလတန်းကျောင်းမှ အသက်ဆုံးပါးသူများအတွက် အီရန်ဧည့်ခရီးသွားဝန်ကြီးဌာနက မြို့တော်တီရန်မှာ အောက်မေ့ဖွယ်အခမ်းအနား စီစဉ်ခဲ့ပါတယ်။
#World_Event
Published 21 April 2026
#အီရန်မီနက်မြို့ #မြို့တော်တီရန်
#YMG #Yangon_Times #Yangon_Media_Group
Page 52 of 2000