#World_News
Published 01 July 2026

■ မကြာသေးမီက လက်မှတ်ရေးထိုးခဲ့တဲ့ ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာရဲ့ အဓိကပြဌာန်းချက်များကို ဆွေးနွေးပွဲများ မစတင်မီ အကောင်အထည် ဖော်ရမှာဖြစ်ကြောင်း၊ အမေရိကန်နဲ့ နောက်ဆုံးသဘောတူညီချက်တစ်ခုအတွက် ဆွေးနွေးညှိနှိုင်းရန် အသင့်မဖြစ်သေးကြောင်း အီရန်က လေသံထွက်လာပါတယ်။

■ နားလည်သဘောတူညီချက် ချိုးဖောက်မှုမှန်သမျှကို အီရန်တုံ့ပြန်သွားမှာဖြစ်ပြီး ပါရှန်ပင်လယ်ကွေ့ ဖြစ်ရပ်တွေဆိုရင် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများအဖြစ် အီရန်က ရှုမြင်ကြောင်း အီရန်ပါလီမန်ဥက္ကဌ မိုဟာမက်ဘက်ဂါဂါလီဘက်ဖ်က သတိပေးလိုက်ပါတယ်

■ ဒါ့အပြင် သံတမန်ရေးမှာ အီရန်စိတ်ကြိုက် ချဉ်းကပ်မှာဖြစ်ပြီး ညှိနှိုင်းမှုမရပါက စစ်ရေးအတွက် ပြင်ဆင်ထားကြောင်းလည်း ဆိုပါတယ်။

■ နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးအတွက် အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေ သီးခြားဆွေးနွေးဖို့ စီစဉ်ထားတဲ့အချိန်မှာ အခုလိုပြောကြားလာတာ ဖြစ်ပါတယ်။

■ အမေရိကန်ရေတပ်မှ ပိတ်ဆို့မှုတွေ ဖယ်ရှားပြီးနောက် ရေနံတင်ပို့မှု စည်သန်း ၄၀ ကျော် မြင့်တက်ခဲ့တယ်လို့ ဥက္ကဌက ကြေညာခဲ့ပါတယ်။

■ နားလည်မှုစာချွန်လွှာကြောင့် ရေလက်ကြားပိတ်ဆို့မှု ပြီးဆုံးသွားတာဟာ အဓိကအောင်မြင်မှုကြီးလို့ သတ်မှတ်နေပါတယ်။

■ နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်ရန် အမေရိကန်တာဝန်ရှိသူတွေ ဒိုဟာသို့ ရောက်နေပေမယ့် အီရန်ကတော့ တိုက်ရိုက်ပြောဆိုဆွေးနွေးရန် ဆက်လက်ငြင်းဆိုနေပြီး ကြားဝင်စေ့စပ်ခြင်းကိုပဲ လိုချင်နေပါတယ်။

■ ကာတာဝန်ကြီးချုပ်က အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုတွေမှာ ကာတာရဲ့ အခန်းကဏ္ဍက သဘောတူညီချက်ကနေ အမြစ်ခံတယ်လို့ ဆိုခဲ့ပါတယ်။

Source: WION